လူတစ္ေယာက္ရဲ႕အနာဂတ္ဟာ သူ႕အားလပ္ခ်ိန္ကို ဘယ္လုိအသံုးခ်လဲဆိုတာနဲ႕ဆံုးျဖတ္သြားတယ္

လူတစ္ေယာက္ရဲ႕အနာဂတ္ဟာ သူ႕အားလပ္ခ်ိန္ကို ဘယ္လုိအသံုးခ်လဲဆိုတာနဲ႕ဆံုးျဖတ္သြားတယ္
လူတစ္ေယာက္ရဲ႕အနာဂတ္ဟာ သူ႕အားလပ္ခ်ိန္ကို ဘယ္လုိအသံုးခ်လဲဆိုတာနဲ႕ဆံုးျဖတ္သြားတယ္

လူတစ္ေယာက္ရဲ႕အနာဂတ္ဟာ သူ႕အားလပ္ခ်ိန္ကို ဘယ္လုိအသံုးခ်လဲဆိုတာနဲ႕ဆံုးျဖတ္သြားတယ္

2016 တုန္းက အလုပ္တူတူလုပ္ခဲ့ဖူးတဲ့ အသိတစ္ေယာက္နဲ႔ မထင္မွတ္ပဲ ျပန္ဆုံတယ္။ သူ႔ကိုၾကည့္ရတာ အရမ္းေျပာင္းလဲသြားခဲ့တယ္။ ဒါနဲ႔ က်ေနာ္သူနဲ႔ စကားေတြ အမ်ားႀကီးထိုင္ေျပာျဖစ္ခဲ့တယ္။

မင္း….အရမ္းေျပာင္းလဲသြားတယ္ေနာ္… ေတာ္ေတာ္ အဆင္ေျပေနပုံပဲ ဘာအလုပ္ေတြ လုပ္ေနလဲ က်ေနာ္ေမးၾကည့္လိုက္တယ္။ သူကအခု ႏိုင္ငံျခားကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနတယ္တဲ့။ ကုမၸဏီအလုပ္အျပင္

တစ္ျခားအခ်ိန္ပိုင္း အလုပ္ႏွစ္ခုသုံးခုလည္းရွိၿပီးတစ္လဝင္ေငြက သိန္း(30)ေက်ာ္ေလာက္ရွိေနၿပီတဲ့။ ဝိုး…သိန္း(30) ေက်ာ္ေတာင္ ေတာ္ေတာ္ အဆင္ေျပေနတာပဲ သားႀကီးရ။ မင္းအလုပ္နဲ႔ ဝင္ေငြက မိုက္လွခ်ည္လား။

က်ေနာ္အားက်စြာနဲ႔ပဲ ေျပာလိုက္မိတယ္။ သူ႔အတြက္ တကယ္ဝမ္းသာသြားတယ္။ ၿပီးေတာ့ က်ေနာ့္အေျခေနကိုျပန္စဥ္းစားၿပီး ကိုယ့္လက္ရွိအေျခေနအတြက္ ေတာ္ေတာ္ကို ဝမ္းနည္းမိသြားတယ္။

တစ္ဆက္တည္းမွာပဲက်ေနာ္နဲ႔သူ စတင္ေတြ႕ဆုံခဲ့တဲ့ အခ်ိန္ကို ျပန္သတိရလိုက္မိတယ္။ INGO တစ္ခုမွာ အလုပ္လာေလ်ာက္ရင္း သူနဲ႔ဆုံခဲ့တယ္။ အဲ့တုန္းကအလုပ္ေလ်ာက္၊အင္တာဗ်ဴးေျဖေျဖတူတူပဲ။ အလုပ္ရေတာ့လည္း ရာထူးအတူတူ၊လစာအတူတူ။

အဲ့တုန္းေကာ က်ေနာ္ေကာ သူေကာ ဘြဲ႕မရေသးဘူး။ ႏွစ္ေယာက္လုံးအေဝးသင္စီးပြားေရးေမဂ်ာ ဒုတိယႏွစ္ပဲ ရွိေသးတယ္။ အလုပ္တစ္ဖက္နဲ႔ ေက်ာင္းတက္ရင္း ေငြရွာခဲ့ခ်ိန္ေပါ့။ (2016)တုန္းက လစာ သုံးသိန္းေက်ာ္ရတာ နည္းနည္းေတာ့ မ်ားေသးတယ္။

က်ေနာ္က လစာထုတ္ တိုင္း အိမ္ကို(1)သိန္းေလာက္ျပန္အပ္ၿပီး က်န္တာကိုလိုခ်င္တာေတြ ေလ်ာက္ဝယ္တယ္။ ဖုန္းေတြ ဝယ္တယ္။ အဝတ္စားေတြဝယ္တယ္။ ရည္းစားေတြ ထားၿပီး ေပ်ာ္ပါးသုံးစြဲတယ္။ က်ေနာ့္သူငယ္ခ်င္းက်ေတာ့ ေငြကိုစနစ္တက်သုံးတယ္။

အရမ္းကပ္ေစးနဲၿပီးေခြၽတာ တာမ်ိဳးေတာ့ လည္း မဟုတ္ဘူး။ က်ေနာ္တို႔က အေဆာင္တူတူေနေတာ့ အေဆာင္မွာ စားဖို႔ ေသာက္ဖို႔ ေဘာ္ဒါေတြ အတြက္ဆိုရင္ ဘယ္ေတာ့မွ မကပ္ဘူး။ဒါေပမယ့္က်ေနာ္တို႔လိုမလိုအပ္တာေတြ သိပ္မဝယ္ဘူး။

ဆိုင္ကယ္အႏြမ္းေလးနဲ႔ဖုန္းအေဟာင္းေလးပဲသုံးတယ္။ က်ေနာ္တို႔က မင္းႏွစ္လ သုံးလစာ ေလာက္ဆို ဖုန္းအသစ္ ဆိူင္ကယ္အသစ္ ဝယ္ႏိုင္ ပါတယ္ကြာ။ ငါတို႔လို Update ေတြ ဝယ္သုံးစမ္းပါ လို႔ေျပာေတာ့ သူက ရီၿပီးေတာ့ ျပန္ေျပာတယ္။

ငါလုပ္စရာေလးတစ္ခုရွိလို႔ ေငြစုေနတာပါလို႔ ျပန္ေျပာၿပီး ဝယ္မသုံးခဲ့ဘူး။ က်ေနာ္ထင္တယ္ (5)ႏွစ္ေက်ာ္အတြင္းမွာ သူအခုလို တိုးတက္ေျပာင္းလဲသြားတာသူ႔ရဲ႕ Personal skill ကို အခ်ိန္တိုင္းျမႇင့္ဖို႔ႀကိဳးစားေနသူျဖစ္ၿပီး အခ်ိန္ကို အက်ိဳးက်ိဳးရွိရွိအသုံးခ်ခဲ့လို႔ပဲ။

က်ေနာ္တို႔လုပ္တဲ့NGO က အလုပ္အရမ္းမ်ားၿပီး တနလၤါကေန ေသာၾကာေန႔အထိ နားခ်ိန္မရွိေအာင္ကို အလုပ္မ်ားတယ္။ညဆိုလည္း မိုးခ်ဳပ္မွ အိမ္ျပန္ ရခ်ိန္ေတြရွိတယ္။ တစ္ေန႔လုံးပင္ပန္းလာတဲ့အခါ ညေရာက္ရင္ စားေသာက္ၿပီး က်ေနာ္တို႔ ေအးေဆး အနားယူတယ္။

စေန၊တနဂၤေႏြပိတ္ရက္ေတြမွာဆိုလည္း တစ္ပတ္လုံးပင္ပန္းထားေတာ့ က်ေနာ္တို႔ကေတာ့ ေအးေဆးႏွပ္တာေပါ့။ က်ေနာ္တို႔ေဘာ္ဒါေတြစုၿပီး ဂိမ္းထိုင္ေစာ့ေနခ်ိန္ သူက တစ္အုပ္တစ္အုပ္အုပ္ကို ဖတ္ေနတတ္တယ္။ က်ေနာ္တို႔ Facebook သုံးေနခ်ိန္

သူက Motivation speaker ေတြေျပာတာေတြ စာေပေဟာေျပာပြဲေတြနားေထာင္ေနတယ္။ က်ေနာ္တို႔ ရည္းစားေတြနဲ႔ဖုန္းေျပာေနခ်ိန္ သူက English စာေလ့လာေနတယ္။ က်ေနာ္တို႔ဂစ္တာတီးေနခ်ိန္….တျခား Personal developmentေတြဘာသင္တန္းညာသင္တန္းေတြလိုက္တက္ေနတယ္။

သူ႔မွာ တစ္ေန႔တာ တစ္ပတ္တာ အခ်ိန္ဇယားေတြဆြဲလို႔။ စာဖတ္ခ်ိန္၊English စာေလ့လာခ်ိန္၊ဘာညာနဲ႔ အခ်ိန္ဇယားနဲ႔ လုပ္တာဗ် ဆရာသမားက။ က်ေနာ္တို႔ကေတာ့ သူ႔ကိုေျပာတာေပါ့။ မင္းအစားပ်င္းလိုက္တာ။လူငယ္ဆိုတာ ေပ်ာ္ေပ်ာ္ ပါးပါးလြတ္လြတ္လပ္လပ္ေနစမ္းပါ။ဘာညာေပါ့။

ဒီလိုနဲ႔တစ္ႏွစ္မျပည့္ခင္ 2016 ဒီဇင္ဘာေလာက္မွာ သူအလုပ္ထြက္သြားတယ္။ ႏႈတ္ဆက္ပြဲညမွာေတာ့ က်ေနာ္တို႔အတြက္ တစ္ဝိုင္းလုပ္ေပးၿပီး သူရန္ကုန္သြားမွာမို႔ အလုပ္ထြက္တာတဲ့။ ရန္ကုန္မွာ သင္တန္းတစ္ခုႏွစ္ခု တက္ၿပီး တျခားအလုပ္ရွာလုပ္မယ္ဆိုၿပီး ေျပာသြားခဲ့တယ္။

ဘာသင္တန္းေတြ တက္မွာလဲေတာ့ မေမးမိလိုက္ပါဘူး။အဲ့ဒီေနာက္ပိုင္း သူနဲ႔တစ္ခါမွမေတြ႕ေတာ့တာပဲ။ အလုပ္လုပ္ရင္း တစ္ႏွစ္နီးပါးေလာက္ပဲ ခင္မင္ခဲ့သူဆိုေတာ့ ေနာက္ပိုင္းအဆက္သြယ္လုံးဝျပတ္သြားခဲ့တယ္။

အခု(2022)ေလာက္ေရာက္ေတာ့

သူနဲ႔ မထင္မွတ္ပဲ ျပန္ေတြ႕တယ္။ ငါတို႔ေနာက္ဆုံးေတြ႕ခဲ့ၿပီးေနာက္ပိုင္း မင္းဘာေတြလုပ္လဲ ငါ့ကိုေျပာျပစမ္းပါလို႔ က်ေနာ္ေမးလိုက္မိတယ္။ သူအလုပ္ကထြက္ၿပီး ရန္ကုန္မွာ ဂ်ပန္စာနဲ႔ အဂၤလိပ္စာသင္တန္းေတြသြားတက္ေၾကာင္း။

ဂ်ပန္နဲ႔စင္ကာပူ တစ္ခုခုသြားဖို႔ ႀကိဳးစားရင္း သင္တန္းေတြတက္ စာေတြက်က္ရင္း ေျခာက္လေက်ာ္ေလာက္ၾကာတဲ့ အခါ အင္တာဗ်ဴးေအာင္ၿပီး ဂ်ပန္ေရာက္သြားေၾကာင္းေျပာျပတယ္။ သူစုထားတဲ့လစာေလးနဲ႔ အိမ္ကေငြအနည္းငယ္နဲ႔ (30-40) aလာက္အကုန္ခံၿပီး

သူဂ်ပန္သြားခဲ့တယ္ဆိုတာ သိရတယ္။ ဂ်ပန္မွာ အေတာ္အဆင္ေျပေၾကာင္း လစာလည္း (30)ေက်ာ္ရေၾကာင္းေျပာတယ္။ ဂ်ပန္မွာ Visa (3)ႏွစ္ျပည့္ေတာ့ ဆက္တိုးခ်င္ေပမယ့္ ျမန္မာျပည္မွာက်န္ခဲ့တဲ့ အေဖက Covid နဲ႔ ဆုံးပါးသြားတယ္။

အဲ့ေတာ့ အိမ္မွာကအေမနဲ႔ညီမငယ္ပဲက်န္ေနေတာ့ ျပန္လာခဲ့တယ္။ ဂ်ပန္ျပန္သြားဖို႔ေတာ့ စီစဥ္ေနတယ္။ ေလာေလာဆယ္ ဂ်ပန္မသြားခင္ ျပည္တြင္းက ႏိုင္ငံျခားကုမၸဏီတစ္ခုမွာ ဝင္လုပ္ေနတယ္။ ဒီမွာလည္း လစာကေတာ့ မဆိုးပါဘူးတဲ့။

ဆရာသမားက လုံးဝဆရာသမားျဖစ္သြားၿပီ။ ဂ်ပန္စာလည္း N2 ၿပီးသြားၿပီ။ ဂ်ပန္အျပင္ အဂၤလိပ္၊တ႐ုတ္ပါဆိုရင္ ဘာသာစကားသုံးမ်ိဳး ရသတဲ့။ ကုမၸဏီအလုပ္အျပင္ Translater လည္း လုပ္ေၾကာင္း၊ ဂ်ပန္စာအခ်ိန္ပိုင္းသင္ဆရာလည္း လုပ္ေနေၾကာင္း၊ Guide လည္းလုပ္ေၾကာင္း ။

ဒါေၾကာင့္တစ္လ ဝင္ေငြက သိန္း(30)ေက်ာ္တဲ့။ သြားၿပီ သြားၿပီ ငယ္ငယ္တုန္းက သင္ခဲ့ရတဲ့ေက်းညီေနာင္လိုပဲ။ သူငယ္ခ်င္းႏွစ္ေယာက္အေျခေနအတူတူကေန ေနာက္ငါးႏွစ္အၾကာမွာ အရမ္းကြာျခားခဲ့ၿပီ။

လက္ရွိက်ေနာ္က အရင္ NGO ကထြက္ၿပီး ေနာက္ NGO တစ္ခုမွာ လုပ္ေနတယ္။ 2016 က တစ္လဝင္ေငြ(3)သိန္း။ အခုလက္ရွိ တစ္လ ဝင္ေငြက (4)သိန္း။ က်ေနာ့္သူငယ္ခ်င္းက အခု ဝင္ေငြ(30) သိန္း။ အရင္တုန္းက လစာ (3)သိန္းတူတူရခဲ့ေပမယ့္

ငါးႏွစ္ေက်ာ္အၾကာမွာ ဘာမွမေလ့လာ၊ ရည္႐ြယ္ခ်က္မရွိ၊ ျဖစ္သလိုေနခဲ့သူနဲ႔ ရည္မွန္းခ်က္ထား၊အခ်ိန္ကိုအေကာင္းဆုံး အသုံးခ်ၿပီး ႀကိဳးစားေနသူနဲ႔ အေျခေနေတြက ကြာျခားကုန္ၿပီ။ က်ေနာ့္မွာ ဆယ္တန္းတုန္းကသင္ခဲ့တဲ့ အဂၤလိပ္စာေလာက္ပဲ မနည္းဖတ္ေနရခ်ိန္မွာ

က်ေနာ့္သူငယ္ခ်င္းကေတာ့ အဆက္မျပတ္ ေလ့လာလိုက္တာ (5)ႏွစ္အတြင္း အဂၤလိပ္လိုေျပာတာ မြတ္ေနတာပဲ။ အံ့ၾသၿပီး နားေထာင္ရတယ္။ အဂၤလိပ္အျပင္ ဂ်ပန္နဲ႔တ႐ုတ္လိုလဲ မြတ္ေနတာပဲ။ က်ေနာ္ဆို ဂ်ပန္လိုလဲ တစ္လုံးမွ မတတ္ဘူး။

သူက က်ေနာ့္ကို ေနာက္ဆုံးအေနနဲ႔ေျပာသြားတဲ့ စကား(6) ခြန္းရွိတယ္။

(1) ရည္မွန္းခ်က္ထားပါ။

(2) Comfort Zone ထဲက ႐ုန္းထြက္ပါတဲ့။

(3) ျဖစ္ကိုျဖစ္ရမယ္ဆိုတာ ယုံၾကည္ပါတဲ့။

(4) လိုခ်င္တာကိုရေအာင္ယူခ်င္တဲ့ျပင္းျပတဲ့စိတ္ထားပါတဲ့။

(5) ဝင္ေငြရလမ္းေၾကာင္းတစ္ခုထက္မက ဖန္တီးပါ။ ဝင္ေငြ တစ္ခုတည္းအေပၚ မမွီခိုေနပါနဲ႔တဲ့။

(6) အားလပ္ခ်ိန္ကိုအက်ိဳးရွိစြာအသုံးခ်ပါတဲ့။ လူတိုင္းက သူ႔အလုပ္နဲ႔သူ ရွိၾကတာပဲ။

လူတိုင္း လူတိုင္း အလုပ္တစ္ခုမဟုတ္ တစ္ခု လုပ္ေနၾကရတာပဲ။ ဒါေပမယ့္ အားလပ္ခ်ိန္မွာ အဲ့ဒီလူ ဘာလုပ္ေနတယ္ဆိုတာ ၾကည့္ျခင္းအားျဖင့္ ဒီလူ ေနာက္(5)ႏွစ္အတြင္း ဘာျဖစ္လာမယ္ဆိုတာ ဆုံး ျဖတ္ေပးတယ္တဲ့။

သူေနာက္ဆုံးေျပာသြားတဲ့ စကား က်ေနာ့္ေခါင္းထဲက မထြက္ဘူး။ အားလပ္ခ်ိန္မွာ ဘာလုပ္ေနလဲဆိုတာၾကည့္ျခင္းက လူတစ္ေယာက္ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ေပးတယ္တဲ့။ က်ေနာ့္မ်က္လုံးထဲ လြန္ခဲ့တဲ့(5)ႏွစ္ကိုပဲ ျပန္ျမင္ေနမိတယ္။

သူမ်ားေတြ ဘဝတိုးတက္ဖို႔ အားလပ္ခ်ိန္ေတြပါႀကိဳးစားေလ့လာေနခ်ိန္ က်ေနာ္တို႔ အေပ်ာ္ပါးေတြပဲလုပ္ခဲ့ၾကတယ္။ဖုန္းပြတ္တယ္၊ဂိမ္းေစာ့တယ္၊ဂီတာ တီးတယ္၊အေလလိုက္ေနခဲ့ၾကတယ္။

အခု က်ေနာ့္အသက္ (26) ။ (20)ေက်ာ္တုန္းက အမွားေတြအတြက္ သင္ခန္းစာယူရင္း (30)ေက်ာ္မွာ အခုလို မျဖစ္ေနဖို႔ အခုကစၿပီး အားလပ္ခ်ိန္မွာ ဘဝတိုးတက္မယ့္ အရာေတြကို ႀကိဳးစားေနၿပီဗ်ာ။ ခင္ဗ်ားေကာ…….

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လူတစ်ယောက်ရဲ့အနာဂတ်ဟာ သူ့အားလပ်ချိန်ကို ဘယ်လိုအသုံးချလဲဆိုတာနဲ့ဆုံးဖြတ်သွားတယ်

2016 တုန်းက အလုပ်တူတူလုပ်ခဲ့ဖူးတဲ့ အသိတစ်ယောက်နဲ့ မထင်မှတ်ပဲ ပြန်ဆုံတယ်။ သူ့ကိုကြည့်ရတာ အရမ်းပြောင်းလဲသွားခဲ့တယ်။ ဒါနဲ့ ကျနော်သူနဲ့ စကားတွေ အများကြီးထိုင်ပြောဖြစ်ခဲ့တယ်။

မင်း….အရမ်းပြောင်းလဲသွားတယ်နော်… တော်တော် အဆင်ပြေနေပုံပဲ ဘာအလုပ်တွေ လုပ်နေလဲ ကျနော်မေးကြည့်လိုက်တယ်။ သူကအခု နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်တဲ့။ ကုမ္ပဏီအလုပ်အပြင်

တစ်ခြားအချိန်ပိုင်း အလုပ်နှစ်ခုသုံးခုလည်းရှိပြီးတစ်လဝင်ငွေက သိန်း(30)ကျော်လောက်ရှိနေပြီတဲ့။ ဝိုး…သိန်း(30) ကျော်တောင် တော်တော် အဆင်ပြေနေတာပဲ သားကြီးရ။ မင်းအလုပ်နဲ့ ဝင်ငွေက မိုက်လှချည်လား။

ကျနော်အားကျစွာနဲ့ပဲ ပြောလိုက်မိတယ်။ သူ့အတွက် တကယ်ဝမ်းသာသွားတယ်။ ပြီးတော့ ကျနော့်အခြေနေကိုပြန်စဉ်းစားပြီး ကိုယ့်လက်ရှိအခြေနေအတွက် တော်တော်ကို ဝမ်းနည်းမိသွားတယ်။

တစ်ဆက်တည်းမှာပဲကျနော်နဲ့သူ စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကို ပြန်သတိရလိုက်မိတယ်။ INGO တစ်ခုမှာ အလုပ်လာလျောက်ရင်း သူနဲ့ဆုံခဲ့တယ်။ အဲ့တုန်းကအလုပ်လျောက်၊အင်တာဗျူးဖြေဖြေတူတူပဲ။ အလုပ်ရတော့လည်း ရာထူးအတူတူ၊လစာအတူတူ။

အဲ့တုန်းကော ကျနော်ကော သူကော ဘွဲ့မရသေးဘူး။ နှစ်ယောက်လုံးအဝေးသင်စီးပွားရေးမေဂျာ ဒုတိယနှစ်ပဲ ရှိသေးတယ်။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရင်း ငွေရှာခဲ့ချိန်ပေါ့။ (2016)တုန်းက လစာ သုံးသိန်းကျော်ရတာ နည်းနည်းတော့ များသေးတယ်။

ကျနော်က လစာထုတ် တိုင်း အိမ်ကို(1)သိန်းလောက်ပြန်အပ်ပြီး ကျန်တာကိုလိုချင်တာတွေ လျောက်ဝယ်တယ်။ ဖုန်းတွေ ဝယ်တယ်။ အဝတ်စားတွေဝယ်တယ်။ ရည်းစားတွေ ထားပြီး ပျော်ပါးသုံးစွဲတယ်။ ကျနော့်သူငယ်ချင်းကျတော့ ငွေကိုစနစ်တကျသုံးတယ်။

အရမ်းကပ်စေးနဲပြီးချွေတာ တာမျိုးတော့ လည်း မဟုတ်ဘူး။ ကျနော်တို့က အဆောင်တူတူနေတော့ အဆောင်မှာ စားဖို့ သောက်ဖို့ ဘော်ဒါတွေ အတွက်ဆိုရင် ဘယ်တော့မှ မကပ်ဘူး။ဒါပေမယ့်ကျနော်တို့လိုမလိုအပ်တာတွေ သိပ်မဝယ်ဘူး။

ဆိုင်ကယ်အနွမ်းလေးနဲ့ဖုန်းအဟောင်းလေးပဲသုံးတယ်။ ကျနော်တို့က မင်းနှစ်လ သုံးလစာ လောက်ဆို ဖုန်းအသစ် ဆိူင်ကယ်အသစ် ဝယ်နိုင် ပါတယ်ကွာ။ ငါတို့လို Update တွေ ဝယ်သုံးစမ်းပါ လို့ပြောတော့ သူက ရီပြီးတော့ ပြန်ပြောတယ်။

ငါလုပ်စရာလေးတစ်ခုရှိလို့ ငွေစုနေတာပါလို့ ပြန်ပြောပြီး ဝယ်မသုံးခဲ့ဘူး။ ကျနော်ထင်တယ် (5)နှစ်ကျော်အတွင်းမှာ သူအခုလို တိုးတက်ပြောင်းလဲသွားတာသူ့ရဲ့ Personal skill ကို အချိန်တိုင်းမြှင့်ဖို့ကြိုးစားနေသူဖြစ်ပြီး အချိန်ကို အကျိုးကျိုးရှိရှိအသုံးချခဲ့လို့ပဲ။

ကျနော်တို့လုပ်တဲ့NGO က အလုပ်အရမ်းများပြီး တနင်္လါကနေ သောကြာနေ့အထိ နားချိန်မရှိအောင်ကို အလုပ်များတယ်။ညဆိုလည်း မိုးချုပ်မှ အိမ်ပြန် ရချိန်တွေရှိတယ်။ တစ်နေ့လုံးပင်ပန်းလာတဲ့အခါ ညရောက်ရင် စားသောက်ပြီး ကျနော်တို့ အေးဆေး အနားယူတယ်။

စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာဆိုလည်း တစ်ပတ်လုံးပင်ပန်းထားတော့ ကျနော်တို့ကတော့ အေးဆေးနှပ်တာပေါ့။ ကျနော်တို့ဘော်ဒါတွေစုပြီး ဂိမ်းထိုင်စော့နေချိန် သူက တစ်အုပ်တစ်အုပ်အုပ်ကို ဖတ်နေတတ်တယ်။ ကျနော်တို့ Facebook သုံးနေချိန်

သူက Motivation speaker တွေပြောတာတွေ စာပေဟောပြောပွဲတွေနားထောင်နေတယ်။ ကျနော်တို့ ရည်းစားတွေနဲ့ဖုန်းပြောနေချိန် သူက English စာလေ့လာနေတယ်။ ကျနော်တို့ဂစ်တာတီးနေချိန်….တခြား Personal developmentတွေဘာသင်တန်းညာသင်တန်းတွေလိုက်တက်နေတယ်။

သူ့မှာ တစ်နေ့တာ တစ်ပတ်တာ အချိန်ဇယားတွေဆွဲလို့။ စာဖတ်ချိန်၊English စာလေ့လာချိန်၊ဘာညာနဲ့ အချိန်ဇယားနဲ့ လုပ်တာဗျ ဆရာသမားက။ ကျနော်တို့ကတော့ သူ့ကိုပြောတာပေါ့။ မင်းအစားပျင်းလိုက်တာ။လူငယ်ဆိုတာ ပျော်ပျော် ပါးပါးလွတ်လွတ်လပ်လပ်နေစမ်းပါ။ဘာညာပေါ့။

ဒီလိုနဲ့တစ်နှစ်မပြည့်ခင် 2016 ဒီဇင်ဘာလောက်မှာ သူအလုပ်ထွက်သွားတယ်။ နှုတ်ဆက်ပွဲညမှာတော့ ကျနော်တို့အတွက် တစ်ဝိုင်းလုပ်ပေးပြီး သူရန်ကုန်သွားမှာမို့ အလုပ်ထွက်တာတဲ့။ ရန်ကုန်မှာ သင်တန်းတစ်ခုနှစ်ခု တက်ပြီး တခြားအလုပ်ရှာလုပ်မယ်ဆိုပြီး ပြောသွားခဲ့တယ်။

ဘာသင်တန်းတွေ တက်မှာလဲတော့ မမေးမိလိုက်ပါဘူး။အဲ့ဒီနောက်ပိုင်း သူနဲ့တစ်ခါမှမတွေ့တော့တာပဲ။ အလုပ်လုပ်ရင်း တစ်နှစ်နီးပါးလောက်ပဲ ခင်မင်ခဲ့သူဆိုတော့ နောက်ပိုင်းအဆက်သွယ်လုံးဝပြတ်သွားခဲ့တယ်။

အခု(2022)လောက်ရောက်တော့

သူနဲ့ မထင်မှတ်ပဲ ပြန်တွေ့တယ်။ ငါတို့နောက်ဆုံးတွေ့ခဲ့ပြီးနောက်ပိုင်း မင်းဘာတွေလုပ်လဲ ငါ့ကိုပြောပြစမ်းပါလို့ ကျနော်မေးလိုက်မိတယ်။ သူအလုပ်ကထွက်ပြီး ရန်ကုန်မှာ ဂျပန်စာနဲ့ အင်္ဂလိပ်စာသင်တန်းတွေသွားတက်ကြောင်း။

ဂျပန်နဲ့စင်ကာပူ တစ်ခုခုသွားဖို့ ကြိုးစားရင်း သင်တန်းတွေတက် စာတွေကျက်ရင်း ခြောက်လကျော်လောက်ကြာတဲ့ အခါ အင်တာဗျူးအောင်ပြီး ဂျပန်ရောက်သွားကြောင်းပြောပြတယ်။ သူစုထားတဲ့လစာလေးနဲ့ အိမ်ကငွေအနည်းငယ်နဲ့ (30-40) aလာက်အကုန်ခံပြီး

သူဂျပန်သွားခဲ့တယ်ဆိုတာ သိရတယ်။ ဂျပန်မှာ အတော်အဆင်ပြေကြောင်း လစာလည်း (30)ကျော်ရကြောင်းပြောတယ်။ ဂျပန်မှာ Visa (3)နှစ်ပြည့်တော့ ဆက်တိုးချင်ပေမယ့် မြန်မာပြည်မှာကျန်ခဲ့တဲ့ အဖေက Covid နဲ့ ဆုံးပါးသွားတယ်။

အဲ့တော့ အိမ်မှာကအမေနဲ့ညီမငယ်ပဲကျန်နေတော့ ပြန်လာခဲ့တယ်။ ဂျပန်ပြန်သွားဖို့တော့ စီစဉ်နေတယ်။ လောလောဆယ် ဂျပန်မသွားခင် ပြည်တွင်းက နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေတယ်။ ဒီမှာလည်း လစာကတော့ မဆိုးပါဘူးတဲ့။

ဆရာသမားက လုံးဝဆရာသမားဖြစ်သွားပြီ။ ဂျပန်စာလည်း N2 ပြီးသွားပြီ။ ဂျပန်အပြင် အင်္ဂလိပ်၊တရုတ်ပါဆိုရင် ဘာသာစကားသုံးမျိုး ရသတဲ့။ ကုမ္ပဏီအလုပ်အပြင် Translater လည်း လုပ်ကြောင်း၊ ဂျပန်စာအချိန်ပိုင်းသင်ဆရာလည်း လုပ်နေကြောင်း၊ Guide လည်းလုပ်ကြောင်း ။

ဒါကြောင့်တစ်လ ဝင်ငွေက သိန်း(30)ကျော်တဲ့။ သွားပြီ သွားပြီ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ကျေးညီနောင်လိုပဲ။ သူငယ်ချင်းနှစ်ယောက်အခြေနေအတူတူကနေ နောက်ငါးနှစ်အကြာမှာ အရမ်းကွာခြားခဲ့ပြီ။

လက်ရှိကျနော်က အရင် NGO ကထွက်ပြီး နောက် NGO တစ်ခုမှာ လုပ်နေတယ်။ 2016 က တစ်လဝင်ငွေ(3)သိန်း။ အခုလက်ရှိ တစ်လ ဝင်ငွေက (4)သိန်း။ ကျနော့်သူငယ်ချင်းက အခု ဝင်ငွေ(30) သိန်း။ အရင်တုန်းက လစာ (3)သိန်းတူတူရခဲ့ပေမယ့်

ငါးနှစ်ကျော်အကြာမှာ ဘာမှမလေ့လာ၊ ရည်ရွယ်ချက်မရှိ၊ ဖြစ်သလိုနေခဲ့သူနဲ့ ရည်မှန်းချက်ထား၊အချိန်ကိုအကောင်းဆုံး အသုံးချပြီး ကြိုးစားနေသူနဲ့ အခြေနေတွေက ကွာခြားကုန်ပြီ။ ကျနော့်မှာ ဆယ်တန်းတုန်းကသင်ခဲ့တဲ့ အင်္ဂလိပ်စာလောက်ပဲ မနည်းဖတ်နေရချိန်မှာ

ကျနော့်သူငယ်ချင်းကတော့ အဆက်မပြတ် လေ့လာလိုက်တာ (5)နှစ်အတွင်း အင်္ဂလိပ်လိုပြောတာ မွတ်နေတာပဲ။ အံ့သြပြီး နားထောင်ရတယ်။ အင်္ဂလိပ်အပြင် ဂျပန်နဲ့တရုတ်လိုလဲ မွတ်နေတာပဲ။ ကျနော်ဆို ဂျပန်လိုလဲ တစ်လုံးမှ မတတ်ဘူး။

သူက ကျနော့်ကို နောက်ဆုံးအနေနဲ့ပြောသွားတဲ့ စကား(6) ခွန်းရှိတယ်။

(1) ရည်မှန်းချက်ထားပါ။

(2) Comfort Zone ထဲက ရုန်းထွက်ပါတဲ့။

(3) ဖြစ်ကိုဖြစ်ရမယ်ဆိုတာ ယုံကြည်ပါတဲ့။

(4) လိုချင်တာကိုရအောင်ယူချင်တဲ့ပြင်းပြတဲ့စိတ်ထားပါတဲ့။

(5) ဝင်ငွေရလမ်းကြောင်းတစ်ခုထက်မက ဖန်တီးပါ။ ဝင်ငွေ တစ်ခုတည်းအပေါ် မမှီခိုနေပါနဲ့တဲ့။

(6) အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချပါတဲ့။ လူတိုင်းက သူ့အလုပ်နဲ့သူ ရှိကြတာပဲ။

လူတိုင်း လူတိုင်း အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်နေကြရတာပဲ။ ဒါပေမယ့် အားလပ်ချိန်မှာ အဲ့ဒီလူ ဘာလုပ်နေတယ်ဆိုတာ ကြည့်ခြင်းအားဖြင့် ဒီလူ နောက်(5)နှစ်အတွင်း ဘာဖြစ်လာမယ်ဆိုတာ ဆုံး ဖြတ်ပေးတယ်တဲ့။

သူနောက်ဆုံးပြောသွားတဲ့ စကား ကျနော့်ခေါင်းထဲက မထွက်ဘူး။ အားလပ်ချိန်မှာ ဘာလုပ်နေလဲဆိုတာကြည့်ခြင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးတယ်တဲ့။ ကျနော့်မျက်လုံးထဲ လွန်ခဲ့တဲ့(5)နှစ်ကိုပဲ ပြန်မြင်နေမိတယ်။

သူများတွေ ဘဝတိုးတက်ဖို့ အားလပ်ချိန်တွေပါကြိုးစားလေ့လာနေချိန် ကျနော်တို့ အပျော်ပါးတွေပဲလုပ်ခဲ့ကြတယ်။ဖုန်းပွတ်တယ်၊ဂိမ်းစော့တယ်၊ဂီတာ တီးတယ်၊အလေလိုက်နေခဲ့ကြတယ်။

အခု ကျနော့်အသက် (26) ။ (20)ကျော်တုန်းက အမှားတွေအတွက် သင်ခန်းစာယူရင်း (30)ကျော်မှာ အခုလို မဖြစ်နေဖို့ အခုကစပြီး အားလပ်ချိန်မှာ ဘဝတိုးတက်မယ့် အရာတွေကို ကြိုးစားနေပြီဗျာ။ ခင်ဗျားကော…….

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*