














Unicode

ကျွန်တော်တို့ ရင်းနှီးပြီးသား စကားလုံးလေးဖြစ်တဲ့ “အိမ်ကစိတ်မချဘူး” ဆိုတဲ့ စကားလေးရဲ့ နောက်ကွယ်မှာ…

အိမ်ကစိတ်မချဘူး… ဒီစကားကို တရင်းတနှီး ဖြစ်မနေဘူးလား… ကျွန်တော်တို့ဆီက သားသမီးတော်တော်များများနဲ့ ရင်းနှီးနေတဲ့စကားပါ… တစ်ယောက်ယောက်ဆီကကြားရင် သိပ်တောင် မထူးဆန်းဘူး ကြားနေကျဖြစ်နေလို့… ဒါပေမယ့် ဒီစကားရဲ့နောက်ကွယ်မှာ

ကျွန်တော်တို့ အန္တရာယ်ကင်းခဲ့ဖူးသလို အခွင့်အရေးတွေလည်း အများကြီးဆုံးရှုံးခဲ့ဖူးတယ်… အချို့ အရွယ်ရောက်ပြီ တစ်ခါမှ ခရီးမထွက်ဖူးတဲ့သူတွေရှိတယ်… မိဘတွေနဲ့ ပြောတာမဟုတ်ဘူးနော် ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် မထွက်ဖူးဘူး…

အထူးသဖြင့်မိန်းကလေးတွေ ပိုများမယ်… ဘာလို့လည်း အိမ်ကစိတ်မချလို့… ခရီးထွက်ဖို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်ကြတဲ့အခါ အကုန်လုံးတက်ကြွပြီး သွားဖို့စီစဉ်တာတွေ အကုန်ပျက်သွားတဲ့ နောက်ကွယ်က အကြောင်းအရင်းက ငါ့အိမ်ကစိတ်မချလို့ ငါ့အိမ်က မလွှတ်လို့ဆိုတာပဲ…

မိဘတွေကသားသမီးတွေကို ကလေးလိုပဲ မြင်နေတာကို ချစ်တယ်လို့ထင်ကြတယ်… ငါ့သားသမီးတွေက ငါ့အတွက်တော့ ကလေးတွေပဲလို့ ပြောတာကြားဖူးမှာပေါ့… ဒါပေမယ့် တစ်နေ့မိဘတွေမရှိတော့တဲ့အခါ

လောကထဲ ကိုယ်တစ်ယောက်တည်း လျောက်ရမယ်ဆိုတဲ့အခါ ကိုယ်က တစ်ကယ်ကို ကလေးလို ဖြစ်သွားတယ်… ဘာဆိုဘာမှမသိဘူး သူများလိမ်တာခံရတယ် သူများပြောသမျှယုံတယ် တစ်ခုခုဆို ကြောက်နေတယ်

ပြဿနာဖြစ်ရင် တစ်ယောက်ယောက်ကို အရင်ပြေးခေါ်ဖို့ပဲ စဉ်းစားနေမိတယ်… ကားမမောင်းဖူးဘူး ကားမမောင်းရဲဘူး အိမ်က စိတ်မချလို့… ကိုယ်ပိုင်စီးပွားရေးဘာမှမလုပ်ဖူးဘူး အလုပ်မလုပ်ဖူးဘူး အိမ်ကစိတ်မချလို့…

ဘယ်မှခရီးမထွက်ဖူးဘူး ကိုယ့်မြို့တောင်စုံအောင်မရောက်ဖူးဘူး အိမ်ကစိတ်မချလို့… နိုင်ငံခြားမှာ ကျောင်းတက်အလုပ်လုပ်ဖို့ စိတ်ကူးယဉ်တာ တွေ ဖျက်ပစ်ရဖူးတယ် အိမ်ကစိတ်မချလို့… Night Out မထွက်ဖူးဘူး အိမ်ကစိတ်မချလို့ စသဖြင့်

အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်တာတွေ အများကြီးပဲ… ဒီလိုပြောလို့ မိဘတွေကို အပြစ်တင်တာမဟုတ်ဘူးနော် စိတ်မချဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ သိပ်ကိုအန္တရာယ်ကင်းပြီး သိပ်ကိုလုံခြုံဖူးတယ် မိဘရင်ခွင်မှာပဲ အချစ်ခံပြီးသေတဲ့အထိနေချင်တာပေါ့…

ဒါပေမယ့် မိဘအိမ်ကထွက်သွားတာနဲ့ အိမ်အပြင်ရောက်တာနဲ့ ငထုံကြီးလို ဖြစ်သွားပြီ… ဘာမှမသိတော့ဘူး… အချို့ဆို တစ်ယောက်တည်းလူကြားထဲရောက်ရင် လက်ဖျားတွေ အေးစက်လာတာမျိုး လူတွေက ကြည့်နေရင် ကြောက်နေတာမျိုးတွေ

တစ်နေရာရာရောက်ရင် စကားမပြောရဲတာတွေ အကုန်လုံးက စိတ်မချတဲ့နောက်ကွယ်က Side Effect တွေပါပဲ… ဒီတော့ ကျွန်တော်တို့ကို စိတ်ချသင့်တဲ့အချိန်မှာ စိတ်ချပါ…

ကျွန်တော်တို့ကို လမ်းလျှောက်တတ်အောင် ကိုင်ပေးထားတဲ့ လက်ကိုလွှတ်ပြီး ကိုယ့်ဘာသာလမ်းလျောက်ခိုင်းကြည့်ပါ… ကျွန်တော်တို့ကို အိမ်ကစိတ်ချပါတော့…

ခရက်ဒစ်#အလီဘာဘာ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*