











Unicode

ရွှေဆိုင်တွေ ပြောတဲ့ အလျော့တွက်လက်ခ ဆိုတာ… ဘယ်အချက်ပေါ် မူတည်ပြီး တွက်တာလဲ..?

” ရွှေဆိုင်တွေ ပန်းထိမ် တွေမှာ အလျော့တွက် ကို တစ်ကျပ်သား ဘယ်လောက်နှုန်း ယူတာလဲဟင်”… ဒီလို မေးခွန်းမျိုးတွေ ခဏခဏ မေးခံ ရ ပါ တယ်။

တခြား လက်မှု လုပ်ငန်း တချို့နဲ့ ရောထွေးနေပုံ ရ ပါ တယ်။ အမှန်တကယ်တော့… ပန်းထိမ် က ယူတဲ့အလျော့တွက် ဆိုတာ ဟာ အလေးချိန်ပေါ် တွက်ယူခြင်း က ၂၅ ရာခိုင်နှုန်း ပဲ ရှိ ပါ တယ်။

ဥပမာ… တစ်ကျပ်သား ဆွဲကြိုး နဲ့ ပုံစံတူ ငါးကျပ်သား ဆွဲကြိုး ဆိုတာမျိုးပေါ့။ တစ်ကျပ်သား မှာ ပေးရတဲ့ အလျော့တွက် ထက် ပို ပေး ရ ပါ တယ် ။

အမှန်တော့… အလျော့တွက် ဆိုတာက လုပ်ကွက် အနု စိပ်လေ ခက်ခဲလေလေ မို့ ပို ပေး ရ တဲ့ အဖိုး လက်ခပါ။

ရွှေသား တစ်ကျပ်သား အမ်စီ ကြိုး တစ်ကုံး ကို အလျော့ ငါးရွေး၊ ခြောက်ရွေး လောက်ပဲ ပေးရပေမဲ့…

ရွှေ တစ်မတ်သား လောက်ပဲ တင်တဲ့ ကျောက်ခြယ် နားကပ် ကို ကျတော့ အလျော့တွက် တစ်ပဲ၊ တစ်ပဲ နှစ်ရွေး ပေးရ သလိုပေါ့။

မြင်သာအောင် ပြောရရင် … ဆံပင်ညှပ်ဆိုင်မှာ ဘိုကေ ညှပ်တာ နဲ့ ကတုံး တုံးတာ ဈေး ကွာသလိုမျိုးပါပဲ။

ဆံပင်တွေ အများကြီး ညှပ်ချပြီး ပြောင်အောင် ရိတ်ပစ် ရတဲ့ ကတုံး တုံးတာ မျိုးက… အနု မစိပ်တဲ့ အတွက် လက်ခ ဈေး ပေါတာ မျိုးပေါ့။ ကျောက်ခြယ် နားကပ်နဲ့ အမ်စီကြိုးလည်း ဒီ သဘော အတိုင်းပါပဲဗျာ။

credit#ဆရာရဲမာန်အောင်# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*