အညာေဒသရဲ႕ခရမ္းခ်ဥ္သီးကို ေရခဲေသတၱာမလိုဘဲ တေႏြလံုး ၾကာရွည္ခံေအာင္ ထားသိုနည္း

အညာေဒသရဲ႕ခရမ္းခ်ဥ္သီးကို ေရခဲေသတၱာမလိုဘဲ တေႏြလံုး ၾကာရွည္ခံေအာင္ ထားသိုနည္း
အညာေဒသရဲ႕ခရမ္းခ်ဥ္သီးကို ေရခဲေသတၱာမလိုဘဲ တေႏြလံုး ၾကာရွည္ခံေအာင္ ထားသိုနည္း

အညာေဒသရဲ႕ခရမ္းခ်ဥ္သီးကို ေရခဲေသတၱာမလိုဘဲ တေႏြလံုး ၾကာရွည္ခံေအာင္ ထားသိုနည္း

က်ေနာ္တို႔ ႐ြာမွာေတာ့ ခရမ္းခ်ဥ္သီး ကို တေႏြလုံးစာ အတြက္ ဒီလိုေလးေတြ အိမ္ေအာက္ထပ္ မ်က္ႏွာက်က္မွာ တြဲထား၊ ခ်ိတ္ထား ၾကပါတယ္။

ခ်ဥ္ေပါင္ေခ်ာ္ ကို ေရစိမ္ၿပီး ႀကိဳးအျဖစ္ သုံးကာ… ခရမ္းခ်ဥ္သီး တြဲၾကတယ္။ ခုေခတ္ကေတာ့… အလြယ္ရတဲ့ ပလပ္စတစ္ႀကိဳးေပါ့…။

ခ်က္ကာနီးၾကမွ… အတြဲေလးေတြ ကေန မွည့္တဲ့ အသီးေလးေတြ စားကုန္သေလာက္ ေ႐ြးျဖဳတ္ၿပီး ခ်က္စား ၾကတယ္။

အမွည့္လြန္ၿပီး ေႂကြက်တဲ့ အသီးက်… အေစ့ ထုတ္ ညႇစ္ယူၿပီး အေစ့ကို အေျခာက္ လွန္းထားၾကတယ္။ မ်ိဳးေစ့ ျပန္ယူ တာေပါ့။

လုံးဝ ပုတ္ မသြားဘူးေနာ္။ ပုံထဲကလိုပဲ… အိမ္ ေအာက္ထပ္ ေနေရာင္ျခည္ တိုက္႐ိုက္ မက်တဲ့ ေနရာ၊ ေလဝင္ ေလထြက္ ရွိတဲ့ ေနရာမွာ တြဲထား၊ တန္းထား ရပါတယ္။ အတြဲမွာ ၾကာလို႔ ပုတ္ေနတဲ့…

အသီးေလးေတြေတာ့… ေခြၽေပးရပါတယ္။ စားခ်င္ကာမွ အမွည့္ေလးေတြ ေ႐ြးၿပီး ခ်က္စားၾက ပါ တယ္။ ဘာေရခဲေသတၱာမွ မလိုဘူး။ တေႏြစာ ေအးေဆးပဲ။ ေႏြရာသီက် ေဈးႀကီးလြန္းတဲ့ ခရမ္းခ်ဥ္သီးကို ဝယ္စားရလည္း လြတ္တဲ့ နည္းေလးေပါ့။

တြဲနည္းေလးကေတာ့… တလုံးခ်င္း အပ္ေပါက္ ထိုးသီတာ မဟုတ္ဘူးဗ်။ ခရမ္းခ်ဥ္သီး ကို သုံးလုံးတြဲ ေလးလုံးတြဲ စသျဖင့္… ခူးကတည္းက အခိုင္လိုက္ အညႇာပါ ပါေအာင္ ကပ္ေၾကးနဲ႔ ညႇပ္ၿပီး ခူးရပါတယ္။

ေႂကြသြားတဲ့ အလုံးေတြကိုကေတာ့… စေကာနဲ႔ က်င္းထားၿပီး ခ်က္သာ စားပစ္ပါ။ မွည့္သြားရင္ေတာ့… ခရမ္းခ်ဥ္သီး ငပိလုပ္ၿပီး အေျခာက္ခံ သိမ္းထားလို႔ ရပါတယ္။

အိမ္ေရာက္မွ အိမ္ေအာက္ထပ္ လြတ္လြတ္ ကင္းကင္း ေနရာမွာ ႀကိဳးတန္းၿပီး တြဲထား ခ်ိတ္ထား ၾကပါတယ္။

ခရက္ဒစ္#ကိုသက္ (ေက်ာင္း႐ြာ)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အညာဒေသရဲ့ခရမ်းချဉ်သီးကို ရေခဲသေတ္တာမလိုဘဲ တနွေလုံး ကြာရှည်ခံအောင် ထားသိုနည်း

ကျနော်တို့ ရွာမှာတော့ ခရမ်းချဉ်သီး ကို တနွေလုံးစာ အတွက် ဒီလိုလေးတွေ အိမ်အောက်ထပ် မျက်နှာကျက်မှာ တွဲထား၊ ချိတ်ထား ကြပါတယ်။

ချဉ်ပေါင်ချော် ကို ရေစိမ်ပြီး ကြိုးအဖြစ် သုံးကာ… ခရမ်းချဉ်သီး တွဲကြတယ်။ ခုခေတ်ကတော့… အလွယ်ရတဲ့ ပလပ်စတစ်ကြိုးပေါ့…။

ချက်ကာနီးကြမှ… အတွဲလေးတွေ ကနေ မှည့်တဲ့ အသီးလေးတွေ စားကုန်သလောက် ရွေးဖြုတ်ပြီး ချက်စား ကြတယ်။

အမှည့်လွန်ပြီး ကြွေကျတဲ့ အသီးကျ… အစေ့ ထုတ် ညှစ်ယူပြီး အစေ့ကို အခြောက် လှန်းထားကြတယ်။ မျိုးစေ့ ပြန်ယူ တာပေါ့။

လုံးဝ ပုတ် မသွားဘူးနော်။ ပုံထဲကလိုပဲ… အိမ် အောက်ထပ် နေရောင်ခြည် တိုက်ရိုက် မကျတဲ့ နေရာ၊ လေဝင် လေထွက် ရှိတဲ့ နေရာမှာ တွဲထား၊ တန်းထား ရပါတယ်။ အတွဲမှာ ကြာလို့ ပုတ်နေတဲ့…

အသီးလေးတွေတော့… ချွေပေးရပါတယ်။ စားချင်ကာမှ အမှည့်လေးတွေ ရွေးပြီး ချက်စားကြ ပါ တယ်။ ဘာရေခဲသေတ္တာမှ မလိုဘူး။ တနွေစာ အေးဆေးပဲ။ နွေရာသီကျ ဈေးကြီးလွန်းတဲ့ ခရမ်းချဉ်သီးကို ဝယ်စားရလည်း လွတ်တဲ့ နည်းလေးပေါ့။

တွဲနည်းလေးကတော့… တလုံးချင်း အပ်ပေါက် ထိုးသီတာ မဟုတ်ဘူးဗျ။ ခရမ်းချဉ်သီး ကို သုံးလုံးတွဲ လေးလုံးတွဲ စသဖြင့်… ခူးကတည်းက အခိုင်လိုက် အညှာပါ ပါအောင် ကပ်ကြေးနဲ့ ညှပ်ပြီး ခူးရပါတယ်။

ကြွေသွားတဲ့ အလုံးတွေကိုကတော့… စကောနဲ့ ကျင်းထားပြီး ချက်သာ စားပစ်ပါ။ မှည့်သွားရင်တော့… ခရမ်းချဉ်သီး ငပိလုပ်ပြီး အခြောက်ခံ သိမ်းထားလို့ ရပါတယ်။

အိမ်ရောက်မှ အိမ်အောက်ထပ် လွတ်လွတ် ကင်းကင်း နေရာမှာ ကြိုးတန်းပြီး တွဲထား ချိတ်ထား ကြပါတယ်။

ခရက်ဒစ်#ကိုသက် (ကျောင်းရွာ)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*