ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးနဲ႕ ေတာင္းရမ္းလက္ထပ္ခံရတဲ့ မိန္းကေလး ဘာကြာလဲ… သိခ်င္သူမ်ားအတြက္

ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးနဲ႕ ေတာင္းရမ္းလက္ထပ္ခံရတဲ့ မိန္းကေလး ဘာကြာလဲ... သိခ်င္သူမ်ားအတြက္
ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးနဲ႕ ေတာင္းရမ္းလက္ထပ္ခံရတဲ့ မိန္းကေလး ဘာကြာလဲ... သိခ်င္သူမ်ားအတြက္

ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးနဲ႕ ေတာင္းရမ္းလက္ထပ္ခံရတဲ့ မိန္းကေလး ဘာကြာလဲ… သိခ်င္သူမ်ားအတြက္

ခိုးေျပးလို႔ လက္ထပ္ရတဲ့ မိန္းကေလး တစ္ေယာက္တန္ဖိုးနဲ႔… တင့္ေတာင္းတင့္တယ္ လူႀကီးစုံရာနဲ႔ တင္ေတာင္းခံရတဲ့ မိန္းကေလး တစ္ေယာက္… တန္ဖိုး ဘယ္လိုမွမတူႏိုင္ဘူး။ ပစၥည္းေတာင္မွ သူ႔တန္ဖိုးအေလ်ာက္ ေဈးႀကီးေပးဝယ္တာနဲ႔

ခိုးၿပီး အလကားရတဲ့ ခိုးရာပစၥည္း တန္ဖိုးအသီးသီးရွိတာပဲ။ ေနာက္တစ္ခ်က္… ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္ဘက္က သူနဲ႔ စည္းမေက်ာ္ထားဘူးဆို… မိန္းကေလးဘက္က ကိုယ့္မိဘ မ်က္ႏွာ မငယ္ရဘူး ။ ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္… ေယာက်ာ္းေလးဘက္က ဘာေျပာေျပာ

ကိုယ့္မိဘေတြ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္။ ကိုယ့္သမီးက စည္းေက်ာ္ၿပီးၿပီကိုး…။ သူ႔သားက ေလွကားသုံးထစ္ဆင္း လူပ်ိဳျပန္ျဖစ္ႏိုင္ေပမယ့္… ကိုယ့္သမီးက အပ်ိဳျပန္မျဖစ္ႏိုင္ေတာ့သလို ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစခ်င္ေတာ့ ကိုယ္ပဲ ေခါင္းငုံ႔ ခံရတာေပါ့။

ၿပီးေတာ့ ေနာက္တစ္ခ်က္… တစ္သက္လုံး ေကြၽးေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညႇိဳးထိုးခံရမယ့္အလုပ္မ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး။ အဲ့ဒါေၾကာင့္… ဘယ္ေလာက္ပဲ ခ်စ္ပါေစ မိဘကို ဆန႔္က်င္ၿပီး ခိုးေျပးမယ့္အလုပ္မ်ိဳး မလုပ္ဘဲ

မိဘ သေဘာတူေအာင္ ႀကိဳးစားသင့္တယ္။ ေနာက္တစ္ခု ေျပာရရင္… အခုေခတ္မွာ (living together) ေတြ မ်ားလာတယ္။ ရည္းစားဆိုတာနဲ႔ အဆင့္ေက်ာ္ၾကတယ္။ တကယ္ေတာ့… အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြ၊ ကိုယ္ေနတာက ျမန္မာျပည္။

ျမန္မာမိန္းကေလးတစ္ေယာက္အေနနဲ႔… အရွက္သိကၡာကို ထိန္းသိမ္းသင့္တယ္။ (Living together) ေနၿပီး (RS goals) လို႔ ထင္ေနတဲ့သူေတြေရာ ေနလိုက္ပါၿပီရဲ႕ အာ့တစ္ေယာက္နဲ႔ လက္မထပ္ျဖစ္ရင္ေရာ ေနာက္တစ္ေယာက္နဲ႔လား။ အဲ့ဒါဆိုရင္ ဖာသည္မေတြနဲ႔ ဘာထူးေတာ့မလဲ။

ဖာသည္မေတြေတာင္ ဘဝေပးအေျခအေနအရ လုပ္ေနရလို႔ ေျပာရရင္ သူတို႔ကေတာင္ ပိုသာပါတယ္။ မိန္းကေလးေတြအေနနဲ႔ ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ။ အရမ္းခ်စ္လို႔ ဘဝေပးၿပီး ခ်စ္တယ္ဆိုတာ မလုပ္မိပါေစနဲ႔။ ကဲ… ကိုယ္က ဘဝေပးခ်စ္ေတာ့ေရာ

ကိုယ့္ကို တန္ဖိုးထားမယ္ ထင္သလား။ No ပါ။ ေယာက်ာ္းဆိုတာမ်ိဳးက (10) မွာ (9 ) ေယာက္က မရခင္သာ လိုခ်င္တာ၊ လက္တည့္စမ္းခ်င္တာ… ရလို႔ ႐ိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြခ်ည္းပဲ။ ေယာက်ာ္းအကုန္လုံးေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ေကာင္းတဲ့ (1)ေယာက္နဲ႔ ေတြ႕ႏိုင္မယ္ ထင္သလား။ ကိုယ့္ကံ အာ့ေလာက္ေကာင္းမယ္လို႔ ယုံၾကည္ႏိုင္သလား…။ ကိုယ့္ စိတ္ေတာင္ အမ်ိဳးမ်ိဳးေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ပါဘူးေလ။ ၿပီးေတာ့…

ေယာက်ာ္းဆိုတာ… ကိုယ္ကသာ လူပ်ိဳ စစ္ခ်င္မွ စစ္မယ္… ကိုယ္ယူမယ့္ မိန္းကေလးဆို အပ်ိဳစင္ပဲ လိုခ်င္ၾကတာ။ ငါ မပါဘူးလို႔ ေျပာမယ့္ေယာက်ာ္းေတြ ရွိမွာပဲ။ ဒါေပမယ့္… သူတို႔ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာျဖစ္ခ်င္ျဖစ္မယ္။ ျဖစ္ႏိုင္ရင္ ကိုယ္လက္ထပ္မယ့္သူ

အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကတာပါ။ အပ်ိဳစင္ဘဝဆိုတာ… ကိုယ့္ကို တန္ဖိုးထားၿပီး တစ္ဘဝလုံး ေစာင့္ေရွာက္ေပးမယ့္၊ ကိုယ့္ကို လက္ထပ္ယူမယ့္ေယာက်ာ္းတစ္ေယာက္အတြက္ ေပးရမယ့္ အရာတစ္ခုပါ။ ပထမဆုံးအႀကိမ္ အတားအဆီးမရွိ ရလာမယ့္ ကေလးေလးကိုလဲ

ႀကိဳဆိုေပးပါ။ ေပ်ာ္႐ႊင္တဲ့၊ သိကၡာရွိတဲ့ မိသားစုေလးတစ္ခု ဖန္တီးေပးပါ။ ဒီစာစုေလးဖတ္ၿပီးလို႔ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြ တစ္ေယာက္ေလာက္ ရွိမယ္ဆိုရင္ေတာင္… ေက်နပ္မိတယ္ ။

ခရက္ဒစ္#ဦးသီ#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ခိုးရာလိုက်ပြေးတဲ့ မိန်းကလေးနဲ့ တောင်းရမ်းလက်ထပ်ခံရတဲ့ မိန်းကလေး ဘာကွာလဲ… သိချင်သူများအတွက်

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့… တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တစ်ယောက်… တန်ဖိုး ဘယ်လိုမှမတူနိုင်ဘူး။ ပစ္စည်းတောင်မှ သူ့တန်ဖိုးအလျောက် ဈေးကြီးပေးဝယ်တာနဲ့

ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီးရှိတာပဲ။ နောက်တစ်ချက်… ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို… မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။ ခိုးပြေးပြီးမှ ပြန်လာအပ်ရင်… ယောကျာ်းလေးဘက်က ဘာပြောပြော

ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ်။ ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး…။ သူ့သားက လှေကားသုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့်… ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့။

ပြီးတော့ နောက်တစ်ချက်… တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ အဲ့ဒါကြောင့်… ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့်အလုပ်မျိုး မလုပ်ဘဲ

မိဘ သဘောတူအောင် ကြိုးစားသင့်တယ်။ နောက်တစ်ခု ပြောရရင်… အခုခေတ်မှာ (living together) တွေ များလာတယ်။ ရည်းစားဆိုတာနဲ့ အဆင့်ကျော်ကြတယ်။ တကယ်တော့… အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ ကိုယ်နေတာက မြန်မာပြည်။

မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့… အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ်။ (Living together) နေပြီး (RS goals) လို့ ထင်နေတဲ့သူတွေရော နေလိုက်ပါပြီရဲ့ အာ့တစ်ယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တစ်ယောက်နဲ့လား။ အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ။

ဖာသည်မတွေတောင် ဘဝပေးအခြေအနေအရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ်။ မိန်းကလေးတွေအနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့။ ကဲ… ကိုယ်က ဘဝပေးချစ်တော့ရော

ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား။ No ပါ။ ယောကျာ်းဆိုတာမျိုးက (10) မှာ (9 ) ယောက်က မရခင်သာ လိုချင်တာ၊ လက်တည့်စမ်းချင်တာ… ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ။ ယောကျာ်းအကုန်လုံးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကောင်းတဲ့ (1)ယောက်နဲ့ တွေ့နိုင်မယ် ထင်သလား။ ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား…။ ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ။ ပြီးတော့…

ယောကျာ်းဆိုတာ… ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ်… ကိုယ်ယူမယ့် မိန်းကလေးဆို အပျိုစင်ပဲ လိုချင်ကြတာ။ ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပဲ။ ဒါပေမယ့်… သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ်။ ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ

အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ။ အပျိုစင်ဘဝဆိုတာ… ကိုယ့်ကို တန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့်၊ ကိုယ့်ကို လက်ထပ်ယူမယ့်ယောကျာ်းတစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ။ ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ

ကြိုဆိုပေးပါ။ ပျော်ရွှင်တဲ့၊ သိက္ခာရှိတဲ့ မိသားစုလေးတစ်ခု ဖန်တီးပေးပါ။ ဒီစာစုလေးဖတ်ပြီးလို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တစ်ယောက်လောက် ရှိမယ်ဆိုရင်တောင်… ကျေနပ်မိတယ် ။

ခရက်ဒစ်#ဦးသီ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*