ငါးကုန္သည္ တစ္ဦး… မေမွ်ာ္လင့္ပဲ ကပ္သမွ်င္ငါးေကာင္မွ က်ပ္သိန္း (၁၄၀) တန္ဖိုးရွိ ငါးစီေဗာင္း ရရွိခဲ့

ငါးကုန္သည္ တစ္ဦး... မေမွ်ာ္လင့္ပဲ ကပ္သမွ်င္ငါးေကာင္မွ က်ပ္သိန္း (၁၄၀) တန္ဖိုးရွိ ငါးစီေဗာင္း ရရွိခဲ့
ငါးကုန္သည္ တစ္ဦး... မေမွ်ာ္လင့္ပဲ ကပ္သမွ်င္ငါးေကာင္မွ က်ပ္သိန္း (၁၄၀) တန္ဖိုးရွိ ငါးစီေဗာင္း ရရွိခဲ့

ငါးကုန္သည္ တစ္ဦး… မေမွ်ာ္လင့္ပဲ ကပ္သမွ်င္ငါးေကာင္မွ က်ပ္သိန္း (၁၄၀) တန္ဖိုးရွိ ငါးစီေဗာင္း ရရွိခဲ့

ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊပိေတာက္ ငါးေဈးတြင္ ကုန္သည္ တစ္ဦးက ၁၄ ပိႆာ ဝန္းက်င္သာ ရွိတဲ့ ကပ္သမွ်င္ငါး မွ မေမွ်ာ္လင့္ဘဲ ေငြ က်ပ္သိန္း ၁၄၀ ရ ရွိ ခဲ့တယ္ လို႔ ဆိုပါတယ္။ ပုံမွန္အားျဖင့္…

ကပ္သမွ်င္ငါး ပိႆာ (၂၀) ဝန္းက်င္ ငါး တစ္ေကာင္ မွ စီေဗာင္း ခန႔္မွန္းေျခ (၂၀) သားခန႔္သာ ထြက္ရွိေလ့ ရွိရာ ယခု တစ္ေခါက္တြင္… ၁၄ ပိႆာခန႔္သာ ရွိေသာ ကပ္သမွ်င္ငါး မွ

မေမွ်ာ္လင့္ဘဲ စီေဗာင္း (၅၅) က်ပ္ သား ရရွိခဲ့ျခင္း ျဖစ္တယ္လို႔ သိ ရ ပါတယ္။ အဆိုပါ ကပ္သမွ်င္ငါးမွာ လပြတၱာ ၿမိဳ႕နယ္မွ ငါးကုန္သည္ တစ္ဦးက ရန္ကုန္ၿမိဳ႕ ငါးေဈးရွိ ပြဲ႐ုံသို႔

တင္ပို႔လိုက္ျခင္း ျဖစ္ၿပီး စီေဗာင္း ဝယ္သူက သိန္း ၁၄၀ က်ပ္ျဖင့္ ေဈးေပးၿပီး ျဖစ္ေၾကာင္း သိ ရ သည္။ ကပ္သမွ်င္ငါးသည္ ေဈးကြက္ အတြင္း စီေဗာင္းပါ ငါးအ႐ြယ္အစား အေနျဖင့္ ရရွိမႈ ရွားပါးကာ

ေရလုပ္ငန္း လုပ္ကိုင္သူမ်ား၏ အဆို အရ… ကပ္သမွ်င္ ကို မိုးရာသီတြင္ ရရွိ တတ္ေလ့ ရွိေၾကာင္း သိရ သည္။ ကပ္သမွ်င္ငါး စီေဗာင္းအား ေဆးဝါး ေဖာ္စပ္ရန္ ႏွင့္ တန္ဖိုးႀကီး ေရေမႊးကဲ့သို႔ ကုန္မ်ား

ထုတ္လုပ္ ရာတြင္ အသုံးျပဳၾကၿပီး အာရပ္ ႏိုင္ငံတြင္ မီးေနသည္ အတြက္ စီေဗာင္းအား မီးရႈိ႕ကာ အေငြ႕ရႉၾကကာ… တ႐ုတ္ ႏိုင္ငံတြင္ ေဆးဝါး ႏွင့္ လက္ေဆာင္ ပစၥည္း အျဖစ္ အသုံးျပဳၾကတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ငါးကုန်သည် တစ်ဦး… မမျှော်လင့်ပဲ ကပ်သမျှင်ငါးကောင်မှ ကျပ်သိန်း (၁၄၀) တန်ဖိုးရှိ ငါးစီဗောင်း ရရှိခဲ့

ရန်ကုန်မြို့ရှိ ရွှေပိတောက် ငါးဈေးတွင် ကုန်သည် တစ်ဦးက ၁၄ ပိဿာ ဝန်းကျင်သာ ရှိတဲ့ ကပ်သမျှင်ငါး မှ မမျှော်လင့်ဘဲ ငွေ ကျပ်သိန်း ၁၄၀ ရ ရှိ ခဲ့တယ် လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့်…

ကပ်သမျှင်ငါး ပိဿာ (၂၀) ဝန်းကျင် ငါး တစ်ကောင် မှ စီဗောင်း ခန့်မှန်းခြေ (၂၀) သားခန့်သာ ထွက်ရှိလေ့ ရှိရာ ယခု တစ်ခေါက်တွင်… ၁၄ ပိဿာခန့်သာ ရှိသော ကပ်သမျှင်ငါး မှ

မမျှော်လင့်ဘဲ စီဗောင်း (၅၅) ကျပ် သား ရရှိခဲ့ခြင်း ဖြစ်တယ်လို့ သိ ရ ပါတယ်။ အဆိုပါ ကပ်သမျှင်ငါးမှာ လပွတ္တာ မြို့နယ်မှ ငါးကုန်သည် တစ်ဦးက ရန်ကုန်မြို့ ငါးဈေးရှိ ပွဲရုံသို့

တင်ပို့လိုက်ခြင်း ဖြစ်ပြီး စီဗောင်း ဝယ်သူက သိန်း ၁၄၀ ကျပ်ဖြင့် ဈေးပေးပြီး ဖြစ်ကြောင်း သိ ရ သည်။ ကပ်သမျှင်ငါးသည် ဈေးကွက် အတွင်း စီဗောင်းပါ ငါးအရွယ်အစား အနေဖြင့် ရရှိမှု ရှားပါးကာ

ရေလုပ်ငန်း လုပ်ကိုင်သူများ၏ အဆို အရ… ကပ်သမျှင် ကို မိုးရာသီတွင် ရရှိ တတ်လေ့ ရှိကြောင်း သိရ သည်။ ကပ်သမျှင်ငါး စီဗောင်းအား ဆေးဝါး ဖော်စပ်ရန် နှင့် တန်ဖိုးကြီး ရေမွှေးကဲ့သို့ ကုန်များ

ထုတ်လုပ် ရာတွင် အသုံးပြုကြပြီး အာရပ် နိုင်ငံတွင် မီးနေသည် အတွက် စီဗောင်းအား မီးရှို့ကာ အငွေ့ရှူကြကာ… တရုတ် နိုင်ငံတွင် ဆေးဝါး နှင့် လက်ဆောင် ပစ္စည်း အဖြစ် အသုံးပြုကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*