ဦးပိန္တံထားထက္ (၇၅) ႏွစ္ ပိုေရွးက်တဲ့… “မအူတံတား”

ဦးပိန္တံထားထက္ (၇၅) ႏွစ္ ပိုေရွးက်တဲ့... “မအူတံတား”
ဦးပိန္တံထားထက္ (၇၅) ႏွစ္ ပိုေရွးက်တဲ့... “မအူတံတား”

ဦးပိန္တံထားထက္ (၇၅) ႏွစ္ ပိုေရွးက်တဲ့… “မအူတံတား”

ရုတ္တရက္ၾကည့္လိုက္ရင္… ဦးပိန္တံတားနဲ႔ သိပ္တူတယ္။ ဒါေပမယ့္ ဦးပိန္တံတားလို နာမည္ မႀကီးသလို…. လူသိလည္းမမ်ားပါဘူး။ မွတ္တမ္းေတြအရ….

ဦးပိန္တံတားထက္ (၇၅) ႏွစ္ခန္႔ ပိုေစာၿပီး ေရွးေဟာင္း ပိုက်တယ္လို႔ ဆိုရပါမယ္။ တံတားနာမည္ေလးက “မအူတံတား” တဲ့။ မအူတံတားကို “ေရစႀကိဳၿမိဳ႕” အေနာက္ေျမာက္ဘက္ ငါးမိုင္ခန္႔ အကြာမွာ တည္ရွိၿပီး… မအူအလယ္႐ြာ နဲ႔ မအူငယ္႐ြာ ၾကား အင္းကို ျဖတ္ၿပီး

တည္ေဆာက္ထားတာပါ။ မအူငယ္႐ြာ ကိုေတာ့ ေရွးက “ရန္ေအာင္ေျမေတာင္႐ြာ” လို႔ ေခၚခဲ့ပါတယ္။ “ဆင္ျဖဴရွင္မင္း” လက္ထက္ ျမန္မာသကၠရာဇ္ (၁၁၂၅ – ၁၁၃၈) ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာလို႔ သိရပါတယ္။

“ဆင္ျဖဴရွင္မင္း” ျမန္မာသကၠရာဇ္ (၁၀၉၈ – ၁၁၃၈) မွာ ခ်င္းတြင္းျမစ္ တစ္ေလွ်ာက္ ဘုရားပုထိုးေတြကို လွည့္လည္ ဖူးေမွ်ာ္ခဲ့ပါတယ္။ အဲ့ဒီအခါ ရန္ေအာင္ေျမေျမာက္႐ြာမွာ တည္ထားတဲ့ ရန္ေအာင္ေျမဘုရားကို ဖူးေမွ်ာ္ဖို႔

ယာယီ တဲနန္းေဆာက္ၿပီး (၄၉)ရက္ၾကာ စံျမန္းခဲ့ပါတယ္။ ဒါေၾကာင့္ အနီးအနားက ႐ြာသူ ၊ ႐ြာသားေတြက ဆင္ျဖဴရွင္မင္းကို ဖူးေမွ်ာ္ဖို႔ လာေရာက္ၾကပါတယ္။ ဘုရင္ကို လာေရာက္ ဖူးးေမွ်ာ္သူေတြထဲမွာ

ရန္ေအာင္ေျမေတာင္႐ြာက ေတာင္သူဦးေမွာ္ရဲ႕သမီး အလြန္ ေခ်ာေမာလွပတဲ့ အသက္(၁၆)ႏွစ္အ႐ြယ္ “မဥ”လည္း ပါလာပါတယ္ ။ “ဆင္ျဖဴရွင္မင္း” ဟာ “မဥ” ကို စိတ္ဝင္စားသြားမိရာမွ မိဖုရားအျဖစ္ သိမ္းပိုက္ လိုက္ပါေတာ့တယ္။

မိဖုရား “မဥ” ကို ခ်စ္ျမတ္ႏိုးလွတာေၾကာင့္ ရန္ေအာင္ျမင္ေတာင္႐ြာ၊ ရန္ေအာင္ေျမေျမာက္႐ြာ၊ ေ႐ႊဘုံသာေတာင္႐ြာ နဲ႔ ေ႐ႊဘုံသာေျမာက္႐ြာေတြကို အပိုင္စား ေပးသနားခဲ့ပါတယ္။ အဲ့ဒီအခ်ိႏ္ွကအစျပဳၿပီး “ေ႐ႊဘုံသာေတာင္႐ြာ” ကို “မဥေတာင္႐ြာ” လို႔ ေခၚခဲ့ရာက

ႏွစ္ေတြ ၾကာလာေတာ့ “မအူေတာင္႐ြာ” လို႔ေခၚလာၾကပါတယ္။ ​“ေ႐ႊဘုံသာေျမာက္႐ြာ” ကိုလည္း “မဥအလယ္႐ြာ” ႏွစ္ေတြၾကာလာေတာ့… “မအူအလယ္႐ြာ” လို႔ ယေန႔တိုင္ ေခၚေဝၚေနၾကပါတယ္။ “ရန္ေအာင္ေျမေျမာက္႐ြာ” ကို “မဥေျမာက္႐ြာ” ဟု ေခၚေဝၚခဲ့ရာမွ

ယခုအခါ… “မအူေအာက္ဆိပ္႐ြာ”၊ “ရန္ေအာင္ေျမေတာင္႐ြာ”ကိုလည္း “မဥငယ္႐ြာ” ဟု ေခၚခဲ့ၾကရာမွ ေနာက္ပိုင္း ‘မအူငယ္႐ြာ’ ဟု ေျပာင္းလဲ ေခၚခဲ့ၾကပါတယ္။ ထို႐ြာေလးကို ၿခဳံငုံၿပီး “မဥေလး႐ြာ” လို႔ေခၚခဲ့ရာက

ႏွစ္ကာလ ၾကာျမင့္လာတဲ့အခါမွာေတာ့… “မအူေလး႐ြာ”လို႔ ေျပာင္းလဲေခၚခဲ့ၾကပါတယ္။ ေနာက္ထပ္ ဆင္ျဖဴရွင္ဘုရင္ႀကီးက သူ႔အခ်စ္ေတြကို သက္ေသထူဖို႔အတြက္ မဥေလးကို “လိုရာဆုကိုေတာင္းေစ” လို႔ ဆိုလာျပန္ပါတယ္။

မိဖုရားမဥက ရန္ေအာင္ေျမ႐ြာနဲ႔ ေ႐ႊဘုံသာ႐ြာၾကားမွာ အင္းႀကီးတစ္ခု ရွိတဲ့အတြက္ ႐ြာသူ ၊ ႐ြာသားေတြ သြားေရးလာေရးနဲ႔ ေရာင္းဝယ္ႏိုင္ဖို႔အတြက္ တံတားတစ္ခု လိုအပ္တယ္လို႔ ေလွ်ာက္တင္လိုက္ပါေတာ့တယ္။

မဥေလးေလွ်ာက္တင္လိုက္တာနဲ႔ ဘုရင္ႀကီးဟာ တံတားႀကီးကို တစ္ေန႔တည္းနဲ႔ အၿပီး ေဆာက္ရမယ္လို႔ မိန္႔ေတာ္မူခဲ့ပါတယ္။ တံတားရဲ႕အျမင့္ကေတာ့ (၇)ေပခန္႔ရွိၿပီး တိုင္ေပါင္း (၃၄၄) တိုင္နဲ႔ အရွည္ေပ (၂၀၀၀) ရွိပါတယ္။ အခန္းေပါင္း (၁၇၄)ခန္း ရွိၿပီး… အဲ့ဒီေခတ္ကာလက

တံတားႀကီးရဲ႕ တန္ဖိုးက (၅၄၇၅၅) ေငြဒဂၤါး ကုန္က်ခဲ့ပါတယ္။ တံတားအမည္ကိုလည္း “မိဖုရားမဥတံတား” လို႔ အမည္ေပးခဲ့ၿပီး ကာလမ်ားစြာလြန္ခဲ့တဲ့အခါ… “မအူတံတား” ရယ္လို႔ ခုခ်ိန္ထိတိုင္ေအာင္ အမည္ တြင္ေနခဲ့ပါေတာ့တယ္။

မွတ္ခ်က္။ ။ အေခၚေတြကေတာ့ {မဥတံတား} လား {မအူ တံတား} လားေတာ့ အတိအက် မသိပါ။

ခရက္ဒစ္#Hla Thet Thet Khing#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဦးပိန်တံထားထက် (၇၅) နှစ် ပိုရှေးကျတဲ့… “မအူတံတား”

ရုတ်တရက်ကြည့်လိုက်ရင်… ဦးပိန်တံတားနဲ့ သိပ်တူတယ်။ ဒါပေမယ့် ဦးပိန်တံတားလို နာမည် မကြီးသလို…. လူသိလည်းမများပါဘူး။ မှတ်တမ်းတွေအရ….

ဦးပိန်တံတားထက် (၇၅) နှစ်ခန့် ပိုစောပြီး ရှေးဟောင်း ပိုကျတယ်လို့ ဆိုရပါမယ်။ တံတားနာမည်လေးက “မအူတံတား” တဲ့။ မအူတံတားကို “ရေစကြိုမြို့” အနောက်မြောက်ဘက် ငါးမိုင်ခန့် အကွာမှာ တည်ရှိပြီး… မအူအလယ်ရွာ နဲ့ မအူငယ်ရွာ ကြား အင်းကို ဖြတ်ပြီး

တည်ဆောက်ထားတာပါ။ မအူငယ်ရွာ ကိုတော့ ရှေးက “ရန်အောင်မြေတောင်ရွာ” လို့ ခေါ်ခဲ့ပါတယ်။ “ဆင်ဖြူရှင်မင်း” လက်ထက် မြန်မာသက္ကရာဇ် (၁၁၂၅ – ၁၁၃၈) ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။

“ဆင်ဖြူရှင်မင်း” မြန်မာသက္ကရာဇ် (၁၀၉၈ – ၁၁၃၈) မှာ ချင်းတွင်းမြစ် တစ်လျှောက် ဘုရားပုထိုးတွေကို လှည့်လည် ဖူးမျှော်ခဲ့ပါတယ်။ အဲ့ဒီအခါ ရန်အောင်မြေမြောက်ရွာမှာ တည်ထားတဲ့ ရန်အောင်မြေဘုရားကို ဖူးမျှော်ဖို့

ယာယီ တဲနန်းဆောက်ပြီး (၄၉)ရက်ကြာ စံမြန်းခဲ့ပါတယ်။ ဒါကြောင့် အနီးအနားက ရွာသူ ၊ ရွာသားတွေက ဆင်ဖြူရှင်မင်းကို ဖူးမျှော်ဖို့ လာရောက်ကြပါတယ်။ ဘုရင်ကို လာရောက် ဖူးးမျှော်သူတွေထဲမှာ

ရန်အောင်မြေတောင်ရွာက တောင်သူဦးမှော်ရဲ့သမီး အလွန် ချောမောလှပတဲ့ အသက်(၁၆)နှစ်အရွယ် “မဥ”လည်း ပါလာပါတယ် ။ “ဆင်ဖြူရှင်မင်း” ဟာ “မဥ” ကို စိတ်ဝင်စားသွားမိရာမှ မိဖုရားအဖြစ် သိမ်းပိုက် လိုက်ပါတော့တယ်။

မိဖုရား “မဥ” ကို ချစ်မြတ်နိုးလှတာကြောင့် ရန်အောင်မြင်တောင်ရွာ၊ ရန်အောင်မြေမြောက်ရွာ၊ ရွှေဘုံသာတောင်ရွာ နဲ့ ရွှေဘုံသာမြောက်ရွာတွေကို အပိုင်စား ပေးသနားခဲ့ပါတယ်။ အဲ့ဒီအချိန်ှကအစပြုပြီး “ရွှေဘုံသာတောင်ရွာ” ကို “မဥတောင်ရွာ” လို့ ခေါ်ခဲ့ရာက

နှစ်တွေ ကြာလာတော့ “မအူတောင်ရွာ” လို့ခေါ်လာကြပါတယ်။ “ရွှေဘုံသာမြောက်ရွာ” ကိုလည်း “မဥအလယ်ရွာ” နှစ်တွေကြာလာတော့… “မအူအလယ်ရွာ” လို့ ယနေ့တိုင် ခေါ်ဝေါ်နေကြပါတယ်။ “ရန်အောင်မြေမြောက်ရွာ” ကို “မဥမြောက်ရွာ” ဟု ခေါ်ဝေါ်ခဲ့ရာမှ

ယခုအခါ… “မအူအောက်ဆိပ်ရွာ”၊ “ရန်အောင်မြေတောင်ရွာ”ကိုလည်း “မဥငယ်ရွာ” ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်း ‘မအူငယ်ရွာ’ ဟု ပြောင်းလဲ ခေါ်ခဲ့ကြပါတယ်။ ထိုရွာလေးကို ခြုံငုံပြီး “မဥလေးရွာ” လို့ခေါ်ခဲ့ရာက

နှစ်ကာလ ကြာမြင့်လာတဲ့အခါမှာတော့… “မအူလေးရွာ”လို့ ပြောင်းလဲခေါ်ခဲ့ကြပါတယ်။ နောက်ထပ် ဆင်ဖြူရှင်ဘုရင်ကြီးက သူ့အချစ်တွေကို သက်သေထူဖို့အတွက် မဥလေးကို “လိုရာဆုကိုတောင်းစေ” လို့ ဆိုလာပြန်ပါတယ်။

မိဖုရားမဥက ရန်အောင်မြေရွာနဲ့ ရွှေဘုံသာရွာကြားမှာ အင်းကြီးတစ်ခု ရှိတဲ့အတွက် ရွာသူ ၊ ရွာသားတွေ သွားရေးလာရေးနဲ့ ရောင်းဝယ်နိုင်ဖို့အတွက် တံတားတစ်ခု လိုအပ်တယ်လို့ လျှောက်တင်လိုက်ပါတော့တယ်။

မဥလေးလျှောက်တင်လိုက်တာနဲ့ ဘုရင်ကြီးဟာ တံတားကြီးကို တစ်နေ့တည်းနဲ့ အပြီး ဆောက်ရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။ တံတားရဲ့အမြင့်ကတော့ (၇)ပေခန့်ရှိပြီး တိုင်ပေါင်း (၃၄၄) တိုင်နဲ့ အရှည်ပေ (၂၀၀၀) ရှိပါတယ်။ အခန်းပေါင်း (၁၇၄)ခန်း ရှိပြီး… အဲ့ဒီခေတ်ကာလက

တံတားကြီးရဲ့ တန်ဖိုးက (၅၄၇၅၅) ငွေဒင်္ဂါး ကုန်ကျခဲ့ပါတယ်။ တံတားအမည်ကိုလည်း “မိဖုရားမဥတံတား” လို့ အမည်ပေးခဲ့ပြီး ကာလများစွာလွန်ခဲ့တဲ့အခါ… “မအူတံတား” ရယ်လို့ ခုချိန်ထိတိုင်အောင် အမည် တွင်နေခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အခေါ်တွေကတော့ {မဥတံတား} လား {မအူ တံတား} လားတော့ အတိအကျ မသိပါ။

ခရက်ဒစ်#Hla Thet Thet Khing#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*