ေျမပဲစိုက္ေတာင္သူမ်ားအတြက္… ေျမပဲစိုက္ပ်ိဳးနည္း စနစ္ေကာင္းမ်ား

ေျမပဲစိုက္ေတာင္သူမ်ားအတြက္... ေျမပဲစိုက္ပ်ိဳးနည္း စနစ္ေကာင္းမ်ား
ေျမပဲစိုက္ေတာင္သူမ်ားအတြက္... ေျမပဲစိုက္ပ်ိဳးနည္း စနစ္ေကာင္းမ်ား

ေျမပဲစိုက္ေတာင္သူမ်ားအတြက္… ေျမပဲစိုက္ပ်ိဳးနည္း စနစ္ေကာင္းမ်ား

ေျမပဲဆီႏွင့္ ေျမပဲဆံ စားသုံးမႈမ်ားသျဖင့္ ေျမပဲ စိုက္ပ်ိဳး မႈသည္ ျပည္တြင္း စားသုံးမႈ တြင္ အေရးပါသည္။ တစ္ဧကမွ စားသုံးဆီ ထြက္ရွိမႈတြင္ ေျမပဲသည္ ပိႆာ ၁၀၀ ေက်ာ္ ထြက္ရွိႏိုင္သျဖင့္ ဆီထြက္သီးႏွံ စုစုေပါင္း စိုက္ဧက၏ ၃၀ ရာခိုင္ႏႈန္း ခန္႔သည္

ေျမပဲစိုက္ဧရိယာ ျဖစ္ေနသည္။ ယခင္က တစ္ဧက ေျမပဲ အထြက္ႏႈန္း တင္း ၅၀ သတ္မွတ္ခဲ့ ေသာ္လည္း ယခုအခါ တစ္ဧက တင္း ၁၀၀ ဝန္းက်င္ ထြက္ေသာ ေျမပဲမ်ိဳးမ်ား ေျပာင္းလဲစိုက္ပ်ိဳး ေနၾကပါၿပီ။

လယ္၊ ယာ၊ ကိုင္းကြၽန္းေျမ မ်ားတြင္ မိုးရာသီ(မိုးေျမပဲ)၊ ေဆာင္းရာသီ (ေဆာင္း ေျမပဲ)ႏွင့္ ၾကား ကာလယ (စကေျမပဲ) စိုက္ၾကသည္။ ထယ္ေရးနက္ရမည္။ ထြန္ေရး ညက္ရမည္။ စိုက္ခင္းေျမညီညာျပန္႔ျဖဴးရ မည္။

စိုက္ခင္းထဲ ေရလိုခ်ိန္ ေရသြင္းရန္ ႏွင့္ မိုးမ်ားခ်ိန္ေရပိုလွ်င္ ေရထုတ္ရန္ ေရ သြင္းေျမာင္းမ်ားကို စိုက္ေၾကာင္းေဖာ္သည့္ ေဘာင္ေဖာ္ကိရိယာျဖင့္ ေဘာင္ေဖာ္ စိုက္ပ်ိဳး လွ်င္ ပိုေကာင္းသည္။

ေျမပဲပင္သည္ ေျမႀကီးခ်ဥ္ငန္ဓာတ္၊ ၅ ဒသမ ၅ ႏွင့္အထက္ရွိေသာ ေျမတြင္ စိုက္ပ်ိဳး သင့္သည္။ မ်ိဳးေစ့ကို စိုက္ပါ။ မ်ိဳးေစ့ သည္ အပင္ေပါက္ ၈၀ ရာခိုင္ႏႈန္းအထက္ ရွိေသာ ေျမပဲမ်ိဳးေ႐ြးခ်ယ္စိုက္ပါ။

မ်ိဳးေစ့ ကို မႈိသတ္ေဆးလူးနယ္စိုက္ျခင္းျဖင့္ မႈိ ေရာဂါမ်ား ႀကိဳတင္ကာကြယ္ ႏိုင္သည္။ တစ္ဧက တန္းၾကား၊ ပင္ၾကား ၁၂ လက္မ_ ေလးလက္မႏွင့္ ၁၅ လက္မ _ ေလးလက္မ ထား၍ စိုက္သင့္သည္။

ဤသို႔ စိုက္ပ်ိဳး ျခင္းျဖင့္ တစ္ဧက အပင္ တစ္သိန္းမွ တစ္သိန္း တစ္ေသာင္း ဝင္ဆံ့မည္။ ေျမဩဇာ ႏႈန္းထားမွာ မိမိ စိုက္ပ်ိဳး မည့္ ေျမကိုလိုက္၍ အခ်ိဳးက်သုံးသင့္သည္။ ပ်မ္းမွ်ႏႈန္းထားဆိုပါက

တစ္ဧက ယူရီး ယား ၂၈ ေပါင္၊ တီစူပါ ၈၄ ေပါင္၊ ပိုတက္ စီယမ္ ၂၈ ေပါင္၊ ဂ်စ္ပဆန္ ေပါင္ ၂၀၀ သုံးရမည္။ေျမပဲစိုက္ခ်ိန္တြင္ ေျမအစိုဓာတ္ လုံေလာက္မႈရွိရမည္။ ေျမပဲဆန္သည္ ေရ အစိုနည္းနည္းျဖင့္ အပင္ေပါက္ႏိုင္သည္။

မ်ိဳးေစ့ကို ေျမထဲနက္နက္ မခ်ပါႏွင့္။ ေျမ ေအာက္ႏွစ္လက္မဆိုလွ်င္ သင့္ေတာ္သည္။ အပင္ငယ္စဥ္ ေပါင္းျမက္ႏွိမ္နင္းပါ။ ပန္း ပြင့္ ခ်ိန္ေပါင္းရွင္း၊ ပင္ေျခေဘာင္တင္၊ တန္း ၾကားၾကားလိုက္၊ ေျမဖို႔မျပဳလုပ္ပါႏွင့္။ ေျမပဲ ပင္၏ ေအာက္ကိုင္း မ်ားရွိ ပန္းပြင့္မ်ားထိခိုက္၍ အထြက္နည္းႏိုင္သည္။

ဤသို႔လုပ္ ငန္းဝင္ရင္း ေျမပဲပင္၊ ပင္စည္ႏွင့္ ကိုင္း မ်ား ထိခိုက္မိပါက ဒဏ္ရာမွ မႈိဝင္ၿပီး မႈိ ေရာဂါ
က်ႏိုင္သည္။ ေျမပဲပင္သက္တမ္း ၅၅ ရက္ႏွင့္ ၇၅ ရက္ၾကားတြင္ ေရလိုအပ္မႈမရွိေအာင္ ျပဳ လုပ္ေပးပါ။ ေရကို ခ်ိန္ဆသြင္းပါ။

စိုက္ ေဘာင္၊ ေရမျမဳပ္ရန္ စိုက္ခင္းေရမဝပ္ရန္ ဂ႐ုျပဳပါ။ ေျမပဲပင္၏အထက္စြယ္မ်ား အေတာင့္ျဖစ္ရန္၊ ေဘာင္တင္မႈ မျပဳလုပ္ပါႏွင့္။ ေဆာင္းေျမပဲစိုက္ပ်ိဳးရာတြင္ မိုးရာသီ ကဲ့သို႔ စိုက္နည္းစနစ္က်င့္သုံး၍ မျဖစ္ႏိုင္ ပါ။

ေဆာင္းေျမပဲသည္ မိုးရာသီရရွိေသာ ေျမအစိုဓာတ္လက္က်န္ျဖင့္ စိုက္ပ်ိဳးရ သျဖင့္ မ်ိဳးေစ့ႏွင့္ ေျမမႈန္မ်ားထိေတြ႕မႈ မ်ားႏိုင္သမွ် မ်ားမ်ားရရွိရန္ ေျမျပဳျပင္ရာတြင္ ညက္ရန္ႏွင့္ ၾကမ္းတုံးျဖင့္ စနစ္တက် ဖုံး အုပ္ရန္ ဂ႐ုျပဳရသည္။

စြယ္ခ်ခ်ိန္၊ ေျမပဲဆံ ျဖစ္ခ်ိန္တြင္ အပင္သက္တမ္းရက္ ၄၅ ရက္မွ ၇၅ ရက္တြင္ အစိုဓာတ္ လိုအပ္မႈ အမ်ား ဆုံးျဖစ္၍ေရကို မျဖစ္မေနသြင္းပါ။ ေျမပဲႏုတ္ေဖာ္ခ်ိန္သည္ အ႐ြက္မ်ား ဝါခ်ိန္၊ သက္တမ္းျပည့္ခ်ိန္ ျဖစ္သည္။

ေျမ ၾကပ္ခ်ိန္ ေျမပဲေတာင့္မ်ား၊ ႏုတ္လွ်င္၊ အေတာင့္မ်ား ေျမထဲ၌ က်န္ရစ္တတ္သည္။ ဓားကြင္းတိုက္၍ ႏုတ္မွ အဆင္ေျပမည္။ မ်ိဳးထားလိုပါက ေျမပဲေတာင့္တြင္ အစိုဓာတ္ ေျခာက္ရာခိုင္ႏႈန္းရွိေအာင္ အေျခာက္ခံၿပီးမွ ေလလုံေအာင္သိမ္းပါ။

ခရက္ဒစ္#ကိုရဲ(စိုက္ပ်ိဳးေရး)# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြေပဲစိုက်တောင်သူများအတွက်… မြေပဲစိုက်ပျိုးနည်း စနစ်ကောင်းများ

မြေပဲဆီနှင့် မြေပဲဆံ စားသုံးမှုများသဖြင့် မြေပဲ စိုက်ပျိုး မှုသည် ပြည်တွင်း စားသုံးမှု တွင် အရေးပါသည်။ တစ်ဧကမှ စားသုံးဆီ ထွက်ရှိမှုတွင် မြေပဲသည် ပိဿာ ၁၀၀ ကျော် ထွက်ရှိနိုင်သဖြင့် ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏ ၃၀ ရာခိုင်နှုန်း ခန့်သည်

မြေပဲစိုက်ဧရိယာ ဖြစ်နေသည်။ ယခင်က တစ်ဧက မြေပဲ အထွက်နှုန်း တင်း ၅၀ သတ်မှတ်ခဲ့ သော်လည်း ယခုအခါ တစ်ဧက တင်း ၁၀၀ ဝန်းကျင် ထွက်သော မြေပဲမျိုးများ ပြောင်းလဲစိုက်ပျိုး နေကြပါပြီ။

လယ်၊ ယာ၊ ကိုင်းကျွန်းမြေ များတွင် မိုးရာသီ(မိုးမြေပဲ)၊ ဆောင်းရာသီ (ဆောင်း မြေပဲ)နှင့် ကြား ကာလယ (စကမြေပဲ) စိုက်ကြသည်။ ထယ်ရေးနက်ရမည်။ ထွန်ရေး ညက်ရမည်။ စိုက်ခင်းမြေညီညာပြန့်ဖြူးရ မည်။

စိုက်ခင်းထဲ ရေလိုချိန် ရေသွင်းရန် နှင့် မိုးများချိန်ရေပိုလျှင် ရေထုတ်ရန် ရေ သွင်းမြောင်းများကို စိုက်ကြောင်းဖော်သည့် ဘောင်ဖော်ကိရိယာဖြင့် ဘောင်ဖော် စိုက်ပျိုး လျှင် ပိုကောင်းသည်။

မြေပဲပင်သည် မြေကြီးချဉ်ငန်ဓာတ်၊ ၅ ဒသမ ၅ နှင့်အထက်ရှိသော မြေတွင် စိုက်ပျိုး သင့်သည်။ မျိုးစေ့ကို စိုက်ပါ။ မျိုးစေ့ သည် အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက် ရှိသော မြေပဲမျိုးရွေးချယ်စိုက်ပါ။

မျိုးစေ့ ကို မှိုသတ်ဆေးလူးနယ်စိုက်ခြင်းဖြင့် မှို ရောဂါများ ကြိုတင်ကာကွယ် နိုင်သည်။ တစ်ဧက တန်းကြား၊ ပင်ကြား ၁၂ လက်မ_ လေးလက်မနှင့် ၁၅ လက်မ _ လေးလက်မ ထား၍ စိုက်သင့်သည်။

ဤသို့ စိုက်ပျိုး ခြင်းဖြင့် တစ်ဧက အပင် တစ်သိန်းမှ တစ်သိန်း တစ်သောင်း ဝင်ဆံ့မည်။ မြေဩဇာ နှုန်းထားမှာ မိမိ စိုက်ပျိုး မည့် မြေကိုလိုက်၍ အချိုးကျသုံးသင့်သည်။ ပျမ်းမျှနှုန်းထားဆိုပါက

တစ်ဧက ယူရီး ယား ၂၈ ပေါင်၊ တီစူပါ ၈၄ ပေါင်၊ ပိုတက် စီယမ် ၂၈ ပေါင်၊ ဂျစ်ပဆန် ပေါင် ၂၀၀ သုံးရမည်။မြေပဲစိုက်ချိန်တွင် မြေအစိုဓာတ် လုံလောက်မှုရှိရမည်။ မြေပဲဆန်သည် ရေ အစိုနည်းနည်းဖြင့် အပင်ပေါက်နိုင်သည်။

မျိုးစေ့ကို မြေထဲနက်နက် မချပါနှင့်။ မြေ အောက်နှစ်လက်မဆိုလျှင် သင့်တော်သည်။ အပင်ငယ်စဉ် ပေါင်းမြက်နှိမ်နင်းပါ။ ပန်း ပွင့် ချိန်ပေါင်းရှင်း၊ ပင်ခြေဘောင်တင်၊ တန်း ကြားကြားလိုက်၊ မြေဖို့မပြုလုပ်ပါနှင့်။ မြေပဲ ပင်၏ အောက်ကိုင်း များရှိ ပန်းပွင့်များထိခိုက်၍ အထွက်နည်းနိုင်သည်။

ဤသို့လုပ် ငန်းဝင်ရင်း မြေပဲပင်၊ ပင်စည်နှင့် ကိုင်း များ ထိခိုက်မိပါက ဒဏ်ရာမှ မှိုဝင်ပြီး မှို ရောဂါ
ကျနိုင်သည်။ မြေပဲပင်သက်တမ်း ၅၅ ရက်နှင့် ၇၅ ရက်ကြားတွင် ရေလိုအပ်မှုမရှိအောင် ပြု လုပ်ပေးပါ။ ရေကို ချိန်ဆသွင်းပါ။

စိုက် ဘောင်၊ ရေမမြုပ်ရန် စိုက်ခင်းရေမဝပ်ရန် ဂရုပြုပါ။ မြေပဲပင်၏အထက်စွယ်များ အတောင့်ဖြစ်ရန်၊ ဘောင်တင်မှု မပြုလုပ်ပါနှင့်။ ဆောင်းမြေပဲစိုက်ပျိုးရာတွင် မိုးရာသီ ကဲ့သို့ စိုက်နည်းစနစ်ကျင့်သုံး၍ မဖြစ်နိုင် ပါ။

ဆောင်းမြေပဲသည် မိုးရာသီရရှိသော မြေအစိုဓာတ်လက်ကျန်ဖြင့် စိုက်ပျိုးရ သဖြင့် မျိုးစေ့နှင့် မြေမှုန်များထိတွေ့မှု များနိုင်သမျှ များများရရှိရန် မြေပြုပြင်ရာတွင် ညက်ရန်နှင့် ကြမ်းတုံးဖြင့် စနစ်တကျ ဖုံး အုပ်ရန် ဂရုပြုရသည်။

စွယ်ချချိန်၊ မြေပဲဆံ ဖြစ်ချိန်တွင် အပင်သက်တမ်းရက် ၄၅ ရက်မှ ၇၅ ရက်တွင် အစိုဓာတ် လိုအပ်မှု အများ ဆုံးဖြစ်၍ရေကို မဖြစ်မနေသွင်းပါ။ မြေပဲနုတ်ဖော်ချိန်သည် အရွက်များ ဝါချိန်၊ သက်တမ်းပြည့်ချိန် ဖြစ်သည်။

မြေ ကြပ်ချိန် မြေပဲတောင့်များ၊ နုတ်လျှင်၊ အတောင့်များ မြေထဲ၌ ကျန်ရစ်တတ်သည်။ ဓားကွင်းတိုက်၍ နုတ်မှ အဆင်ပြေမည်။ မျိုးထားလိုပါက မြေပဲတောင့်တွင် အစိုဓာတ် ခြောက်ရာခိုင်နှုန်းရှိအောင် အခြောက်ခံပြီးမှ လေလုံအောင်သိမ်းပါ။

ခရက်ဒစ်#ကိုရဲ(စိုက်ပျိုးရေး)# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*