က်ီးကန္းေလာက္သာ “ဇ” ရွိရင္ ျမန္မာျပည္ တိုးတက္တာၾကာၿပီ

က်ီးကန္းေလာက္သာ "ဇ" ရွိရင္ ျမန္မာျပည္ တိုးတက္တာၾကာၿပီ
က်ီးကန္းေလာက္သာ "ဇ" ရွိရင္ ျမန္မာျပည္ တိုးတက္တာၾကာၿပီ

က်ီးကန္းေလာက္သာ “ဇ” ရွိရင္ ျမန္မာျပည္ တိုးတက္တာၾကာၿပီ

က်ီးဆိုတာ အဟိတ္တိရစာၦန္မွန္ေသာ္လည္း လူေတြ သတိထားမိတဲ့ ခိုး- ဆိုး- လု- ႏႈိက္ေလာက္တင္ ကြၽမ္းက်င္တာ မဟုတ္ပါဘူး။ သူ႔ဆီကေန က်ဳပ္တို႔လူသားမ်ား သင္ယူစရာ အခ်က္အလက္ေကာင္းေတြ ရွိေနေသးပါတယ္။

သင္ၾကားမႈဆိုတာ ဆရာခြဲေနစရာ မလိုဘူးထင္ပါတယ္။ ဒါ့ေၾကာင့္ “စတု သိက္ခေထ ဝါယသာ”တဲ့။လူသတၱဝါမ်ား အေနနဲ႔ ကိုက်ီးမည္းဆီကေန ဒီေလးခ်က္ေလာက္ေတာ့ သင္ယူရမယ္လို႔ နီတိဆရာက ဆိုခဲ့တာ ေနမွာပါ။

(၁) ဂုဠႇေမထုနဓမၼၪၥ ( ေမထုန္အမႈကို လွ်ိဳ႕ဝွက္ဖုံးကြယ္စြာ ျပဳက်င့္ျခင္း)

ေခြးတို႔ ေၾကာင္တို႔ ၾကက္တို႔ စာတို႔ ပူးတာ, ခြတာ၊ လိုက္တာ ဘာညာ ကေလးကအစ ျမင္ဖူးၾကတယ္။ က်ီးပူးတာ လူႀကီးေတြေတာင္ ျမင္ဖူးမယ္ မထင္ဘူး။ အလြန္လွ်ိဳ႕ဝွက္တဲ့ အေကာင္ေတြပါ။ က်ဳပ္တို႔ လူသတၱဝါေတြနဲ႔ ကြာပုံမ်ား။

(၂) ကာေလ ကာေလ စ သဂၤဟံ (စည္းလုံးညီၫြတ္ျခင္း)

ေသြးစည္းတယ္၊ မၾကာမၾကာ စုေဝးေလ့ ရွိၾကတယ္။ သူတို႔ထိခိုက္လာရင္လည္း အုပ္စုလိုက္ ညီညီညာညာ တိုက္ခိုက္ထိုးဆိတ္ ရဲတဲ့ အေကာင္ေတြပါ။

(၃) အပ္ပမာဒံ ( ေမ့ေလ်ာ့ျခင္းကင္းကာ ေကာင္းေကာင္းႀကီး သတိရွိျခင္း)

က်ီးကို မွန္ေအာင္ ထိေအာင္ ပစ္ဖို႔ဆိုတာ ေတာ္႐ုံလက္ဆနဲ႔ မလြယ္ဘူး၊အလြန္ပါးနပ္ လွ်င္ျမန္ၾကတယ္။

(၄) အနာလသ်ံ (ပ်င္းရိမႈ လုံးဝမရွိျခင္း)

က်ီးမႈိင္ မႈိင္ေနတယ္လို႔ မသုံးဘဲ လင္းတ (ဠင္းဋ)မႈိင္မႈိင္တယ္လို႔သာ သုံးစြဲေနတာ ၾကည့္ေပါ့။ ပ်င္းရိေလးလံျခင္း အလြန္ကင္းတဲ့ အေကာင္ေတြပါ။ (စာဏက်နီတိ။ဂါထာ-၇၁)

က်ဳပ္တို႔ ေ႐ႊျပည္ႀကီးက လူသတၱဝါေတြ…

(၁) နံပါတ္ က်ီးအရည္အေသြး ရွိရင္… ဟိရီၾသတၱပၸ ကင္းမဲ့တဲ့ သိကၡာက်စရာ ပုံရိပ္ေတြ လုံးဝကင္းစင္သြားလိမ့္မယ္။

(၂) နံပါတ္ က်ီးအရည္အေသြးရခဲ့ရင္… လြတ္လပ္ေရး ရၿပီးကတည္းက စလာတဲ့ ျပည္တြင္း လက္နက္ကိုင္စြဲ တိုက္ပြဲေတြ၊ ဂိုဏ္းဂဏ၊ လူမ်ိဳး၊ ဘာသာ အစြဲႀကီး အယူသည္း မႈေတြကင္းရွင္းၿပီး

ၿငိမ္းခ်မ္းေရး အမွန္ရမွာ ျဖစ္သလို… အဲဒီလို စည္းလုံးမႈအင္အားေၾကာင့္ ဘယ္လို ျပည္ပ ဖိအားကိုမွလည္း မႈေနရမွာ မဟုတ္ဘူး။

(၃) နံပါတ္ က်ီးအရည္အေသြး ျပည့္စုံရင္… သတိနဲ႔ အသိပညာ ကင္းမဲ့မႈေၾကာင့္ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး၊ စီးပြါးေရး၊ ဘာသာေရး၊ က်န္းမာေရး စတဲ့ ကိစၥေတြမွာ

အမႈမဲ့ အမွတ္မဲ့ လုပ္ရပ္ေတြ၊ သမိုင္းမသိတဲ့ အအ၊ အန အျဖစ္ေတြ၊ ယဥ္ေက်းမႈ နားမလည္တဲ့ နလပိန္းတုံး လူသားေတြ မရွိသေလာက္ ျဖစ္သြားမယ္။

(၄) နံပါတ္ က်ီးအရည္အေသြး မနည္းပါးရင္… က်ဳပ္တို႔ဆီက လူသား အရင္းအျမစ္မ်ား ငပ်င္း ျဖစ္ေနလို႔ ျဖစ္ရတဲ့ တိုင္းတပါးျပည္ႀကီးသားေတြရဲ႕ စီးပြါးေရး စသည့္ေနရာေတြမွာ လူလည္က်ကာ ခ်ယ္လွယ္ အုပ္စိုးမႈေတြ၊

ပ်င္းရိမႈ အေျခခံတဲ့ အသိပညာ နည္းမႈေၾကာင့္ စီးပြါးေရးမွာတင္မက ပညာေရး၊ က်န္းမာေရး စတာေတြမွာပါ တစတစ နိမ့္က်ခဲ့ၿပီး တိုင္းျပည္ ဖြတ္တက္ေလာက္ေအာင္ ဆင္းရဲမြဲေတရမႈေတြ ရွိေနေတာ့မွာ မဟုတ္ဘူး။

က်ဳပ္တို႔ ကိုလူသားမ်ား က်ီးကန္းလို တိရစာၦန္ဆီကေနလည္း သင္ယူေလ့လာဖို႔ လိုအပ္တယ္ဆိုတာ နားလည္လက္ခံၾကဖို႔ပါ။

ခရက္ဒစ္#အရွင္ဇဝနဉာဏ#မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကျီးကန်းလောက်သာ “ဇ” ရှိရင် မြန်မာပြည် တိုးတက်တာကြာပြီ

ကျီးဆိုတာ အဟိတ်တိရစ္ဆာန်မှန်သော်လည်း လူတွေ သတိထားမိတဲ့ ခိုး- ဆိုး- လု- နှိုက်လောက်တင် ကျွမ်းကျင်တာ မဟုတ်ပါဘူး။ သူ့ဆီကနေ ကျုပ်တို့လူသားများ သင်ယူစရာ အချက်အလက်ကောင်းတွေ ရှိနေသေးပါတယ်။

သင်ကြားမှုဆိုတာ ဆရာခွဲနေစရာ မလိုဘူးထင်ပါတယ်။ ဒါ့ကြောင့် “စတု သိက်ခထေ ဝါယသာ”တဲ့။လူသတ္တဝါများ အနေနဲ့ ကိုကျီးမည်းဆီကနေ ဒီလေးချက်လောက်တော့ သင်ယူရမယ်လို့ နီတိဆရာက ဆိုခဲ့တာ နေမှာပါ။

(၁) ဂုဠှမေထုနဓမ္မဉ္စ ( မေထုန်အမှုကို လျှို့ဝှက်ဖုံးကွယ်စွာ ပြုကျင့်ခြင်း)

ခွေးတို့ ကြောင်တို့ ကြက်တို့ စာတို့ ပူးတာ, ခွတာ၊ လိုက်တာ ဘာညာ ကလေးကအစ မြင်ဖူးကြတယ်။ ကျီးပူးတာ လူကြီးတွေတောင် မြင်ဖူးမယ် မထင်ဘူး။ အလွန်လျှို့ဝှက်တဲ့ အကောင်တွေပါ။ ကျုပ်တို့ လူသတ္တဝါတွေနဲ့ ကွာပုံများ။

(၂) ကာလေ ကာလေ စ သင်္ဂဟံ (စည်းလုံးညီညွတ်ခြင်း)

သွေးစည်းတယ်၊ မကြာမကြာ စုဝေးလေ့ ရှိကြတယ်။ သူတို့ထိခိုက်လာရင်လည်း အုပ်စုလိုက် ညီညီညာညာ တိုက်ခိုက်ထိုးဆိတ် ရဲတဲ့ အကောင်တွေပါ။

(၃) အပ်ပမာဒံ ( မေ့လျော့ခြင်းကင်းကာ ကောင်းကောင်းကြီး သတိရှိခြင်း)

ကျီးကို မှန်အောင် ထိအောင် ပစ်ဖို့ဆိုတာ တော်ရုံလက်ဆနဲ့ မလွယ်ဘူး၊အလွန်ပါးနပ် လျှင်မြန်ကြတယ်။

(၄) အနာလသျံ (ပျင်းရိမှု လုံးဝမရှိခြင်း)

ကျီးမှိုင် မှိုင်နေတယ်လို့ မသုံးဘဲ လင်းတ (ဠင်းဋ)မှိုင်မှိုင်တယ်လို့သာ သုံးစွဲနေတာ ကြည့်ပေါ့။ ပျင်းရိလေးလံခြင်း အလွန်ကင်းတဲ့ အကောင်တွေပါ။ (စာဏကျနီတိ။ဂါထာ-၇၁)

ကျုပ်တို့ ရွှေပြည်ကြီးက လူသတ္တဝါတွေ…

(၁) နံပါတ် ကျီးအရည်အသွေး ရှိရင်… ဟိရီသြတ္တပ္ပ ကင်းမဲ့တဲ့ သိက္ခာကျစရာ ပုံရိပ်တွေ လုံးဝကင်းစင်သွားလိမ့်မယ်။

(၂) နံပါတ် ကျီးအရည်အသွေးရခဲ့ရင်… လွတ်လပ်ရေး ရပြီးကတည်းက စလာတဲ့ ပြည်တွင်း လက်နက်ကိုင်စွဲ တိုက်ပွဲတွေ၊ ဂိုဏ်းဂဏ၊ လူမျိုး၊ ဘာသာ အစွဲကြီး အယူသည်း မှုတွေကင်းရှင်းပြီး

ငြိမ်းချမ်းရေး အမှန်ရမှာ ဖြစ်သလို… အဲဒီလို စည်းလုံးမှုအင်အားကြောင့် ဘယ်လို ပြည်ပ ဖိအားကိုမှလည်း မှုနေရမှာ မဟုတ်ဘူး။

(၃) နံပါတ် ကျီးအရည်အသွေး ပြည့်စုံရင်… သတိနဲ့ အသိပညာ ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေမှာ

အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေ၊ သမိုင်းမသိတဲ့ အအ၊ အန အဖြစ်တွေ၊ ယဉ်ကျေးမှု နားမလည်တဲ့ နလပိန်းတုံး လူသားတွေ မရှိသလောက် ဖြစ်သွားမယ်။

(၄) နံပါတ် ကျီးအရည်အသွေး မနည်းပါးရင်… ကျုပ်တို့ဆီက လူသား အရင်းအမြစ်များ ငပျင်း ဖြစ်နေလို့ ဖြစ်ရတဲ့ တိုင်းတပါးပြည်ကြီးသားတွေရဲ့ စီးပွါးရေး စသည့်နေရာတွေမှာ လူလည်ကျကာ ချယ်လှယ် အုပ်စိုးမှုတွေ၊

ပျင်းရိမှု အခြေခံတဲ့ အသိပညာ နည်းမှုကြောင့် စီးပွါးရေးမှာတင်မက ပညာရေး၊ ကျန်းမာရေး စတာတွေမှာပါ တစတစ နိမ့်ကျခဲ့ပြီး တိုင်းပြည် ဖွတ်တက်လောက်အောင် ဆင်းရဲမွဲတေရမှုတွေ ရှိနေတော့မှာ မဟုတ်ဘူး။

ကျုပ်တို့ ကိုလူသားများ ကျီးကန်းလို တိရစ္ဆာန်ဆီကနေလည်း သင်ယူလေ့လာဖို့ လိုအပ်တယ်ဆိုတာ နားလည်လက်ခံကြဖို့ပါ။

ခရက်ဒစ်#အရှင်ဇဝနဉာဏ#မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*