











Unicode

မန္တလေးမြို့ ကို ဝန်းရံထားတဲ့ ကန် ကိုးကန်၊ ကုန်း ကိုးကုန်း၊ တောင် ကိုးလုံး

မန္တလေးမြို့သည် ကန် ကိုးကန် ၊ ကုန်း ကိုးကုန်း ၊ တောင် ကိုးလုံး ဝန်းရံထားသည်ဟု ဆိုပါသည်။

ကန် ကိုးကန်မှာ… ၁ ကြာနီ ကန် ၊ ၂ နန္ဒာ ကန် ၊ ၃ အောင်ပင်လယ် ကန်၊ ၄ ဇောင်းကလော ကန်၊

၅ မင်း ကန်၊ ၆ သရက် ကန်၊ ၇ မဲနယ် ကန်၊ ၈ ခတက် ကန်၊ ၉ ဆင်ဖြူ ကန် တို့ဖြစ် သည်။

ကုန်း ကိုးကုန်းမှာ… ၁ သစ်ချို ကုန်း၊ ၂ ကျီတော် ကုန်း၊ ၃ သဇင်ကုန်း၊ ၄ သမန်း ကုန်း၊ ၅ ဥသျှစ် ကုန်း၊

၆ ဝါခင်း ကုန်း၊ ၇ ကုလားပျို ကုန်း၊ ၈ ပုဏ္ဏားကုန်း၊ ၉ ဗောဓိကုန်း တို့ဖြစ် သည်။

တောင်ကိုးလုံးမှာ… ၁ ဆားခါးတောင်၊ ၂ ငါးမင်းတောင်၊ ၃ ဂန္ဓမာတောင်၊ ၄ ရွှေလောင်း တာင်၊ ၅ သခင်မ တောင်၊ ၆ ကုလားမ တောင်၊ ၇ ရန်ကင်း တောင်၊

၈ ကြက်ညီနောင် တောင် ၊ ၉ မန္တလေး တောင် ဟု တံတိုင်းသဏ္ဌာန် တောင် ကိုးလုံး ကာရံစေကာ မြို့နန်းပန္နက်တော် ရိုက် ယူ ခဲ့ သည်ဟု ဆိုပါသည်။

မိတ်ဆွေများ ဗဟုသုတ တိုးပွါးစေရန် မျှဝေပါသည်။ Credit: ကြာနီကန်ဆရာတော် ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ#ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*