ကိုယ္ပိုင္လုပ္ငန္းကို လုပ္ခ်င္သူတိုင္း… တတ္ေျမာက္ထားသင့္တဲ့ အရည္အခ်င္း (၅) ခု

ကိုယ္ပိုင္လုပ္ငန္းကို လုပ္ခ်င္သူတိုင္း... တတ္ေျမာက္ထားသင့္တဲ့ အရည္အခ်င္း (၅) ခု
ကိုယ္ပိုင္လုပ္ငန္းကို လုပ္ခ်င္သူတိုင္း... တတ္ေျမာက္ထားသင့္တဲ့ အရည္အခ်င္း (၅) ခု

ကိုယ္ပိုင္လုပ္ငန္းကို လုပ္ခ်င္သူတိုင္း… တတ္ေျမာက္ထားသင့္တဲ့ အရည္အခ်င္း (၅) ခု

လက္ရွိေအာင္ျမင္ေနတဲ့ ကိုယ္ပိုင္လုပ္ငန္းရွင္ေတြဟာ ေမြးရာပါ ပါရမီရွင္ေတြလား၊ ေလ့က်င့္ထားတဲ့သူေတြလားဆိုၿပီး သေဘာထားကြဲလြဲမႈေတြရွိေပမယ့္ ျငင္းလို႔မရႏိုင္တဲ့အခ်က္တစ္ခ်က္ကေတာ့

အခ်ိဳ႕အရည္အခ်င္းေတြကို အထပ္ထပ္ေလ့က်င့္မြမ္းမံျခင္းျဖင့္ သင့္ကိုယ္သင္ပိုမိုထူးခြၽန္တဲ့ ကိုယ္ပိုင္လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လာေစမယ္ဆိုတာပါပဲ။

သင္ဟာေအာက္ပါအရည္အခ်င္းေတြကို သိရွိထားသူပဲျဖစ္ျဖစ္၊ မသိေသးရင္ပဲျဖစ္ျဖစ္ ခုခ်ိန္ကစၿပီး ေသခ်ာအာ႐ုံစိုက္ေလ့က်င့္ထားမယ္ဆိုရင္ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္တဲ့အခါမွာ ေအာင္ျမင္မႈကိုေသခ်ာေပါက္ရရွိႏိုင္မွာျဖစ္ပါတယ္။

(၁) လူမ်ားႏွင့္ေျပာဆိုဆက္သြယ္ျခင္း

သင္ဟာတစ္ေယာက္တည္းလုပ္ကိုင္ေနတဲ့ ကိုယ္ပိုင္လုပ္ငန္းရွင္ျဖစ္ရင္ ေျပာဆိုတိုင္ပင္စရာလူေတြ သိပ္မရွိတာေၾကာင့္ လူအမ်ားနဲ႔ေျပာဆိုဆက္ဆံေရးက သိပ္အေရးမႀကီးပါဘူးလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမယ့္လည္း

သင္ဟာ အနည္းဆုံးေတာ့ သင့္ရဲ႕ေဖာက္သည္ေတြ ဝယ္သူေတြနဲ႔ email သို႔မဟုတ္ ဖုန္းကတစ္ဆင့္ေသာ္လည္းေကာင္း၊ လူခ်င္းေတြ႕ၿပီးေသာ္လည္းေကာင္း စကားေျပာတာေတြကို ျပဳလုပ္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္

သင့္ရဲ႕ website ဒါမွမဟုတ္ ဆိုရွယ္မီဒီယာမွတစ္ဆင့္ သူတို႔ကိုေပးလိုက္တဲ့ message ဟာ သင္တကယ္ေျပာခ်င္တဲ့အတိုင္းျဖစ္ရဲ႕လားဆိုတာ ေသခ်ာေအာင္လုပ္သင့္ပါတယ္။ သင့္မွာဝန္ထမ္းေတြရွိလာၿပီဆိုရင္ေတာ့

လူေတြနဲ႔ေျပာဆိုဆက္ဆံေရးဟာ ပိုၿပီးအေရးႀကီးလာပါၿပီ။ သင့္ရဲ႕ေျပာဆိုဆက္ဆံေရးညံ့ဖ်င္းမႈဟာ သင့္ဝန္ထမ္းေတြအတြက္ လုပ္ေဆာင္ႏိုင္စြမ္းေတြေလ်ာ့နည္းေစျခင္း၊ စိတ္ဓာတ္တက္ႂကြမႈမေပးႏိုင္ျခင္းနဲ႔

သင့္ရဲ႕မရွင္းလင္းတဲ့လမ္းၫႊန္မႈေတြေၾကာင့္ သူတို႔အတြက္ အမွားျပဳလုပ္ႏိုင္ေခ်ပိုမ်ားလာျခင္းတို႔ကို ျဖစ္ေစပါတယ္။

ဘယ္လိုေကာင္းမြန္ေအာင္ႀကိဳးစားမလဲ…?

အကယ္၍သင္ဟာ ကြၽမ္းက်င္တဲ့ေျပာဆိုဆက္ဆံသူတစ္ဦးမဟုတ္ဘူးဆိုရင္ေတာင္ သင္ေျပာတာကို တစ္ျခားသူေတြဘယ္လိုတုန႔္ျပန္သလဲဆိုတာကို ဂ႐ုျပဳျခင္းအားျဖင့္ သင္ေျပာေနတာေတြ သူတို႔နားလည္သလား မလည္သလား

အၾကမ္းဖ်င္းသိရွိႏိုင္ပါတယ္။ သင္တစ္ခုခုေျပာဆိုလိုက္တိုင္း ေၾကာင္အမ္းအမ္းအၾကည့္္ေတြနဲ႔ ျပန္ၾကည့္တာမ်ိဳး ႀကဳံဖူးပါသလား? ဒီလိုျဖစ္လာရင္ေတာ့

အခုသင္ေျပာျပေနတာေတြဟာ အဓိပၸာယ္ရွိရဲ႕လားလို႔ျပန္ေမးတာမ်ိဳး၊ နားမလည္ရင္ ျပန္ေမးလို႔ရပါတယ္ဆိုၿပီးေျပာျပျခင္းအားျဖင့္ လုပ္ေဆာင္ႏိုင္ပါတယ္။

(၂) ကိုယ့္ကိုယ္ပိုင္ brand နဲ႔ ကိုယ့္စီးပြားေရး brand တို႔ကို ေသခ်ာတည္ေဆာက္ပါ

သင္ဟာသင့္စီးပြားေရးကို brand တစ္ခုဖန္တီးခ်င္တာပဲျဖစ္ျဖစ္ သင့္ကိုယ္သင္ လုပ္ငန္းနယ္ပယ္ထဲမွာ ကြၽမ္းက်င္သူတစ္ဦးအေနနဲ႔ အျခားလူေတြကိုသိေစခ်င္တာျဖစ္ျဖစ္ online ေပၚမွာ သင့္ကိုလူအမ်ားဘယ္လိုျမင္ေအာင္လုပ္မလဲ ဆိုတာက သင့္ေအာင္ျမင္မႈအတြက္

အဓိကက်တဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ Branding လုပ္တယ္ဆိုရာမွာ သင့္ဝက္ဘ္ဆိုဒ္နဲ႔ ဆိုရွယ္မီဒီယာေတြေပၚမွာ သင္ဘယ္လိုမ်ိဳးအေၾကာင္းအရာေတြ တင္ေနသလဲဆိုတာက အေရးအႀကီးဆုံးျဖစ္ပါတယ္။ သတိျပဳရမွာတစ္ခုက

သင့္ရဲ႕ဆိုရွယ္မီဒီယာမွာ အရည္မရအဖတ္မရေတြတင္တာမ်ားရင္ online ေပၚက သင့္ရဲ႕ပုံရိပ္ကိုထိခိုက္ေစႏိုင္တယ္ဆိုတာပဲျဖစ္ပါတယ္။ သင္ပစ္မွတ္ထားတဲ့ၾကည့္ရႈသူေတြ၊

အလားအလာရွိတဲ့ေဖာက္သည္ေတြအတြက္ ဘယ္လိုအက်ိဳးရွိအသုံးတည့္တဲ့အေၾကာင္းအရာေတြကို ေ႐ြးခ်ယ္တင္မလဲဆိုတာကိုလည္း အေလးထားသင့္ပါတယ္။

ဘယ္လိုေကာင္းမြန္ေအာင္ႀကိဳးစားမလဲ…?

အကယ္၍သင္ဟာ ဆိုရွယ္မီဒီယာေပၚမွာ စာေကာင္းေကာင္းမေရးတတ္ဘူးဆိုရင္လည္း ကိစၥမရွိပါဘူး။ ျဖည္းျဖည္းခ်င္းစလို႔ရပါတယ္။ အရင္ဆုံးတစ္ပတ္တစ္ခါေလာက္ ဖတ္ရႈသူေတြအသုံးတည့္မယ့္စာေတြ ေရးသားတာမ်ိဳး ဒါမွမဟုတ္

သင့္ကိုယ္စား စာေရးေပးမယ့္သူတစ္ေယာက္ေလာက္ ငွားတာမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။ ဒီလိုနဲ႔တစ္ျဖည္းျဖည္း အရွိန္ရလာၿပီး သင့္ကိုယ္သင္ယုံၾကည္မႈရွိလာၿပီဆိုေတာ့မွ သင္ကိုယ္တိုင္အားထည့္ၿပီး ေရးသားလာႏိုင္မွာျဖစ္ပါတယ္။

ဒီလိုနည္းနဲ႔ သင့္ရဲ႕ online brand တစ္ခုကို ေကာင္းမြန္ေအာင္တည္ေဆာက္ႏိုင္ပါတယ္။ (နာက္ပိုင္းမွာလည္း Brand တစ္ခုကို ဘယ္လိုတည္ေဆာက္ရမလဲဆိုတာနဲ႔ပတ္သက္ၿပီး အက်ယ္တဝင့္ရွင္းလင္းထားတာေတြလည္း အလ်ဥ္းသင့္သလို တင္ျပေပးသြားမွာျဖစ္လို႔ Page ကို Like & See First လုပ္ထားေပးဖို႔ မေမ့နဲ႔ေနာ္)

(၃) ေရာင္းခ်ျခင္း

သင္ကိုယ္တိုင္က လက္ေတြ႕အေရာင္းသမားတစ္ဦးမဟုတ္ေပမယ့္လည္း အကယ္၍သင္ဟာ စီးပြားေရးတစ္ခုကိုလုပ္ေဆာင္ေနၿပီဆိုရင္ အနည္းနဲ႔အမ်ားဆိုသလို ေရာင္းခ်မႈနဲ႔ပတ္သက္ေနရတာပါပဲ။ သင့္မွာကုမၸဏီရဲ႕အေရာင္းပိုင္းကိုတာဝန္ယူထားတဲ့ အေရာင္းအဖြဲ႕ရွိတယ္ဆိုထားဦး

သင့္ရဲ႕စီးပြားေရးအေၾကာင္း အျခားသူတစ္ဦးကိုေျပာျပတာမ်ိဳး၊ ကိုယ့္ဆီကပစၥည္းဝယ္ဖို႔ အလားအလာရွိတဲ့သူနဲ႔ စကားေျပာတာမ်ိဳး၊ ကိုယ့္ကိုပစၥည္းေထာက္ပံ့ေပးတဲ့ supplier ေတြနဲ႔စကားေျပာတာမ်ိဳး အစရွိတဲ့ကိစၥေတြမွာလည္း သင့္ရဲ႕အေရာင္းပညာကို ဂ႐ုမျပဳမိပဲအသုံးျပဳေနရတာကို ေတြ႕ရပါလိမ့္မယ္။

ဘယ္လိုေကာင္းမြန္ေအာင္ႀကိဳးစားမလဲ…?

ကိုယ္အျပင္မွာတကယ္တမ္း ပစၥည္းလိုက္ေရာင္းေနစရာမလိုတဲ့ ေရာင္းခ်မႈနည္းဗ်ဴဟာေတြ အမ်ားႀကီးရွိပါတယ္။ အေရးႀကီးတဲ့အခ်က္တစ္ခုကေတာ့သူမ်ားေတြကို သင့္ထုတ္ကုန္ကိုအတင္းေရာင္းခ်ဖို႔ပဲ မႀကိဳးစားပဲနဲ႔

သူတို႔လက္ရွိဘာအခက္အခဲျဖစ္ေနလဲ၊ သူတို႔ရဲ႕အခက္အခဲကို သင့္ထုတ္ကုန္နဲ႔ ဘယ္လိုအကူအညီေပးႏိုင္လဲဆိုတာ နားလည္သေဘာေပါက္ထားမယ္ဆိုရင္ သင္ဟာေရာင္းခ်ရာမွာကိုယ့္ကိုယ္ကိုယုံၾကည္မႈပိုရလာၿပီး

သင့္ပစၥည္းေတြလည္း မ်ားမ်ားေရာင္းရလာပါလိမ့္မယ္။ အဓိကေျပာခ်င္တာကေတာ့ သူမ်ားကိုကူညီဖို႔သာ အေလးထားပါ။ ကိုယ့္ပစၥည္းကေနာက္ကေန အေရာင္းလိုက္လာပါလိမ့္မယ္။

(၄) နည္းဗ်ဴဟာ

သင့္စီးပြားေရးရဲ႕လက္ရွိအေနအထားကို ေလ့လာသုံးသပ္ရတာက လြယ္ကူပါတယ္။ ဘာလို႔လဲဆိုေတာ့ လက္ရွိအေျခအေနေတြအားလုံးက သိသာျမင္လြယ္ေနလို႔ပါ။ ဒါေပမယ့္ အနာဂတ္ကို ေမွ်ာ္မွန္းၾကည့္ဖူးပါသလား။ အနာဂတ္မွာ သင့္စီးပြားေရးကို

ဘယ္ေနရာမွာျမင္ခ်င္သလဲလို႔ စဥ္းစားၾကည့္ဖူးပါသလား။ ေရရွည္မွာ သင္ေတြ႕ႀကဳံရမယ့္ စိန္ေခၚမႈ၊ အခြင့္အလမ္းေတြနဲ႔ ပန္းတိုင္ေတြကို စဥ္းစားခ်မွတ္ၾကည့္ဖူးပါသလား။ သင့္ရဲ႕စီးပြားေရးနည္းဗ်ဴဟာေတြ၊

သင့္ကိုယ္သင္စဥ္ဆက္မျပတ္တိုးတက္ေအာင္ႀကံေဆာင္တာေတြ အစရွိသျဖင့္ကို မ်က္ေျခမျပတ္ေလ့လာမႈမရွိဘူးဆိုရင္ေတာ့ ေရရွည္မွာ သင့္လုပ္ငန္းႀကီးထြားလာဖို႔၊ ေဈးကြက္ထဲမွာ ဆက္လက္ၿပိဳင္ဆိုင္ႏိုင္စြမ္းရွိမႈကို သိပ္ေမွ်ာ္လင့္ႏိုင္မွာမဟုတ္ပါဘူး။

ဘယ္လိုေကာင္းမြန္ေအာင္ႀကိဳးစားမလဲ…?

သင့္စီးပြားေရးနဲ႔ပတ္သက္ၿပီး အနာဂတ္မွာဘယ္လိုျဖစ္ခ်င္တယ္ဆိုတာကို ေတြးေတာႀကံဆဖို႔ အခ်ိန္တစ္ခုသတ္မွတ္ထားပါ။ သင့္စီးပြားေရးုလုပ္ငန္းကို အနာဂတ္မွာဘယ္အဆင့္မွာ ျမင္ခ်င္သလဲ။ သင့္ရဲ႕အနာဂတ္ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ေတြကဘာေတြလဲ။

သင္ရည္မွန္းထားတဲ့ေနရာကို လက္ရွိေရာက္ေနတဲ့ ေနရာကေန ဘယ္လိုသြားမလဲ အစရွိတဲ့နည္းဗ်ဴဟာေတြကို မၾကာခဏစဥ္းစားသုံးသပ္ေပးပါ။ သင့္စီးပြားေရးအတြက္ ပန္းတိုင္ေတြခ်မွတ္ၿပီး အဆိုပါပန္းတိုင္ေတြကို

တကယ္ေရာက္ႏိုင္ေအာင္ အေသးစိတ္လုပ္ေဆာင္ရမယ့္အခ်က္မ်ား (action plans) ေတြကိုပါ ခ်မွတ္ပါ။ အဆိုပါပန္းတိုင္ေတြကိုလည္း မေမေလ်ာ့ေစပဲ သင္လုပ္ေဆာင္တဲ့လုပ္ေဆာင္ခ်က္တိုင္းဟာလည္း သင့္ကိုပန္းတိုင္ေရာက္ေစႏိုင္မယ့္ တြန္းအားမ်ား ျဖစ္ပါေစ။

(၅) ေငြေၾကးစီမံခန႔္ခြဲမႈ

စီးပြားေရးတစ္ခုစတင္ဖို႔အတြက္ Accounting Level အျမင့္ႀကီးေတြမလိုေပမယ့္လည္း သင့္စီးပြားေရးအေျခအေနဘယ္လိုလဲ၊ ရႈံးေနလား ျမတ္ေနလား၊ လုပ္ငန္းတြင္းေငြေၾကးစီးဆင္းမႈေရာေကာင္းရဲ႕လား အစရွိတာ အလြယ္တကူသိရွိႏိုင္ဖို႔

လိုအပ္တဲ့ေငြေၾကးဆိုင္ရာအသိပညာဗဟုသုတေတာ့ ရွိသင့္ပါတယ္။ သင့္စီးပြားေရးနဲ႔ပတ္သက္တဲ့ အဆိုပါေငြေၾကးဆိုင္ရာကိန္းဂဏန္းေတြကို ပိုၿပီးနားလည္ေလေလ စီးပြားေရးလုပ္ရာမွာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈပိုရွိလာၿပီး ဆုံးျဖတ္ခ်က္ေကာင္းေတြ ပိုခ်ႏိုင္ေလေလျဖစ္လာပါလိမ့္မယ္။

သင့္မွာေငြေၾကးပိုင္းစီမံခန႔္ခြဲဖို႔ accountant တစ္ေယာက္ေလာက္ရွိထားရင္ေတာ့ေကာင္းပါတယ္။ ဒါေပမယ့္သူတို႔ကိုခ်ည္းအားကိုးမေနပဲ ကိုယ့္လုပ္ငန္းဘယ္လိုရွိလဲ၊ ကိုယ့္ေငြေတြေရာ အက်ိဳးရွိရွိလည္ပတ္ေနရဲ႕လားဆိုတာ ကိုယ္တိုင္သိထားရင္ အေကာင္းဆုံးပါပဲ။

သင့္တာဝန္ကေတာ့ လုပ္ငန္းမွာမကုန္သင့္တာကုန္ေနလား၊ အက်ိဳးရွိရွိလုပ္ကိုင္ေနရဲ႕လားဆိုတာေတြသိဖို႔နဲ႔ အက်ိဳးအျမတ္ပိုမ်ားလာေအာင္ ဘယ္လိုနည္းလမ္းေတြသုံးရမလဲဆိုတာ နားလည္ဖို႔ပဲျဖစ္ပါတယ္။

ဘယ္လိုေကာင္းမြန္ေအာင္ႀကိဳးစားမလဲ…?

သင့္စီးပြားေရးရဲ႕ေငြေၾကးအေျခအေနကိုေလ့လာဖို႔အတြက္ အခ်ိန္သပ္သပ္ေပးျခင္းျဖင့္ စႏိုင္ပါတယ္။ သင့္စီးပြားေရးရဲ႕ ေငြေၾကးပိုင္းဆိုင္ရာ report ေတြကိုၾကည့္ျခင္းအားျဖင့္ အျမတ္အရႈံးေတြကို

တိတိက်က်သိရွိႏိုင္ပါတယ္။ အေသးစားစီးပြားေရးေတြအတြက္လိုအပ္တဲ့ ေငြေၾကးပိုင္းဆိုင္ရာ အသိပညာကိုလည္း မိမိဖာသာေလ့လာထားရင္ အေကာင္းဆုံးပါပဲ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကိုယ်ပိုင်လုပ်ငန်းကို လုပ်ချင်သူတိုင်း… တတ်မြောက်ထားသင့်တဲ့ အရည်အချင်း (၅) ခု

လက်ရှိအောင်မြင်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တွေဟာ မွေးရာပါ ပါရမီရှင်တွေလား၊ လေ့ကျင့်ထားတဲ့သူတွေလားဆိုပြီး သဘောထားကွဲလွဲမှုတွေရှိပေမယ့် ငြင်းလို့မရနိုင်တဲ့အချက်တစ်ချက်ကတော့

အချို့အရည်အချင်းတွေကို အထပ်ထပ်လေ့ကျင့်မွမ်းမံခြင်းဖြင့် သင့်ကိုယ်သင်ပိုမိုထူးချွန်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာစေမယ်ဆိုတာပါပဲ။

သင်ဟာအောက်ပါအရည်အချင်းတွေကို သိရှိထားသူပဲဖြစ်ဖြစ်၊ မသိသေးရင်ပဲဖြစ်ဖြစ် ခုချိန်ကစပြီး သေချာအာရုံစိုက်လေ့ကျင့်ထားမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ အောင်မြင်မှုကိုသေချာပေါက်ရရှိနိုင်မှာဖြစ်ပါတယ်။

(၁) လူများနှင့်ပြောဆိုဆက်သွယ်ခြင်း

သင်ဟာတစ်ယောက်တည်းလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ရင် ပြောဆိုတိုင်ပင်စရာလူတွေ သိပ်မရှိတာကြောင့် လူအများနဲ့ပြောဆိုဆက်ဆံရေးက သိပ်အရေးမကြီးပါဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း

သင်ဟာ အနည်းဆုံးတော့ သင့်ရဲ့ဖောက်သည်တွေ ဝယ်သူတွေနဲ့ email သို့မဟုတ် ဖုန်းကတစ်ဆင့်သော်လည်းကောင်း၊ လူချင်းတွေ့ပြီးသော်လည်းကောင်း စကားပြောတာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်

သင့်ရဲ့ website ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် သူတို့ကိုပေးလိုက်တဲ့ message ဟာ သင်တကယ်ပြောချင်တဲ့အတိုင်းဖြစ်ရဲ့လားဆိုတာ သေချာအောင်လုပ်သင့်ပါတယ်။ သင့်မှာဝန်ထမ်းတွေရှိလာပြီဆိုရင်တော့

လူတွေနဲ့ပြောဆိုဆက်ဆံရေးဟာ ပိုပြီးအရေးကြီးလာပါပြီ။ သင့်ရဲ့ပြောဆိုဆက်ဆံရေးညံ့ဖျင်းမှုဟာ သင့်ဝန်ထမ်းတွေအတွက် လုပ်ဆောင်နိုင်စွမ်းတွေလျော့နည်းစေခြင်း၊ စိတ်ဓာတ်တက်ကြွမှုမပေးနိုင်ခြင်းနဲ့

သင့်ရဲ့မရှင်းလင်းတဲ့လမ်းညွှန်မှုတွေကြောင့် သူတို့အတွက် အမှားပြုလုပ်နိုင်ချေပိုများလာခြင်းတို့ကို ဖြစ်စေပါတယ်။

ဘယ်လိုကောင်းမွန်အောင်ကြိုးစားမလဲ…?

အကယ်၍သင်ဟာ ကျွမ်းကျင်တဲ့ပြောဆိုဆက်ဆံသူတစ်ဦးမဟုတ်ဘူးဆိုရင်တောင် သင်ပြောတာကို တစ်ခြားသူတွေဘယ်လိုတုန့်ပြန်သလဲဆိုတာကို ဂရုပြုခြင်းအားဖြင့် သင်ပြောနေတာတွေ သူတို့နားလည်သလား မလည်သလား

အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ သင်တစ်ခုခုပြောဆိုလိုက်တိုင်း ကြောင်အမ်းအမ်းအကြည့်တွေနဲ့ ပြန်ကြည့်တာမျိုး ကြုံဖူးပါသလား? ဒီလိုဖြစ်လာရင်တော့

အခုသင်ပြောပြနေတာတွေဟာ အဓိပ္ပာယ်ရှိရဲ့လားလို့ပြန်မေးတာမျိုး၊ နားမလည်ရင် ပြန်မေးလို့ရပါတယ်ဆိုပြီးပြောပြခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ပိုင် brand နဲ့ ကိုယ့်စီးပွားရေး brand တို့ကို သေချာတည်ဆောက်ပါ

သင်ဟာသင့်စီးပွားရေးကို brand တစ်ခုဖန်တီးချင်တာပဲဖြစ်ဖြစ် သင့်ကိုယ်သင် လုပ်ငန်းနယ်ပယ်ထဲမှာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့ အခြားလူတွေကိုသိစေချင်တာဖြစ်ဖြစ် online ပေါ်မှာ သင့်ကိုလူအများဘယ်လိုမြင်အောင်လုပ်မလဲ ဆိုတာက သင့်အောင်မြင်မှုအတွက်

အဓိကကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Branding လုပ်တယ်ဆိုရာမှာ သင့်ဝက်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သင်ဘယ်လိုမျိုးအကြောင်းအရာတွေ တင်နေသလဲဆိုတာက အရေးအကြီးဆုံးဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုက

သင့်ရဲ့ဆိုရှယ်မီဒီယာမှာ အရည်မရအဖတ်မရတွေတင်တာများရင် online ပေါ်က သင့်ရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ သင်ပစ်မှတ်ထားတဲ့ကြည့်ရှုသူတွေ၊

အလားအလာရှိတဲ့ဖောက်သည်တွေအတွက် ဘယ်လိုအကျိုးရှိအသုံးတည့်တဲ့အကြောင်းအရာတွေကို ရွေးချယ်တင်မလဲဆိုတာကိုလည်း အလေးထားသင့်ပါတယ်။

ဘယ်လိုကောင်းမွန်အောင်ကြိုးစားမလဲ…?

အကယ်၍သင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ စာကောင်းကောင်းမရေးတတ်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဖြည်းဖြည်းချင်းစလို့ရပါတယ်။ အရင်ဆုံးတစ်ပတ်တစ်ခါလောက် ဖတ်ရှုသူတွေအသုံးတည့်မယ့်စာတွေ ရေးသားတာမျိုး ဒါမှမဟုတ်

သင့်ကိုယ်စား စာရေးပေးမယ့်သူတစ်ယောက်လောက် ငှားတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒီလိုနဲ့တစ်ဖြည်းဖြည်း အရှိန်ရလာပြီး သင့်ကိုယ်သင်ယုံကြည်မှုရှိလာပြီဆိုတော့မှ သင်ကိုယ်တိုင်အားထည့်ပြီး ရေးသားလာနိုင်မှာဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ သင့်ရဲ့ online brand တစ်ခုကို ကောင်းမွန်အောင်တည်ဆောက်နိုင်ပါတယ်။ (နာက်ပိုင်းမှာလည်း Brand တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းထားတာတွေလည်း အလျဉ်းသင့်သလို တင်ပြပေးသွားမှာဖြစ်လို့ Page ကို Like & See First လုပ်ထားပေးဖို့ မမေ့နဲ့နော်)

(၃) ရောင်းချခြင်း

သင်ကိုယ်တိုင်က လက်တွေ့အရောင်းသမားတစ်ဦးမဟုတ်ပေမယ့်လည်း အကယ်၍သင်ဟာ စီးပွားရေးတစ်ခုကိုလုပ်ဆောင်နေပြီဆိုရင် အနည်းနဲ့အများဆိုသလို ရောင်းချမှုနဲ့ပတ်သက်နေရတာပါပဲ။ သင့်မှာကုမ္ပဏီရဲ့အရောင်းပိုင်းကိုတာဝန်ယူထားတဲ့ အရောင်းအဖွဲ့ရှိတယ်ဆိုထားဦး

သင့်ရဲ့စီးပွားရေးအကြောင်း အခြားသူတစ်ဦးကိုပြောပြတာမျိုး၊ ကိုယ့်ဆီကပစ္စည်းဝယ်ဖို့ အလားအလာရှိတဲ့သူနဲ့ စကားပြောတာမျိုး၊ ကိုယ့်ကိုပစ္စည်းထောက်ပံ့ပေးတဲ့ supplier တွေနဲ့စကားပြောတာမျိုး အစရှိတဲ့ကိစ္စတွေမှာလည်း သင့်ရဲ့အရောင်းပညာကို ဂရုမပြုမိပဲအသုံးပြုနေရတာကို တွေ့ရပါလိမ့်မယ်။

ဘယ်လိုကောင်းမွန်အောင်ကြိုးစားမလဲ…?

ကိုယ်အပြင်မှာတကယ်တမ်း ပစ္စည်းလိုက်ရောင်းနေစရာမလိုတဲ့ ရောင်းချမှုနည်းဗျူဟာတွေ အများကြီးရှိပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုကတော့သူများတွေကို သင့်ထုတ်ကုန်ကိုအတင်းရောင်းချဖို့ပဲ မကြိုးစားပဲနဲ့

သူတို့လက်ရှိဘာအခက်အခဲဖြစ်နေလဲ၊ သူတို့ရဲ့အခက်အခဲကို သင့်ထုတ်ကုန်နဲ့ ဘယ်လိုအကူအညီပေးနိုင်လဲဆိုတာ နားလည်သဘောပေါက်ထားမယ်ဆိုရင် သင်ဟာရောင်းချရာမှာကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရလာပြီး

သင့်ပစ္စည်းတွေလည်း များများရောင်းရလာပါလိမ့်မယ်။ အဓိကပြောချင်တာကတော့ သူများကိုကူညီဖို့သာ အလေးထားပါ။ ကိုယ့်ပစ္စည်းကနောက်ကနေ အရောင်းလိုက်လာပါလိမ့်မယ်။

(၄) နည်းဗျူဟာ

သင့်စီးပွားရေးရဲ့လက်ရှိအနေအထားကို လေ့လာသုံးသပ်ရတာက လွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအခြေအနေတွေအားလုံးက သိသာမြင်လွယ်နေလို့ပါ။ ဒါပေမယ့် အနာဂတ်ကို မျှော်မှန်းကြည့်ဖူးပါသလား။ အနာဂတ်မှာ သင့်စီးပွားရေးကို

ဘယ်နေရာမှာမြင်ချင်သလဲလို့ စဉ်းစားကြည့်ဖူးပါသလား။ ရေရှည်မှာ သင်တွေ့ကြုံရမယ့် စိန်ခေါ်မှု၊ အခွင့်အလမ်းတွေနဲ့ ပန်းတိုင်တွေကို စဉ်းစားချမှတ်ကြည့်ဖူးပါသလား။ သင့်ရဲ့စီးပွားရေးနည်းဗျူဟာတွေ၊

သင့်ကိုယ်သင်စဉ်ဆက်မပြတ်တိုးတက်အောင်ကြံဆောင်တာတွေ အစရှိသဖြင့်ကို မျက်ခြေမပြတ်လေ့လာမှုမရှိဘူးဆိုရင်တော့ ရေရှည်မှာ သင့်လုပ်ငန်းကြီးထွားလာဖို့၊ ဈေးကွက်ထဲမှာ ဆက်လက်ပြိုင်ဆိုင်နိုင်စွမ်းရှိမှုကို သိပ်မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။

ဘယ်လိုကောင်းမွန်အောင်ကြိုးစားမလဲ…?

သင့်စီးပွားရေးနဲ့ပတ်သက်ပြီး အနာဂတ်မှာဘယ်လိုဖြစ်ချင်တယ်ဆိုတာကို တွေးတောကြံဆဖို့ အချိန်တစ်ခုသတ်မှတ်ထားပါ။ သင့်စီးပွားရေးုလုပ်ငန်းကို အနာဂတ်မှာဘယ်အဆင့်မှာ မြင်ချင်သလဲ။ သင့်ရဲ့အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်တွေကဘာတွေလဲ။

သင်ရည်မှန်းထားတဲ့နေရာကို လက်ရှိရောက်နေတဲ့ နေရာကနေ ဘယ်လိုသွားမလဲ အစရှိတဲ့နည်းဗျူဟာတွေကို မကြာခဏစဉ်းစားသုံးသပ်ပေးပါ။ သင့်စီးပွားရေးအတွက် ပန်းတိုင်တွေချမှတ်ပြီး အဆိုပါပန်းတိုင်တွေကို

တကယ်ရောက်နိုင်အောင် အသေးစိတ်လုပ်ဆောင်ရမယ့်အချက်များ (action plans) တွေကိုပါ ချမှတ်ပါ။ အဆိုပါပန်းတိုင်တွေကိုလည်း မမေလျော့စေပဲ သင်လုပ်ဆောင်တဲ့လုပ်ဆောင်ချက်တိုင်းဟာလည်း သင့်ကိုပန်းတိုင်ရောက်စေနိုင်မယ့် တွန်းအားများ ဖြစ်ပါစေ။

(၅) ငွေကြေးစီမံခန့်ခွဲမှု

စီးပွားရေးတစ်ခုစတင်ဖို့အတွက် Accounting Level အမြင့်ကြီးတွေမလိုပေမယ့်လည်း သင့်စီးပွားရေးအခြေအနေဘယ်လိုလဲ၊ ရှုံးနေလား မြတ်နေလား၊ လုပ်ငန်းတွင်းငွေကြေးစီးဆင်းမှုရောကောင်းရဲ့လား အစရှိတာ အလွယ်တကူသိရှိနိုင်ဖို့

လိုအပ်တဲ့ငွေကြေးဆိုင်ရာအသိပညာဗဟုသုတတော့ ရှိသင့်ပါတယ်။ သင့်စီးပွားရေးနဲ့ပတ်သက်တဲ့ အဆိုပါငွေကြေးဆိုင်ရာကိန်းဂဏန်းတွေကို ပိုပြီးနားလည်လေလေ စီးပွားရေးလုပ်ရာမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာပြီး ဆုံးဖြတ်ချက်ကောင်းတွေ ပိုချနိုင်လေလေဖြစ်လာပါလိမ့်မယ်။

သင့်မှာငွေကြေးပိုင်းစီမံခန့်ခွဲဖို့ accountant တစ်ယောက်လောက်ရှိထားရင်တော့ကောင်းပါတယ်။ ဒါပေမယ့်သူတို့ကိုချည်းအားကိုးမနေပဲ ကိုယ့်လုပ်ငန်းဘယ်လိုရှိလဲ၊ ကိုယ့်ငွေတွေရော အကျိုးရှိရှိလည်ပတ်နေရဲ့လားဆိုတာ ကိုယ်တိုင်သိထားရင် အကောင်းဆုံးပါပဲ။

သင့်တာဝန်ကတော့ လုပ်ငန်းမှာမကုန်သင့်တာကုန်နေလား၊ အကျိုးရှိရှိလုပ်ကိုင်နေရဲ့လားဆိုတာတွေသိဖို့နဲ့ အကျိုးအမြတ်ပိုများလာအောင် ဘယ်လိုနည်းလမ်းတွေသုံးရမလဲဆိုတာ နားလည်ဖို့ပဲဖြစ်ပါတယ်။

ဘယ်လိုကောင်းမွန်အောင်ကြိုးစားမလဲ…?

သင့်စီးပွားရေးရဲ့ငွေကြေးအခြေအနေကိုလေ့လာဖို့အတွက် အချိန်သပ်သပ်ပေးခြင်းဖြင့် စနိုင်ပါတယ်။ သင့်စီးပွားရေးရဲ့ ငွေကြေးပိုင်းဆိုင်ရာ report တွေကိုကြည့်ခြင်းအားဖြင့် အမြတ်အရှုံးတွေကို

တိတိကျကျသိရှိနိုင်ပါတယ်။ အသေးစားစီးပွားရေးတွေအတွက်လိုအပ်တဲ့ ငွေကြေးပိုင်းဆိုင်ရာ အသိပညာကိုလည်း မိမိဖာသာလေ့လာထားရင် အကောင်းဆုံးပါပဲ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*