ရေချိုးနည်း
နွေ မနက် ၉ နာရီ
မိုး မနက်. ၁၀ နာရီ
ဆောင်း. မနက် ၁၁ နာရီ
Unicode
ရေချိုးခြင်းနှင့် ပက်သတ်ပြီး… ဆောင်ရန်/ရှောင်ရန်နှင့် သတိပြုရမည့် အချက်များ
ခေါင်းကနေ ရေ စတင်လောင်းချိုးတာက လေဖြတ်တတ်ပါတယ်။ ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ။ ကျွန်မတို့က သွေးနွေးသတ္တဝါတွေ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အပူချိန်ကို အလျှင်အမြန် ထိန်းညှိနေရတာကြောင့်ပါ။
ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့အတွက် အပူချိန် ထိန်းညှိနိုင်အောင် ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန် လာကြတာကြောင့် ဦးနှောက်သွေးကြော ပေါက်လွယ်သွားပြီး လေဖြတ်ကာ လိမ့်ကျသွားနိုင်ပါတယ်။
ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။ အထူးသဖြင့် သွေးတိုးရောဂါရှိသူ သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့ ဦးခေါင်းတခြမ်းကိုက် ဝေဒနာခံစားရသူတွေ ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ်။
ရေချိုးနည်း
ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ။ တဖြေးဖြေး ဒူး ပေါင် ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ။ ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ မျက်စိကို မရောက်အောင် အကာအကွယ်ပြုတာပါ။
ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။ ရေမချိုးခင် ရေ ဝ အောင် သောက်ပါ။ ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။
ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
ဆီးချိုရောဂါရှိသူတစ်ယောက်က နာရီဝက်ကြာ ရေချိုးတာ သွေးထဲက သကြားဓာတ် ၁၃ % လျော့နည်းတယ်။ ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ် အတောက်တွေ ထွက်ကုန်မယ်၊ ကြွက်သားနာတာ သက်သာမယ် ၊ အူတွေ ပို အလုပ် လုပ်နိုင်မယ်။
ရေချိုးတာကို ၁၀မိနစ် ၂၀မိနစ် သာကြာပါစေ ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓာတ် တက်စေမယ်။
အင်ပြင် ထ တာမျိုးကို Sodium Bicarbonate ( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်၊ ပိုးတချို့ကိုလည်း သေစေမယ်။ ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ သက်သာစေမယ် ၊ နင်းခူနာ သက်သာစေမယ်။ ေရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်းအိပ်ပျော်စေတယ်။
မနက်ခင်း ရေချိုးခြင်း၏ကောင်းကျိုး…
မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ အပူခိုးများထွက်ခြင်း၊ ရေနွေးနဲ့ချိုးရင် သွေးလည်ှ့ပတ်မှုကောင်းစေပြီး ကြွက်သားများကို တောင့်တင်းသန်မာစေပါတယ်။ ရေနွေးနဲ့ချိုးခြင်းက ကျမ်းမာရေးများစွာ အထောက်အကူပြုပါတယ်။
အိပ်ရာနိုးတဲ့အခါမနက်ခင်း ရေချိုးခြင်းက ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်သာစေ. စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက အထောက်အကူပြုတယ်။
မနက်ခင်း လေ့ကျင့်ခဏ်းတခုခုလုပ်ပြီးမှ ရေချိုးတာကြွက်သားတွေကိုပိုမိုသန်မာစေပါတယ်။ ကယ်လီးဖိုးနီးယားတက္ကသိုလ်မှသုတေသနပညာရှင်များအဆိုအရ မနက်ခင်းအေးတဲ့ရေနဲ့ရေချိုးခြင်းက သုပ်ပိုးများကို ပိုမိုဖွံဖြိုးစေတယ်လို့ဆိုတယ်။
ရေနွေး သိုမဟုတ် ရေအေးနဲ့ မနက်ခင်းခေါင်းလျော်ခြင်းဟာ ဆံပင်မကျွတ်ခြင်းအ တွက်အထူးကောင်းမွန်စေပါတယ်။ ဆံပင်သားမကောင်းခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်းတို့ကို ကာကွယ်တားဆီးပေးပါတယ်။
ညနေပိုင်းရေချိုးလျင် သတိထားရန်…
ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေစဉ် ဆီးမသွားရကျောက်ကပ် အလုပ် လုပ်နေချိန် ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင် ဂရုပြုရန်..
ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန် ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ ၇ နာရီ
ညရာသီအလိုက် ရေချိုးချိန်
နွေ မနက် ၉ နာရီ
မိုး မနက်. ၁၀ နာရီ
ဆောင်း. မနက် ၁၁ နာရီ
အရိုးပွ၊ အရိုးပါး၊ ဂေါက်ရောဂါ ရှိသူတွေ နာကျဉ်ခြင်း သက်သာအောင် ရေနွေးထဲ ဆားခါး ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည်။
ညဖက်ရေချိုးခြင်း သတိထားရန်…
ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို သတိပြုပါ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင် မအိပ်ခင်လေးမှာ အချိန်ခွာပြီးရေချိုးပါ။ ကိုယ်ကာယ လေ့ပျင့်ခဏ်း လုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက်
ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ။
ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ ချိုးပါ – ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက် နဲ့ ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာအပူချိန်ထက် ၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့်
လူတစ်ယောက်ရဲ့ သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက် ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့် မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။
ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည် လန်းဆန်းအောင် လုပ်ခြင်းဖြစ်တယ်။ ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
စိတ်ဖိစီးမူကို လျော့ချ သွေးပေါင်ကျစေပါတယ်။ တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးပါတယ်။ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။
ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ – နုပျို လန်းဆန်းခြင်းကို ခံစားရစေပါတယ်။ ညဖက် ရေချိုးတာက ကောင်းသော ကိုယ်သင်းးနံ့ကို ပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
မျက်စိကြောင်ပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ။ တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ အများစုက ရေအေးနဲ့ ချိုးကြတယ်။ ညနေပိုင်း အပူအခိုးထွက်နေတာတွေက ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ်။
ခရက်ဒစ်#ဒေါက်တာခင်မိုးမိုး၊မခင်နီဝင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*