႐ြာေျမကို ဝယ္ေတာ့မယ္ဆိုရင္… ဒီအခ်က္ေတြကို သိထားဖို႕ လိုမယ္

႐ြာေျမကို ဝယ္ေတာ့မယ္ဆိုရင္... ဒီအခ်က္ေတြကို သိထားဖို႕ လိုမယ္
႐ြာေျမကို ဝယ္ေတာ့မယ္ဆိုရင္... ဒီအခ်က္ေတြကို သိထားဖို႕ လိုမယ္

႐ြာေျမကို ဝယ္ေတာ့မယ္ဆိုရင္… ဒီအခ်က္ေတြကို သိထားဖို႕ လိုမယ္

႐ြာေျမဆိုသည္မွာ ေခတ္ကာလအဆက္ဆက္တြင္ လူအမ်ားေနထိုင္ရန္ သီးသန္႔သတ္မွတ္ထားေသာ ေျမအမ်ိဳးအစားမ်ားထဲမွ တစ္မ်ိဳးျဖစ္ပါသည္။ ပါမစ္ ဂရန္ တို႔ကဲသို႔ စာ႐ြက္စာတမ္းအေနႏွင့္ သီးျခား ပုံေသသတ္မွတ္ထားျခင္း မရွိေသာ္လည္း

ေရွးအစဥ္အဆက္က ဘိုးဘြားမ်ားလက္ထက္မွ သတ္မွတ္လာခဲ့ေသာ နယ္နိမိတ္အတိုင္း မ်ိဳးဆက္ တဆက္ၿပီး တဆက္ ေနထိုင္လာခဲ့ၾကၿပီး စာခ်ဳပ္အေနႏွင့္ အေရာင္းအ၀ယ္ ျပဳလုပ္ေလ့ရွိၾကပါသည္။

႐ြာႏွင့္ ဆက္စပ္လ်က္ရွိေသာ ဧရိယာမ်ားမွာ တခါတေလတြင္ လယ္ေျမမ်ားျဖစ္ေနတတ္ၿပီး… ကြၽဲႏြား လႊတ္ေက်ာင္းရန္ ခ်န္လွပ္ထားေသာ စားက်က္ေျမမ်ားလည္း ျဖစ္ေနတတ္ပါသည္။ ဥယ်ာဥ္ၿခံေျမမ်ားလည္း တဆက္တစပ္တည္း တည္ရွိေနသည္ကို ေတြ႕ျမင္ရဖူးပါသည္။

႐ြာေျမကို ၀ယ္ယူရာတြင္… သတိထားစရာ အခ်က္အလက္မ်ားမွာ…

(၁) ႐ြာေျမျဖစ္ေၾကာင္း သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႈး၊ အနီးအပါးတြင္ ေနထိုင္ေသာ ႐ြာခံလူႀကီးမ်ား၊ ပါတ္၀န္းက်င္ရွိ ႐ြာေျမတြင္ေနထိုင္လာခဲ့ေသာ နယ္ခံ လူထုမ်ားအား ေမးျမန္းစုံစမ္းၿပီး ေနရာႏွင့္တကြ ဟုတ္မဟုတ္ ေသေသခ်ာခ်ာ သတိျပဳ ၀ယ္ယူသင့္ပါသည္။

(၂) အခ်ိဳ႕ ေျမကြက္ေရာင္းခ်သူမ်ားမွ လယ္ေျမအား ႐ြာေျမ၊ ဘိုးဘြားပိုင္ေျမသဖြယ္ စိတ္ပိုင္းေရာင္းခ်တတ္ပါသည္။ ထိုေျမကြက္မ်ားကို ၀ယ္ယူမိသူမ်ားမွာ အိမ္ရာေဆာက္လုပ္ခြင့္ မရ၊ အမည္ေပါက္လဲေျပာင္းလဲ မရသျဖင့္ အခက္အခဲႀကဳံ ေငြလဲဆုံး႐ူံးခဲ့ၾကရသည္ကို ၾကားသိခဲ့ဖူးပါသည္။

(၃) အခ်ိဳ႕က်ဴးေက်ာ္ေနထိုင္သူမ်ားမွာ သက္တမ္း ရွည္ၾကာစြာ ေနထိုင္ခဲ့သျဖင့္ ႐ြာေျမျဖစ္သေယာင္ႏွင့္ ေရာင္းခ်ေသာ္လည္း အမွန္တကယ္မွာ လယ္ေျမတြင္ေဆာက္လုပ္ထားေသာ အိမ္ကေလးမ်ားသာ ျဖစ္ေနတတ္ပါသည္။

(၄) ႐ြာေျမ ေရာင္းခ်ရန္ ကမ္းလွမ္းလာျခင္းကို ေသခ်ာစြာစီစစ္ရာမွ ဘုန္းေတာ္ႀကီးေက်ာင္း နယ္နိမိတ္ဧရိယာတြင္ ေနထိုင္ေနၾကေသာက်ဴးေက်ာ္အိမ္မ်ား ျဖစ္ေနသည္ကို ႀကဳံေတြ႕ခဲ့ပါသည္။

(၅) ႐ြာေျမကို ၀ယ္ယူၿပီးပါက ၿခံခတ္ရန္ အလြန္အေရးႀကီးပါသည္။ ဧရိယာ သတ္မွတ္ခ်က္မွာ ပါမစ္ ဂရန္ တို႔ကဲ့သို႔ အတိအက် မရွိတတ္ပဲ ခန္႔မွန္းသာ အဆင့္ဆင့္ေရာင္းခ်ခဲ့ျခင္း သို႔မဟုတ္

ခန္႔မွန္းျဖင့္သာ ေနထိုင္ခဲ့ျခင္းတို႔ေၾကာင့္ ႐ြာခံမ်ားပင္ တိက်စြာသိရန္ ခက္ခဲျခင္းမ်ားႀကဳံေတြ႕ရတတ္ပါသည္။ ၿခံမခတ္ပဲ ထားမိပါက ေနာင္ႏွစ္ေပါင္းမ်ားစြာမွ အ႐ူပ္အရွင္း မ်ားရင္ဆိုင္ရတတ္ပါသည္။

အခ်ိဳ႕ေသာ သူမ်ားက သစ္ပင္မ်ား စိုက္ပ်ိဳးျခင္း၊ ဝါးပင္မ်ားျဖင့္စိုပ္ပ်ိဳးၿပီး ဧရိယာကို ပိုမိုေက်ာ္လြန္ေအာင္ ေဆာင္႐ြက္တတ္ျခင္းတို႔ေၾကာင့္ ပိုင္ဆိုင္မႈအျငင္းမပြားရေလေအာင္

စတင္ ၀ယ္ယူစဥ္ကတည္းက ၿခံခတ္ထားသင့္ပါသည္။ လူတိုင္းမဟုတ္ပါ… ႐ိုးသားေသာ နယ္ခံမ်ားစြာရွိပါသည္။

(၆) ႐ြာေျမမ်ားသည္ ဧရိယာ အမ်ိဳးမ်ိဳးျဖင့္ ရွိေနႏိုင္ပါသည္။ 50’x60′ / 45’x90’/ 60’x120′ စသည္ျဖင့္… ျပန္လည္စိတ္ပိုင္းေရာင္းခ်ေသာ သူမ်ား၏ ဆႏၵအတိုင္း ဧရိယာ သတ္မွတ္ခ်က္အတိုင္း ၀ယ္ယူရန္သာျဖစ္ပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရွာမြေကို ဝယ်တော့မယ်ဆိုရင်… ဒီအချက်တွေကို သိထားဖို့ လိုမယ်

ရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင် လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။ ပါမစ် ဂရန် တို့ကဲသို့ စာရွက်စာတမ်းအနေနှင့် သီးခြား ပုံသေသတ်မှတ်ထားခြင်း မရှိသော်လည်း

ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သော နယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီး တဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအဝယ် ပြုလုပ်လေ့ရှိကြပါသည်။

ရွာနှင့် ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး… ကျွဲနွား လွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်း တည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။

ရွာမြေကို ဝယ်ယူရာတွင်… သတိထားစရာ အချက်အလက်များမှာ…

(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင် နေထိုင်သော ရွာခံလူကြီးများ၊ ပါတ်ဝန်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများအား မေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု ဝယ်ယူသင့်ပါသည်။

(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ဝယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့် မရ၊ အမည်ပေါက်လဲပြောင်းလဲ မရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကို ကြားသိခဲ့ဖူးပါသည်။

(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်း ရှည်ကြာစွာ နေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့် ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။

(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်း နယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။

(၅) ရွာမြေကို ဝယ်ယူပြီးပါက ခြံခတ်ရန် အလွန်အရေးကြီးပါသည်။ ဧရိယာ သတ်မှတ်ချက်မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိတတ်ပဲ ခန့်မှန်းသာ အဆင့်ဆင့်ရောင်းချခဲ့ခြင်း သို့မဟုတ်

ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။ ခြံမခတ်ပဲ ထားမိပါက နောင်နှစ်ပေါင်းများစွာမှ အရူပ်အရှင်း များရင်ဆိုင်ရတတ်ပါသည်။

အချို့သော သူများက သစ်ပင်များ စိုက်ပျိုးခြင်း၊ ဝါးပင်များဖြင့်စိုပ်ပျိုးပြီး ဧရိယာကို ပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ကြောင့် ပိုင်ဆိုင်မှုအငြင်းမပွားရလေအောင်

စတင် ဝယ်ယူစဉ်ကတည်းက ခြံခတ်ထားသင့်ပါသည်။ လူတိုင်းမဟုတ်ပါ… ရိုးသားသော နယ်ခံများစွာရှိပါသည်။

(၆) ရွာမြေများသည် ဧရိယာ အမျိုးမျိုးဖြင့် ရှိနေနိုင်ပါသည်။ 50’x60′ / 45’x90’/ 60’x120′ စသည်ဖြင့်… ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာ သတ်မှတ်ချက်အတိုင်း ဝယ်ယူရန်သာဖြစ်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*