Unicode
တခါတလေ အခက်အခဲတွေကို ဖြေရှင်းတဲ့အခါ ရုပ်အတည်ကြီးနဲ့ ဖြေရှင်းတတ်ဖို့လိုတယ်နော်…
တခါက ပေါ့ဗျာ… ကောင်းဘွိုင်တယောက် ခရီးသွားရင်း မြို့လေးတမြို့ အဖြတ် ခဏအနားယူမယ် တွေးရင်း အရက်ဆိုင်\တဆိုင်ရှေ့မြင်းကို ချည်နှောင်ကာ ဆိုင်ထဲဝင်ခဲ့ပါတယ်။
ဒီမြို့ ရဲ့ အထာကလည်း သူစိမ်းဆိုရင် စိတ်အနှောင့်အယှက် ဖြစ်အောင် စနောက်တတ်တဲ့ အကျင့် ရှိပါတယ်။ ကောင်းဘွိုင်လည်း ဆိုင်ထဲ အနားယူ စားသောက်ပြီး ခရီးဆက်မယ် ကြံကာ
ဆိုင်ပြင်ထွက်တဲ့ အချိန် အပြင်မှာ သူထားခဲ့တဲ့ မြင်းက မရှိတော့ ပါဘူး။ သူလည်း ဒေါသထွက်ကာ ဆိုင်ထဲပြန်ဝင်၊ ခါးကြားက သေနတ်ကို ဆွဲထုတ်၊ ဆိုင်မျက်နှာကျက်ဆီ သေနတ်တချက်
ပစ်ဖေါက်ပြီး… ” ဟာသ လာမလုပ်နဲ့ နော်၊ ကျုပ်ကို ဘာကောင်များ မှတ်နေလဲ၊ အားလုံး ဒုက္ခရောက်သွားမယ် ” လို့ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်၊
နောက်ထပ် ” အခု ကျုပ် ဘီယာ ထပ်သောက်မယ်၊ သုံးခွက် ပြည့်လို့ ၊ ဆိုင်ပြင်မှာ ကျုပ်မြင်း မတွေ့ ရင်၊ အရင် မြို့မှာ လုပ်ခဲ့သလိုမျိုး ကျုပ်လုပ်မှာ နော် ”
ဆိုင်ထဲက ပြဿနာ မဖြစ်ချင်တဲ့ လူတချူ ိ့… တိတ်တဆိတ် ထွက်ခွာသွားကြပါတယ်။ ကောင်းဘွိုင်လည်း ဘီယာ သုံးခွက်သောက်ပြီးချိန် ၊ ဆိုင်ပြင် ပြန်ထွက်ကြည့်တော့ သူ့မြင်းကို ချည်တိုင်မှာ ပြန်တွေ့ရတယ်။
ဒါနဲ့ ကောင်တာပြန်လာ ပိုက်ဆံရှင်းဖို့ လုပ်တုန်း …ကောင်တာက လူက မေးလိုက်ပါတယ်… ” ဆောရီးဆြာ၊ တခုလောက် မေးပါရစေ၊ မြင်းပြန်မရ ရင် အရင်မြို့ မှာတုန်း က ဆြာ ဘယ်လို လုပ်ခဲ့ပါသလဲ ဟင် ”
ကောင်းဘွိုင်လည်း ခပ်ချေချေ ပြုံးလိုက်ပြီး…” အရင်မြို့ တုန်းကလား ? မြင်း ပြန်မရတော့ လည်း ခြေလျင်လျှောက်ပြီးပြန်ခဲ့ တာပေါ့ ဗျာ ”
တစ်ခါ တစ်ခါ ကျနော်တို့ တစ်တွေလည်း ဘဝ မှာ ကြုံတွေ့ ရတဲ့ အခက်အခဲတွေ ကို ဖြေရှင်း တဲ့အခါမှာ… ရုပ်တည်ကြီး နဲ့ လုပ်စားလိုက်မှ ပြေလည်သွားနိုင်ကြောင်း သင်ခန်းစာ ရ မိလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*