ဂျက်မားဆိုတာ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတစ်ဦးဖြစ်ပြီး သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ၂၉.၇ ဘီလျံ ဒေါ်လာအထိ ရှိပါတယ်။ ငယ်စဉ်ဘဝကတည်းက ရုန်းကန်လာခဲ့တဲ့ ဂျက်မားဟာ
အာလီဘာဘာ ကုမ္ပဏီကို တည်ထောင်ပြီး ခုလိုကြွယ်ဝ ချမ်းသာလာအောင် ဘယ်လိုအချက်တွေက လုပ်ပေးခဲ့ပါသလဲ…?
(၁) ငြင်းပယ်မှုများကို ခံနိုင်စွမ်း ရှိပါ…
ဂျက်မားဟာ ကောလိပ်ကျောင်းပြီးတဲ့နောက်မှာ အလုပ်ပေါင်း (၃၀) ကျော် လျှောက်ခဲ့ပါတယ်။ တစ်ခုမှ သူ့ကို မရွေးပါဘူး။ KFC မှာ အလုပ်လျှောက်တော့… ၂၄ ယောက်မှာ ၂၃ ယောက်ကို ရွေးပါတယ်။ ကျန်ခဲ့တဲ့ တစ်ယောက်ကတော့…
ဂျက်မားပါ။ ရဲ လုပ်မယ်ဆိုပြီး လျှောက်ပြန်တော့… ငါးယောက်မှာ လေးယောက်ကို ရွေးပါတယ်။ ကျန်ခဲ့တဲ့သူကတော့… ဂျက်မားပါပဲ။ ဟားဗတ်ကို ၁၁ ကြိမ်လျှောက်ပြီး ၁၁ ကြိမ်လုံး ပယ်ချ ခံခဲ့ရပါတယ်။
(၂) အိမ်မက်များ အမြဲ ရှင်သန်နေပါစေ…
ဂျက်မားပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကတော့… “အိမ်မက်တွေ အမြဲ ရှင်သန်နေပါစေ” ပဲ ဖြစ်ပါတယ်။ ဘယ်တော့မှ ကိုယ့်ရဲ့ အရှိန်ကို မလျော့လိုက်ပါနဲ့လို့ ဆိုပါတယ်။
(၃) လုပ်ငန်းခွင်အတွင်း culture အပေါ် အာရုံစိုက်ပါ…
ဂျက်မားက… သူ့ကုမ္ပဏီမှာ ဝန်ထမ်း ၈၀ ရှိရာကနေပြီး ၂၀၀၀၀ အထိ ရှိလာပေမယ်လို့ သူတို့ရဲ့ Culture အပေါ်မှာ အာရုံ စူးစိုက်ထားတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေဟာ အဖွဲ့အစည်းရဲ့
Mission နဲ့ Value ကို သေချာစွာ သိနားလည်ပြီး ပိုက်ဆံအတွက် အလုပ်လုပ်နေတာဆိုတဲ့ အတွေးထက် ပိုတွေးတတ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
(၄) အထင်အမြင်သေးတဲ့ စကားတွေကို မသိကျေးကျွန်ပြုပါ…
AliPaid ဆိုတဲ့ အိုင်ဒီယာကို စပြောတုန်းက… လူတွေက မဖြစ်နိုင်ပါဘူး၊ ရှုံးကို ရှုံးမှာလို့ ဝိုင်းပြောကြတယ်။ ခုကျတော့… AliPaid ကို သုံးစွဲသူပေါင်းက သန်း ၈၀၀ ရှိနေပါပြီလို့ ဆိုပါတယ်။
(၅) စိတ်ဓာတ် တက်ကြွအောင် နေပါ…
ဂျက်မားဟာ ရုပ်ရှင် ဗီဒီယိုတွေကြည့်ပြီးတော့… စိတ်ဓာတ်ခွန်အားဖြည့်ပါတယ်။ သူက Body Guard ဇာတ်ကားကြည့်ပြီး… ဘယ်လိုဟောပြောရမလဲဆိုတာ သင်ယူခဲ့တယ်၊ Forest Gump ဇာတ်ကားကြည့်ပြီး စိတ်ခွန်အား ရယူခဲ့တယ်လို့ ပြောပါတယ်။
(၆) တခုကို စူးစူးစိုက်စိုက် လုပ်ပါ… ကျန်တာတွေကို ငြင်းပယ်ပါ
အခွင့်အရေးဆိုတာ အမြဲပေါ်နေတာပါ… အခွင့်အရေးပေါ်သမျှ လိုက်ပြီး ယူနေမယ်ဆိုရင် ဂျက်မားအတွက်တော့… တစ်နေ့ကို အခွင့်အရေးပေါင်း ၅၀၀၀ လောက်ရနေမှာပါပဲ။ ဒါပေမယ့် ဆုတ်ကိုင်ထားတဲ့ အခွင့်အရေးတစ်ခုပေါ်မှာ အာရုံ စူးစိုက်ဖို့ လိုပါတယ်။
(၇) ကုမ္ပဏီ နာမည်ကို ကောင်းကောင်းရွေးပါ…
ဂျက်မားက သူ့ရဲ့ကုမ္ပဏီနာမည် ရွေးခဲ့ပုံကို ပြောပြပါတယ်… “ကုမ္ပဏီနာမည်ကို ကျွန်တော် ရက်တော်တော်ကြာအောင် စဉ်းစားရတယ်ဗျ။ တစ်နေ့ ကျွန်တော် ဆန်ဖရန်ဆစ္စကိုရဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ရှိနေတုန်း…
အာလီဘာဘာ ကို သွားစဉ်းစားမိတယ်။ အင်တာနတ်ဆိုတာ ကမ္ဘာ့တခုလုံးနဲ့ ဆိုင်တယ်လေ။ အဲလိုပဲ ကုမ္ပဏီနာမည်ကိုလဲ ကမ္ဘာသိ နာမည်ရွေးရမယ်။ အဲဒါနဲ့ ဆိုင်က စာပွဲထိုးလေးကို မေးကြည့်တယ်… အာလီဘာဘာ ဆိုတာ သိလား။
သူက သိတယ်လေ… အိုးပန်းဆက်စမီလို့ ပြန်ဖြေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကထွက်ပြီးတော့… မြင်တဲ့ လူ ၂၀ လောက်ကို လိုက်မေးတယ်။ အာလီဘာဘာဆိုတာ သိလားလို့။ အားလုံးက သိတယ်တဲ့။ အဲလိုနဲ့ နာမည်ကောင်းတစ်ခုကို ရခဲ့တယ်။
(၈) ဖောက်သည်တွေက နံပါတ်တစ်…
ဂျက်မားက “ ဖောက်သည် ဆိုတာ ကျွန်တော့်အတွက် နံပါတ် တစ်ပါပဲ။ နံပါတ်နှစ်ကတော့ ဝန်ထမ်းတွေပါ။ နံပါတ်သုံးကတော့ အစု ရှယ်ယာပိုင်ရှင်တွေပါ။ ဖောက်သည်တွေ ပိုက်ဆံပေးတယ်၊ ဝန်ထမ်းတွေက
လုပ်ငန်း ကြီးထွားအောင် လုပ်ပေးတယ်။ ရှယ်ယာရှင်တွေကတော့ နောက်တစ်ရက် Crisis ဖြစ်မယ်လို့ ကြားတာနဲ့ ကိုယ့်ဆီက ထွက်သွားမှာပဲ။ အဲဒီအချိန်မှာ ဖောက်သည်နဲ့ ဝန်ထမ်းပဲ ကိုယ့်ဆီမှာ ကျန်ခဲ့မှာ” လို့ ပြောပါတယ်။
(၉) အပြစ်တွေ ရှာမယ့်အစား အခွင့်အလမ်းတွေ ရှာပါ…
လူတွေက အပြစ်တွေ တင်တတ်ကြတယ်။ တချို့က အပြစ်တင်တယ်။ တစ်ချို့က ပြောင်းလဲလာတယ်။ တချို့က… အဲဒီ အပြစ်တွေကို အခွင့်အလမ်းတွေအဖြစ် မြင်ကြတယ်။ တကယ်တော့…
အပြစ်တင်စရာရှိတဲ့နေရာ၊ ပြဿနာရှိတဲ့နေရာ ဆိုတာက အခွင့်အလမ်းရှိတဲ့ နေရာဖြစ်တယ်လို့ ဂျက်မားက ပြောပါတယ်။
(၁၀) ပထမဆုံး စတင်တဲ့နေ့မှာပဲ ရည်မှန်းချက်ကြီးကြီးထားပါ…
ဂျက်မားဟာ ကိုယ်တိုင် ရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ် တက်ကြွယုံမက… သူ့ရဲ့ဝန်ထမ်းတွေကိုလည်း စိတ်ဓာတ် မြှင့်တင်ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။