(၁) ဆန်
(၂) နို့မှုန့်
(၃) ပဲငံပြာရည် အနောက်
(၄) မေပယ်သကာ
(၅) ပဲကတ္တီပါ အခြောက်
(၆) ဆား
(၇) အရက် အပြင်းစားများ
(၈) ရှာလကာရည်
(၉) သကြား
(၁၀) ပျားရည်
Unicode
ရက်လွန်နေရင်တောင် စားလို့ရတဲ့ အစားအစာ (၁၀) မျိုး
ရက်လွန် အစားအစာတွေကို စားသောက်တာက အလွန်ကို အန္တရာယ်များပါတယ်။ ဒါပေမယ့်… တချို့အစားအစာတွေက နှစ်ပေါင်းများစွာ ကြာအောင်ထားပြီးမှ စားရင်တောင် ဘာမှအန္တရာယ် မဖြစ်ပါဘူးနော်။
(၁) ဆန်
ဆန်ကို သိုလှောင်ထားဖို့ အကောင်းဆုံး အပူချိန်ကတော့… ၄.၅’C ဖြစ် ပါ တယ်။ ဆန်ကို ပလက်စတစ်ပုံး သို့မဟုတ် ဖန်ဘူးတွေထဲ ထည့်သိမ်းထားတာ ပို ကောင် းပါ တယ်။ လေ့လာချက်တွေအရ…
ပြုတ်ဆန်နဲ့ ဆန်ချောကို နှစ်ပေါင်း ၃၀ကြာ သိမ်းထားရင်တောင်… အာဟာရဓါတ်တွေ မဆုံးရှုံးသွားဘူးလို့ ပြော ပါ တယ်။
(၂) နို့မှုန့်
ကျန်းမာရေးနဲ့ သင့်တော်တဲ့ ထောက်ခံချက်တွေ ရှိတဲ့ နို့မှုန့်တွေကို လေလုံတဲ့ ဘူးထဲမှာ သိမ်းထားရင်… နှစ်ပေါင်းများစွာကြာအောင် သုံး လို့ ရ ပါ တယ်။
(၃) ပဲငံပြာရည် အနောက်
ဘူးကို သေသေချာချာ ပိတ်ထားရင် ၃ နှစ်အထိ ထား နိုင် ပါ တယ်။ ဒါပေမယ့် ပဲငံပြာရည်ရဲ့ အရည်အသွေး၊ သိမ်းထားတဲ့ အခန်းရဲ့ အပူချိန် တို့အပေါ်လည်း မူ တည် ပါသေးတယ်။
(၄) မေပယ်သကာ
မန်ဆာချူးဆက်မေပယ် ထုတ်လုပ်သူများ အသင်းရဲ့ အဆိုအရ… ဘူး အဖုံး မဖွင့်ရသေးတဲ့ မေကယ်သကာကို အချိန် အကန့်အသတ် မရှိ သိမ်းထားလို့ ရ ပါတယ်။ ဘူး အဖုံးကို ဖွင့်လိုက်တယ် ဆိုရင်တောင်… ရေခဲသေ တ္တာထဲမှ သိမ်းထားရင် နှစ်ပေါင်းများစွာ သုံး လို့ ရပါတယ်။
(၅) ပဲကတ္တီပါ အခြောက်
ပဲကတ္တီပါခြောက် ကို နှစ်ပေါင်း ၃၀ကြာ သိမ်းထားရင်… ပုံသဏ္ဍာန်တော့ ပြောင်းရင် ပြောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အရေးပေါ် အခြေအနေမှာ သုံးလို့ ရသေးတယ် လို့
Brigham Young University က သုတေသီတွေက ပြောပါတယ်။ တခြားပဲတွေကို နှစ်ပေါင်း ၃၀ကြာအောင် သိမ်းထားရင်လည်း အသုံးပြုလို့ ရပါသေးတယ်။
(၆) ဆား
ဆားက တကယ်တော့… သတ္ထုဓါတ် ပါဝင်တဲ့ အရာပါ။ အဲဒါကြောင့် ပုပ်သိုးသွားဖို့ မဖြစ်နိုင်ပါဘူး။ ဆားက ရေကို လျင်လျင်မြန်မြန် စုပ်ယူနိုင်ပါတယ်။ ဒါပေမယ့်
ဆားက ဆား အဖြစ် အမြဲ ကျန်ရစ် ပါတယ်။ ဒါပေမယ့် အိုင်အိုဒင်းဆားက… တစ်နှစ်ပဲ သက်တမ်း ရှိပါတယ်။ စားပွဲတင်ဆားကိုတော့ အချိန်ကြာကြာ သိမ်းထားနိုင်ပါတယ်။
(၇) အရက် အပြင်းစားများ
ဗော့ဒ်ကာ၊ ဝီစကီ၊ ရမ်၊ ကော့ညက်တို့မှာ expiration date မ ရှိ ပါဘူး။ အေးပြီး အလင်းရောင် မရတဲ့နေရာမှာ အလုံပိတ် ပုလင်းတွေနဲ့ ပိတ်ထားဖို့ပဲ လို တာပါ။
(၈) ရှာလကာရည်
အဖြူရောင် ရှာလကာရည်မှာလည်း expiration date မ ရှိ ပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ အပူချိန်မှာ သေသေချာချာ သိမ်းထားဖို့တော့ လိုပါတယ်။ ရှာလကာရည်ကို အချိန်ကြာကြာ သိမ်းထားချင်ရင်တော့… အေးပြီး အလင်းရောင် မရတဲ့နေရာမှာ သိမ်းထားလို့ ရ ပါတယ်။
(၉) သကြား
သကြားကို လေလုံတဲ့ ဘူးထဲမှာ သိမ်းထားတဲ့အခါ… အချိန် အကန့်အသတ်မရှိ အသုံးပြုလို့ရပါတယ်။ သကြားက ရေတွေကို စုပ်ယူပြီး ခဲသွားရင်တောင်… အာနိသင်က ပျောက်မသွားပါဘူး။
(၁၀) ပျားရည်
ပျားရည် ကိုလည်း နှစ်ပေါင်းများစွာ သိမ်းထားလို့ ရပါတယ်။ ပျားရည်ထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်နိုင်ဖို့ အလွန့်အလွန်ကို ခက်ခဲပါတယ်။
ခရက်ဒစ်#Zombie(LoveMedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*