စီးပြားေရးသမားစဥ္းစားပံုနဲ႔ သာမန္လူတို႕၏ စဥ္းစားပုံခ်င္း မတူကြဲျပားပံု

စီးပြားေရးသမားစဥ္းစားပံုနဲ႔ သာမန္လူတို႕၏ စဥ္းစားပုံခ်င္း မတူကြဲျပားပံု
စီးပြားေရးသမားစဥ္းစားပံုနဲ႔ သာမန္လူတို႕၏ စဥ္းစားပုံခ်င္း မတူကြဲျပားပံု

စီးပြားေရးသမားစဥ္းစားပံုနဲ႔ သာမန္လူတို႕၏ စဥ္းစားပုံခ်င္း မတူကြဲျပားပံု

ေဝါလ္မတ္ (Walmart) ေစ်းဆိုင္ႀကီးမွာ စားစရာ အသားေတြ ရက္လြန္ေတာ့… အမိႈက္ပုံးမွာ ပစ္ဖို႔ မန္ေနဂ်ာႀကီးက ညႊန္ၾကားလိုက္တယ္။ အလုပ္သမားေတြလည္း ခိုင္းတ့ဲအတိုင္း မၾကာခဏ လုပ္ၾကရတယ္။

အခိုင္းခံရတ့ဲအလုပ္သမားတေယာက္က ဘယ္လိုစဥ္းစားလဲဆိုေတာ့… “ဘာလို႔ ပစ္လိုက္တာလဲ၊ မ႐ိွတ့ဲသူေတြကိုု ေပးလိုက္ရင္ သိတ္ေကာင္းမွာပဲ” လို႔ စဥ္းစားတယ္။ တေန႔… ရက္လြန္ အသားေတြ သူတို႔ကို ပစ္ခိုင္းေနစဥ္

အရာ႐ိွတေယာက္ ေစာင့္ၾကည့္ေနတယ္။ သိခ်င္စိတ္ ခိုးလို႔ခုလု ျဖစ္ေနတ့ဲ အလုပ္သမားက… “ဘာလို႔ ဒီအသားေတြ ပစ္လိုက္တာလဲ… ဆင္းရဲသားေတြကို ေပးလိုက္ပါလား” လို႔ အဲဒီအရာ႐ိွကို ေမးလိုက္တယ္။

အရာ႐ိွက သူ႔ကို ျပန္ၾကည့္ၿပီး “အသားေတြ အလကား ေပးလိုက္ရင္ တို႔ဆိုင္မွာ ဝယ္တ့ဲသူေတြ ေလွ်ာ့သြားမွာေပါ့” လို႔ ေအးေအးေဆးေဆး ျပန္႐ွင္းျပတယ္။ အလုပ္သမားခမ်ာ ပိုၿပီးနားမလည္ ျဖစ္သြားတယ္။

“ ဒါဆို ဆင္းရဲတ့ဲသူေတြကို လွဴလိုက္ပါလား” လို႔ သူက အကြန္႔တက္ၾကည့္တယ္။ “အသားေတြက ရက္လြန္ေနတ့ဲ အသားေတြ ျဖစ္တယ္။ အလကားပဲ ေပးေပး၊ လွဴပဲ လွဴလွဴ ဥပေဒနဲ႔ မညီဘူး… အဲဒါ မင္းမွတ္ထား” လို႔ ေျပာၿပီး သူ႔ကို ေသေသခ်ာခ်ာ ၾကည့္တယ္။

“ခုလည္း မင္းတို႔ကို မယုံလို႔ ေစာင့္ေနတာကြ”လို႔ ေလသံ အနည္းငယ္ျမွင့္ၿပီး ေျပာလိုက္တယ္။ “မင္းမွတ္ထား… ေစ်းေရာင္းတယ္ဆိုတာ ေရာင္းမရရင္ အ႐ံႈးခံရတယ္။ ဘယ္ေတာ့မွ အလကား မေပးရဘူး။

လွဴခ်င္ရင္ ေစ်းမေရာင္းနဲ…႔ ေစ်းေရာင္းေနရင္းနဲ႔လည္း မလွဴနဲ႔” လို႔ ခတ္ျပတ္ျပတ္ေျပာၿပီး လုပ္စရာကို ျမန္ျမန္ ၿပီးေအာင္လုပ္ဖို႔ ညႊန္ၾကားလိုက္တယ္။

ေအာင္ျမင္တ့ဲ စီးပြားေရးသမားတိုင္းဟာ… လွဴျခင္း၊ အလကားေပးျခင္းနဲ႔ ေရာင္းခ်ျခင္းဆိုတ့ဲ အကန္႔ကို ေရာေထြးၿပီး မစဥ္းစားပါ။ အလွဴလုပ္တာက သီးျခားျဖစ္တယ္။ စီးပြားျပဳေနတ့ဲ လုပ္ငန္းခြင္ဟာ အလွဴမ႑တ္ မဟုတ္။ စီးပြားျပဳေနတ့ဲ ကုန္စည္ဟာလည္း

အလွဴပစၥည္း မဟုတ္ပါ။ လွဴျခင္းက… လူမႈေရးနယ္ပယ္ရဲ႕ တေနရာမွာ႐ိွတယ္။ လွဴဒါန္းျခင္းဟာ… ဘာသာေရး နယ္ပယ္ထဲက အကန္႔ငယ္တခုလည္း ျဖစ္တယ္။ စီးပြားျပဳျခင္းက ေငြ႐ွာျခင္း ျဖစ္တယ္။ စီးပြားျပဳျခင္းဟာ အလုပ္လုပ္ျခင္း ျဖစ္တယ္။

စီးပြားျပဳျခင္းဟာ… စားဝတ္ ေနေရးဆိုတ့ဲ ဘဝသစ္ပင္ကို ေရေလာင္းေနျခင္း ျဖစ္တယ္။ စီးပြားျပဳျခင္းနဲ႔ ဘဝရပ္တည္ျခင္းက တိုက္႐ိုက္ဆက္စပ္တယ္။ စီးပြားပ်က္ရင္ ဘဝအိမ္ပ်က္တယ္။ စီးပြားက်ျခင္းဟာ ဘဝရပ္တည္မႈက်ျခင္းနဲ႔ တထပ္တည္း ျဖစ္တယ္။

စီးပြားေရးသမားက လူမႈေရးနဲ႔ စီးပြားေရးကို တကန္႔စီ စဥ္းစားတယ္

သာမန္လူေတြက စီးပြားေရးနဲ႔ လူမႈေရးကို ေရာၿပီးစဥ္းစားတယ္။ လူမႈေရးေၾကာင့္ စီးပြားပ်က္သြားႏိုင္တ့ဲ လမ္းေၾကာင္းေတြကို သာမန္လူေတြ ျမင္ေလ့ မ႐ိွၾက။ လူမႈေရးေၾကာင့္ စီးပြားေရးလမ္းေၾကာင္း ေပ်ာက္သြားႏိုင္တ့ဲအခ်က္ကိုလည္း

မျမင္တတ္ၾက။ စီးပြားေရးသမားက… လူမႈေရးကို စီးပြားေရးနဲ႔ ေရာေထြး စဥ္းစားေလ့ မ႐ိွပါ။ သူတို႔က လွဴခ်င္လွ်င္ သီးသန္႔လွဴတယ္။ သူတို႔က စီးပြားေရးနဲ႔ ေရာေထြး လွဴဒါန္းတ့ဲ ဒါနမ်ဳိး မျပဳလုပ္ၾက။

စီးပြားေအာင္ျမင္လွ်င္ လူမႈေရးအတြက္ အေ႐ြ႕မ်ားစြာကို စိတ္တိုင္းက် ေ႐ြ႕ႏိုင္တယ္။ စီးပြားေရး ေလွာ္တက္က ဘဝေလွကို ေ႐ြ႕ေစတယ္။ စီးပြားေရး ဘီးက ဘဝကားကို လိမ့္သြားေစတယ္။ စီးပြား မ႐ိွသူဟာ ေလွာ္တက္မပါပဲ ေလွေလွာ္ခ်င္တ့ဲသူနဲ႔ တူတယ္။

ဘီးမပါပဲ ကားကို ေ႐ြ႕ခ်င္သူ ျဖစ္တယ္။ စီးပြားေရးနဲ႔ လူမႈေရး တိုက္႐ိုက္ အခ်ဳိးက်ေနတ့ဲ လူသားကမာၻမွာ စီးပြားျပဳနည္း ပ်က္ေစမ့ဲ မည္သည့္ စဥ္းစားနည္းကိုမွ စီးပြားျပဳသူက မစဥ္းစားပါ။ သာမန္လူ အမ်ားစုဟာ…

လူမႈေရးနဲ႔ စီးပြားေရးရဲ႕ ကြဲျပားေနတ့ဲ ဝိေသသကို နားမလည္ၾက။ ဘဝကိုေတာ့ ေအာင္ျမင္ခ်င္ၾကတယ္။ ေလွာ္တက္မပါပဲ ေလွကို ေ႐ြ႕ေအာင္ ေလွာ္ဖို႔ စဥ္းစားၾကတယ္။ ဒါေၾကာင့္လည္း လက္ေတြ႔ဘဝမွာ မေအာင္မျမင္ ျဖစ္ၾကတယ္။

စိတ္ကူးယဥ္သက္သက္ အေတြးေတြနဲ႔ ေလထဲ တိုက္အိမ္ေဆာက္ၾကတယ္။ စီးပြားျပဳျခင္းနဲ႔ အလုပ္၊ အလုပ္နဲ႔ စီးပြား အျပန္အလွန္ဆက္ႏြယ္ေနတယ္။ ေရာင္းေနတ့ဲပစၥည္း ေရာင္းမရလို႔ ႐ံႈးတယ္ဆိုတာ ေငြ႐ံႈးတာ ျဖစ္တယ္။ ဒါေပမယ့္ နာမည္ ႐ံႈး မသြားပါ။

ေငြ႐ံႈးရင္ ေငြျပန္ရလာေအာင္ တနည္းနည္းနဲ႔ လုပ္လို႔ရတယ္။ နာမည္ ႐ံႈးရင္ေတာ့… ဘာလုပ္ငန္းမွ လုပ္မရေတာ့ပါ။ ဒါဟာ ဘဝကိုသတ္လိုက္ျခင္း ျဖစ္တယ္။ ေစ်းေရာင္းတယ္ ဆိုတာ… ဝယ္သူ႐ိွမွ ေအာင္ျမင္တယ္။ ဝယ္သူမ်ားရင္ ေစ်းကြက္ႀကီးတယ္။

ဒါေၾကာင့္ လုပ္ငန္း ေအာင္ျမင္ေအာင္ ေၾကာ္ျငာတ့ဲအခါ… နမူနာ ေပးျခင္းမွအပ က်န္တ့ဲအခ်ိန္ေတြမွာ ဘယ္ေတာ့မွ အလကား မေပးပါ။ ေစာင့္ထိန္းသင့္တ့ဲ စည္းေတြကို ေစာင့္ထိန္းမွသာ ေရ႐ွည္အတြက္ စီးပြားေအာင္ျမင္တယ္။ သာမန္လူေတြလို စဥ္းစားရင္… သာမန္လူဘဝမွာသာ က်င္လည္ေနမယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

စီးပွားရေးသမားစဉ်းစားပုံနဲ့ သာမန်လူတို့၏ စဉ်းစားပုံချင်း မတူကွဲပြားပုံ

ဝေါလ်မတ် (Walmart) ဈေးဆိုင်ကြီးမှာ စားစရာ အသားတွေ ရက်လွန်တော့… အမှိုက်ပုံးမှာ ပစ်ဖို့ မန်နေဂျာကြီးက ညွှန်ကြားလိုက်တယ်။ အလုပ်သမားတွေလည်း ခိုင်းတဲ့အတိုင်း မကြာခဏ လုပ်ကြရတယ်။

အခိုင်းခံရတဲ့အလုပ်သမားတယောက်က ဘယ်လိုစဉ်းစားလဲဆိုတော့… “ဘာလို့ ပစ်လိုက်တာလဲ၊ မရှိတဲ့သူတွေကို ပေးလိုက်ရင် သိတ်ကောင်းမှာပဲ” လို့ စဉ်းစားတယ်။ တနေ့… ရက်လွန် အသားတွေ သူတို့ကို ပစ်ခိုင်းနေစဉ်

အရာရှိတယောက် စောင့်ကြည့်နေတယ်။ သိချင်စိတ် ခိုးလို့ခုလု ဖြစ်နေတဲ့ အလုပ်သမားက… “ဘာလို့ ဒီအသားတွေ ပစ်လိုက်တာလဲ… ဆင်းရဲသားတွေကို ပေးလိုက်ပါလား” လို့ အဲဒီအရာရှိကို မေးလိုက်တယ်။

အရာရှိက သူ့ကို ပြန်ကြည့်ပြီး “အသားတွေ အလကား ပေးလိုက်ရင် တို့ဆိုင်မှာ ဝယ်တဲ့သူတွေ လျှော့သွားမှာပေါ့” လို့ အေးအေးဆေးဆေး ပြန်ရှင်းပြတယ်။ အလုပ်သမားခမျာ ပိုပြီးနားမလည် ဖြစ်သွားတယ်။

“ ဒါဆို ဆင်းရဲတဲ့သူတွေကို လှူလိုက်ပါလား” လို့ သူက အကွန့်တက်ကြည့်တယ်။ “အသားတွေက ရက်လွန်နေတဲ့ အသားတွေ ဖြစ်တယ်။ အလကားပဲ ပေးပေး၊ လှူပဲ လှူလှူ ဥပဒေနဲ့ မညီဘူး… အဲဒါ မင်းမှတ်ထား” လို့ ပြောပြီး သူ့ကို သေသေချာချာ ကြည့်တယ်။

“ခုလည်း မင်းတို့ကို မယုံလို့ စောင့်နေတာကွ”လို့ လေသံ အနည်းငယ်မြှင့်ပြီး ပြောလိုက်တယ်။ “မင်းမှတ်ထား… ဈေးရောင်းတယ်ဆိုတာ ရောင်းမရရင် အရှုံးခံရတယ်။ ဘယ်တော့မှ အလကား မပေးရဘူး။

လှူချင်ရင် ဈေးမရောင်းနဲ…့ ဈေးရောင်းနေရင်းနဲ့လည်း မလှူနဲ့” လို့ ခတ်ပြတ်ပြတ်ပြောပြီး လုပ်စရာကို မြန်မြန် ပြီးအောင်လုပ်ဖို့ ညွှန်ကြားလိုက်တယ်။

အောင်မြင်တဲ့ စီးပွားရေးသမားတိုင်းဟာ… လှူခြင်း၊ အလကားပေးခြင်းနဲ့ ရောင်းချခြင်းဆိုတဲ့ အကန့်ကို ရောထွေးပြီး မစဉ်းစားပါ။ အလှူလုပ်တာက သီးခြားဖြစ်တယ်။ စီးပွားပြုနေတဲ့ လုပ်ငန်းခွင်ဟာ အလှူမဏ္ဍတ် မဟုတ်။ စီးပွားပြုနေတဲ့ ကုန်စည်ဟာလည်း

အလှူပစ္စည်း မဟုတ်ပါ။ လှူခြင်းက… လူမှုရေးနယ်ပယ်ရဲ့ တနေရာမှာရှိတယ်။ လှူဒါန်းခြင်းဟာ… ဘာသာရေး နယ်ပယ်ထဲက အကန့်ငယ်တခုလည်း ဖြစ်တယ်။ စီးပွားပြုခြင်းက ငွေရှာခြင်း ဖြစ်တယ်။ စီးပွားပြုခြင်းဟာ အလုပ်လုပ်ခြင်း ဖြစ်တယ်။

စီးပွားပြုခြင်းဟာ… စားဝတ် နေရေးဆိုတဲ့ ဘဝသစ်ပင်ကို ရေလောင်းနေခြင်း ဖြစ်တယ်။ စီးပွားပြုခြင်းနဲ့ ဘဝရပ်တည်ခြင်းက တိုက်ရိုက်ဆက်စပ်တယ်။ စီးပွားပျက်ရင် ဘဝအိမ်ပျက်တယ်။ စီးပွားကျခြင်းဟာ ဘဝရပ်တည်မှုကျခြင်းနဲ့ တထပ်တည်း ဖြစ်တယ်။

စီးပွားရေးသမားက လူမှုရေးနဲ့ စီးပွားရေးကို တကန့်စီ စဉ်းစားတယ်

သာမန်လူတွေက စီးပွားရေးနဲ့ လူမှုရေးကို ရောပြီးစဉ်းစားတယ်။ လူမှုရေးကြောင့် စီးပွားပျက်သွားနိုင်တဲ့ လမ်းကြောင်းတွေကို သာမန်လူတွေ မြင်လေ့ မရှိကြ။ လူမှုရေးကြောင့် စီးပွားရေးလမ်းကြောင်း ပျောက်သွားနိုင်တဲ့အချက်ကိုလည်း

မမြင်တတ်ကြ။ စီးပွားရေးသမားက… လူမှုရေးကို စီးပွားရေးနဲ့ ရောထွေး စဉ်းစားလေ့ မရှိပါ။ သူတို့က လှူချင်လျှင် သီးသန့်လှူတယ်။ သူတို့က စီးပွားရေးနဲ့ ရောထွေး လှူဒါန်းတဲ့ ဒါနမျိုး မပြုလုပ်ကြ။

စီးပွားအောင်မြင်လျှင် လူမှုရေးအတွက် အရွေ့များစွာကို စိတ်တိုင်းကျ ရွေ့နိုင်တယ်။ စီးပွားရေး လှော်တက်က ဘဝလှေကို ရွေ့စေတယ်။ စီးပွားရေး ဘီးက ဘဝကားကို လိမ့်သွားစေတယ်။ စီးပွား မရှိသူဟာ လှော်တက်မပါပဲ လှေလှော်ချင်တဲ့သူနဲ့ တူတယ်။

ဘီးမပါပဲ ကားကို ရွေ့ချင်သူ ဖြစ်တယ်။ စီးပွားရေးနဲ့ လူမှုရေး တိုက်ရိုက် အချိုးကျနေတဲ့ လူသားကမ္ဘာမှာ စီးပွားပြုနည်း ပျက်စေမဲ့ မည်သည့် စဉ်းစားနည်းကိုမှ စီးပွားပြုသူက မစဉ်းစားပါ။ သာမန်လူ အများစုဟာ…

လူမှုရေးနဲ့ စီးပွားရေးရဲ့ ကွဲပြားနေတဲ့ ဝိသေသကို နားမလည်ကြ။ ဘဝကိုတော့ အောင်မြင်ချင်ကြတယ်။ လှော်တက်မပါပဲ လှေကို ရွေ့အောင် လှော်ဖို့ စဉ်းစားကြတယ်။ ဒါကြောင့်လည်း လက်တွေ့ဘဝမှာ မအောင်မမြင် ဖြစ်ကြတယ်။

စိတ်ကူးယဉ်သက်သက် အတွေးတွေနဲ့ လေထဲ တိုက်အိမ်ဆောက်ကြတယ်။ စီးပွားပြုခြင်းနဲ့ အလုပ်၊ အလုပ်နဲ့ စီးပွား အပြန်အလှန်ဆက်နွယ်နေတယ်။ ရောင်းနေတဲ့ပစ္စည်း ရောင်းမရလို့ ရှုံးတယ်ဆိုတာ ငွေရှုံးတာ ဖြစ်တယ်။ ဒါပေမယ့် နာမည် ရှုံး မသွားပါ။

ငွေရှုံးရင် ငွေပြန်ရလာအောင် တနည်းနည်းနဲ့ လုပ်လို့ရတယ်။ နာမည် ရှုံးရင်တော့… ဘာလုပ်ငန်းမှ လုပ်မရတော့ပါ။ ဒါဟာ ဘဝကိုသတ်လိုက်ခြင်း ဖြစ်တယ်။ ဈေးရောင်းတယ် ဆိုတာ… ဝယ်သူရှိမှ အောင်မြင်တယ်။ ဝယ်သူများရင် ဈေးကွက်ကြီးတယ်။

ဒါကြောင့် လုပ်ငန်း အောင်မြင်အောင် ကြော်ငြာတဲ့အခါ… နမူနာ ပေးခြင်းမှအပ ကျန်တဲ့အချိန်တွေမှာ ဘယ်တော့မှ အလကား မပေးပါ။ စောင့်ထိန်းသင့်တဲ့ စည်းတွေကို စောင့်ထိန်းမှသာ ရေရှည်အတွက် စီးပွားအောင်မြင်တယ်။ သာမန်လူတွေလို စဉ်းစားရင်… သာမန်လူဘဝမှာသာ ကျင်လည်နေမယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*