“ခ်မ္းသာေအာင္ႀကိဳးစား… ဒီႏိုင္ငံမွာ ဆင္းရဲရင္ ႏွိပ္စက္ၾကလိမ့္မယ္ တဲ့…”

"ခ်မ္းသာေအာင္ႀကိဳးစား... ဒီႏိုင္ငံမွာ ဆင္းရဲရင္ ႏွိပ္စက္ၾကလိမ့္မယ္ တဲ့..."
"ခ်မ္းသာေအာင္ႀကိဳးစား... ဒီႏိုင္ငံမွာ ဆင္းရဲရင္ ႏွိပ္စက္ၾကလိမ့္မယ္ တဲ့..."

“ခ်မ္းသာေအာင္ႀကိဳးစား… ဒီႏိုင္ငံမွာ ဆင္းရဲရင္ ႏွိပ္စက္ၾကလိမ့္မယ္ တဲ့…”

Rangoon Tea House မွာ ဒန္ေပါက္တစ္ပြဲ ၁၂ ေဒၚလာ၊ မုန္႔ဟင္းခါးတစ္ပြဲ ၆ ေဒၚလာ၊ ေရာင္းတဲ့သူကလည္း ေရာင္းတယ္ လာစားတဲ့သူကလည္း စားႏိုင္တဲ့ လူတန္းစားေတြ။

အဲ့ေတာ့.. ဘာမွျပသနာ မရွိဘူး။ အဲ့လိုပဲ .. ဝင္ဒါမီယာ၊ ဥယ်ာဥ္လမ္းထဲက အ မ က ေက်ာင္းထဲမွာတဲထိုးၿပီး ေရာင္းေနတဲ့ ေဒၚႏွင္းဆီ မုန္႔ဟင္းခါး၊ တစ္ပြဲကို အေၾကာ္စုံ၊ငါးဖယ္၊ အိုးဘဲဥ၊ ငါးသေလာက္ဥနဲ႔ဆို ၁၂၀၀၀ ေလာက္ရွိမယ္၊

ေရာင္းလာတာ ႏွစ္ ၂၀ ေလာက္ရွိၿပီ၊ လာစားတဲ့ လူတန္းစားကလည္း စားႏိုင္တဲ့ လူတန္းစား၊ ဘာျပသနာမွ မရွိခဲ့ဘူး။ ဒီႏွစ္ဆိုင္က အရသာလည္း သိပ္မကြာဘူး၊ ေစ်းလည္း သိပ္မကြာဘူး။

သို႔ေပမယ့္ .. ဟိုတစ္ေလာက ေဒၚႏွင္းဆီဆိုင္မွာ လာစားတဲ့ လူတစ္ေယာက္က တစ္ပြဲတစ္ေသာင္းခြဲတန္ဆိုၿပီး ေဖ့ဘုတ္မွာ တင္ေတာ့ တို႔လူမ်ိဳး ထုံးစံအတိုင္း ဝိုင္းဆဲ ၾကသည္ေပါ့။

ဆဲတဲ့အထဲမွာ ၁၅၀၀၀ ဆိုရင္ တစ္မိသားစုလုံး ႏွစ္ရက္ေလာက္ ထမင္းစားလို႔ရတယ္လို႔ ေျပာတဲ့လူလဲရွိတယ္။ (တကယ္လည္း သူတို႔ မိသားစုက ၁၅၀၀၀ နဲ႔ ႏွစ္ရက္ေလာက္ ထမင္းစားေနရတာလည္း ျဖစ္ခ်င္ျဖစ္မယ္)

ေနာက္ထပ္ဆဲတဲ့ လူတန္းစား တစ္မ်ိဳးက်ေတာ့ Roof Top Bar မွာ Mild seven တစ္ဗူး ၅၅၀၀ ေပးေသာက္တဲ့ လူေတြပါတယ္၊ Brave မွာ ဘလက္တစ္လုံး ၈၀၀၀၀ ေပးေသာက္တဲ့လူေတြလည္း ပါတယ္။

KTV မွာ အသီး ၃ မ်ိဳးေလာက္ ၄ စိတ္ စိတ္ၿပီး ထည့္ထားတဲ့ ပန္းကန္ကို ၇၅၀၀ ေပးၿပီး စားတဲ့ လူေတြလည္းပါတယ္။ ဘာမွန္းမသိ ညာမွန္းမသိနဲ႔ မႈတ္ရ ၿပီးေရာ ဆိုၿပီး ရွီရွားတစ္အိုး တစ္သိန္းေလာက္ ေပးေသာက္တဲ့ အဖြဲ႕ေတြလည္း ပါတယ္။

ေျပာခ်င္တာကေတာ့ ဒီလူေတြ အကုန္လုံးက ဆဲခ်င္လို႔ကို ဝင္ဆဲတာ။ အဆိုေတာ္ ေနဝင္းက .. အိမ့္ခ်စ္ေခ်ာကို ၾကည့္တဲ့အၾကည့္က အင္မတန္ ႏွစ္လိုဖြယ္ေကာင္းၿပီး မိန္းခေလးတိုင္း အားက် ရတယ္။

ဗိုလ္တစ္ေထာင္ ညေစ်းက မုန္႔လင္မယား ေရာင္းတဲ့ အမ်ိဳးသမီးကို သူ႔ေယာက္က်ားက ၾကည့္တာလည္းဒီ အၾကည့္ပဲ။ ဒါေပမယ့္ .. ႏွစ္လိုဖြယ္ မေကာင္းဘူး၊ မိန္းခေလးေတြ ရာႏႈံးျပည့္ အားမက်ဘူး။

အရက္ဖိုး ေတာင္းမလို႔ မ်က္ႏွာခ်ိဳ ေသြးေနတယ္ လို႔ေတာင္ေျပာတဲ့လူ ရွိေသးတယ္။ ေမွာ္ဘီက မရမ္းတလင္းၿခံမွာ ဆရာမင္းသႋခ ေရးထားတဲ့ ဆိုင္းဘုတ္ႀကီး ဖတ္ဖူးတယ္ဘ။ ခ်မ္းသာေအာင္ႀကိဳးစား ဒီႏိုင္ငံမွာ ဆင္းရဲရင္ ႏွိပ္စက္ၾကလိမ့္မယ္တဲ့…

အဲေတာ့ ကိုယ့္ကိုယ့္ ကိုယ္ ခမ္းနားေအာင္သာ တည္ေဆာက္ပါ၊ လူခ်မ္းသာ စိတ္ခ်မ္းသာေအာင္ အၿမဲႀကိဳးစားပါ။ ပိုက္ဆံဆိုတာ ဘာေတြ မဖန္ဆင္းႏိုင္ဘူး ညာေတြ မဖန္ဆင္းႏိုင္ဘူးဆိုတဲ့ ေဗာ္ရွီဘစ္
ဂ်င္းေတြကို သြားမယုံနဲ႔…

ဥပါယ္တံမ်ဥ္ ဇာတ္ကားထဲက ဗီလိမ္ဇာတ္႐ုပ္ သိန္းစိုး ေျပာသလိုပဲ…ခင္ဗ်ား ဆင္းရဲဖူးလား ဆင္းရဲရင္ ဘယ္သူမွေစာက္ဖက္ မလုပ္ဘူးတဲ့…

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

“ချမ်းသာအောင်ကြိုးစား… ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် တဲ့…”

Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ ၁၂ ဒေါ်လာ၊ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ၊ ရောင်းတဲ့သူကလည်း ရောင်းတယ် လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ။

အဲ့တော့.. ဘာမှပြသနာ မရှိဘူး။ အဲ့လိုပဲ .. ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက အ မ က ကျောင်းထဲမှာတဲထိုးပြီး ရောင်းနေတဲ့ ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊ တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊

ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊ လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှ မရှိခဲ့ဘူး။ ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊ ဈေးလည်း သိပ်မကွာဘူး။

သို့ပေမယ့် .. ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး ဖေ့ဘုတ်မှာ တင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။

ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲရှိတယ်။ (တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့ နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်မယ်)

နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့ Roof Top Bar မှာ Mild seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်၊ Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့လူတွေလည်း ပါတယ်။

KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရ ပြီးရော ဆိုပြီး ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့ အဖွဲ့တွေလည်း ပါတယ်။

ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက ဆဲချင်လို့ကို ဝင်ဆဲတာ။ အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့အကြည့်က အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း အားကျ ရတယ်။

ဗိုလ်တစ်ထောင် ညဈေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်းဒီ အကြည့်ပဲ။ ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊ မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။

အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့တောင်ပြောတဲ့လူ ရှိသေးတယ်။ မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်ဘ။ ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့…

အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ တည်ဆောက်ပါ၊ လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။ ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့…

ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ် သိန်းစိုး ပြောသလိုပဲ…ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှစောက်ဖက် မလုပ်ဘူးတဲ့…

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*