ေန႕နံအလိုက္ ျမန္႔မာ႐ိုးရာ အိမ္ေထာင္ဖက္ေ႐ြးနည္း…

ေန႕နံအလိုက္ ျမန္႔မာ႐ိုးရာ အိမ္ေထာင္ဖက္ေ႐ြးနည္း...
ေန႕နံအလိုက္ ျမန္႔မာ႐ိုးရာ အိမ္ေထာင္ဖက္ေ႐ြးနည္း...

ေန႕နံအလိုက္ ျမန္႔မာ႐ိုးရာ အိမ္ေထာင္ဖက္ေ႐ြးနည္း…

၁။ အမ်ိဳးသားနံႏွင့္ အမ်ိဳးသမီး‌ေမြးနံ ဂဏန္းႏွစ္ခုကို ေပါင္းပါ။

၂။ ေပါင္းလို႔ရလာ‌ေသာအေျဖကို ၅ ျဖင့္ ေျမႇာက္ပါ။

၃။ ေျမႇာက္လို႔ရလာေသာ အေျဖကို ၇ ျဖင့္ စားပါ။

၄။ စားလို႔ရလာေသာ အႂကြင္းေပၚမူတည္၍ ေအာက္ကေဟာကိန္းမ်ား‌ကို ဖတ္ပါ။

၁ ႂကြင္း

လကၤာ… “ႂကြင္းဧက၊ စြဲမက္ဖြယ္၊ မြဲတတ္တယ္၊ မယိမ္း”… မလိုက္ဖက္ေသာ အတြဲျဖစ္သည္။ ႏွစ္ဦးေပါင္းဖက္ပါက စီးပြားမျဖစ္ထြန္း၊ ေငြေၾကး မစုေဆာင္းမိတတ္ပဲ ျဖစ္တတ္သည္။

ေကာင္းက်ိဳးဟူ၍ မေတြ႕ရပဲ ဆင္းရဲစြာ ေနထိုင္သြားရတတ္သည္။ အလုပ္အကိုင္ အဆင္မေျပ၊ ႀကိဳးစားရွာေဖြေလ ခက္ခဲက်ပ္တည္း‌ေလ ျဖစ္တတ္သည္။

၂ ႂကြင္း

လကၤာ…”ရွိအထင္၊ ဒြိျမင္ကိန္း၊ ႏွစ္သိန္းေလာက္ ႂကြယ္ရာ”… လိုက္ဖက္ေသာ အတြဲျဖစ္သည္။ အိမ္ေထာင္ေရး သာယာခ်မ္းေျမ့ၿပီး စီးပြားတတ္လိမ့္မည္။ အလုပ္အကိုင္၊ အခြင့္အလမ္း မ်ားစြာရရွိ၍

ၾကြယ္၀ခ်မ္းသာ ျပည့္စုံလုံေလာက္တတ္သည္။ ဝန္ထမ္းမ်ားျဖစ္ပါက… ရာထူးတိုးတတ္ၿပီး အရာရွိေတြျဖစ္တတ္ၾကသည္။ သားသမီးကံႏွင့္ျပည့္စုံ၍ သားသမီးမ်ားလည္း ခ်မ္းသာတတ္သည္။

၃ ႂကြင္း

လကၤာ… “ေ႐ႊသီတာစုံပ်ံေမႊး၊ ဂုဏ္ဟန္႔ေသး၊ ဆင္းရဲလိမ့္သာ”… ႏွစ္ဦးေပါင္းဖက္ပါက ေကာင္းေသာနံမည္ေက်ာ္ၾကားျခင္းမ်ား ျဖစ္တတ္ေသာလည္း စီးပြား‌ေရးတြင္မႈ ေအာင္ျမင္ျခင္းမရွိ။ ေငြ၀င္ေငြထြက္မမွ်တ။ စီးပြားျဖစ္လိုက္ ျပန္ကုန္လိုက္ႏွင့္ ဘဝတူအခ်င္းခ်င္းပင္ မိမိက ပိုမိုခ်ိဳ႕တဲ့သလို ျဖစ္ေနမည္။

အလုပ္စီးပြားတြင္ ေအာက္က်သလိုျဖစ္ၿပီးမွ ေတာ္သင့္႐ုံေျပလည္မည္။ ႏွစ္ဦးပူးတြဲေနက ေငြကုန္မ်ားမည္၊ လုပ္ငန္းသေဘာအရ ခြဲခြာ လုပ္ကိုင္က ေငြစုေဆာင္းမိမည္။ သားသမီးမ်ားအား ပင္ပန္းဆင္းရဲစြ ာပ်ိဳးေထာင္ရမည္။ သားသမီးေကာင္းက်ိဳးကို‌ေတာ့ ခံစားရ‌ေပလိမ့္မည္။

၄ ႂကြင္း

လကၤာ… “ေလးစတု ထင္ရွားစြာ”… အထူးေကာင္းေသာ မိတ္ဖက္ျဖစ္သည္။ ေက်ာ္ၾကားေအာင္ျမင္ျခင္း၊ စီးပြားျဖစ္ထြန္းျခင္း အထင္ရွား ရွိမည္။ ဘဝတူ တန္းတူမ်ားၾကား… အသာစီးရမည္။ လူတမ္းေစ့အထက္ျပည့္စုံစြာ ေနထိုင္ရမည္။

တဦးေသာ္ေကာင္း၊ ၂ဦးလုံးေသာ္ေကာင္း နာမည္ႀကီး၊ ထင္ရွားေက်ာ္ေဇာျခင္းမ်ား ရရွိမည္။ ေမြးဖြားေသာ သားသမီးမွလည္း ေက်ာ္ေဇာေစ၍ အက်ိဴးေပးမည္ျဖစ္သည္။

၅ ႂကြင္း

လကၤာ… “ႂကြက္ဇီဝါ၊ ဆင္းရဲကင္း”… အလြန္ေကာင္းေသာ မိတ္ဖက္ျဖစ္ပါသည္။ ဆင္းရဲျခင္း ကင္းစင္၍ ႂကြယ္ဝျပည့္စုံၿပီးသာယာေသာ မိသားစုဘဝေလးအား ပိုင္ဆိုင္မည္ျဖစ္သည္။ ဝန္ထမ္းျဖစ္ပါက…

ရာထူးဂုဏ္ရွိန္ ျမင့္မားမည္။ အသက္ႀကီးေလ စီးပြားတိုးေလျဖစ္ပါသည္။ ေႁခြရံသင္းပင္း ေပါမ်ားမည္။ သားသမီးအက်ိဳး ခံစားရမည္။ ေရရွည္တည္တံ့ ခိုင္ၿမဲမႈ႕မ်ိဳးႀကဳံရေပမည္။

၆ႂကြင္း

လကၤာ… “ျပင္ပပူးမင္းက၊ သူေဌးမွန္၊ ၿငိမ္းလိမ့္ႏွစ္တန္”… ႏွစ္ဦးေပါင္းဖက္က သူေဌးသူႂကြယ္ဘဝ ရရွိမည္။ ထီေပါက္ျခင္း၊ အေမြရျခင္း၊ ေငြအစုလိုက္ဝင္ျခင္း၊ ေငြေၾကးစုေဆာင္းမႈ႕မ်ားရွိကာ ေပး၍မကုန္ လႉ၍ မခန္းျဖစ္မည္။

အတြင္းမီး၊ အျပင္မီး ၿငိမ္းေအး၍ ေလာကီေလာကုတၱရာႏွစ္ျဖာေသာ ကုသိုလ္အက်ိဳးမ်ား ခံစားရမည္။ သားသမီးမ်ား ေကာင္းက်ိဳးခံစားရမည္။

၀ ႂကြင္း

လကၤာ… “သုညက်န္လွ်င္၊ လုံမေမာင္ႏွံ၊ အို ဆုံးႏိုင္မွ်ေလး”… အလြန္ဆိုးေသာအတြဲျဖစ္သည္၊ ပင္ပန္းႀကီးစြာႏွင့္ စီးပြားဥစၥာရွာေဖြရမည္။ ႏွစ္ဦးေပါင္းဖက္သည့္ နဂိုကာလမွစ၍ တေျဖးေျဖးက်ဆင္း‌ေစတက္သည္။

ဝင္သမွ်ေငြမွာ အဖက္မတင္ေစတတ္ပါ။ အက်ိဳးျမတ္ရရွိ၍ စီးပြားျဖစ္ထြန္းလာေသာ္ျငားလည္း တခုမဟုတ္တခု စိတ္ေသာကေရာက္စရာမ်ား ႀကဳံေစတတ္သည္။

မွတ္ခ်က္… ဆိုးေသာအတြဲတြင္ ပါ၀င္ေနၿပီဆိုပါက… အယူအဆအစြဲအလမ္း မႀကီးသင့္ေပ။ ကံ၊ ဥာဏ္၊ ဝီရိယ၊ သီလ၊ သမာဓိ၊ ပညာ ဤ ၆ ပါးကို အက်ိဳးရွိရွိအသုံးခ်ကာ ဘ၀ကိုျဖတ္သန္းေသာ္… ေ သန႔ကိုပင္ေ႐ႊ႕ႏိုင္ေသာ အစြမ္းရွိေသာေၾကာင့္

ဘ၀တြင္ စိတ္ေအးခ်မ္းသာစြာ ေနထိုင္သြားရမည္ ျဖစ္သည္။ (ႏွစ္ေယာက္ေပါင္း၍ ေယာဂီ၀တ္ျခင္း၊ သီလရွင္၊ ရဟန္း၀တ္ျခင္း၊ ကုသိုလ္ေကာင္းမႈမ်ား လုပ္ျခင္းတို႔ျဖင့္ေျဖႏိုင္မည္ျဖစ္သည္။) ဤတြက္နည္းတြင္မူ မိမိရာဟုျဖစ္ပါက ၈ ဂဏန္းကိုယူရမည္။

ေမတၱာျဖင့္… အဆင္ေျပၾကပါေစရွင္#မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နေ့နံအလိုက် မြန့်မာရိုးရာ အိမ်ထောင်ဖက်ရွေးနည်း…

၁။ အမျိုးသားနံနှင့် အမျိုးသမီး‌မွေးနံ ဂဏန်းနှစ်ခုကို ပေါင်းပါ။

၂။ ပေါင်းလို့ရလာ‌သောအဖြေကို ၅ ဖြင့် မြှောက်ပါ။

၃။ မြှောက်လို့ရလာသော အဖြေကို ၇ ဖြင့် စားပါ။

၄။ စားလို့ရလာသော အကြွင်းပေါ်မူတည်၍ အောက်ကဟောကိန်းများ‌ကို ဖတ်ပါ။

၁ ကြွင်း

လင်္ကာ… “ကြွင်းဧက၊ စွဲမက်ဖွယ်၊ မွဲတတ်တယ်၊ မယိမ်း”… မလိုက်ဖက်သော အတွဲဖြစ်သည်။ နှစ်ဦးပေါင်းဖက်ပါက စီးပွားမဖြစ်ထွန်း၊ ငွေကြေး မစုဆောင်းမိတတ်ပဲ ဖြစ်တတ်သည်။

ကောင်းကျိုးဟူ၍ မတွေ့ရပဲ ဆင်းရဲစွာ နေထိုင်သွားရတတ်သည်။ အလုပ်အကိုင် အဆင်မပြေ၊ ကြိုးစားရှာဖွေလေ ခက်ခဲကျပ်တည်း‌လေ ဖြစ်တတ်သည်။

၂ ကြွင်း

လင်္ကာ…”ရှိအထင်၊ ဒွိမြင်ကိန်း၊ နှစ်သိန်းလောက် ကြွယ်ရာ”… လိုက်ဖက်သော အတွဲဖြစ်သည်။ အိမ်ထောင်ရေး သာယာချမ်းမြေ့ပြီး စီးပွားတတ်လိမ့်မည်။ အလုပ်အကိုင်၊ အခွင့်အလမ်း များစွာရရှိ၍

ကြွယ်ဝချမ်းသာ ပြည့်စုံလုံလောက်တတ်သည်။ ဝန်ထမ်းများဖြစ်ပါက… ရာထူးတိုးတတ်ပြီး အရာရှိတွေဖြစ်တတ်ကြသည်။ သားသမီးကံနှင့်ပြည့်စုံ၍ သားသမီးများလည်း ချမ်းသာတတ်သည်။

၃ ကြွင်း

လင်္ကာ… “ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး၊ ဆင်းရဲလိမ့်သာ”… နှစ်ဦးပေါင်းဖက်ပါက ကောင်းသောနံမည်ကျော်ကြားခြင်းများ ဖြစ်တတ်သောလည်း စီးပွား‌ရေးတွင်မှု အောင်မြင်ခြင်းမရှိ။ ငွေဝင်ငွေထွက်မမျှတ။ စီးပွားဖြစ်လိုက် ပြန်ကုန်လိုက်နှင့် ဘဝတူအချင်းချင်းပင် မိမိက ပိုမိုချို့တဲ့သလို ဖြစ်နေမည်။

အလုပ်စီးပွားတွင် အောက်ကျသလိုဖြစ်ပြီးမှ တော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊ လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။ သားသမီးများအား ပင်ပန်းဆင်းရဲစွ ာပျိုးထောင်ရမည်။ သားသမီးကောင်းကျိုးကို‌တော့ ခံစားရ‌ပေလိမ့်မည်။

၄ ကြွင်း

လင်္ကာ… “လေးစတု ထင်ရှားစွာ”… အထူးကောင်းသော မိတ်ဖက်ဖြစ်သည်။ ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှား ရှိမည်။ ဘဝတူ တန်းတူများကြား… အသာစီးရမည်။ လူတမ်းစေ့အထက်ပြည့်စုံစွာ နေထိုင်ရမည်။

တဦးသော်ကောင်း၊ ၂ဦးလုံးသော်ကောင်း နာမည်ကြီး၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။ မွေးဖွားသော သားသမီးမှလည်း ကျော်ဇောစေ၍ အကျိူးပေးမည်ဖြစ်သည်။

၅ ကြွင်း

လင်္ကာ… “ကြွက်ဇီဝါ၊ ဆင်းရဲကင်း”… အလွန်ကောင်းသော မိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်း ကင်းစင်၍ ကြွယ်ဝပြည့်စုံပြီးသာယာသော မိသားစုဘဝလေးအား ပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက…

ရာထူးဂုဏ်ရှိန် မြင့်မားမည်။ အသက်ကြီးလေ စီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်း ပေါများမည်။ သားသမီးအကျိုး ခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုးကြုံရပေမည်။

၆ကြွင်း

လင်္ကာ… “ပြင်ပပူးမင်းက၊ သူဌေးမှန်၊ ငြိမ်းလိမ့်နှစ်တန်”… နှစ်ဦးပေါင်းဖက်က သူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ ငွေအစုလိုက်ဝင်ခြင်း၊ ငွေကြေးစုဆောင်းမှု့များရှိကာ ပေး၍မကုန် လှူ၍ မခန်းဖြစ်မည်။

အတွင်းမီး၊ အပြင်မီး ငြိမ်းအေး၍ လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများ ခံစားရမည်။ သားသမီးများ ကောင်းကျိုးခံစားရမည်။

၀ ကြွင်း

လင်္ကာ… “သုညကျန်လျှင်၊ လုံမမောင်နှံ၊ အို ဆုံးနိုင်မျှလေး”… အလွန်ဆိုးသောအတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့် စီးပွားဥစ္စာရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍ တဖြေးဖြေးကျဆင်း‌စေတက်သည်။

ဝင်သမျှငွေမှာ အဖက်မတင်စေတတ်ပါ။ အကျိုးမြတ်ရရှိ၍ စီးပွားဖြစ်ထွန်းလာသော်ငြားလည်း တခုမဟုတ်တခု စိတ်သောကရောက်စရာများ ကြုံစေတတ်သည်။

မှတ်ချက်… ဆိုးသောအတွဲတွင် ပါဝင်နေပြီဆိုပါက… အယူအဆအစွဲအလမ်း မကြီးသင့်ပေ။ ကံ၊ ဉာဏ်၊ ဝီရိယ၊ သီလ၊ သမာဓိ၊ ပညာ ဤ ၆ ပါးကို အကျိုးရှိရှိအသုံးချကာ ဘဝကိုဖြတ်သန်းသော်… ေ သန့ကိုပင်ရွှေ့နိုင်သော အစွမ်းရှိသောကြောင့်

ဘဝတွင် စိတ်အေးချမ်းသာစွာ နေထိုင်သွားရမည် ဖြစ်သည်။ (နှစ်ယောက်ပေါင်း၍ ယောဂီဝတ်ခြင်း၊ သီလရှင်၊ ရဟန်းဝတ်ခြင်း၊ ကုသိုလ်ကောင်းမှုများ လုပ်ခြင်းတို့ဖြင့်ဖြေနိုင်မည်ဖြစ်သည်။) ဤတွက်နည်းတွင်မူ မိမိရာဟုဖြစ်ပါက ၈ ဂဏန်းကိုယူရမည်။

မေတ္တာဖြင့်… အဆင်ပြေကြပါစေရှင်#မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*