မိသားစုကို ဦးစီးဦးေဆာင္ျပဳႏိုင္ဖို႔ မိဘေတြအေနနဲ႔ ပထမဆုံးကေလးကို ဒါေတြသင္ထားေပးပါ

မိသားစုကို ဦးစီးဦးေဆာင္ျပဳႏိုင္ဖို႔ မိဘေတြအေနနဲ႔ ပထမဆုံးကေလးကို ဒါေတြသင္ထားေပးပါ
မိသားစုကို ဦးစီးဦးေဆာင္ျပဳႏိုင္ဖို႔ မိဘေတြအေနနဲ႔ ပထမဆုံးကေလးကို ဒါေတြသင္ထားေပးပါ

မိသားစုကို ဦးစီးဦးေဆာင္ျပဳႏိုင္ဖို႔ မိဘေတြအေနနဲ႔ ပထမဆုံးကေလးကို ဒါေတြသင္ထားေပးပါ

မိဘတိုင္းက ကိုယ့္ရဲ႕ကေလးေလးေတြ အက်င့္စာရိတၱ ေကာင္းမြန္ၿပီး လိမၼာေရးျခားရွိတဲ့သူေတြ ျဖစ္ခ်င္ၾကမွာပါ။ ညီအစ္ကိုေမာင္ႏွမခ်င္း ခ်စ္ခ်စ္ခင္ခင္ ေနထိုင္တတ္ဖို႔က မိဘေတြနဲ႔

အမ်ားႀကီး သက္ဆိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာ မိသားစုေတြမွာ ေသြးသားအရင္းအခ်ာ ေမာင္ႏွမေတြျဖစ္ေပမယ့္လို…႔ သူစိမ္းေတြေလာက္ ရင္းႏွီးခ်စ္ခင္မႈ မရွိတာကို ေတြ႕ေနရတတ္ပါတယ္။ မိဘတိုင္းက ေမာင္ႏွမခ်င္း ခ်စ္ခင္တတ္ဖို႔ကို

သူတို႔ရဲ႕ ပထမဆုံး ကေလးေလးကေန သင္ျပေပးဖို႔ လိုအပ္ပါတယ္ေနာ္။ ကိုယ့္ရဲ႕ ကေလးေလးေတြ တစ္ေယာက္နဲ႔တစ္ေယက္ ခ်စ္ခ်စ္ခင္ခင္ျဖစ္ဖို႔က ပထမဆုံးကေလးေပၚမွာ အမ်ားႀကီး မူတည္ၿပီးေတာ့ ေနာက္ကေလးေတြက သူတို႔ရဲ႕ အႀကီးေတြဆီကေန

အတုယူတတ္ၾကတာ ျဖစ္ပါတယ္။ မွ်ေဝတတ္ဖို႔ကို သင္ၾကားေပးပါ။ ကေလးေတြဆိုတာ သင္လြယ္တတ္လြယ္တဲ့ အ႐ြယ္ျဖစ္သလို ေကာင္းမြန္တဲ့သူတစ္ေယာက္ျဖစ္လာဖို႔ ငယ္စဥ္ကေလးက သင္ၾကားေပးထားဖို႔ လိုအပ္ပါတယ္။ ပထမဆုံးကေလးေတြဆိုတာ

တစ္ျခားသူတို႔ထက္အငယ္ေတြ မေမြးေသးခင္မွာ အခ်စ္ေတြ ပုံေအာရတတ္ၾကၿပီး အငယ္ေလးေတြကို အခ်စ္ေတြခြဲေဝေပးရမွာ၊ သူတို႔အေပၚ အခ်စ္ေတြေလ်ာ့သြားမွာကို စိုးရိမ္တတ္ၾကပါတယ္။ ဒီလိုအေျခအေနမွာ

မိဘေတြကေသခ်ာနားလည္ေအာင္ ေျပာျပတတ္ဖို႔လိုအပ္ၿပီး မွ်ေဝတတ္ဖို႔ကို သင္ၾကားေပးဖို႔ လိုအပ္ပါတယ္ေနာ္။ ၾကင္နာသနားတတ္ၿပီး သည္းခံတတ္ဖို႔ ကိုယ့္ထက္အငယ္ေလးေတြကို အႏိုင္က်င့္ဗိုလ္က်တာမ်ိဳးေတြ ရန္လိုတာမ်ိဳးေတြမရွိပဲ

ကိုယ့္ရဲ႕ညီေလးညီမေလးေတြကို ဘယ္လိုၾကင္နာရမယ္ဆိုတာကို ေသခ်ာေျပာျပေပးဖို႔ လိုအပ္ပါတယ္။ တစ္ခါတစ္ေလ တစ္ေယာက္ရဲ႕အမွားကို တစ္ေယာက္ ခြင့္လႊတ္သည္းခံတတ္ဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုၿပီးခ်စ္ခင္တတ္ဖို႔ကို

သင္ၾကားေပးရမွာပါ။ ဒါမွ ေမာင္ႏွမေတြ ခ်စ္ခ်စ္ခင္ခင္ျဖစ္ၿပီး နားလည္မႈ ရွိလာမွာ ျဖစ္ပါတယ္။ ေဖးမကူညီတတ္ဖို႔ ေမာင္ႏွမေတြ တစ္ေယာက္အကူအညီ လိုတဲ့အခါတိုင္း တစ္ေယာက္က လိုက္ၿပီး ကူညီတတ္ဖို႔ကိုပါ သင္ၾကားေပးဖို႔လိုအပ္ပါတယ္။ ဒီလိုမ်ိဳးငယ္စဥ္ကတည္းက

သင္ၾကားထားမွ အ႐ြယ္ေရာက္တဲ့ အခါမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ေဖးမ ကူညီတတ္သူေတြ ျဖစ္လာမွာျဖစ္ပါတယ္။ တစ္ေယာက္ရဲ႕ခံစားခ်က္ကို တစ္ေယာက္နားလည္တတ္ဖို႔ တစ္ခ်ိဳ႕ေသာမိသားစုေတြမွာ ဘယ္ေလာက္ပဲ ေမာင္ႏွမအခ်င္းခ်င္းျဖစ္ေနပါေစ

တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ္အဆင္ေျပမႈကိုပဲ ၾကည့္တဲ့သူေတြ ေတြ႕ျမင္ရတတ္ပါတယ္။ ဒါဟာ ငယ္စဥ္ကတည္းက မိဘေတြ သင္ျပဆုံးမမႈကို ေကာင္းစြ ာမရရွိၾကတဲ့ ကေလးေတြမွာ အျဖစ္မ်ားတတ္ပါတယ္ေနာ္။ ဒါေၾကာင့္…

စာနာမႈ၊ ေဖးမတတ္မႈ၊ နားလည္မႈ၊ ကိုယ္ခ်င္းစာမႈ စတာေတြကို ငယ္စဥ္ကတည္းက မိဘေတြ သင္ေပးထားသင့္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့သူ မျဖစ္ေအာင္ ေလ့က်င့္ ပ်ိဳးေထာင္ထားသင့္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိသားစုကို ဦးစီးဦးဆောင်ပြုနိုင်ဖို့ မိဘတွေအနေနဲ့ ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ

မိဘတိုင်းက ကိုယ့်ရဲ့ကလေးလေးတွေ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေ ဖြစ်ချင်ကြမှာပါ။ ညီအစ်ကိုမောင်နှမချင်း ချစ်ချစ်ခင်ခင် နေထိုင်တတ်ဖို့က မိဘတွေနဲ့

အများကြီး သက်ဆိုင်ပါတယ်။ တစ်ချို့သော မိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို…့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှု မရှိတာကို တွေ့နေရတတ်ပါတယ်။ မိဘတိုင်းက မောင်နှမချင်း ချစ်ခင်တတ်ဖို့ကို

သူတို့ရဲ့ ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့ လိုအပ်ပါတယ်နော်။ ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီး မူတည်ပြီးတော့ နောက်ကလေးတွေက သူတို့ရဲ့ အကြီးတွေဆီကနေ

အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကို သင်ကြားပေးပါ။ ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။ ပထမဆုံးကလေးတွေဆိုတာ

တစ်ခြားသူတို့ထက်အငယ်တွေ မမွေးသေးခင်မှာ အချစ်တွေ ပုံအောရတတ်ကြပြီး အငယ်လေးတွေကို အချစ်တွေခွဲဝေပေးရမှာ၊ သူတို့အပေါ် အချစ်တွေလျော့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမှာ

မိဘတွေကသေချာနားလည်အောင် ပြောပြတတ်ဖို့လိုအပ်ပြီး မျှဝေတတ်ဖို့ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်နော်။ ကြင်နာသနားတတ်ပြီး သည်းခံတတ်ဖို့ ကိုယ့်ထက်အငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေ ရန်လိုတာမျိုးတွေမရှိပဲ

ကိုယ့်ရဲ့ညီလေးညီမလေးတွေကို ဘယ်လိုကြင်နာရမယ်ဆိုတာကို သေချာပြောပြပေးဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ တစ်ယောက်ရဲ့အမှားကို တစ်ယောက် ခွင့်လွှတ်သည်းခံတတ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးချစ်ခင်တတ်ဖို့ကို

သင်ကြားပေးရမှာပါ။ ဒါမှ မောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်ပြီး နားလည်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဖေးမကူညီတတ်ဖို့ မောင်နှမတွေ တစ်ယောက်အကူအညီ လိုတဲ့အခါတိုင်း တစ်ယောက်က လိုက်ပြီး ကူညီတတ်ဖို့ကိုပါ သင်ကြားပေးဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးငယ်စဉ်ကတည်းက

သင်ကြားထားမှ အရွယ်ရောက်တဲ့ အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ကူညီတတ်သူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားလည်တတ်ဖို့ တစ်ချို့သောမိသားစုတွေမှာ ဘယ်လောက်ပဲ မောင်နှမအချင်းချင်းဖြစ်နေပါစေ

တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်အဆင်ပြေမှုကိုပဲ ကြည့်တဲ့သူတွေ တွေ့မြင်ရတတ်ပါတယ်။ ဒါဟာ ငယ်စဉ်ကတည်းက မိဘတွေ သင်ပြဆုံးမမှုကို ကောင်းစွ ာမရရှိကြတဲ့ ကလေးတွေမှာ အဖြစ်များတတ်ပါတယ်နော်။ ဒါကြောင့်…

စာနာမှု၊ ဖေးမတတ်မှု၊ နားလည်မှု၊ ကိုယ်ချင်းစာမှု စတာတွေကို ငယ်စဉ်ကတည်းက မိဘတွေ သင်ပေးထားသင့်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်အောင် လေ့ကျင့် ပျိုးထောင်ထားသင့်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*