ကားတာယာ အေၾကာင္း ေလ့လာမွတ္သားစရာမ်ား…

ကားတာယာ အေၾကာင္း ေလ့လာမွတ္သားစရာမ်ား...
ကားတာယာ အေၾကာင္း ေလ့လာမွတ္သားစရာမ်ား...

ကားတာယာ အေၾကာင္း ေလ့လာမွတ္သားစရာမ်ား…

အလြိဳင္း (Alloy) ဆိုသည္မွာ အလူမီယံသတၳဳျဖင့္ ျပဳလုပ္ထားသည္။ ေပါ့ပါးသလို သံေခ်းမတက္ေသာ ေၾကာင့္ Nut ေပါက္မ်ား၊ Tubless တိုင္ေပါက္မ်ား က်ယ္ျခင္းမရွိသည္ကို ေတြ႕ရမည္ျဖစ္သည္။

တာယာဆိုသည္ကို တစ္ေပပတ္လည္ ရပ္တည္သြားသည္ဟုလည္း အဓိပၸာယ္ ဖြင့္ဆိုၾကသည္။ တာယာ မ်ားေပၚတြင္ ေရးသားထားေသာ ဂဏန္းအကၡရာမ်ားသည္ တာယာမ်ား၏ အခ်က္လက္မ်ားပင္ျဖစ္ သည္။

ဥပမာ 195 / 65R 15 ဆိုသည္တြင္ ေနာက္ဆုံး 15 သည္ တာယာ၏ အ႐ြယ္အစားျဖစ္သည္။ 195 ဆိုသည္မွာ section width တာယာ၏ ဗ်က္ 195 mm ရွိသည္ကို ရည္ၫႊန္းျခင္း ျဖစ္သည္။

65 မွာ aspect ratio ျဖစ္ၿပီး တာယာ၏ ဗ်က္မွာ 65% ရွိသည္ဟု ဆိုျခင္းျဖစ္သည္။ R သည္ Tire Construction ျဖစ္သည္။ 91T ဆိုသည္မွာ Load to speed အခ်ိဳးကို ရည္ၫႊန္းျခင္းျဖစ္သည္။

ယင္းတြင္ 91 သည္ 635 kg ကို ရည္ၫႊန္းျခင္းျဖစ္ၿပီး T ဆိုသည္မွာ 190km/h ကိုဆိုလိုသည္။ စက္႐ုံထုတ္ ေန႔စြဲကိုမူ ဂဏန္း ၄ေလးျဖင့္ ေဖာ္ျပေလ့ရွိသည္။ ေရွ႕ႏွစ္လုံးသည္ ရက္သတၱပတ္ (week) ျဖစ္ၿပီး၊ ေနာက္ ၂လုံးသည္ ႏွစ္ (year) ကိုေဖာ္ျပသည္။

ဥပမာ (0616) ဆိုပါက ၂၀၁၆ ခုႏွစ္ ေဖေဖၚဝါရီ ဒုတိယအပတ္ထုတ္ တာယာျဖစ္သည္။ Inflation Pressure 51 psi ဆိုေသာ ဂဏန္းမွာ အမ်ားဆုံး ေလထိုးႏိုင္ေသာ ပမာဏကို ေဖာ္ျပေပးျခင္းျဖစ္သည္။

Temperature Resistance ဆိုသည္မွာ တာယာမ်ားကို ေဒသအလိုက္ သုံးစြဲႏိုင္ရန္ ေဖာ္ျပေပးျခင္းျဖစ္ၿပီး… ယင္းတြင္ A,B and C ဟု ရွိမည္ျဖစ္သည္။

A သည္ အပူပိုင္းေဒသ၊ B သည္ပုံမွန္ (Normal) ႏွင့္ C ဆိုသည္မွာ အေအးပိုင္း (Cold) ကို ရည္ၫႊန္းပါသည္။

Traction ဆိုသည္မွာ ဘရိတ္ဖမ္းရာတြင္ ကားရပ္တန႔္ရန္ လိုအပ္ေသာ အကြာအေဝးၫႊန္းကိန္း ျဖစ္ၿပီး… AA, A, B ႏွင့္ C တို႔ႏွင့္ေဖာ္ျပေလ့ရွိသည္။ AA သည္ အတိုဆုံးေသာ အကြာအေဝးတြင္ ဘရိတ္မိျခင္းကို ရည္ၫႊန္းျခင္းျဖစ္သည္။

Treadwear ဆိုသည္မွာ တာယာပန္းစားႏႈန္းကို ေဖာ္ျပေပးျခင္းျဖစ္ၿပီး ဂဏန္း ၃လုံးျဖစ္ေသာ 250,350 and 450 ျဖင့္ေဖာ္ျပေလ့ရွိသည္။ 450 သည္ တာယာစားႏႈန္း အနည္းဆုံးျဖစ္ သည္။

Tread Depth (Twi) သည္ အစြန္းထိပ္တြင္ Twi သတိေပး အမွတ္အသားျဖင့္ ေဖာ္ျပေလ့ရွိသည္။ Twi အမွတ္အသားေရာက္လာပါက တာယာ လဲသင့္ၿပီဟု ဆိုလိုျခင္း ျဖစ္သည္။

တာယာမွာလည္း ကုဒ္နံပါတ္ေတြရွိပါတယ္

ေရာင္းတဲ့ဆိုင္အခ်ိဳ႕ ကလည္ မသိသလို အသုံးျပဳ႕ သူေတြလည္ မသိတဲ့အတြက္ တာယာအေၾကာင္း ေရာင္းတဲ့ဆိုင္ကိုအရင္ေမးပါ။ ဒါမွမဟုတ္ မိမိဘာသာ စစ္ေဆးၿပီးဝယ္တာက ပိုၿပီး စိတ္ခ်ရပါတယ္။

ဥပမာ= 65 HR13 =ကားသမားေတြေခၚတာကေတာ့ ေနာက္ဂဏန္းကို ယူပါတယ္ 13 (၁၃လကၼရွိသည့္ဘီးေခြအတြက္)

ေရွ႕က HRက်ေတာ့ သိတဲ့လူရွိသလို က်ေနာ္လို မသိခဲ့တဲ့သူေတြအတြက္ပါ။ H=၁နာရီကိုမိုင္ ၁၃၀ ျမန္ႏႈန္း ခံႏိူင္ရည္ရွိသည္။ R=တာယာအမ်ိဳးအစား တာယာကို စစ္ေဆးၿပီးမွ ဝယ္ပါ…

(1) ထုတ္လုပ္သည့္ ႏိူင္ငံ (2) ထုတ္လုပ္သည့္ ခုႏွစ္ (3) ဥတုသုံးပါး သုံးလို႔ရလား (4) ျမန္ႏႈန္းခံႏိူင္ရည္ (5) EECအသိမွတ္ျပဳကုဒ္ (6) အမ်ိဳးအစား

တာယာ၏ ျမန္ႏႈန္းခံႏိုင္ရည္က အဓိကမို႔ ယာဥ္မေတာ္တဆမႈေတြမွာ တာယာေၾကာင့္ျဖစ္တာေတြလဲ ရွိလို႔ပါ….။

L = ၁နာရီ 75မိုင္ ၊ M = ၁နာရီ 81မိုင္ ၊ N = ၁နာရီ 87မိုင္ ၊ P = ၁နာရီ 95မိုင္ ၊ Q = ၁နာရီ 100မိုင္ ၊ R = ၁နာရီ 105မိုင္ ၊ S = ၁နာရီ 113မိုင္ ၊ T = ၁နာရီ 118မိုင္ ၊ H = ၁နာရီ 130မိုင္ ။

credit#soe thu#မူရင္းေရးသားသူအား‌ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္္။

Unicode

ကားတာယာ အကြောင်း လေ့လာမှတ်သားစရာများ…

အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာယာဆိုသည်ကို တစ်ပေပတ်လည် ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင် ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏ အချက်လက်များပင်ဖြစ် သည်။

ဥပမာ 195 / 65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည် တာယာ၏ အရွယ်အစားဖြစ်သည်။ 195 ဆိုသည်မှာ section width တာယာ၏ ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ R သည် Tire Construction ဖြစ်သည်။ 91T ဆိုသည်မှာ Load to speed အချိုးကို ရည်ညွှန်းခြင်းဖြစ်သည်။

ယင်းတွင် 91 သည် 635 kg ကို ရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။ စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့် ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။

ဥပမာ (0616) ဆိုပါက ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ဒုတိယအပတ်ထုတ် တာယာဖြစ်သည်။ Inflation Pressure 51 psi ဆိုသော ဂဏန်းမှာ အများဆုံး လေထိုးနိုင်သော ပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။

Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန် ဖော်ပြပေးခြင်းဖြစ်ပြီး… ယင်းတွင် A,B and C ဟု ရှိမည်ဖြစ်သည်။

A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကို ရည်ညွှန်းပါသည်။

Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန် လိုအပ်သော အကွာအဝေးညွှန်းကိန်း ဖြစ်ပြီး… AA, A, B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည် အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကို ဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည် တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။

Tread Depth (Twi) သည် အစွန်းထိပ်တွင် Twi သတိပေး အမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာ လဲသင့်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။

တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်

ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို အသုံးပြု့ သူတွေလည် မသိတဲ့အတွက် တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ။ ဒါမှမဟုတ် မိမိဘာသာ စစ်ဆေးပြီးဝယ်တာက ပိုပြီး စိတ်ချရပါတယ်။

ဥပမာ= 65 HR13 =ကားသမားတွေခေါ်တာကတော့ နောက်ဂဏန်းကို ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)

ရှေ့က HRကျတော့ သိတဲ့လူရှိသလို ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ။ H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်။ R=တာယာအမျိုးအစား တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ…

(1) ထုတ်လုပ်သည့် နိူင်ငံ (2) ထုတ်လုပ်သည့် ခုနှစ် (3) ဥတုသုံးပါး သုံးလို့ရလား (4) မြန်နှုန်းခံနိူင်ရည် (5) EECအသိမှတ်ပြုကုဒ် (6) အမျိုးအစား

တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ….။

L = ၁နာရီ 75မိုင် ၊ M = ၁နာရီ 81မိုင် ၊ N = ၁နာရီ 87မိုင် ၊ P = ၁နာရီ 95မိုင် ၊ Q = ၁နာရီ 100မိုင် ၊ R = ၁နာရီ 105မိုင် ၊ S = ၁နာရီ 113မိုင် ၊ T = ၁နာရီ 118မိုင် ၊ H = ၁နာရီ 130မိုင် ။

credit#soe thu#မူရင်းရေးသားသူအား‌လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*