ေ႐ႊစ်းဆိုတာကို ဘယ္သူေတြက သတ္မွတ္တာလဲ… ေရႊကိုဘယ္လိုတြက္ၿပီး ေစ်းဖြင့္ေနသလဲ?

ေ႐ႊစ်းဆိုတာကို ဘယ္သူေတြက သတ္မွတ္တာလဲ... ေရႊကိုဘယ္လိုတြက္ၿပီး ေစ်းဖြင့္ေနသလဲ?
ေ႐ႊစ်းဆိုတာကို ဘယ္သူေတြက သတ္မွတ္တာလဲ... ေရႊကိုဘယ္လိုတြက္ၿပီး ေစ်းဖြင့္ေနသလဲ?

ေ႐ႊစ်းဆိုတာကို ဘယ္သူေတြက သတ္မွတ္တာလဲ… ေရႊကိုဘယ္လိုတြက္ၿပီး ေစ်းဖြင့္ေနသလဲ?

ျမန္မာႏိုင္ငံ မွာ ေ႐ႊေစ်းႏႈန္း ကို ၁ က်ပ္သား အေခါက္ေစ်းႏႈန္းနဲ႔ ေျပာၾကတယ္။ မီးလင္းနဲ႔ အေခါက္ေ႐ႊ အေခၚကြဲတာ အတူတူပဲ။ ေ႐ႊေစ်းကို အကယ္ဒမီတံဆိပ္ေ႐ႊေပၚမွာ စံထား ေစ်းသတ္မွတ္တယ္။ ေ႐ႊေစ်းလို႔ေျပာတာနဲ႔ အကယ္ဒမီေစ်းကိုေျပာတယ္ဆိုတာ…

ေ႐ႊေလာက ကလူေတြက ေအာ္တို သိပီးသား။ ဘာလို႔အကယ္ဒမီကို စံအျဖစ္ထားလည္းဆိုေတာ့… သူက နာမည္ ရွိၿပီးသား… လူအမ်ားကလက္ခံလို႔။ တစ္ပိုင္းကို တစ္ဆယ္သား။ တစ္ထုပ္ကို ၁ ပိႆာလို႔ေခၚၾကတယ္။ ေစ်းကြက္အတြင္း အေရာင္းအ၀ယ္ကို တစ္ပိုင္းကစ အနည္းဆုံးလုပ္ၾကတယ္။

အျခားတံဆိပ္ေတြကို ” ၾကား” လို႔ေခၚၾကတယ္။ ဆိုင္သမားအမ်ားစုကေတာ့… က်ိဳပီး အထည္ခတ္မွာဆိုေတာ့ ၾကားတံဆိပ္ပဲ သုံးၾကတယ္။ ေ႐ႊေစ်းကို ဘယ္သူ သတ္မွတ္တာလဲ…? ေ႐ႊေစ်းကို အကယ္ဒမီ a႐ႊဆိုင္ကလည္း သတ္မွတ္တာ မဟုတ္ဘူး။

ဘယ္ေ႐ႊဆိုင္၊ ဘယ္သူကမွ သတ္မွတ္ေပးတာ မဟုတ္ဘူး။ ေ႐ႊေစ်းကို ေ႐ႊအသင္းမွာ ေရာင္းမယ့္သူ၊ ၀ယ္မယ့္သူ၊ ပြဲစားေတြ ေတြ႕ဆုံပီး ကမာၻ႔ေ႐ႊေစ်း ေဒၚလာေစ်းနဲ႔တြက္… ေရာင္းလိုအား၊ ၀ယ္လိုအားေပၚမူတည္ပီး ေစ်းဖြင့္ၾက… အေရာင္းအ၀ယ္ စျဖစ္သြားတဲ့ေစ်းကို

အဲ့ေန႔ ေ႐ႊေစ်းအျဖစ္ စသတ္မွတ္တယ္။ ကမာၻ႔ေစ်း၊ ေဒၚလာေစ်းအေျပာင္းအလဲ၊ ၀ယ္လိုအား၊ ေရာင္းလိုအားေပၚမူတည္ ေစ်းတိုးေရာင္း ေစ်းေလ်ာ့ေရာင္းက်ရင္း ေစ်းအတက္အက် ျဖစ္တယ္။ အၾကမ္းဖ်င္းအားျဖင့္… ရန္ကုန္ေ႐ႊေစ်း မနက္ ၁၁ ေလာက္ဆို အရင္က စ ဖြင့္ပီ။

ခုေနာက္ပိုင္းကေတာ့… ၁၂ ေက်ာ္မွ ဖြင့္ေတာ့တယ္။ ေ႐ႊဆိုင္ေတြ မနက္ခင္း ဖြင့္ၾကတဲ့ေစ်းေတြက မေန႔က ပိတ္ေစ်း ၊ မနက္ခင္း ကမာၻ႔ေ႐ႊေစ်းေပၚ မူတည္ တြက္ပီး အၾကမ္းဖြင့္ေရာင္း၀ယ္ၾကတာ။ ကမာၻေ႐ႊေစ်းႏႈန္းကို တစ္ေအာင္စေစ်းနဲ႔ ေျပာတယ္။

ကမာၻ႔ေ႐ႊေစ်းနဲ႔ ေဒၚလာေစ်းနဲ႔ ေျမႇာက္… 1.875 နဲ႔ စားလိုက္ရင္… အၾကမ္းျမန္မာ့ေစ်း မီးလင္း ၁ က်ပ္သားေစ်းရတယ္။ (ျပည္တြင္း ေရာင္းလိုအား၀ယ္လိုအားေပၚ မူတည္ၿပီး အတိုးအေလ်ာ့ရွိပါတယ္) ဥပမာ… ဒီေန႔ ကမာၻ႔ေ႐ႊ ၁ ေအာင္စေစ်းက 1717 ။ ေဒၚလာေစ်းက 3600 ဆို

ႏိုင္ငံျခာေငြႏွစ္ခုေျမႇာက္ 1.875 နဲ႔စား = 3295000 က်ပ္… မီးလင္း ၁၆ ပဲရည္ ၁ က်ပ္သားေစ်းရတယ္။ (ေစ်းကြက္ ေရာင္းလိုအား ၀ယ္လိုအားေပၚမူတည္ အနည္းအမ်ားေျပာင္းတယ္) 1.875 နဲ႔ ဘာလို႔စားရသလဲဆိုေတာ့… ေ႐ႊတစ္ေအာင္စမွာ 1.875 က်ပ္သားရွိလို႔ ။

၁ က်ပ္သားေစ်းလိုခ်င္ေတာ့… အနည္းလို အမ်ားစားေျခနည္းနဲ႔ တြက္တာ။ ကမာၻ႔ေစ်းကို အင္တာနက္မွာ gold price လို႔ ႐ိုက္ရွာလိုက္ရင္ ေတြ႕တယ္။ ၁ ပဲ = ၈ ေ႐ြး။ ၁ က်ပ္သား = ၁၆ ပဲ = ၁၂၈ ေ႐ြးရွိတယ္။ ၁၅ ပဲရည္ (ပဲစပ္)… ဘာလို႔ ၁၅ ပဲရည္ (ပဲစပ္)လို႔ ေခၚသလဲဆိုေတာ့…

ေၾကးနီ ၁ ပဲ စပ္ထားလို႔… ေ႐ႊ ၁၅ ပဲ ဘဲပါေတာ့လို႔။ ၁၄ ပဲရည္ဆို ၂ ပဲစပ္။ ၁၃ ပဲ ရည္ဆို ၃ ပဲစပ္။ ပဲစပ္ေစ်း လိုခ်င္ရင္ 16 ကို 17 နဲ႔စား၊ မီးလင္းေစ်းနဲ႔ ေျမႇာက္။ ဘာလို႔ 17 နဲ႔ စားရသလဲ ဆိုေတာ့…

ေၾကး ၁ ပဲစပ္ထားလို႔။ ၁၅ ပဲရည္ေစ်းလိုခ်င္ေတာ့ အနည္းလို အမ်ားစားေျခစနစ္နဲ႔တြက္တာ။ ၁၄ ပဲ ၂ ျပား ဒဂၤါးေစ်းလိုခ်င္ရင္… 16 ကို 17.5 နဲ႔ စား၊ မီးလင္းေစ်းနဲ႔ ေျမႇာက္။ ဘာလို႔ 17.5 နဲ႔ စားရသလဲဆိုေတာ့… တစ္ပဲခြဲ ၁၂ ေ႐ြးစပ္တာ မလို႔။ အေပၚနည္း အတိုင္း။

ဥပမာ… ပဲစပ္ေစ်းတြက္မယ္ဆို…

16 ကိုတည္ 17 နဲ႔စားေတာ့ 0.941176…. ရတယ္။ ရတာကို ဒီေန႔မီးလင္းေစ်း ၃၁ သိန္းေျမႇာက္ 2917000 ရတယ္။ အဲ့တာ ၁၅ပဲရည္ တစ္က်ပ္သားေစ်းပဲ။ ၁၃ပဲရည္လိုခ်င္ရင္… သူက ၃ပဲစပ္ဆိုေတာ့ 16ကိုတည္ 19 နဲ႔စား မီးလင္းေစ်းနဲ႔ေျမႇာက္ ဒါပဲ။

ႏိုင္ငံျခားက လာတဲ့ အထည္ေတြမွာ ေရးထားတဲ့ 24K ဆို အေခါက္ေ႐ႊ၊ 22K ပဲစပ္၊ 18K ၁၂ ပဲရည္လို႔ သတ္မွတ္ေခၚတယ္။ ျမန္မာ့ေ႐ႊေစ်းကြက္က နည္းစနစ္တက် ဖြဲ႕စည္းလုပ္ကိုင္တဲ့ ခိုင္မာ မွန္ကန္တဲ့ေစ်းကြက္ေတာ့ မရွိေသးဘူး။ လူယုံၾကည္မႈေလး နဲ႔ လုပ္ၾကတာ မ်ားတယ္။

ဒါ့ေၾကာင့္ ေစ်းကေမာက္ကမျဖစ္တယ္… ရႈံးရင္ ခဏခဏထြက္ေျပးၾကတယ္။ တစ္ခ်ိန္မွာ လူတိုင္းလုပ္ရလြယ္ကူတဲ့ အခ်ိန္မေ႐ြးေရာင္း၀ယ္လို႔ရတဲ့ ခိုင္မာတဲ့ E Trade ေ႐ႊေစ်းကြက္တစ္ခု ျဖစ္လာဖို႔ လိုတယ္။ ဒါမွ ႏိုင္ငံေတာ္လည္း အခြန္ရ အားလုံးလည္း အာမခံရွိ အဆင္ေျပမွာ။

အကယ္ဒမီေ႐ႊနဲ႔ အျခားေ႐ႊ ဘာကြာလဲ… ေယဘူယအားျဖင့္ ဘာမွ မကြာၾကဘူးလို႔ ေျပာလို႔ ရတယ္။ အကယ္ဒမီက သက္တမ္းၾကာပီ နာမည္ရွိတယ္… ေ႐ႊရည္ေကာင္းတယ္၊ စိတ္ခ်ရတယ္ ဆိုပီး အမ်ားလက္ခံလို႔ အကယ္ဒမီ တံဆိပ္ကို စံအျဖစ္ ထားလုပ္လိုက္တာ။

စံထား အေရာင္းအ၀ယ္ လုပ္သူမ်ားေတာ့ အျခားတံဆိပ္ေတြထက္ ေစ်းတစ္ေသာင္း ပတ္၀န္းက်င္ခန္႔ ပိုတက္ပါတယ္။ ဒါေၾကာင့္ ေစ်းကြက္ဖြင့္ အကယ္ဒမီေ႐ႊေစ်းနဲ႔ ေ႐ႊဆိုင္ေတြေပါက္ေစ်းက ေသာင္းဂဏန္း ကြာေနတတ္တယ္။ ၁ က်ပ္သား ၂ က်ပ္သား ျဖတ္စ အတုံး ၀ယ္မယ္ဆိုရင္ေတာ့…

ဘာတံဆိပ္၀ယ္၀ယ္ အတူတူပါပဲ။ ႏိုင္ငံျခားမွာေတာ့… အေခါက္ေ႐ႊမီးလင္းဆို အကုန္ အတူတူပဲ။ က်ေနာ္ ေန႔စဥ္တင္ေပးေနတဲ့ေစ်းက ေစ်းကြက္က စဖြင့္တဲ့ အကယ္ဒမီေ႐ႊေပါက္ေစ်း အမွန္ပါ။ ဟိုဆိုင္နဲ႔ ကြာတယ္၊ ဒီဆိုင္နဲ႔ကြာတယ္ လာလာေျပာေနၾကလို႔။ေက်းဇူးပါ.. က်န္းမာ ခ်မ္းသာ ေဘးရန္ကင္းၾကပါေစ.. ေက်ာ္ႀကီး (MDY)

ခရက္ဒစ္#ေက်ာ္ႀကီး (MDY)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရွှေဈးဆိုတာကို ဘယ်သူတွေက သတ်မှတ်တာလဲ… ရွှေကိုဘယ်လိုတွက်ပြီး ဈေးဖွင့်နေသလဲ?

မြန်မာနိုင်ငံ မှာ ရွှေဈေးနှုန်း ကို ၁ ကျပ်သား အခေါက်ဈေးနှုန်းနဲ့ ပြောကြတယ်။ မီးလင်းနဲ့ အခေါက်ရွှေ အခေါ်ကွဲတာ အတူတူပဲ။ ရွှေဈေးကို အကယ်ဒမီတံဆိပ်ရွှေပေါ်မှာ စံထား ဈေးသတ်မှတ်တယ်။ ရွှေဈေးလို့ပြောတာနဲ့ အကယ်ဒမီဈေးကိုပြောတယ်ဆိုတာ…

ရွှေလောက ကလူတွေက အော်တို သိပီးသား။ ဘာလို့အကယ်ဒမီကို စံအဖြစ်ထားလည်းဆိုတော့… သူက နာမည် ရှိပြီးသား… လူအများကလက်ခံလို့။ တစ်ပိုင်းကို တစ်ဆယ်သား။ တစ်ထုပ်ကို ၁ ပိဿာလို့ခေါ်ကြတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ကို တစ်ပိုင်းကစ အနည်းဆုံးလုပ်ကြတယ်။

အခြားတံဆိပ်တွေကို ” ကြား” လို့ခေါ်ကြတယ်။ ဆိုင်သမားအများစုကတော့… ကျိုပီး အထည်ခတ်မှာဆိုတော့ ကြားတံဆိပ်ပဲ သုံးကြတယ်။ ရွှေဈေးကို ဘယ်သူ သတ်မှတ်တာလဲ…? ရွှေဈေးကို အကယ်ဒမီ aရွှဆိုင်ကလည်း သတ်မှတ်တာ မဟုတ်ဘူး။

ဘယ်ရွှေဆိုင်၊ ဘယ်သူကမှ သတ်မှတ်ပေးတာ မဟုတ်ဘူး။ ရွှေဈေးကို ရွှေအသင်းမှာ ရောင်းမယ့်သူ၊ ဝယ်မယ့်သူ၊ ပွဲစားတွေ တွေ့ဆုံပီး ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနဲ့တွက်… ရောင်းလိုအား၊ ဝယ်လိုအားပေါ်မူတည်ပီး ဈေးဖွင့်ကြ… အရောင်းအဝယ် စဖြစ်သွားတဲ့ဈေးကို

အဲ့နေ့ ရွှေဈေးအဖြစ် စသတ်မှတ်တယ်။ ကမ္ဘာ့ဈေး၊ ဒေါ်လာဈေးအပြောင်းအလဲ၊ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည် ဈေးတိုးရောင်း ဈေးလျော့ရောင်းကျရင်း ဈေးအတက်အကျ ဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့်… ရန်ကုန်ရွှေဈေး မနက် ၁၁ လောက်ဆို အရင်က စ ဖွင့်ပီ။

ခုနောက်ပိုင်းကတော့… ၁၂ ကျော်မှ ဖွင့်တော့တယ်။ ရွှေဆိုင်တွေ မနက်ခင်း ဖွင့်ကြတဲ့ဈေးတွေက မနေ့က ပိတ်ဈေး ၊ မနက်ခင်း ကမ္ဘာ့ရွှေဈေးပေါ် မူတည် တွက်ပီး အကြမ်းဖွင့်ရောင်းဝယ်ကြတာ။ ကမ္ဘာရွှေဈေးနှုန်းကို တစ်အောင်စဈေးနဲ့ ပြောတယ်။

ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့ မြှောက်… 1.875 နဲ့ စားလိုက်ရင်… အကြမ်းမြန်မာ့ဈေး မီးလင်း ၁ ကျပ်သားဈေးရတယ်။ (ပြည်တွင်း ရောင်းလိုအားဝယ်လိုအားပေါ် မူတည်ပြီး အတိုးအလျော့ရှိပါတယ်) ဥပမာ… ဒီနေ့ ကမ္ဘာ့ရွှေ ၁ အောင်စဈေးက 1717 ။ ဒေါ်လာဈေးက 3600 ဆို

နိုင်ငံခြာငွေနှစ်ခုမြှောက် 1.875 နဲ့စား = 3295000 ကျပ်… မီးလင်း ၁၆ ပဲရည် ၁ ကျပ်သားဈေးရတယ်။ (ဈေးကွက် ရောင်းလိုအား ဝယ်လိုအားပေါ်မူတည် အနည်းအများပြောင်းတယ်) 1.875 နဲ့ ဘာလို့စားရသလဲဆိုတော့… ရွှေတစ်အောင်စမှာ 1.875 ကျပ်သားရှိလို့ ။

၁ ကျပ်သားဈေးလိုချင်တော့… အနည်းလို အများစားခြေနည်းနဲ့ တွက်တာ။ ကမ္ဘာ့ဈေးကို အင်တာနက်မှာ gold price လို့ ရိုက်ရှာလိုက်ရင် တွေ့တယ်။ ၁ ပဲ = ၈ ရွေး။ ၁ ကျပ်သား = ၁၆ ပဲ = ၁၂၈ ရွေးရှိတယ်။ ၁၅ ပဲရည် (ပဲစပ်)… ဘာလို့ ၁၅ ပဲရည် (ပဲစပ်)လို့ ခေါ်သလဲဆိုတော့…

ကြေးနီ ၁ ပဲ စပ်ထားလို့… ရွှေ ၁၅ ပဲ ဘဲပါတော့လို့။ ၁၄ ပဲရည်ဆို ၂ ပဲစပ်။ ၁၃ ပဲ ရည်ဆို ၃ ပဲစပ်။ ပဲစပ်ဈေး လိုချင်ရင် 16 ကို 17 နဲ့စား၊ မီးလင်းဈေးနဲ့ မြှောက်။ ဘာလို့ 17 နဲ့ စားရသလဲ ဆိုတော့…

ကြေး ၁ ပဲစပ်ထားလို့။ ၁၅ ပဲရည်ဈေးလိုချင်တော့ အနည်းလို အများစားခြေစနစ်နဲ့တွက်တာ။ ၁၄ ပဲ ၂ ပြား ဒင်္ဂါးဈေးလိုချင်ရင်… 16 ကို 17.5 နဲ့ စား၊ မီးလင်းဈေးနဲ့ မြှောက်။ ဘာလို့ 17.5 နဲ့ စားရသလဲဆိုတော့… တစ်ပဲခွဲ ၁၂ ရွေးစပ်တာ မလို့။ အပေါ်နည်း အတိုင်း။

ဥပမာ… ပဲစပ်ဈေးတွက်မယ်ဆို…

16 ကိုတည် 17 နဲ့စားတော့ 0.941176…. ရတယ်။ ရတာကို ဒီနေ့မီးလင်းဈေး ၃၁ သိန်းမြှောက် 2917000 ရတယ်။ အဲ့တာ ၁၅ပဲရည် တစ်ကျပ်သားဈေးပဲ။ ၁၃ပဲရည်လိုချင်ရင်… သူက ၃ပဲစပ်ဆိုတော့ 16ကိုတည် 19 နဲ့စား မီးလင်းဈေးနဲ့မြှောက် ဒါပဲ။

နိုင်ငံခြားက လာတဲ့ အထည်တွေမှာ ရေးထားတဲ့ 24K ဆို အခေါက်ရွှေ၊ 22K ပဲစပ်၊ 18K ၁၂ ပဲရည်လို့ သတ်မှတ်ခေါ်တယ်။ မြန်မာ့ရွှေဈေးကွက်က နည်းစနစ်တကျ ဖွဲ့စည်းလုပ်ကိုင်တဲ့ ခိုင်မာ မှန်ကန်တဲ့ဈေးကွက်တော့ မရှိသေးဘူး။ လူယုံကြည်မှုလေး နဲ့ လုပ်ကြတာ များတယ်။

ဒါ့ကြောင့် ဈေးကမောက်ကမဖြစ်တယ်… ရှုံးရင် ခဏခဏထွက်ပြေးကြတယ်။ တစ်ချိန်မှာ လူတိုင်းလုပ်ရလွယ်ကူတဲ့ အချိန်မရွေးရောင်းဝယ်လို့ရတဲ့ ခိုင်မာတဲ့ E Trade ရွှေဈေးကွက်တစ်ခု ဖြစ်လာဖို့ လိုတယ်။ ဒါမှ နိုင်ငံတော်လည်း အခွန်ရ အားလုံးလည်း အာမခံရှိ အဆင်ပြေမှာ။

အကယ်ဒမီရွှေနဲ့ အခြားရွှေ ဘာကွာလဲ… ယေဘူယအားဖြင့် ဘာမှ မကွာကြဘူးလို့ ပြောလို့ ရတယ်။ အကယ်ဒမီက သက်တမ်းကြာပီ နာမည်ရှိတယ်… ရွှေရည်ကောင်းတယ်၊ စိတ်ချရတယ် ဆိုပီး အများလက်ခံလို့ အကယ်ဒမီ တံဆိပ်ကို စံအဖြစ် ထားလုပ်လိုက်တာ။

စံထား အရောင်းအဝယ် လုပ်သူများတော့ အခြားတံဆိပ်တွေထက် ဈေးတစ်သောင်း ပတ်ဝန်းကျင်ခန့် ပိုတက်ပါတယ်။ ဒါကြောင့် ဈေးကွက်ဖွင့် အကယ်ဒမီရွှေဈေးနဲ့ ရွှေဆိုင်တွေပေါက်ဈေးက သောင်းဂဏန်း ကွာနေတတ်တယ်။ ၁ ကျပ်သား ၂ ကျပ်သား ဖြတ်စ အတုံး ဝယ်မယ်ဆိုရင်တော့…

ဘာတံဆိပ်ဝယ်ဝယ် အတူတူပါပဲ။ နိုင်ငံခြားမှာတော့… အခေါက်ရွှေမီးလင်းဆို အကုန် အတူတူပဲ။ ကျနော် နေ့စဉ်တင်ပေးနေတဲ့ဈေးက ဈေးကွက်က စဖွင့်တဲ့ အကယ်ဒမီရွှေပေါက်ဈေး အမှန်ပါ။ ဟိုဆိုင်နဲ့ ကွာတယ်၊ ဒီဆိုင်နဲ့ကွာတယ် လာလာပြောနေကြလို့။ကျေးဇူးပါ.. ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကြပါစေ.. ကျော်ကြီး (MDY)

ခရက်ဒစ်#ကျော်ကြီး (MDY)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*