ဓာတ္ဆီကားႏွင့္ လွ်ပ္စစ္ကား တစ္စီးရဲ႕ ၁ လတာ ခန္႔မွန္းကုန္က်စရိတ္ကို ႏွိဳင္းယွဥ္တြက္ခ်က္ပုံ

ဓာတ္ဆီကားႏွင့္ လွ်ပ္စစ္ကား တစ္စီးရဲ႕ ၁ လတာ ခန္႔မွန္းကုန္က်စရိတ္ကို ႏွိဳင္းယွဥ္တြက္ခ်က္ပုံ
ဓာတ္ဆီကားႏွင့္ လွ်ပ္စစ္ကား တစ္စီးရဲ႕ ၁ လတာ ခန္႔မွန္းကုန္က်စရိတ္ကို ႏွိဳင္းယွဥ္တြက္ခ်က္ပုံ

ဓာတ္ဆီကားႏွင့္ လွ်ပ္စစ္ကား တစ္စီးရဲ႕ ၁ လတာ ခန္႔မွန္းကုန္က်စရိတ္ကို ႏွိဳင္းယွဥ္တြက္ခ်က္ပုံ

လွ်ပ္စစ္ ကားႏွင့္ ဓာတ္ဆီ ကား တစ္စီးရဲ႕ ၁ လတာ ခန္႔မွန္း ကုန္က်စရိတ္နဲ႔ တြက္ခ်က္ပုံကို ဗဟုသုတျဖစ္ေစဖို႔ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

စြမ္းအင္ ၁ လတာ ကုန္က်စရိတ္ (၁၅၀၀ ကီလို မီတာ)… 1300cc ဓာတ္ဆီကား = ၂၅၀၀၀၀ က်ပ္၊ အ႐ြယ္တူ လွ်ပ္စစ္ကား = ၄၅၀၀၀ က်ပ္

လွ်ပ္စစ္ကား စီးရင္ ဝယ္ယူေဈး မ်ားႏိုင္ေပမယ့္ တစ္လကို ၂ သိန္း ဝန္းက်င္ ကုန္က်စရိတ္ သက္သာ ႏိုင္ပါမယ္။

ကား (၁) စီး … (၁) ရက္ကို ပုံမွန္ 50 km ေမာင္းတယ္ ဆိုပါက လွ်ပ္စစ္ကားတစ္စီး ခန္႔မွန္းကုန္က်စရိတ္

(၁) ကီလိုမီတာ ေမာင္းလွ်င္ ကုန္ဆုံးႏိုင္ေသာ Energy (ပွ်မ္းမွ်) = 0.2 kWh ( Source from Internet )

မီတာ (၁) ယူနစ္ ( 1kWh ) ျမန္မာျပည္ေဈးႏႈန္း(ပွ်မ္းမွ်) = 150 Ks

(၁) ကီလို မီတာ ေမာင္းလွ်င္ ကုန္က်စရိတ္ = 0.2 kWh x 150 Ks = 30 Ks

Electric car (၁) ရက္ ေမာင္းလွ်င္ ကုန္က်စရိတ္ = 50 km x 30 Ks = 1500 Ks တို႔ ကုန္က်မွာပဲျဖစ္ပါတယ္။

ဓာတ္ဆီကား… (1300 CC Engine) ကား (၁) စီး (၁) ရက္ကို ပုံမွန္ 50 km ေမာင္းတဲ့ ခန္႔မွန္းကုန္က်စရိတ္

ဓာတ္ဆီ (၁) လီတာေဈးႏႈန္း (ပွ်မ္းမွ်) = 2000 Ks

ဓာတ္ဆီ ၁လီတာလွ်င္ ေမာင္းႏွင္ႏိုင္ေသာအကြာအေဝး(ပွ်မ္းမွ်)= 12 km

(၁) ရက္ ၅၀ ကီလိုမီတာ ေမာင္းလွ်င္ ကုန္ဆုံးမည့္ ဓာတ္ဆီ ပမာဏ = 50 / 12 = 4.17 L
ဓာတ္ဆီကား (1300 CC Engine) (၁) ရက္ေမာင္းလွ်င္ ကုန္က်စရိတ္= 4.17 x 2000= 8340 Ks တို႔ ကုန္က်မွာပဲျဖစ္ပါတယ္။

လွ်ပ္စစ္ကားႏွင့္ ဓာတ္ဆီကားတို႔ရဲ႕ ကုန္က်စရိတ္ကြာျခားပုံကို ခန႔္မွန္းတြက္ခ်က္ႏိုင္ဖို႔ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

၂၀၂၀ခုႏွစ္မွစတင္ၿပီးႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ လွ်ပ္စစ္ကား လွ်ပ္စစ္ဆိုင္ကယ္မ်ားကိုတြင္တြင္က်ယ္က်ယ္အသုံးျပဳလာၾကတာကိုႏိုင္ငံတကာသတင္းမ်ားမွာျမင္ေတြ႕ေနရပါတယ္။

အေမရိကန္ႏိုင္ငံမွာ လွ်ပ္စစ္ကားေလာကမွ အေက်ာ္ၾကားဆုံး Tesla အမွတ္တံဆိပ္ဟာ တျခားၿပိဳင္ဖက္ ဓာတ္ဆီသုံး ဇိမ္ခံကားထုတ္တဲ့သူမ်ားျဖစ္တဲ့ BMW, Mercedes, Audi အစရွိတဲ့ ကားဘိုးေအမ်ားထက္ ၂၀၂၁ ခုႏွစ္ေရာင္းအားမွာ

သာလြန္ခဲ့တာကို ေတြ႕ရပါတယ္။ အခုအခ်ိန္မွာ Tesla ဟာ ကားစက္႐ုံမ်ားကို အေမရိကန္ႏိုင္ငံသာမက တ႐ုတ္ျပည္နဲ႔ ဂ်ာမဏီႏိုင္ငံမ်ားတြင္ပါ တည္ေဆာက္ၿပီး ကားမ်ားကို ကမာၻအႏွံ႔ေရာင္းခ်ေပးေနၿပီ ျဖစ္ပါတယ္။

ဥေရာပႏိုင္ငံ ေတာ္ေတာ္မ်ားမ်ား မွာလည္း ၂၀၃၅ ေနာက္ပိုင္း ေလာင္စာဆီသုံးကားမ်ား ထုတ္လုပ္ေရာင္းခ်မႈကို ရပ္ဆိုင္းေတာ့မယ္လို႔ ေတြ႕ေနရျပန္ပါတယ္။ Toyota, VW, Hyundai, Ford ကဲ့သို႔ ကားထုတ္လုပ္တဲ့ ကုမၸဏီႀကီးမ်ားမွာ လွ်ပ္စစ္ကားမ်ားကိုအၿပိဳင္အဆိုင္

ထုတ္လာၾကၿပီကို သတင္းမ်ားမွာေတြ႕ရွိႏိုင္ပါၿပီ။ ၂၀၂၁ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ကားေရာင္းခ်မႈရဲ႕ ၁၅% ခန္႔ဟာ New Energy Vehicle (NEV) ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္မွာ ၂၀% နဲ႔ ၂၅% ၾကား ျဖစ္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

လွ်ပ္စစ္ကားကို အသုံးျပဳရတဲ့ရည္႐ြယ္ခ်က္ မ်ိဳးစုံရွိတဲ့ထဲမွာ ကမာၻႀကီးပူေႏြးလာေစတဲ့ ေလာင္စာဆီ အသုံးျပဳျခင္းကို ေလွ်ာ့ခ်ဖို ႔စတင္ခဲ့ေပမယ့္… ထိေရာက္မႈက အေတာ္အသင့္သာ ရွိခဲ့ပါတယ္။

ခရစ္ဒစ္#moezacauto#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဓာတ်ဆီကားနှင့် လျှပ်စစ်ကား တစ်စီးရဲ့ ၁ လတာ ခန့်မှန်းကုန်ကျစရိတ်ကို နှိုင်းယှဉ်တွက်ချက်ပုံ

လျှပ်စစ် ကားနှင့် ဓာတ်ဆီ ကား တစ်စီးရဲ့ ၁ လတာ ခန့်မှန်း ကုန်ကျစရိတ်နဲ့ တွက်ချက်ပုံကို ဗဟုသုတဖြစ်စေဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

စွမ်းအင် ၁ လတာ ကုန်ကျစရိတ် (၁၅၀၀ ကီလို မီတာ)… 1300cc ဓာတ်ဆီကား = ၂၅၀၀၀၀ ကျပ်၊ အရွယ်တူ လျှပ်စစ်ကား = ၄၅၀၀၀ ကျပ်

လျှပ်စစ်ကား စီးရင် ဝယ်ယူဈေး များနိုင်ပေမယ့် တစ်လကို ၂ သိန်း ဝန်းကျင် ကုန်ကျစရိတ် သက်သာ နိုင်ပါမယ်။

ကား (၁) စီး … (၁) ရက်ကို ပုံမှန် 50 km မောင်းတယ် ဆိုပါက လျှပ်စစ်ကားတစ်စီး ခန့်မှန်းကုန်ကျစရိတ်

(၁) ကီလိုမီတာ မောင်းလျှင် ကုန်ဆုံးနိုင်သော Energy (ပျှမ်းမျှ) = 0.2 kWh ( Source from Internet )

မီတာ (၁) ယူနစ် ( 1kWh ) မြန်မာပြည်ဈေးနှုန်း(ပျှမ်းမျှ) = 150 Ks

(၁) ကီလို မီတာ မောင်းလျှင် ကုန်ကျစရိတ် = 0.2 kWh x 150 Ks = 30 Ks

Electric car (၁) ရက် မောင်းလျှင် ကုန်ကျစရိတ် = 50 km x 30 Ks = 1500 Ks တို့ ကုန်ကျမှာပဲဖြစ်ပါတယ်။

ဓာတ်ဆီကား… (1300 CC Engine) ကား (၁) စီး (၁) ရက်ကို ပုံမှန် 50 km မောင်းတဲ့ ခန့်မှန်းကုန်ကျစရိတ်

ဓာတ်ဆီ (၁) လီတာဈေးနှုန်း (ပျှမ်းမျှ) = 2000 Ks

ဓာတ်ဆီ ၁လီတာလျှင် မောင်းနှင်နိုင်သောအကွာအဝေး(ပျှမ်းမျှ)= 12 km

(၁) ရက် ၅၀ ကီလိုမီတာ မောင်းလျှင် ကုန်ဆုံးမည့် ဓာတ်ဆီ ပမာဏ = 50 / 12 = 4.17 L
ဓာတ်ဆီကား (1300 CC Engine) (၁) ရက်မောင်းလျှင် ကုန်ကျစရိတ်= 4.17 x 2000= 8340 Ks တို့ ကုန်ကျမှာပဲဖြစ်ပါတယ်။

လျှပ်စစ်ကားနှင့် ဓာတ်ဆီကားတို့ရဲ့ ကုန်ကျစရိတ်ကွာခြားပုံကို ခန့်မှန်းတွက်ချက်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၂၀၂၀ခုနှစ်မှစတင်ပြီးနိုင်ငံတော်တော်များများမှာ လျှပ်စစ်ကား လျှပ်စစ်ဆိုင်ကယ်များကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကိုနိုင်ငံတကာသတင်းများမှာမြင်တွေ့နေရပါတယ်။

အမေရိကန်နိုင်ငံမှာ လျှပ်စစ်ကားလောကမှ အကျော်ကြားဆုံး Tesla အမှတ်တံဆိပ်ဟာ တခြားပြိုင်ဖက် ဓာတ်ဆီသုံး ဇိမ်ခံကားထုတ်တဲ့သူများဖြစ်တဲ့ BMW, Mercedes, Audi အစရှိတဲ့ ကားဘိုးအေများထက် ၂၀၂၁ ခုနှစ်ရောင်းအားမှာ

သာလွန်ခဲ့တာကို တွေ့ရပါတယ်။ အခုအချိန်မှာ Tesla ဟာ ကားစက်ရုံများကို အမေရိကန်နိုင်ငံသာမက တရုတ်ပြည်နဲ့ ဂျာမဏီနိုင်ငံများတွင်ပါ တည်ဆောက်ပြီး ကားများကို ကမ္ဘာအနှံ့ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

ဥရောပနိုင်ငံ တော်တော်များများ မှာလည်း ၂၀၃၅ နောက်ပိုင်း လောင်စာဆီသုံးကားများ ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းတော့မယ်လို့ တွေ့နေရပြန်ပါတယ်။ Toyota, VW, Hyundai, Ford ကဲ့သို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးများမှာ လျှပ်စစ်ကားများကိုအပြိုင်အဆိုင်

ထုတ်လာကြပြီကို သတင်းများမှာတွေ့ရှိနိုင်ပါပြီ။ ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ကားရောင်းချမှုရဲ့ ၁၅% ခန့်ဟာ New Energy Vehicle (NEV) ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ၂၀% နဲ့ ၂၅% ကြား ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

လျှပ်စစ်ကားကို အသုံးပြုရတဲ့ရည်ရွယ်ချက် မျိုးစုံရှိတဲ့ထဲမှာ ကမ္ဘာကြီးပူနွေးလာစေတဲ့ လောင်စာဆီ အသုံးပြုခြင်းကို လျှော့ချဖို့စတင်ခဲ့ပေမယ့်… ထိရောက်မှုက အတော်အသင့်သာ ရှိခဲ့ပါတယ်။

ခရစ်ဒစ်#moezacauto#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*