အသားငါး၊ အသီးအ႐ြက္ေတြကို ၾကာရွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းမလဲ…

အသားငါး၊ အသီးအ႐ြက္ေတြကို ၾကာရွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းမလဲ...
အသားငါး၊ အသီးအ႐ြက္ေတြကို ၾကာရွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းမလဲ...

အသားငါး၊ အသီးအ႐ြက္ေတြကို ၾကာရွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းမလဲ…

သားငါးသီး႐ြက္ကို ဘယ္လိုသိမ္းမလဲ ေစ်းခဏခဏ မသြားႏိုင္တဲ့ကာလမွာ အသားငါး အသီးအ႐ြက္အစုံ ေရခဲေသတၱာထဲခံေအာင္ ၾကာၾကာထားလို႔ရတဲ့ အာနိသင္လည္းရွိတဲ့ ျပဳလုပ္ေလ့ရွိတဲ့ နည္းလမ္းေလးေတြပါ။

အသားဆို… ဆား၊ နႏြင္း၊ အခ်ိဳမႈန္႔နယ္ၿပီး ေကာ္ဘူးထဲ ထည့္သိမ္းလို႔ရပါတယ္ (ၾကက္၊ ၀က္၊အမဲသား၊ ဘဲသား၊ အသားစုံ ထိုနည္းအတိုင္းပါ)

ပုစြန္ဆို ကိုင္ၿပီး ဆားနဲ႔ေလွာ္ကာ ဘူးထဲ ထည့္သိမ္းလို႔ ရပါတယ္။ က်က္ေနေအာင္ျပဳပ္ၿပီး ဆီ အနည္းငယ္နဲ႔ ေၾကာ္ၿပီးလည္း သိမ္းႏိုင္ပါတယ္။

ငါးေမႊဖို႔ဆို… ငါးကို ငံျပာရည္နဲ႔ မာမာေလးျပဳပ္ၿပီး အသားႏႊင္ ဘူးထဲထည့္သိမ္းလို႔ ရပါတယ္။ ကင္းမြန္ကိုေတာ့ ေသခ်ာကိုင္ၿပီး ေရေႏြးနဲ႔ ခနျပဳပ္ၿပီး ဘူးထဲထည့္သိမ္းႏိုင္ပါတယ္။ ငါးဖယ္ကိုေတာ့ ခ်က္မွာဆို… မေပ်ာ့မမာေလးေၾကာ္ထားၿပီး ဘူးထဲ ထည့္သိမ္းႏိုင္ပါတယ္။

ငါးဖယ္အစိမ္းခ်က္ ဆိုရင္ေတာ့… ေရေႏြးဆူထဲ ဆား နည္းနည္းထည့္၊ လက္ေလးနဲ႔ အေနေတာ္လုံးၿပီး ၃မိနစ္ေလာက္ျပဳပ္ၿပီး ဘူးထဲ ထည့္သိမ္းလို႔ ရပါတယ္။

ကင္းပြန္းခ်ဥ္႐ြက္ကိုေတာ့ ေသခ်ာ နယ္ဖတ္ေဆးၿပီး ေရေႏြးအိုးဆူထဲ ခနျပဳတ္ၿပီး ဘူးထဲထည့္သိမ္းလို႔ရပါတယ္။ ကန္စြန္း႐ြက္ကိုေတာ့ ရင့္တာေတြဖယ္ၿပီး စားမယ့္အႏုေတြခ်ည္းကို သတင္းစာနဲ႔ပတ္ၿပီး သိမ္းႏိုင္ပါတယ္။

ကန္စြန္း႐ိုးနီကိုေတာ့ ေရေႏြးဆူထဲ ခနထည့္ျပဳတ္ၿပီး ေကာ္ဘူးထဲ သိမ္းႏိုင္ပါတယ္။ ေဂၚရခါးသီးကိုေတာ့ သတင္းစာနဲ႔ ပတ္ကာ သိမ္းႏိုင္ပါတယ္။ ခ်ဥ္ေပါင္႐ြက္ေတြကိုေတာ့ ေခြၽေရစင္ေအာင္ေဆးၿပီး အိုးထဲ ထည့္က်ိဳၿပီး ဘူးထဲထည့္ကာ သိမ္းႏိုင္ပါတယ္။

မုန္လာဥနီကိုေတာ့ သတင္းစာနဲ႔ ၂ထပ္ေလာက္ပတ္ၿပီး သိမ္းႏိုင္ပါတယ္။ မုန္လာဥကိုေတာ့ ေရေႏြးဆူထဲ ခနထည့္ၿပီး နည္း၂ႏူးရင္ ဘူးထဲ ထည့္သိမ္းႏိုင္ပါတယ္။

မုန္ညင္းကိုေတာ့ တလႊာခ်င္းစီခြာၿပီး သတင္းစာနဲ႔ တဖတ္ခ်င္းစီပတ္ၿပီး သိမ္းႏိုင္ပါတယ္။ မွ်စ္ကိုေတာ့ ေရစင္ေအာင္ေဆး တနာရီေလာက္ျပဳပ္ ေရစစ္ၿပီး အဖတ္ေတြကို အိတ္ေလးေတြနဲ႔ထုပ္ၿပီး အခဲကန္႔မွာ ထည့္သိမ္းႏိုင္ပါတယ္။

ပဲပင္ေပါက္ကိုေတာ့ ေရစင္ေအာင္ေဆးၿပီး ေရေႏြးနဲ႔ခနျပဳပ္ အခဲကန္႔ထဲ တခါခ်က္စာ အိတ္ေလးေတြနဲ႔ထည့္ၿပီး သိမ္းႏိုင္ပါတယ္။

ပဲျပားကိုေတာ့ ေရစင္ေအာင္ေဆး ၃မိနစ္ေလာက္ျပဳပ္ၿပီးဆယ္ကာ ဘူးထဲ ပဲျပားတုံး ေရျမဳပ္တဲ့ထိ စိမ္ၿပီး သိမ္းႏိုင္ပါတယ္။ ဇရစ္႐ိုးကိုေတာ့ အမွ်င္ေတြဖယ္သင္ၿပီး ေရေဆးၿပီး ေရေႏြးေဖ်ာကာ အခဲကန္႔ထဲမွာ ဘူးနဲ႔သိမ္းႏိုင္ပါတယ္။

ေဂၚဖီထုပ္ကိုေတာ့ ရိတာေတြ ပိုးကိုက္တာေတြကို ဓားနဲ႔သင္ၿပီးမွ သတင္းစာနဲ႔ ၃ထပ္ေလာက္လုံေနေအာင္ပတ္ၿပီး သိမ္းႏိုင္ပါတယ္။ အခ်ိန္ရရင္ တဖတ္ခ်င္းစီခြာၿပီး သတင္းစာနဲ႔ပတ္ၿပီးလည္း သိမ္းႏိုင္ပါတယ္။

နံနံပင္ကိုေတာ့ အျမစ္ေတြဖယ္ မသန္႔တာေတြေ႐ြးဖယ္ၿပီး သတင္းစာနဲ႔လုံေအာင္ပတ္ၿပီး အိတ္ထဲထည့္ကာ သိမ္းႏိုင္ပါတယ္။

ျငဳပ္သီးစိမ္းကိုေတာ့ ေရစင္ေအာင္ေဆး အညာေခြၽၿပီး ေရေႏြးဆူထဲ ၅မိနစ္ေလာက္ျပဳပ္ၿပီးဆယ္ကာ ဘူးထဲထည့္ကာ သိမ္းႏိုင္ပါတယ္။ ျပဳတ္မထားဘဲ အစိမ္းထားခ်င္သူက ဘူးေအာက္ေျခမွာ သတင္းစာေလးခံၿပီး အညာေခြၽထားတဲ့ျငဳပ္သီးေလးေတြကို ေရစင္ေအာင္သုတ္ ျဖန္႔ထားကာ ထားႏိုင္ပါတယ္။

ေဂၚဖီပန္းပြင့္ကိုေတာ့ မေကာင္းတာေတြဓားနဲ႔ရွပ္ၿပီး လက္တဆုပ္စာေလးေတြသင္ၿပီး သတင္းစာေလးနဲ႔ပတ္ကာ သိမ္းႏိုင္ပါတယ္။

ခရမ္းခ်ဥ္သီးကိုေတာ့ ေရစင္ေအာင္ေဆး ေရေႏြးဆူထဲထည့္ အႏွစ္ရတဲ့ထိေမႊၿပီး အႏွစ္ပ်စ္လာတဲ့အခါအခါဆယ္ၿပီး ဘူးထဲထည့္ သိမ္းႏိုင္ပါတယ္။

ခရမ္းသီးကိုေတာ့ ေရစင္ေအာင္ေဆးၿပီး ေသခ်ာေျခာက္ေနေအာင္ ျပန္သုတ္ၿပီးတလုံးခ်င္းစီ သတင္းစာနဲ႔ပတ္ၿပီး သိမ္းႏိုင္ပါတယ္။

သံပရာသီးကိုေတာ့ ေရေဆးၿပီး ဇကာေပါက္ပါတဲ့ျခင္းထဲထည့္ကာ သိမ္းႏိုင္ပါတယ္။ သံပရာသီးေျခာက္မွာစိုးရင္ေတာ့ အလုံးလိုက္အရည္ေတြ ညစ္ယူၿပီး ဖန္ပုလင္းအသန္႔ထဲ ထည့္ကာ သိမ္းႏိုင္ပါတယ္။

ၾကက္ဥ ဘဲဥကိုေတာ့ ေရစင္ေအာင္ဆပ္ျပာနဲ႔ေဆးၿပီး ကတ္ သို႔မဟုတ္ ဇကာေပါက္ပါတဲ့ ေကာ္ျခင္းထဲထည့္ကာ သိမ္းႏိုင္ပါတယ္။

အသီးအႏွံေတြကိုေတာ့ ေရေဆးၿပီး ေရစင္ေအာင္ျပန္သုတ္ၿပီး သတင္းစာေလးေတြနဲ႔ တလုံးခ်င္းစီပတ္ကာ သိမ္းဆည္းႏိုင္ပါတယ္။

ဆီခနခနသတ္ အျဖဴအနီေတြမထုေထာင္းခ်င္ဖူးဆိုရင္ေတာ့ ဂ်င္းၾကက္သြန္ျဖဴနီကိုမ်ားမ်ားႏႊာၿပီးထုေထာင္း ဆီသတ္ႏြမ္းတဲ့အခါ အေရာင္တင္မႈန္႔ထည့္ၿပီး ဟင္းခ်က္ႏွစ္ကို စတီးခ်ိဳင့္ထဲထည့္ကာ သိမ္းႏိုင္ပါတယ္။

ေရခဲေသတၱာထဲ မထည့္သင့္တဲ့ အသီးကေတာ့ ငွက္ေပ်ာသီးပါ။ အမွည့္ၾကာေစတာမို႔ အျပင္မွာဘဲထားစားပါ။ ေပါင္မုန္႔ကိုလည္းမထည့္သင့္ပါဖူး အစိုဓာတ္ကိုေျခာက္ေသြ႕ေစၿပီး ေပါင္မုန္႔သား မာဆတ္၂ ျဖစ္ေစလို႔ပါ။

ၾကက္သြန္ျဖဴနီေတြကိုလည္းႏႊာၿပီး ေရခဲေသတၱာထဲ ဒီတိုင္းမထည့္သင့္ပါဘူး… အနံ႔ေတြနံတတ္လို႔ပါ။ သိမ္းခ်င္ရင္ ႏႊာၿပီး ေရစင္ေအာင္ေဆးၿပီး ဘူးထဲထည့္သိမ္းလို႔ရပါတယ္ရွင့္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အသားငါး၊ အသီးအရွက်တွေကို ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းမလဲ…

သားငါးသီးရွက်ကို ဘယ်လိုသိမ်းမလဲ ဈေးခဏခဏ မသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲခံအောင် ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းလေးတွေပါ။

အသားဆို… ဆား၊ နနွင်း၊ အချိုမှုန့်နယ်ပြီး ကော်ဘူးထဲ ထည့်သိမ်းလို့ရပါတယ် (ကြက်၊ ဝက်၊အမဲသား၊ ဘဲသား၊ အသားစုံ ထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲ ထည့်သိမ်းလို့ ရပါတယ်။ ကျက်နေအောင်ပြုပ်ပြီး ဆီ အနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်။

ငါးမွှေဖို့ဆို… ငါးကို ငံပြာရည်နဲ့ မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ ရပါတယ်။ ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။ ငါးဖယ်ကိုတော့ ချက်မှာဆို… မပျော့မမာလေးကြော်ထားပြီး ဘူးထဲ ထည့်သိမ်းနိုင်ပါတယ်။

ငါးဖယ်အစိမ်းချက် ဆိုရင်တော့… ရေနွေးဆူထဲ ဆား နည်းနည်းထည့်၊ လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲ ထည့်သိမ်းလို့ ရပါတယ်။

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာ နယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်။ ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်။

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်။ ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ ပတ်ကာ သိမ်းနိုင်ပါတယ်။ ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲ ထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ်။ မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲ ထည့်သိမ်းနိုင်ပါတယ်။

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့ တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ်။ မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်။

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်။

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲ ပဲပြားတုံး ရေမြုပ်တဲ့ထိ စိမ်ပြီး သိမ်းနိုင်ပါတယ်။ ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်။

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်။ အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်။

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်။

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။ ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ် ဖြန့်ထားကာ ထားနိုင်ပါတယ်။

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်။

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်။

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်။ သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်။

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်။

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ်။

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ အရောင်တင်မှုန့်ထည့်ပြီး ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ သိမ်းနိုင်ပါတယ်။

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ။ အမှည့်ကြာစေတာမို့ အပြင်မှာဘဲထားစားပါ။ ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ။

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဘူး… အနံ့တွေနံတတ်လို့ပါ။ သိမ်းချင်ရင် နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*