ဆန္မေကာင္းလည္း မပူနဲ႕… ထမင္းေကာင္းထြက္ေအာင္ခ်က္ႏိုင္မယ့္ ခ်က္နည္းလွ်ိဳ႕ဝွက္ခ်က္မ်ား

ဆန္မေကာင္းလည္း မပူနဲ႕... ထမင္းေကာင္းထြက္ေအာင္ခ်က္ႏိုင္မယ့္ ခ်က္နည္းလွ်ိဳ႕ဝွက္ခ်က္မ်ား
ဆန္မေကာင္းလည္း မပူနဲ႕... ထမင္းေကာင္းထြက္ေအာင္ခ်က္ႏိုင္မယ့္ ခ်က္နည္းလွ်ိဳ႕ဝွက္ခ်က္မ်ား

ဆန္မေကာင္းလည္း မပူနဲ႕… ထမင္းေကာင္းထြက္ေအာင္ခ်က္ႏိုင္မယ့္ ခ်က္နည္းလွ်ိဳ႕ဝွက္ခ်က္မ်ား

ဆန္မေကာင္းလည္း မပူနဲ႔ေတာ့… က်မတို႔ အိမ္ရွင္မ/ အိမ္ရွင္ထီး မ်ားအတြက္ အသုံးဝင္မဲ့ လက္ေတြ႕အသုံးခ် ႏိုင္တဲ့ ဗဟုသုတပါ။ အိမ္ရွင္မ/ ထီး မ်ား အတြက္ ထမင္းခ်က္ရာတြင္ အရသာသာမက

က်န္းမာေရး အတြက္ အဟာရဓါတ္ေတြပါ မဆုံးရႈံး ေစမည့္ နည္းလမ္းလဲ လြယ္ကူေစမည့္ ထမင္းခ်က္ျခင္း ၏ လွ်ိဳ႕ဝွက္ခ်က္မ်ားကို စုစည္း ေဖာ္ျပ ေပးလိုက္ပါသည္။

(၁) ရွာလကာရည္

ထမင္းခ်က္ရာတြင္ ရွာလကာရည္ တစ္စက္…ႏွစ္စက္ ထည့္ေပး႐ုံျဖင့္ ထမင္းရဲ႕ အနံ႔၊ အရသာကို ပိုမို ထင္ေပၚ ေမႊးပ်ံ႕ေစသည့္ အျပင္.. ရာသီဥတု အလြန္ပူျပင္း၍ ထမင္းသိုးျခင္း ကို ကာကြယ္ ေပးႏိုင္ပါတယ္။

(၂) ဘီယာ

ဆန္ေဟာင္းမ်ား အထားၾကာသြားၿပီး ခ်က္ျပဳတ္ရာမွာ အနံ႔၊ အရသာ က ဆန္သစ္ေလာက္ မေကာင္းတဲ့ အခ်ိန္မွာ စိတ္ပူစရာ မလိုပါဘူး။ ဆန္ေဟာင္း ခ်က္ခ်ိန္မွာ… ဘီယာ အနည္းငယ္သာ ထည့္ေပးလိုက္ပါ။ ေပၚဆန္းေမႊး ပမာ… ေမႊးပ်ံ႕တဲ့ ထမင္းကို ရရွိမွာ ျဖစ္ပါတယ္။

(၃) ေျမပဲဆီ

ထမင္းခ်က္ရာမွာ ဆားအနည္းငယ္ နဲ႔ ေျမပဲဆီ အနည္းငယ္ ထည့္ၿပီး ေမႊေပးလိုက္ပါ။ ဆန္ဖြာျခင္း မရွိပဲ… ခံတြင္းကို ေတြ႕ေစမဲ့ ထမင္း ရရွိမွာပါ။

(၄) ဆား

လက္က်န္ ထမင္း ကို ျပန္ေႏြးရာတြင္ ဆားအနည္းငယ္ ထည့္ေပးျခင္း အားျဖင့္ အနံ႔ဆိုးမ်ားကို ေပ်ာက္ေစမည့္အျပင္… ထမင္းကိုလည္း ႏူးညံ့ေစမွာ ျဖစ္ ပါ တယ္။

(၅) ဆန္ အရက္၊ အရက္ျဖဴ…

ထမင္းေၾကာ္ရာတြင္ အရက္ သုံးေလးစက္ အနည္းငယ္ ထည့္ေၾကာ္ေပးပါက… နတ္သုဒၶါပမာ ထမင္း အရသာကို ရရွိေစမွာ ျဖစ္ပါတယ္။ အကယ္၍

ထမင္းက က်က္တဝက္၊ မက်က္တဝက္ အေျခေနမ်ိဳးနဲ႔ ေတြ႕ႀကဳံေနပါက ဆန္အရက္ ဇြန္း ၂ ဇြန္းစာ ထည့္ၿပီး ေႏြးေပးျခင္းျဖင့္ ထမင္းကို လုံးဝ က်က္ေစမွာ ျဖစ္ပါတယ္။

(၆) ေရက်က္ေအး

ထမင္ းခ်က္ရာတြင္ ေရက်က္ေအးျဖင့္ ခ်က္ေပးပါက ဆန္မွာ ပါဝင္တဲ့ ဗီတာမင္ B1 ဓါတ္ကို အျပည့္အဝ ရရွိေစမွာ ျဖစ္ပါတယ္။

(၇) ၾကက္သြန္ၿမိတ္

ထမင္းတူးသြားပါက… ထမင္းၾကားထဲကို ၾကက္သြန္ၿမိတ္ တစ္ပင္ကို ထည့္ၿပီး ခဏ ဖုံးအုပ္ ထားေပးလိုက္ပါ။ တူးနံ႔မ်ား ယူပစ္သလို ေပ်ာက္သြား ေစမွာ ျဖစ္ ပါ တယ္။

(၈) လက္ဖက္ရည္ၾကမ္း

ေရေႏြးၾကမ္းကို ထမင္းခ်က္ရာမွာ ထည့္ၿပီး သာမာန္အတိုင္း ထမင္းခ်က္ပါ။ ရရွိလာတဲ့ ထမင္းက အနံ႔အရသာကို ျပည့္စုံေစယုံသာ မက အဟာရလည္း အလြန္ ျဖစ္ ေစ ပါ တယ္။

(၉) သံလြင္ဆီ

ထမင္း ခ်က္ရာတြင္… သံလြင္ဆီ အနည္းငယ္ ထည့္ေပးပါက ဆန္ထဲရွိ သၾကားဓါတ္ တိုးျမင့္မႈ႕ကို ထိန္းခ်ဳပ္ ႏိုင္ေစသည့္အျပင္ အစာအိမ္ကိုလည္း ဥပါဒ္ မျဖစ္ေစပါဘူး။ ဆီးခ်ိဳ သမားမ်ား အတြက္ အထူး သင့္ေတာ္ပါတယ္။

က်မ၏ Fri မ်ား အရသာျပည့္ဝတဲ့ မိသားစု ထမင္းဝိုင္းေလး ျဖစ္ၾကပါေစ။Credit

Unicode

ဆန်မကောင်းလည်း မပူနဲ့… ထမင်းကောင်းထွက်အောင်ချက်နိုင်မယ့် ချက်နည်းလျှို့ဝှက်ချက်များ

ဆန်မကောင်းလည်း မပူနဲ့တော့… ကျမတို့ အိမ်ရှင်မ/ အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချ နိုင်တဲ့ ဗဟုသုတပါ။ အိမ်ရှင်မ/ ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာမက

ကျန်းမာရေး အတွက် အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။

(၁) ရှာလကာရည်

ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက်…နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့၊ အရသာကို ပိုမို ထင်ပေါ် မွှေးပျံ့စေသည့် အပြင်.. ရာသီဥတု အလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။

(၂) ဘီယာ

ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့၊ အရသာ က ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။ ဆန်ဟောင်း ချက်ချိန်မှာ… ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေး ပမာ… မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။

(၃) မြေပဲဆီ

ထမင်းချက်ရာမှာ ဆားအနည်းငယ် နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်း မရှိပဲ… ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။

(၄) ဆား

လက်ကျန် ထမင်း ကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်း အားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့်အပြင်… ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ် ပါ တယ်။

(၅) ဆန် အရက်၊ အရက်ဖြူ…

ထမင်းကြော်ရာတွင် အရက် သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက… နတ်သုဒ္ဓါပမာ ထမင်း အရသာကို ရရှိစေမှာ ဖြစ်ပါတယ်။ အကယ်၍

ထမင်းက ကျက်တဝက်၊ မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာ ထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။

(၆) ရေကျက်အေး

ထမင် းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာ ပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

(၇) ကြက်သွန်မြိတ်

ထမင်းတူးသွားပါက… ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏ ဖုံးအုပ် ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာ ဖြစ် ပါ တယ်။

(၈) လက်ဖက်ရည်ကြမ်း

ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာ မက အဟာရလည်း အလွန် ဖြစ် စေ ပါ တယ်။

(၉) သံလွင်ဆီ

ထမင်း ချက်ရာတွင်… သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှု့ကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ် မဖြစ်စေပါဘူး။ ဆီးချို သမားများ အတွက် အထူး သင့်တော်ပါတယ်။

ကျမ၏ Fri များ အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ကြပါစေ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*