လူတစ္ေယာက္မွာ ဥပဓိရုပ္ဆိုတာ အေရးၾကီးပါတယ္…ဥပဓိ႐ုပ္ရည္ ခန္႔ညားလွပဖို႔ ဘာေတြ လုပ္ေဆာင္သင့္လဲ…?

လူတစ္ေယာက္မွာ ဥပဓိရုပ္ဆိုတာ အေရးၾကီးပါတယ္...ဥပဓိ႐ုပ္ရည္ ခန္႔ညားလွပဖို႔ ဘာေတြ လုပ္ေဆာင္သင့္လဲ...?
လူတစ္ေယာက္မွာ ဥပဓိရုပ္ဆိုတာ အေရးၾကီးပါတယ္...ဥပဓိ႐ုပ္ရည္ ခန္႔ညားလွပဖို႔ ဘာေတြ လုပ္ေဆာင္သင့္လဲ...?

လူတစ္ေယာက္မွာ ဥပဓိရုပ္ဆိုတာ အေရးၾကီးပါတယ္…ဥပဓိ႐ုပ္ရည္ ခန္႔ညားလွပဖို႔ ဘာေတြ လုပ္ေဆာင္သင့္လဲ…?

လူေတြမွာ ဥပဓိ႐ုပ္ဆိုတာမ်ိဳးရွိတယ္… မ်က္ႏွာကို ျမင္လိုက္တာနဲ႔ ေအးခ်မ္းသြားတာမ်ိဳး၊ မ်က္ႏွာကို ျမင္လိုက္တာနဲ႔ တေလးတစား ဆက္ဆံတာမ်ိဳး၊ မ်က္ႏွာကိုျမင္လိုက္တာနဲ႔ က်က္သရည္ ရွိေနတာမ်ိဳး၊ မ်က္ႏွာကိုျမင္လိုက္တာနဲ႔ မယုံၾကည္တာမ်ိဳး၊ မ်က္ႏွာကိုျမင္လိုက္တာနဲ႔ ပူေလာင္ရတာမ်ိဳး။

စိတ္ရင္းေကာင္းေအာင္ထား ဆိုေပမယ့္ လူတိုင္းက ကိုယ့္စိတ္ရင္းကို ခဏတာ ဆက္ဆံ႐ုံနဲ႔ ခ်က္ခ်င္းသိႏိုင္ဖို႔ မလြယ္ပါဘူး.. ဒါေၾကာင့္ ပထမဆုံး အျမင္မွာ ဥပဓိ႐ုပ္ကလည္း အေရးႀကီးပါတယ္။

ဥပဓိ႐ုပ္ေကာင္းျခင္းရဲ႕အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္… ထင္ေပၚျခင္း ၊ အေရးေပး ခံရျခင္း ၊ ေနရာရ လြယ္ျခင္း၊ ယုံၾကည္မႈ ရရွိႏိုင္ျခင္း စတဲ့ အက်ိဳးေတြပါ။

ဥပဓိ႐ုပ္ ေကာင္း႐ုံနဲ႔ လုံေလာက္ၿပီလား ဆိုရင္ေတာ့လည္း မလုံေလာက္ပါဘူး။ စိတ္ရင္း အားနည္းေနရင္ ဘယ္ေလာက္ေခ်ာေနပါေစ… ၾကာရင္ မ်က္စိထဲ လွမွာ မဟုတ္ေတာ့ပါဘူး။

ဥပဓိ႐ုပ္ရည္ ခန္႔ညားလွပဖို႔ရာ လုပ္ေဆာင္လို႔ရတဲ့ အခ်က္ေတြ ရွိပါတယ္…။

(၁) လူတစ္ေယာက္ရဲ႕ ျပင္ပ သြင္ျပင္လကၡဏာပါ

ဝတ္ပုံစားပုံ ၊ ေျပာဟန္ ဆိုဟန္ ၊ ေနပုံ ထိုင္ပုံေတြက ဒီလူရဲ႕ အဆင့္အတန္းကို ေဖာ္ျပပါတယ္။ မိမိရဲ႕ ဝတ္စားထားပုံ ေတြက လူေလးစားႏိုင္ေလာက္တဲ့ အေနအထားမ်ိဳး ရွိရပါတယ္။

လူတစ္ေယာက္ရဲ႕ ေျပာဟန္ ဆိုဟန္ဟာ အဆင့္အတန္းကို ျပသတာမို႔ မိမိႏႈတ္က ထြက္တဲ့စကားလုံး တိုင္းက တန္ဖိုးရွိဖို႔ လိုအပ္ပါတယ္။ ကိုယ္ လက္ အျပဳအမႈေတြဟာလည္း တစ္ဦးခ်င္းအတြက္ အေရးပါပါတယ္။

မိမိရဲ႕ ဟန္ပန္အမူအရာေတြဟာ ျဖစ္သလို ေနတတ္ရင္ေတာ့… ဥပဓိ အားနည္းေနမွာပါ။ လူတစ္ေယာက္ရဲ႕ အဆင့္အတန္းဟာ ေ႐ႊေငြ မဟုတ္ပါဘူး။ သူ႔ရဲ႕ အေျပာအဆို အျပဳအမႈသာျဖစ္ပါတယ္။

(၂) အတြင္းစိတ္ဟာ အျပင္ကို ထင္ဟပ္ပါတယ္

မိမိရဲ႕ စိတ္ကေတြးေတာသမွ် ႏႈတ္ကထြက္တယ္ ကိုယ္ကျပဳမႈပါတယ္။ မိမိရဲ႕ စိတ္အဆင့္အတန္းကို ျမႇင့္တင္ဖို႔ လိုအပ္ပါတယ္။ စိတ္ဓါတ္ျမင့္မားႏိုင္မွ ဥပဓိ႐ုပ္ရည္ဟာလည္း ျမင့္မားလာမွာပါ ။

စိတ္အဆင့္အတန္း အေတြးအေခၚကို ျမႇင့္တင္ေပးႏိုင္မယ့္ စာေပမ်ိဳးေတြ ဖတ္ရႈပါ..။ ကိုယ္ႏႈတ္အမူအရာ ျငိမ္းေအးေစဖို႔ တရားဓမၼမ်ား နားဆင္ပါ။ တရားစာေပမ်ား ဖတ္ရႈပါ… တရားထိုင္ပါ။

လူတစ္ေယာက္က ဓမၼနဲ႔ ကိန္းေအာင္ေနရင္ သူ႔စိတ္ကေလးက အၿမဲ ေအးခ်မ္းေနလို႔ မ်က္ႏွာျမင္ရသူတိုင္း ေအးခ်မ္းပါတယ္။ ေလာဘ ေဒါသ ေမာဟ ျပည့္ေနရင္ ျမင္ရသူတိုင္ းပူေလာင္ရပါတယ္။

(၃) မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္ပါ

လူတစ္ေယာက္က မေကာင္းတဲ့အရာေတြ၊ မိမိကိုယ္ကို ပ်က္စီးေစမယ့္ အရာေတြ ႀကိမ္ဖန္မ်ားစြာလုပ္လာရင္… ဘယ္သူမွ မသိေတာင္ သူ႔ရဲ႕အရည္အခ်င္း လုပ္ကိုင္စြမ္းရည္က သိသိသာသာ က်ဆင္းလာပါတယ္။

အဲဒီအရာနဲ႔ ဆက္စပ္ၿပီး… စီးပြါးေရး ၊ လူမႈေရး အဖက္ဖက္က က်ဆင္းလာပါတယ္။ ဒါေၾကာင့္မို႔ မေကာင္းမႈကို ေန႔စဥ္ေရွာင္ရွားၿပီး… ေကာင္းရာပဲ ဦးတည္ေနသူမ်ားဟာ…

တိုးတက္လာၿပီး ပတ္ဝန္းက်င္မွာ လူအမ်ား ေလးစားမႈကို ရွိပါတယ္။ အဖက္ဖက္ကတိုးတက္မႈကိုရရွိလာပါတယ္။

မိမိရဲ႕ ဥပဓိ ႐ုပ္ရည္အဆင့္တန္းျမင့္ေစဖို႔ ကိုယ့္ရဲ႕ အမူအရာ ဟန္ပန္အေျပာအဆို စိတ္ဓါတ္ကို အလွဆင္ပါ.. တူေသာအက်ိဳးရပါလိမ့္မယ္..။ ခ်စ္ျခင္းအားျဖင့္

ခရက္ဒစ္# မူရင္းေရးသားသူ>Dr.Kathryn#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လူတစ်ယောက်မှာ ဥပဓိရုပ်ဆိုတာ အရေးကြီးပါတယ်…ဥပဓိရုပ်ရည် ခန့်ညားလှပဖို့ ဘာတွေ လုပ်ဆောင်သင့်လဲ…?

လူတွေမှာ ဥပဓိရုပ်ဆိုတာမျိုးရှိတယ်… မျက်နှာကို မြင်လိုက်တာနဲ့ အေးချမ်းသွားတာမျိုး၊ မျက်နှာကို မြင်လိုက်တာနဲ့ တလေးတစား ဆက်ဆံတာမျိုး၊ မျက်နှာကိုမြင်လိုက်တာနဲ့ ကျက်သရည် ရှိနေတာမျိုး၊ မျက်နှာကိုမြင်လိုက်တာနဲ့ မယုံကြည်တာမျိုး၊ မျက်နှာကိုမြင်လိုက်တာနဲ့ ပူလောင်ရတာမျိုး။

စိတ်ရင်းကောင်းအောင်ထား ဆိုပေမယ့် လူတိုင်းက ကိုယ့်စိတ်ရင်းကို ခဏတာ ဆက်ဆံရုံနဲ့ ချက်ချင်းသိနိုင်ဖို့ မလွယ်ပါဘူး.. ဒါကြောင့် ပထမဆုံး အမြင်မှာ ဥပဓိရုပ်ကလည်း အရေးကြီးပါတယ်။

ဥပဓိရုပ်ကောင်းခြင်းရဲ့အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်… ထင်ပေါ်ခြင်း ၊ အရေးပေး ခံရခြင်း ၊ နေရာရ လွယ်ခြင်း၊ ယုံကြည်မှု ရရှိနိုင်ခြင်း စတဲ့ အကျိုးတွေပါ။

ဥပဓိရုပ် ကောင်းရုံနဲ့ လုံလောက်ပြီလား ဆိုရင်တော့လည်း မလုံလောက်ပါဘူး။ စိတ်ရင်း အားနည်းနေရင် ဘယ်လောက်ချောနေပါစေ… ကြာရင် မျက်စိထဲ လှမှာ မဟုတ်တော့ပါဘူး။

ဥပဓိရုပ်ရည် ခန့်ညားလှပဖို့ရာ လုပ်ဆောင်လို့ရတဲ့ အချက်တွေ ရှိပါတယ်…။

(၁) လူတစ်ယောက်ရဲ့ ပြင်ပ သွင်ပြင်လက္ခဏာပါ

ဝတ်ပုံစားပုံ ၊ ပြောဟန် ဆိုဟန် ၊ နေပုံ ထိုင်ပုံတွေက ဒီလူရဲ့ အဆင့်အတန်းကို ဖော်ပြပါတယ်။ မိမိရဲ့ ဝတ်စားထားပုံ တွေက လူလေးစားနိုင်လောက်တဲ့ အနေအထားမျိုး ရှိရပါတယ်။

လူတစ်ယောက်ရဲ့ ပြောဟန် ဆိုဟန်ဟာ အဆင့်အတန်းကို ပြသတာမို့ မိမိနှုတ်က ထွက်တဲ့စကားလုံး တိုင်းက တန်ဖိုးရှိဖို့ လိုအပ်ပါတယ်။ ကိုယ် လက် အပြုအမှုတွေဟာလည်း တစ်ဦးချင်းအတွက် အရေးပါပါတယ်။

မိမိရဲ့ ဟန်ပန်အမူအရာတွေဟာ ဖြစ်သလို နေတတ်ရင်တော့… ဥပဓိ အားနည်းနေမှာပါ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ ရွှေငွေ မဟုတ်ပါဘူး။ သူ့ရဲ့ အပြောအဆို အပြုအမှုသာဖြစ်ပါတယ်။

(၂) အတွင်းစိတ်ဟာ အပြင်ကို ထင်ဟပ်ပါတယ်

မိမိရဲ့ စိတ်ကတွေးတောသမျှ နှုတ်ကထွက်တယ် ကိုယ်ကပြုမှုပါတယ်။ မိမိရဲ့ စိတ်အဆင့်အတန်းကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ စိတ်ဓါတ်မြင့်မားနိုင်မှ ဥပဓိရုပ်ရည်ဟာလည်း မြင့်မားလာမှာပါ ။

စိတ်အဆင့်အတန်း အတွေးအခေါ်ကို မြှင့်တင်ပေးနိုင်မယ့် စာပေမျိုးတွေ ဖတ်ရှုပါ..။ ကိုယ်နှုတ်အမူအရာ ငြိမ်းအေးစေဖို့ တရားဓမ္မများ နားဆင်ပါ။ တရားစာပေများ ဖတ်ရှုပါ… တရားထိုင်ပါ။

လူတစ်ယောက်က ဓမ္မနဲ့ ကိန်းအောင်နေရင် သူ့စိတ်ကလေးက အမြဲ အေးချမ်းနေလို့ မျက်နှာမြင်ရသူတိုင်း အေးချမ်းပါတယ်။ လောဘ ဒေါသ မောဟ ပြည့်နေရင် မြင်ရသူတိုင် းပူလောင်ရပါတယ်။

(၃) မကောင်းမှုရှောင် ကောင်းမှုဆောင်ပါ

လူတစ်ယောက်က မကောင်းတဲ့အရာတွေ၊ မိမိကိုယ်ကို ပျက်စီးစေမယ့် အရာတွေ ကြိမ်ဖန်များစွာလုပ်လာရင်… ဘယ်သူမှ မသိတောင် သူ့ရဲ့အရည်အချင်း လုပ်ကိုင်စွမ်းရည်က သိသိသာသာ ကျဆင်းလာပါတယ်။

အဲဒီအရာနဲ့ ဆက်စပ်ပြီး… စီးပွါးရေး ၊ လူမှုရေး အဖက်ဖက်က ကျဆင်းလာပါတယ်။ ဒါကြောင့်မို့ မကောင်းမှုကို နေ့စဉ်ရှောင်ရှားပြီး… ကောင်းရာပဲ ဦးတည်နေသူများဟာ…

တိုးတက်လာပြီး ပတ်ဝန်းကျင်မှာ လူအများ လေးစားမှုကို ရှိပါတယ်။ အဖက်ဖက်ကတိုးတက်မှုကိုရရှိလာပါတယ်။

မိမိရဲ့ ဥပဓိ ရုပ်ရည်အဆင့်တန်းမြင့်စေဖို့ ကိုယ့်ရဲ့ အမူအရာ ဟန်ပန်အပြောအဆို စိတ်ဓါတ်ကို အလှဆင်ပါ.. တူသောအကျိုးရပါလိမ့်မယ်..။ ချစ်ခြင်းအားဖြင့်

ခရက်ဒစ်# မူရင်းရေးသားသူ>Dr.Kathryn#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*