ေခတ္သစ္ အမႈိက္ေကာက္နည္း အိုင္ဒီယာ(ႏိုင္ငံျခားမွာဆို ႏိုဘယ္ဆု ရေလာက္တယ္)

ေခတ္သစ္ အမႈိက္ေကာက္နည္း အိုင္ဒီယာ(ႏိုင္ငံျခားမွာဆို ႏိုဘယ္ဆု ရေလာက္တယ္)
ေခတ္သစ္ အမႈိက္ေကာက္နည္း အိုင္ဒီယာ(ႏိုင္ငံျခားမွာဆို ႏိုဘယ္ဆု ရေလာက္တယ္)

ေခတ္သစ္ အမႈိက္ေကာက္နည္း အိုင္ဒီယာ(ႏိုင္ငံျခားမွာဆို ႏိုဘယ္ဆု ရေလာက္တယ္)

ယေန႔ လူမႈကြန္ရက္ စာမ်က္ႏွာမွာ… လူေျပာမ်ားေနတဲ့ အေၾကာင္းကေတာ့ အမႈိက္ (၁) ပိႆာကို ပိုက္ဆံ (၁၀၀) နဲ႔ ျပန္ဝယ္မယ့္ ျမန္မာ့ အထူးဆန္းဆုံး ေဈးသည္မ်ား အေၾကာင္းပဲ ျဖစ္ပါတယ္။ မွ်ေဝသူမ်ား အမ်ားအျပား ရွိခဲ့တဲ့…

အဆိုပါ ဓာတ္ပုံေတြရဲ႕ မူရင္း ပိုင္ရွင္ကိုေတာ့ အခုခ်ိန္အထိ မသိရွိရေသးဘဲ… လူမႈကြန္ရက္ စာမ်က္ႏွာ အမ်ားအျပားက ဆက္တိုက္ မွ်ေဝေနၾကတာ ျဖစ္ပါတယ္။ ပုံထဲမွာေတာ့ လူငယ္အဖြဲ႕ တဖြဲ႕ဟာ က်ဴးေက်ာ္ရပ္ကြက္မွာ ရွိတဲ့

လူႀကီး၊ ကေလးေတြ ဆီကေန အမႈိက္ တပိႆာကို က်ပ္ေငြ (၁၀၀) နဲ႔ ျပန္လည္ ဝယ္ယူေနၾကတာ ျဖစ္ပါတယ္။ အမႈိက္အမ်ိဳးအစား မခြဲျခားဘဲ မည္သည့္ အမႈိက္မဆို တပိႆာလွ်င္ က်ပ္ေငြ (၁၀၀) နဲ႔ ခ်ိန္တြယ္ ဝယ္ယူေနၾကပုံကို ေတြ႕ျမင္တဲ့ လူတိုင္းက

ခ်ီးက်ဴး ဂုဏ္ျပဳေနၾကတာကို ေတြ႕ရပါတယ္။ အမႈိက္သိမ္းဖို႔ လူအင္အား အမ်ားအျပား မလိုေတာ့ျခင္း၊ ရပ္ကြက္ေန ျပည္သူမ်ားလည္း အမႈိက္ ေရာင္းရေငြေၾကာင့္ အသုံးစရိတ္ ကာမိျခင္း၊ အမႈိက္မ်ားကို ျမန္ျမန္ဆန္ဆန္နဲ႔ သိမ္းႏိုင္ျခင္းေၾကာင့္…

ပတ္ဝန္းက်င္ သန႔္ရွင္းသြားျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိတယ္လို႔ လူမႈကြန္ရက္ အသုံးျပဳသူတဦးက မွတ္ခ်က္ ေရးသား ထားပါတယ္။ ယခုကဲ့သို႔ အမႈိက္ေတြကို ျပန္ဝယ္မယ့္ အိုင္ဒီယာကို အေကာင္အထည္ေဖာ္ခဲ့တဲ့ လူငယ္ အဖြဲ႕ရဲ႕ အမည္ကို

ျပည္သူမ်ားက သိရွိလိုၾကၿပီး ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္လိုၾကတယ္လို႔ သိရပါတယ္။ ျပည္သူက ျပည္သူကို ကူညီရမယ့္ ယခုလို အခ်ိန္မွာ ကုန္က်စရိတ္ သိပ္မရွိဘဲ အမႈိက္ေတြကို ျမန္ျမန္ဆန္ဆန္ သိမ္းဆည္းသြားႏိုင္တဲ့ အိုင္ဒီယာဟာ…

အလြန္ ေကာင္းမြန္ လွပါတယ္။ ယခုလို အမႈိက္ေတြကို ျပန္လည္ ဝယ္ယူေပးတာေၾကာင့္ အလုပ္ မရွိသူမ်ားလည္း ဝင္ေငြ ရရွိၿပီး အလုပ္ လုပ္ခ်င္စိတ္ကို ျဖစ္ေပၚလာေစပါတယ္။ ယူနီေဖာင္းေတြ၊ တိုက္ပုံေတြနဲ႔ လက္ညႇိဳးထိုး အမႈိက္ သိမ္းခိုင္းတာထက္စာရင္

အမႈိက္သိမ္းျခင္းကို ယခုလို ဆန္းသစ္ တီထြင္ထားတဲ့ နည္းလမ္းနဲ႔ ျပဳလုပ္ပါက ပိုမိုျမန္ဆန္ လြယ္ကူၿပီး အလုပ္ၿပီးေျမာက္မယ္ဆိုတာ အေသအခ်ာပါပဲ။ တီထြင္ႏိုင္စြမ္း ေကာင္းမြန္တဲ့ လူငယ္ေတြ ေခါင္းေဆာင္ ျဖစ္လာမယ့္ တေန႔ကို ေမွ်ာ္လင့္ရင္း…

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ခေတ်သစ် အမှိုက်ကောက်နည်း အိုင်ဒီယာ(နိုင်ငံခြားမှာဆို နိုဘယ်ဆု ရလောက်တယ်)

ယနေ့ လူမှုကွန်ရက် စာမျက်နှာမှာ… လူပြောများနေတဲ့ အကြောင်းကတော့ အမှိုက် (၁) ပိဿာကို ပိုက်ဆံ (၁၀၀) နဲ့ ပြန်ဝယ်မယ့် မြန်မာ့ အထူးဆန်းဆုံး ဈေးသည်များ အကြောင်းပဲ ဖြစ်ပါတယ်။ မျှဝေသူများ အများအပြား ရှိခဲ့တဲ့…

အဆိုပါ ဓာတ်ပုံတွေရဲ့ မူရင်း ပိုင်ရှင်ကိုတော့ အခုချိန်အထိ မသိရှိရသေးဘဲ… လူမှုကွန်ရက် စာမျက်နှာ အများအပြားက ဆက်တိုက် မျှဝေနေကြတာ ဖြစ်ပါတယ်။ ပုံထဲမှာတော့ လူငယ်အဖွဲ့ တဖွဲ့ဟာ ကျူးကျော်ရပ်ကွက်မှာ ရှိတဲ့

လူကြီး၊ ကလေးတွေ ဆီကနေ အမှိုက် တပိဿာကို ကျပ်ငွေ (၁၀၀) နဲ့ ပြန်လည် ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ အမှိုက်အမျိုးအစား မခွဲခြားဘဲ မည်သည့် အမှိုက်မဆို တပိဿာလျှင် ကျပ်ငွေ (၁၀၀) နဲ့ ချိန်တွယ် ဝယ်ယူနေကြပုံကို တွေ့မြင်တဲ့ လူတိုင်းက

ချီးကျူး ဂုဏ်ပြုနေကြတာကို တွေ့ရပါတယ်။ အမှိုက်သိမ်းဖို့ လူအင်အား အများအပြား မလိုတော့ခြင်း၊ ရပ်ကွက်နေ ပြည်သူများလည်း အမှိုက် ရောင်းရငွေကြောင့် အသုံးစရိတ် ကာမိခြင်း၊ အမှိုက်များကို မြန်မြန်ဆန်ဆန်နဲ့ သိမ်းနိုင်ခြင်းကြောင့်…

ပတ်ဝန်းကျင် သန့်ရှင်းသွားခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်လို့ လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက် ရေးသား ထားပါတယ်။ ယခုကဲ့သို့ အမှိုက်တွေကို ပြန်ဝယ်မယ့် အိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့တဲ့ လူငယ် အဖွဲ့ရဲ့ အမည်ကို

ပြည်သူများက သိရှိလိုကြပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်လိုကြတယ်လို့ သိရပါတယ်။ ပြည်သူက ပြည်သူကို ကူညီရမယ့် ယခုလို အချိန်မှာ ကုန်ကျစရိတ် သိပ်မရှိဘဲ အမှိုက်တွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းသွားနိုင်တဲ့ အိုင်ဒီယာဟာ…

အလွန် ကောင်းမွန် လှပါတယ်။ ယခုလို အမှိုက်တွေကို ပြန်လည် ဝယ်ယူပေးတာကြောင့် အလုပ် မရှိသူများလည်း ဝင်ငွေ ရရှိပြီး အလုပ် လုပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။ ယူနီဖောင်းတွေ၊ တိုက်ပုံတွေနဲ့ လက်ညှိုးထိုး အမှိုက် သိမ်းခိုင်းတာထက်စာရင်

အမှိုက်သိမ်းခြင်းကို ယခုလို ဆန်းသစ် တီထွင်ထားတဲ့ နည်းလမ်းနဲ့ ပြုလုပ်ပါက ပိုမိုမြန်ဆန် လွယ်ကူပြီး အလုပ်ပြီးမြောက်မယ်ဆိုတာ အသေအချာပါပဲ။ တီထွင်နိုင်စွမ်း ကောင်းမွန်တဲ့ လူငယ်တွေ ခေါင်းဆောင် ဖြစ်လာမယ့် တနေ့ကို မျှော်လင့်ရင်း…

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*