ေစ်းစစ္လို႔ရတဲ့ ေ႐ႊဆိုင္ေတြမွာ မဝယ္သင့္တဲ့ အခ်က္ (၅)ခ်က္…

ေစ်းစစ္လို႔ရတဲ့ ေ႐ႊဆိုင္ေတြမွာ မဝယ္သင့္တဲ့ အခ်က္ (၅)ခ်က္...
ေစ်းစစ္လို႔ရတဲ့ ေ႐ႊဆိုင္ေတြမွာ မဝယ္သင့္တဲ့ အခ်က္ (၅)ခ်က္...

ေစ်းစစ္လို႔ရတဲ့ ေ႐ႊဆိုင္ေတြမွာ မဝယ္သင့္တဲ့ အခ်က္ (၅)ခ်က္…

(1) ေ႐ႊဆိုင္ေတြမွာ ေ႐ႊဝယ္ဖို႔သြားတာဟာ… ေစ်းစစ္ဖို႔သြားတာ မဟုတ္

ကြၽန္ေတာ္တို႔ ေ႐ႊဆိုင္မွာ ေ႐ႊဝယ္ၾကတယ္ဆိုတာ… အာမခံခ်က္ရွိတဲ့ ေ႐ႊရည္ေကာင္းတဲ့ လက္ဝတ္ရတနာေတြကို ပစၥည္းမွန္ ေစ်းမွန္နဲ႔ ရခ်င္လို႔သာ ျဖစ္တယ္ဆိုတာ မေမ့သင့္ဘူး။

ေစ်းဆစ္ႏိုင္မွ ေတာ္ကာက်မယ္ဆိုတဲ့ ဆိုင္ေတြဟာ… ေစ်းမွန္မေရာင္းတဲ့ ဆိုင္ေတြသာ ျဖစ္ၿပီး ေ႐ႊဝယ္သူကိုလည္း ေစ်းဆစ္ရအုံးမွာပဲဆိုတဲ့ တာဝန္တစ္ခုကို ပိုေစပါတယ္။

(2) ဘယ္ဟာက ေစ်းအမွန္လဲ ဆုံးျဖတ္ရ ခက္ျခင္း

ေစ်းဆစ္ဖူးတဲ့သူတိုင္း ဒီဒုကၡကို ခံစားဖူးၾကပါတယ္။ လိုခ်င္တဲ့ ပစၥည္းကို ဘယ္ေစ်းနဲ႔ စစ္ရမလဲ မသိရတာပါ။ ကိုယ္စစ္လိုက္တဲ့ေစ်းနဲ႔ ရသြားခဲ့ရင္ေတာင္ တျခားသူတစ္ေယာက္ဟာ ကိုယ့္ထက္ နည္းတဲ့ေစ်းနဲ႔ ရႏိုင္ေသးတယ္ဆိုတာကို မေမ့သင့္ပါဘူး

(3) အခ်ိန္ေပးရျခင္း

ဒီအတြက္ေတာ့… ရွည္ရွည္ေဝးေဝးရွင္းျပစရာေတာင္ မလိုပါဘူး။ တခါတေလ ေရာင္းသူက ေျပာလာတဲ့ ဒီေစ်းနဲ႔ရတာ ဘယ္လိုတန္ေၾကာင္း သူတို႔ ဘယ္လို အရႈံးခံေရာင္းရေၾကာင္း အစရွိတဲ့ အခ်ဥ္ေဖာက္ထားတဲ့ ေတာ္ကီေတြကို အခ်ိန္ေပး နားေထာင္ရအုံးမွာပါ။

(4) အ​ၿမဲတမ္း ေစ်းပိုေျပာျခင္း

ဝယ္သူက ေစ်းဆစ္မွာပဲဆိုတာ ႀကိဳသိေနတဲ့ ဆိုင္ရွင္ဟာ… အၿမဲ ေစ်းပိုေျပာေတာ့မွာပါ။ ဘယ္ေစ်းေျပာေရာင္းရမလဲ ဆိုတာကို ပုံေသနည္းေလးေတာင္ ထုတ္ထားလို႔ ရပါေသးတယ္။ (အရင္းေစ်း+အျမတ္+ဝယ္သူ အျမင့္ဆုံး ဆစ္ႏိုင္မယ့္ေစ်း)

(5) ေ႐ႊရည္ မမွန္ေတာ့တာ

အဆိုးဆုံးနဲ႔ ေနာက္ဆုံးအခ်က္ကေတာ့… ေ႐ႊရည္ မမွန္တာ ျဖစ္ပါတယ္။ စဥ္းစားၾကည့္ရေအာင္… ေရာင္းသူဟာ ေစ်းဆစ္တာကို ကာမိေအာင္ ေစ်းပိုေျပာရတဲ့အခါ သူ႔ရဲ႕ၿပိဳင္ဘက္ ဆိုင္ေတြထက္ ေစ်း ပိုမ်ားေနမွာေပါ့။

အဲ့ဒီလိုမ်ိဳး ၿပိဳင္ဘက္ဆိုင္ေတြထက္လည္း ေစ်း ပိုမမ်ားခ်င္ဘူး ေစ်းဆစ္ရင္လည္း ေလ်ာ့ေပးလို႔ ရခ်င္တယ္ဆိုရင္ေတာ့… ဆိုးဝါးတဲ့ ေ႐ြးခ်ယ္စရာ တစ္ခု ရွိပါတယ္။ အဲဒါကေတာ့… ေ႐ႊရည္ကို ေလ်ာ့ထားတာမ်ိဳးပါ။

ေျပာခ်င္တာကေတာ့… ၁၅ပဲရည္လို႔ ေျပာေပမယ့္ ၁၄ပဲရည္ေလာက္ပဲ ရွိတာမ်ိဳးေပါ့။ ဒီဟာကေတာ့ ဝယ္သူအတြက္ အထူးသျဖင့္ ေစ်းမဆစ္တတ္တဲ့သူေတြအတြက္ အလြန္ပဲ နစ္နာပါတယ္။

​ေ႐ႊဝယ္ရတာ ဝတ္ဆင္ရတာ ႀကိဳက္ႏွစ္သက္သူေတြ အေနနဲ႔ ေ႐ႊတြက္နည္းေတြ ေ႐ႊရည္စပ္နည္းအေၾကာင္းေလးေတြ ေ႐ႊအေလးခ်ိန္ ခ်ိန္တြယ္ပုံေလးေတြကို သိထားတာ အလြန္ပဲ ေကာင္းပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာလိုတာကေတာ့… ေလ်ာ့ေစ်းနဲ႔ ေရာင္းတဲ့ဆိုင္ေတြမွာ လုံးဝ အားမေပးပါနဲ႔လို႔။ ပစၥည္းမွန္ ေစ်းမွန္ ေရာင္းတဲ့ဆိုင္ေတြမွာသာ အားေပးၾကပါလို႔…။ ေ႐ႊအထည္ဝယ္ျခင္းဟာ ဝယ္သူေတြအတြက္ အေလ်ာ့တြက္လက္ခ ရွိတဲ့အတြက္ အလြန္ဘဲ ႏွစ္ႏွာပါတယ္။

ေ႐ႊကို ဆုမယ္ဆိုလို႔ရွိရင္… ေစ႐ႊစင္အကယ္ဒမီ အတုံး အခဲ ဝယ္ဆုျခင္းက အခ်ိန္ ၾကာလာတာနဲ႔အမွ် အျမတ္အစြန္း ရရွိႏိုင္ေၾကာင္း ေလးစားစြာအသိေပးအပ္ပါတယ္ရွင္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ဈေးစစ်လို့ရတဲ့ ရွှေဆိုင်တွေမှာ မဝယ်သင့်တဲ့ အချက် (၅)ချက်…

(1) ရွှေဆိုင်တွေမှာ ရွှေဝယ်ဖို့သွားတာဟာ… ဈေးစစ်ဖို့သွားတာ မဟုတ်

ကျွန်တော်တို့ ရွှေဆိုင်မှာ ရွှေဝယ်ကြတယ်ဆိုတာ… အာမခံချက်ရှိတဲ့ ရွှေရည်ကောင်းတဲ့ လက်ဝတ်ရတနာတွေကို ပစ္စည်းမှန် ဈေးမှန်နဲ့ ရချင်လို့သာ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး။

ဈေးဆစ်နိုင်မှ တော်ကာကျမယ်ဆိုတဲ့ ဆိုင်တွေဟာ… ဈေးမှန်မရောင်းတဲ့ ဆိုင်တွေသာ ဖြစ်ပြီး ရွှေဝယ်သူကိုလည်း ဈေးဆစ်ရအုံးမှာပဲဆိုတဲ့ တာဝန်တစ်ခုကို ပိုစေပါတယ်။

(2) ဘယ်ဟာက ဈေးအမှန်လဲ ဆုံးဖြတ်ရ ခက်ခြင်း

ဈေးဆစ်ဖူးတဲ့သူတိုင်း ဒီဒုက္ခကို ခံစားဖူးကြပါတယ်။ လိုချင်တဲ့ ပစ္စည်းကို ဘယ်ဈေးနဲ့ စစ်ရမလဲ မသိရတာပါ။ ကိုယ်စစ်လိုက်တဲ့ဈေးနဲ့ ရသွားခဲ့ရင်တောင် တခြားသူတစ်ယောက်ဟာ ကိုယ့်ထက် နည်းတဲ့ဈေးနဲ့ ရနိုင်သေးတယ်ဆိုတာကို မမေ့သင့်ပါဘူး

(3) အချိန်ပေးရခြင်း

ဒီအတွက်တော့… ရှည်ရှည်ဝေးဝေးရှင်းပြစရာတောင် မလိုပါဘူး။ တခါတလေ ရောင်းသူက ပြောလာတဲ့ ဒီဈေးနဲ့ရတာ ဘယ်လိုတန်ကြောင်း သူတို့ ဘယ်လို အရှုံးခံရောင်းရကြောင်း အစရှိတဲ့ အချဉ်ဖောက်ထားတဲ့ တော်ကီတွေကို အချိန်ပေး နားထောင်ရအုံးမှာပါ။

(4) အမြဲတမ်း ဈေးပိုပြောခြင်း

ဝယ်သူက ဈေးဆစ်မှာပဲဆိုတာ ကြိုသိနေတဲ့ ဆိုင်ရှင်ဟာ… အမြဲ ဈေးပိုပြောတော့မှာပါ။ ဘယ်ဈေးပြောရောင်းရမလဲ ဆိုတာကို ပုံသေနည်းလေးတောင် ထုတ်ထားလို့ ရပါသေးတယ်။ (အရင်းဈေး+အမြတ်+ဝယ်သူ အမြင့်ဆုံး ဆစ်နိုင်မယ့်ဈေး)

(5) ရွှေရည် မမှန်တော့တာ

အဆိုးဆုံးနဲ့ နောက်ဆုံးအချက်ကတော့… ရွှေရည် မမှန်တာ ဖြစ်ပါတယ်။ စဉ်းစားကြည့်ရအောင်… ရောင်းသူဟာ ဈေးဆစ်တာကို ကာမိအောင် ဈေးပိုပြောရတဲ့အခါ သူ့ရဲ့ပြိုင်ဘက် ဆိုင်တွေထက် ဈေး ပိုများနေမှာပေါ့။

အဲ့ဒီလိုမျိုး ပြိုင်ဘက်ဆိုင်တွေထက်လည်း ဈေး ပိုမများချင်ဘူး ဈေးဆစ်ရင်လည်း လျော့ပေးလို့ ရချင်တယ်ဆိုရင်တော့… ဆိုးဝါးတဲ့ ရွေးချယ်စရာ တစ်ခု ရှိပါတယ်။ အဲဒါကတော့… ရွှေရည်ကို လျော့ထားတာမျိုးပါ။

ပြောချင်တာကတော့… ၁၅ပဲရည်လို့ ပြောပေမယ့် ၁၄ပဲရည်လောက်ပဲ ရှိတာမျိုးပေါ့။ ဒီဟာကတော့ ဝယ်သူအတွက် အထူးသဖြင့် ဈေးမဆစ်တတ်တဲ့သူတွေအတွက် အလွန်ပဲ နစ်နာပါတယ်။

ရွှေဝယ်ရတာ ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေ အနေနဲ့ ရွှေတွက်နည်းတွေ ရွှေရည်စပ်နည်းအကြောင်းလေးတွေ ရွှေအလေးချိန် ချိန်တွယ်ပုံလေးတွေကို သိထားတာ အလွန်ပဲ ကောင်းပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့… လျော့ဈေးနဲ့ ရောင်းတဲ့ဆိုင်တွေမှာ လုံးဝ အားမပေးပါနဲ့လို့။ ပစ္စည်းမှန် ဈေးမှန် ရောင်းတဲ့ဆိုင်တွေမှာသာ အားပေးကြပါလို့…။ ရွှေအထည်ဝယ်ခြင်းဟာ ဝယ်သူတွေအတွက် အလျော့တွက်လက်ခ ရှိတဲ့အတွက် အလွန်ဘဲ နှစ်နှာပါတယ်။

ရွှေကို ဆုမယ်ဆိုလို့ရှိရင်… စေရွှစင်အကယ်ဒမီ အတုံး အခဲ ဝယ်ဆုခြင်းက အချိန် ကြာလာတာနဲ့အမျှ အမြတ်အစွန်း ရရှိနိုင်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*