မထားသင့္ေသာ “ပညာမာန”

မထားသင့္ေသာ "ပညာမာန"
မထားသင့္ေသာ "ပညာမာန"

မထားသင့္ေသာ “ပညာမာန”

တစ္ခါက တိုင္းျပည္တစ္ျပည္မွာ အလြန္ေတာ္တဲ့ ပန္းပုဆရာတစ္ေယာက္ ရွိပါသတဲ့။ သူ႔ရဲ႕ပန္းပုပညာဟာ ဘယ္ေလာက္လက္ရာေျမာက္သလဲဆိုရင္ အစစ္နဲ႔ေတာင္ ခြဲဖို႔ ခက္လွပါတယ္။ တစ္ညမွာေတာ့…

ပန္းပုဆရာဟာ ထူးဆန္းတဲ့ အိပ္မက္တစ္ခုမက္တယ္။အိပ္မက္ထဲမွာ ေ သ မင္းက ေနာက္ ၁၅- ရက္အၾကာမွာ သူ႔ကိုလာေခၚမယ္လို႔ အေသအခ်ာေျပာသြားတာမို႔ ပန္းပုဆရာဟာ အရမ္းတုန္လႈပ္သြားခဲ့တယ္။

ဒါနဲ႔ သူနဲ႔ ပုံ စံ တူ ပန္းပု႐ုပ္ ( ၉ )႐ုပ္ကို ေန႔မနား ညမနား ၿပီးေျမာက္ေအာင္ ထုလုပ္ပါေတာ့တယ္။
ေ သ မင္း လာေခၚမယ့္ ေန႔မွာေတာ့ ပန္းပုဆရာဟာ သူ႔ပုံစံတူ ပန္းပု( ၉ )႐ုပ္ေတြၾကားမွာ ေရာၿပီး

ဝင္ေနလိုက္တယ္။ ေ သ မင္းဟာ ပန္းပုဆရာ ( ၁၀ )ေယာက္ကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ ပန္းပုဆရာလား ႐ုပ္ထုလား ခြဲျခားမရတဲ့အတြက္ အေတာ္အၾကပ္႐ိုက္သြားတယ္။

ပန္းပုဆရာကိုလည္း စိတ္ဆိုးဆိုးနဲ႔ ထြက္လာဖို႔ေျပာေပမယ့္ ပန္းပုဆရာက မလႈပ္မယွက္ ဟန္ေဆာင္ထားတဲ့အတြက္ အရာမေရာက္ဘူး။ အတန္ၾကာ စဥ္းစားၿပီးေတာ့မွ ေသမင္းကစကားတစ္ခြန္း ေျပာလိုက္တယ္။

“ပန္းပုဆရာ သင့္ရဲ႕ပန္းပု႐ုပ္ေတြဟာ တကယ့္ကို အစစ္နဲ႔မျခား အသက္ ဝင္လွပါတယ္… ဒါေပမယ့္ အားနည္းခ်က္ တစ္ခု ရွိေနတာကိုေတာ့… သင္သတိမထားမိခဲ့ဘူး” ပန္းပုဆရာဟာ သူ ႔ပညာနဲ႔ ႀကံဆ ထုလုပ္မူအေပၚ

ေဝဖန္လိုက္တဲ့ အားနည္းခ်က္ဆိုတဲ့ စကားကို မခံမရပ္ႏိုင္ျဖစ္သြားတယ္။ ဒါေၾကာင့္… ႐ုပ္ထုေတြၾကားထဲက ထြက္ၿပီးေမးလိုက္တယ္။ “ကြၽန္ေတာ့ အားနည္းခ်က္ဆိုတာ ဘယ္မွာလဲ ျပပါ”

ေ သ မင္း က သူ႔ကိုဖမ္းလိုက္တယ္။ ၿပီးေတာ့ ေျပာလိုက္တယ္… ” ဒီမွာပဲ ” တကယ္ေတာ့ ႐ုပ္ထုေတြ အားလုံးဟာ အားနည္းခ်က္ မရွိေအာင္ ျပည့္စုံ ေကာင္းမြန္ လွပါတယ္။

ပန္းပုဆရာဟာ သူ႔ရဲ႕ပညာအေပၚထားတဲ့ မ်က္မာန္ေဒါသေၾကာင့္ပဲ ေသမင္းရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံလိုက္ရတာ ျဖစ္ပါတယ္။

သင္ခန္းစာ

အေတြးအေခၚေတြ ပညာေတြဟာ ျပည့္စုံ ေကာင္းမြန္ေနခဲ့ရင္ေတာင္ ဒီပညာအေပၚ ထားရွိတဲ့ မာန္မာန ေဒါသေတြေၾကာင့္ က်ရႈံးသြားႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မထားသင့်သော “ပညာမာန”

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက် ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင် အစစ်နဲ့တောင် ခွဲဖို့ ခက်လှပါတယ်။ တစ်ညမှာတော့…

ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ ေ သ မင်းက နောက် ၁၅- ရက်အကြာမှာ သူ့ကိုလာခေါ်မယ်လို့ အသေအချာပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။

ဒါနဲ့ သူနဲ့ ပုံ စံ တူ ပန်းပုရုပ် ( ၉ )ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ်ပါတော့တယ်။
ေ သ မင်း လာခေါ်မယ့် နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူ ပန်းပု( ၉ )ရုပ်တွေကြားမှာ ရောပြီး

ဝင်နေလိုက်တယ်။ ေ သ မင်းဟာ ပန်းပုဆရာ ( ၁၀ )ယောက်ကို မြင်လိုက်ရတဲ့ အချိန်မှာ ပန်းပုဆရာလား ရုပ်ထုလား ခွဲခြားမရတဲ့အတွက် အတော်အကြပ်ရိုက်သွားတယ်။

ပန်းပုဆရာကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင်ထားတဲ့အတွက် အရာမရောက်ဘူး။ အတန်ကြာ စဉ်းစားပြီးတော့မှ သေမင်းကစကားတစ်ခွန်း ပြောလိုက်တယ်။

“ပန်းပုဆရာ သင့်ရဲ့ပန်းပုရုပ်တွေဟာ တကယ့်ကို အစစ်နဲ့မခြား အသက် ဝင်လှပါတယ်… ဒါပေမယ့် အားနည်းချက် တစ်ခု ရှိနေတာကိုတော့… သင်သတိမထားမိခဲ့ဘူး” ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆ ထုလုပ်မူအပေါ်

ဝေဖန်လိုက်တဲ့ အားနည်းချက်ဆိုတဲ့ စကားကို မခံမရပ်နိုင်ဖြစ်သွားတယ်။ ဒါကြောင့်… ရုပ်ထုတွေကြားထဲက ထွက်ပြီးမေးလိုက်တယ်။ “ကျွန်တော့ အားနည်းချက်ဆိုတာ ဘယ်မှာလဲ ပြပါ”

ေ သ မင်း က သူ့ကိုဖမ်းလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်… ” ဒီမှာပဲ ” တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက် မရှိအောင် ပြည့်စုံ ကောင်းမွန် လှပါတယ်။

ပန်းပုဆရာဟာ သူ့ရဲ့ပညာအပေါ်ထားတဲ့ မျက်မာန်ဒေါသကြောင့်ပဲ သေမင်းရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

သင်ခန်းစာ

အတွေးအခေါ်တွေ ပညာတွေဟာ ပြည့်စုံ ကောင်းမွန်နေခဲ့ရင်တောင် ဒီပညာအပေါ် ထားရှိတဲ့ မာန်မာန ဒေါသတွေကြောင့် ကျရှုံးသွားနိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*