






























Unicode

မြန်မာနိုင်ငံမှာရှိတဲ့ passport(ပတ်စ်ပို့) အမျိုးအစားများ အကြောင်း…

မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။ အလည်passport မှာ အလည် Visa နှင့်သွားလို့ရပါမယ် ။ ကျန် passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

နိုင်ငံကူးလက်မှတ်က အမျိုးအစား (၉ )မျိုးပါ…

(1) PB = Business Passport… ပြည်ပသို့ စီးပွားရေး အရ သွားရောက် လုပ်ကိုင်မည့် နိုင်ငံသားများအား ထုတ်ပေး။

(2) PT = Dependent Passport… ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအား ထုတ်ပေး။

(3) PJ = Job Passport… ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး။

(4) PR = Religirous Passport… ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအား ထုတ်ပေး။

(5) PS = Seaman Passport… ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့် ပတ်သတ်သော နိုင်ငံသားများအား ထုတ်ပေး။

(6) PE = Student Passport… ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး။

(7) PV = Visit Passport… ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ် နိုင်ငံသားများအား ထုတ်ပေး။

(8) PD = Diplomatic Passport… ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သော နိုင်ငံသားများအား ထုတ်ပေး။

(9) PO = Official Passport… ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့် ပတ်သတ်သော နိုင်ငံသားများအား ထုတ်ပေး။

အထက်ပါ ပတ်စပို့တ်များ ကို အရောင် သုံးမျိုး ခွဲခြားထားပါတယ်။

(1) အနီရောင်… နိုင်ငံသူ/ သား သာမန် ပြည်သူလူထု အတွက်။

(2) အပြာရောင်… နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူ နိုင်ငံသားများ အတွက်။

(3) အစိမ်းရောင်… အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာ နိုင်ငံသားများ အတွက် ဖြစ်ပါတယ်။

(4) ပန်းရောင်… ယာယီနိုင်ငံကူးလက်မှတ်…

“နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ…

PB = Passport for Business (စီးပွားရေး ပတ်စ်ပို့)

PT = Passport for Dependent (မှီခို ပတ်စ်ပို့)

PJ = Passport for Job (အလုပ်အကိုင် ပတ်စ်ပို့)

PR = Passport for Religious (ဘာသာရေး ပတ်စ်ပို့)

PS = Passport for Seaman (သင်္ဘောသား ပတ်စ်ပို့)

PE = Passport for Student (ကျောင်းသား ပတ်စ်ပို့)

PV = Passport for Visit (အလည်အပတ် ပတ်စ်ပို့)

PD = Passport for Diplomatic (သံတမန် ပတ်စ်ပို့)

PO = Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

PD ပတ်စပို့သည် အပြာရောင်၊ PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*