မိဘတိုင္း သိထားသင့္တဲ့… ကေလးေတြရဲ႕ဘဝမွာ အေရးႀကီးေသာ အခ်ိန္ကာလ (၆) ခု

မိဘတိုင္း သိထားသင့္တဲ့... ကေလးေတြရဲ႕ဘဝမွာ အေရးႀကီးေသာ အခ်ိန္ကာလ (၆) ခု
မိဘတိုင္း သိထားသင့္တဲ့... ကေလးေတြရဲ႕ဘဝမွာ အေရးႀကီးေသာ အခ်ိန္ကာလ (၆) ခု

မိဘတိုင္း သိထားသင့္တဲ့… ကေလးေတြရဲ႕ဘဝမွာ အေရးႀကီးေသာ အခ်ိန္ကာလ (၆) ခု

ေမေမတို႔… ကေလးက အသက္ ဘယ္ေလာက္ပဲရွိေနပါေစ မိဘအုပ္ထိန္းမႈက ပိုလြယ္ကူလာမွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ့ကေလးေတြ မိဘအုပ္ထိန္းမႈ လက္ကေန လြတ္သြားၿပီလို႔ ထင္ေပမယ့္လည္း

သူတို႔ေလးေတြဟာ ႀကီးျပင္းလာၿပီး သူတို႔ရဲ့ လိုအပ္ခ်က္ေတြက ေျပာင္းလဲလာပါတယ္။ တခါတရံမွာ သင္ ဘယ္ေတာ့မွ အမီ လိုက္နိုင္မယ္ မထင္ေပမယ့္ သင့္ကေလးဖြံ့ၿဖိဳးလာတဲ့အခါ

ဘယ္လို အျပဳအမႈမ်ိဳးေတြ လုပ္တတ္တယ္ဆိုတာကို သိထားရင္ မိဘတစ္ေယာက္ရဲ့ဘဝကို ပိုၿပီးလြယ္ကူ လာေစပါတယ္။ ကေလးေတြအား စိတ္ေကာင္းႏွလုံးေကာင္းရွိၿပီး တာဝန္သိေသာ

လူႀကီးေတြ ျဖစ္လာေစဖို…႔ အျပဳအမူ၊ အမူအက်င့္ေတြနဲ႔ ပတ္သတ္လို႔ ေမၽွာ္လင့္ထားရမယ့္ အရာေတြကို အသိေပးဖို႔ အေရးႀကီးပါတယ္။ ဥပမာ… အသက္ ၄ႏွစ္ဝန္းက်င္မွာ ဝုန္းဒိုင္းၾကဲတာေတြ၊ အသက္ ၁၂ႏွစ္အရြယ္မွာ

ငိုယို ဂ်ီက်ေ သာင္းက်န္းတာေတြအား ထိန္းေက်ာင္းေပးရျခင္းကို ဆိုလိုပါတယ္။ ဒီေန႔ ေဆာင္းပါးမွာေတာ့… မိဘတိုင္း သိထားသင့္တဲ့ ကေလးဘဝမွာ အေရးႀကီးေသာ အခ်ိန္ကာလ (၆)ခုကို ေဖာ္ျပလိုက္ရပါတယ္။

၁။ ေမြးကင္းစ မွ ၃လ အထိ

ေမေမ့ကေလးေလး ဒီအရြယ္မွာ ငိုတာက… ေမေမတို႔နဲ႔ သူတို႔မွာရွိတဲ့ တစ္ခုတည္းေသာ ဆက္သြယ္မႈ ပုံစံပါပဲ။ ဆိုလိုတာက… ေမေမတို႔အေနနဲ႔ ဒါကို မ်ားစြာ ၾကားေနရမွာျဖစ္ၿပီး ၎ကို ပုံေဖာ္ဖို႔

သင္ယူေနရမွာျဖစ္ပါတယ္။ မိဘတစ္ဦးအေနျဖင့္ ကေလးဗိုက္ဆာတယ္၊ ေမာပန္းတယ္ (သို႔) မသက္မသာ ခံစားရတယ္လို႔ အဓိပၸာယ္ရေသာ ငိုသံၾကား… ျခားနားခ်က္ကို ေလ့လာဖို႔က ေမေမ့တာဝန္ျဖစ္ပါတယ္။ သို႔ေသာ္…

တစ္ခါတစ္ရံမွာ ကေလးက အေၾကာင္းျပခ်က္ မရွိဘဲ ငိုနိုင္ပါတယ္။ ဒီကိစၥေတြမွာ ေမေမ့ကေလးကို ထိေတြ႕မႈ၊ စကားလုံးေတြျဖင့္ အားေပးဖို႔ အေရးႀကီးပါတယ္။ ႏွစ္သိမ့္ေပးျခင္းက သူတို႔ကို

လုံျခဳံေစပါတယ္။ အခ်စ္ခံရသူ လို႔ ခံစားရေစၿပီး ေမေမတို႔ကို ယုံၾကည္ဖို႔ ကူညီေပးပါလိမ့္မယ္။ ေမြးကင္းစ ကေလးငယ္ေတြဟာ ေမေမတို႔အသံမွာ ပါဝင္တဲ့ စိတ္ခံစားခ်က္ေတြကို ခံစား သိရွိနိုင္တယ္ဆိုတာ သတိရပါ။

၂။ ၄ လ မွ ၆လ

ဒီအဆင့္မွ…ာ ကေလးဟာ ရယ္နိုင္၊ ျပဳံးနိုင္၊ ခိုးခိုးခစ္ခစ္ အသံျပဳနိုင္ပါတယ္။ ဒါေတြက သူတို႔ကို ေမေမ ေျပာေနတဲ့ အရာ (သို႔) သူတို႔အား အ႐ုပ္ တစ္ခု ျပသျခင္းႏွင့္ ပတ္သက္လို႔ သူတို႔ လုပ္နိုင္ေသာ တုံ႔ျပန္မႈအသစ္ေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္…

မိဘေတြအေနနဲ႔ အေကာင္းဆုံးကေတာ့… သူတို႔ကို တတ္နိုင္သမၽွ တုံ႔ျပန္တတ္ေအာင္ အားေပးပါ။ ဥပမာ… ကေလးကို ရယ္စရာေကာင္းတဲ့ မ်က္ႏွာ လုပ္ျပျခင္းျဖင့္ ခိုးခိုးခစ္ခစ္ ရယ္ေစျခင္း၊ တူတူေရ… ဝါး ကစားျခင္းျဖင့္ ကေလးကို ရယ္ေမာေအာင္ လုပ္ျခင္းတို႔

ျဖစ္ပါတယ္။ ဒီအခ်ိန္က ကေလးေတြဟာ မိဘေတြမွ လြဲလို႔ တျခားလူေတြကို စတင္ မွတ္မိတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ အျခားကေလးေတြ၊ ရင္းႏွီးေသာ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးရမယ့္အခ်ိန္ ျဖစ္ပါတယ္။

၃။ ၇လ မွ ၁၂ လ

ဒီအခ်ိန္မွာ ကေလးေတြဟာ… အျခားသူေတြထက္ ေမေမနဲ႔ အခ်ိန္ျဖဳန္းရတာကို ပို ႏွစ္သက္လာၾကပါတယ္။ သူစိမ္းေတြကို ေၾကာက္တတ္ၾကပါတယ္။ မိဘေတြကို တြယ္ကပ္ၿပီး ထြက္သြားတဲ့အခါ

ငိုတတ္ ၾကပါတယ္။ ဒါဆို သင့္ကေလးနဲ႔ ခြဲခြာရလြယ္ေအာင္ ဘာလုပ္မလဲ…? သူတို႔ေဘးကင္းတဲ့ေနရာမွာ ကစားေနခ်ိန္ ဒါမွမဟုတ္ အလုပ္ကိစၥ တစ္ခုခုလုပ္တဲ့အခ်ိန္မွာ သူတို႔ရဲ့

အဘိုးအဘြားေတြနဲ႔ အတူ အခန္းထဲမွာ ခဏေလာက္ ထားခဲ့နိုင္ပါတယ္။ သူတို႔ဆီကို အျမဲျပန္လာမွာျဖစ္ေၾကာင္းနဲ႔ ခြဲခြာျခင္းက မဆိုးလွေၾကာင္း သူတို႔ကို ျပသဖို႔ လုံျခဳံေသာ နည္းလမ္းျဖစ္ပါတယ္။

၄။ ၁ႏွစ္ မွ ၂ႏွစ္

ဒီအရြယ္ကေလးေတြဟာ လူမႈဆက္ဆံေရး ပို ရွိသင့္ပါတယ္။ အိမ္အျပင္ကို ခဏခဏ ထြက္ၿပီး သင့္ကေလးကို သူတို႔ပတ္ဝန္းက်င္က ကမၻာအား စူးစမ္းခြင့္ ေပးလိုက္ပါ။ သို႔ေသာ္လည္း… ဒီအရြယ္မွာ ကေလးေတြဟာ

တျခားကေလးေတြနဲ႔ တကယ္ထိေတြ႕ဆက္ဆံမႈ မရွိေသးေၾကာင္း၊ မၽွေဝျခင္း သေဘာတရားကို နားမလည္ေၾကာင္း သတိျပဳပါ။ မိဘေတြအေနနဲ႔ ကေလးေတြအေပၚ ဝုန္းဒိုင္းၾကဲ၊ ေဒါသ မထြက္ဘဲ ႏူးညံ့သိမ္ေမြ႕စြာ ဆုံးမသြန္သင္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။

၅။ ၃ႏွစ္

ဒီအခ်ိန္မွာ ေမေမတို႔ကေလးဟာ အျခားကေလးေတြနဲ႔ စတင္ ေဆာ့ကစားၿပီး သူငယ္ခ်င္းေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။ sharing လုပ္တတ္ဖို႔နဲ႔ ေပါင္းသင္းဆက္ဆံတတ္ဖို႔ သင္ယူၾကပါလိမ့္မယ္။

တတ္နိုင္သမၽွ သူတို႔ရဲ့ ရြယ္တူခ်င္းေတြနဲ႔ ဆက္ဆံဖို႔ အားေပးပါ။ အေမွာင္ကို ဆင္ျခင္တုံတရားမဲ့စြာ ေၾကာက္ရြံ့မႈေတြလည္း စတင္ လာနိုင္ပါတယ္။ သူတို႔ကို ႏွစ္သိမ့္ေပးျခင္းက…

လုံျခဳံတယ္လို႔ ခံစားရေစပါလိမ့္မယ္။ သူတို႔အား အမွီအခို ကင္းေစဖို႔နဲ႔ သူတို႔ရဲ့ ဝါသနာပါရာကို လိုက္စားဖို႔လည္း အားေပးသင့္ပါတယ္။ ကေလးက ပန္းခ်ီဆြဲျခင္း၊ သီခ်င္းဆိုျခင္း၊ ရိုလာ စကိတ္စီးျခင္း စတာေတြကို

ျပဳလုပ္ဖို႔ လိုလားတဲ့အခါ သူတို႔အတြက္ ဂုဏ္ယူေၾကာင္း ေျပာျပေပးပါ။ ဒါက သူတို႔ကို ေပ်ာ္ရႊင္ေစတဲ့အရာေတြကို ဆက္လုပ္ဖို႔ လႈံ႔ေဆာ္ေပးပါလိမ့္မယ္။

၆။ ၄ႏွစ္ မွ ၅ႏွစ္

ဒါက အခက္ခဲဆုံးအဆင့္ လို႔ ဆိုနိုင္ပါေသးတယ္။ ဒီအရြယ္မွာ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ေပးပါ။ ဒီအဆင့္မွာ ကေလးေတြက စည္းကမ္းေတြကို လိုက္နာနိုင္ေပမယ့္ အေကာင္းနဲ႔ အဆိုးကို ဘယ္လို ခြဲျခားရမယ္ဆိုတာကို

နားမလည္ၾကပါဘူး။ ဆိုလိုတာက… အမွား အမွန္ကို မသိၾကေသးပါဘူး။ သို႔ေသာ္… သူတို႔ဟာ ပိုလြတ္လပ္ခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကိုယ္တိုင္ ေရြးခ်ယ္ခြင့္ရွိဖို႔ အေရးႀကီးပါတယ္။ အသက္ ၄ႏွစ္ အရြယ္ ကေလးငယ္အခ်ိဳ႕ဟာ…

စိတ္အေျပာင္းအလဲ မ်ားျခင္း၊ ေမြးခ်င္းေမာင္ႏွမေတြနဲ႔ ရန္ျဖစ္ၿပီး ရန္လိုတာမ်ိဳးလည္း ရွိနိုင္ပါတယ္။ ဒါေပမယ့္ ၅ႏွစ္ အရြဘ္ ေရာက္လာတဲ့အခါမွာေတာ့… မိဘေတြနဲ႔ ရြယ္တူခ်င္းဆက္ဆံေရး ပိုေကာင္းလာပါတယ္။

သင့္ကေလးေတြကို အျပဳသေဘာေဆာင္တဲ့ နည္းလမ္းေတြနဲ႔ ဆုံးမသြန္သင္ၿပီး အပ်က္သေဘာေဆာင္တဲ့ ခံစားခ်က္ေတြကို သင့္ေလ်ာ္သလို ကူညီေပးရမယ့္ ကိစၥပါ။

Credit#Chit MayMay#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိဘတိုင်း သိထားသင့်တဲ့… ကလေးတွေရဲ့ဘဝမှာ အရေးကြီးသော အချိန်ကာလ (၆) ခု

မေမေတို့… ကလေးက အသက် ဘယ်လောက်ပဲရှိနေပါစေ မိဘအုပ်ထိန်းမှုက ပိုလွယ်ကူလာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကလေးတွေ မိဘအုပ်ထိန်းမှု လက်ကနေ လွတ်သွားပြီလို့ ထင်ပေမယ့်လည်း

သူတို့လေးတွေဟာ ကြီးပြင်းလာပြီး သူတို့ရဲ့ လိုအပ်ချက်တွေက ပြောင်းလဲလာပါတယ်။ တခါတရံမှာ သင် ဘယ်တော့မှ အမီ လိုက်နိုင်မယ် မထင်ပေမယ့် သင့်ကလေးဖွံ့ဖြိုးလာတဲ့အခါ

ဘယ်လို အပြုအမှုမျိုးတွေ လုပ်တတ်တယ်ဆိုတာကို သိထားရင် မိဘတစ်ယောက်ရဲ့ဘဝကို ပိုပြီးလွယ်ကူ လာစေပါတယ်။ ကလေးတွေအား စိတ်ကောင်းနှလုံးကောင်းရှိပြီး တာဝန်သိသော

လူကြီးတွေ ဖြစ်လာစေဖို…့ အပြုအမူ၊ အမူအကျင့်တွေနဲ့ ပတ်သတ်လို့ မျှော်လင့်ထားရမယ့် အရာတွေကို အသိပေးဖို့ အရေးကြီးပါတယ်။ ဥပမာ… အသက် ၄နှစ်ဝန်းကျင်မှာ ဝုန်းဒိုင်းကြဲတာတွေ၊ အသက် ၁၂နှစ်အရွယ်မှာ

ငိုယို ဂျီကျေ သာင်းကျန်းတာတွေအား ထိန်းကျောင်းပေးရခြင်းကို ဆိုလိုပါတယ်။ ဒီနေ့ ဆောင်းပါးမှာတော့… မိဘတိုင်း သိထားသင့်တဲ့ ကလေးဘဝမှာ အရေးကြီးသော အချိန်ကာလ (၆)ခုကို ဖော်ပြလိုက်ရပါတယ်။

၁။ မွေးကင်းစ မှ ၃လ အထိ

မေမေ့ကလေးလေး ဒီအရွယ်မှာ ငိုတာက… မေမေတို့နဲ့ သူတို့မှာရှိတဲ့ တစ်ခုတည်းသော ဆက်သွယ်မှု ပုံစံပါပဲ။ ဆိုလိုတာက… မေမေတို့အနေနဲ့ ဒါကို များစွာ ကြားနေရမှာဖြစ်ပြီး ၎င်းကို ပုံဖော်ဖို့

သင်ယူနေရမှာဖြစ်ပါတယ်။ မိဘတစ်ဦးအနေဖြင့် ကလေးဗိုက်ဆာတယ်၊ မောပန်းတယ် (သို့) မသက်မသာ ခံစားရတယ်လို့ အဓိပ္ပာယ်ရသော ငိုသံကြား… ခြားနားချက်ကို လေ့လာဖို့က မေမေ့တာဝန်ဖြစ်ပါတယ်။ သို့သော်…

တစ်ခါတစ်ရံမှာ ကလေးက အကြောင်းပြချက် မရှိဘဲ ငိုနိုင်ပါတယ်။ ဒီကိစ္စတွေမှာ မေမေ့ကလေးကို ထိတွေ့မှု၊ စကားလုံးတွေဖြင့် အားပေးဖို့ အရေးကြီးပါတယ်။ နှစ်သိမ့်ပေးခြင်းက သူတို့ကို

လုံခြုံစေပါတယ်။ အချစ်ခံရသူ လို့ ခံစားရစေပြီး မေမေတို့ကို ယုံကြည်ဖို့ ကူညီပေးပါလိမ့်မယ်။ မွေးကင်းစ ကလေးငယ်တွေဟာ မေမေတို့အသံမှာ ပါဝင်တဲ့ စိတ်ခံစားချက်တွေကို ခံစား သိရှိနိုင်တယ်ဆိုတာ သတိရပါ။

၂။ ၄ လ မှ ၆လ

ဒီအဆင့်မှ…ာ ကလေးဟာ ရယ်နိုင်၊ ပြုံးနိုင်၊ ခိုးခိုးခစ်ခစ် အသံပြုနိုင်ပါတယ်။ ဒါတွေက သူတို့ကို မေမေ ပြောနေတဲ့ အရာ (သို့) သူတို့အား အရုပ် တစ်ခု ပြသခြင်းနှင့် ပတ်သက်လို့ သူတို့ လုပ်နိုင်သော တုံ့ပြန်မှုအသစ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်…

မိဘတွေအနေနဲ့ အကောင်းဆုံးကတော့… သူတို့ကို တတ်နိုင်သမျှ တုံ့ပြန်တတ်အောင် အားပေးပါ။ ဥပမာ… ကလေးကို ရယ်စရာကောင်းတဲ့ မျက်နှာ လုပ်ပြခြင်းဖြင့် ခိုးခိုးခစ်ခစ် ရယ်စေခြင်း၊ တူတူရေ… ဝါး ကစားခြင်းဖြင့် ကလေးကို ရယ်မောအောင် လုပ်ခြင်းတို့

ဖြစ်ပါတယ်။ ဒီအချိန်က ကလေးတွေဟာ မိဘတွေမှ လွဲလို့ တခြားလူတွေကို စတင် မှတ်မိတဲ့ အချိန်ဖြစ်တာကြောင့် အခြားကလေးတွေ၊ ရင်းနှီးသော မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရမယ့်အချိန် ဖြစ်ပါတယ်။

၃။ ၇လ မှ ၁၂ လ

ဒီအချိန်မှာ ကလေးတွေဟာ… အခြားသူတွေထက် မေမေနဲ့ အချိန်ဖြုန်းရတာကို ပို နှစ်သက်လာကြပါတယ်။ သူစိမ်းတွေကို ကြောက်တတ်ကြပါတယ်။ မိဘတွေကို တွယ်ကပ်ပြီး ထွက်သွားတဲ့အခါ

ငိုတတ် ကြပါတယ်။ ဒါဆို သင့်ကလေးနဲ့ ခွဲခွာရလွယ်အောင် ဘာလုပ်မလဲ…? သူတို့ဘေးကင်းတဲ့နေရာမှာ ကစားနေချိန် ဒါမှမဟုတ် အလုပ်ကိစ္စ တစ်ခုခုလုပ်တဲ့အချိန်မှာ သူတို့ရဲ့

အဘိုးအဘွားတွေနဲ့ အတူ အခန်းထဲမှာ ခဏလောက် ထားခဲ့နိုင်ပါတယ်။ သူတို့ဆီကို အမြဲပြန်လာမှာဖြစ်ကြောင်းနဲ့ ခွဲခွာခြင်းက မဆိုးလှကြောင်း သူတို့ကို ပြသဖို့ လုံခြုံသော နည်းလမ်းဖြစ်ပါတယ်။

၄။ ၁နှစ် မှ ၂နှစ်

ဒီအရွယ်ကလေးတွေဟာ လူမှုဆက်ဆံရေး ပို ရှိသင့်ပါတယ်။ အိမ်အပြင်ကို ခဏခဏ ထွက်ပြီး သင့်ကလေးကို သူတို့ပတ်ဝန်းကျင်က ကမ္ဘာအား စူးစမ်းခွင့် ပေးလိုက်ပါ။ သို့သော်လည်း… ဒီအရွယ်မှာ ကလေးတွေဟာ

တခြားကလေးတွေနဲ့ တကယ်ထိတွေ့ဆက်ဆံမှု မရှိသေးကြောင်း၊ မျှဝေခြင်း သဘောတရားကို နားမလည်ကြောင်း သတိပြုပါ။ မိဘတွေအနေနဲ့ ကလေးတွေအပေါ် ဝုန်းဒိုင်းကြဲ၊ ဒေါသ မထွက်ဘဲ နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမယ့် အချိန်ဖြစ်ပါတယ်။

၅။ ၃နှစ်

ဒီအချိန်မှာ မေမေတို့ကလေးဟာ အခြားကလေးတွေနဲ့ စတင် ဆော့ကစားပြီး သူငယ်ချင်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ sharing လုပ်တတ်ဖို့နဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ သင်ယူကြပါလိမ့်မယ်။

တတ်နိုင်သမျှ သူတို့ရဲ့ ရွယ်တူချင်းတွေနဲ့ ဆက်ဆံဖို့ အားပေးပါ။ အမှောင်ကို ဆင်ခြင်တုံတရားမဲ့စွာ ကြောက်ရွံ့မှုတွေလည်း စတင် လာနိုင်ပါတယ်။ သူတို့ကို နှစ်သိမ့်ပေးခြင်းက…

လုံခြုံတယ်လို့ ခံစားရစေပါလိမ့်မယ်။ သူတို့အား အမှီအခို ကင်းစေဖို့နဲ့ သူတို့ရဲ့ ဝါသနာပါရာကို လိုက်စားဖို့လည်း အားပေးသင့်ပါတယ်။ ကလေးက ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ရိုလာ စကိတ်စီးခြင်း စတာတွေကို

ပြုလုပ်ဖို့ လိုလားတဲ့အခါ သူတို့အတွက် ဂုဏ်ယူကြောင်း ပြောပြပေးပါ။ ဒါက သူတို့ကို ပျော်ရွှင်စေတဲ့အရာတွေကို ဆက်လုပ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

၆။ ၄နှစ် မှ ၅နှစ်

ဒါက အခက်ခဲဆုံးအဆင့် လို့ ဆိုနိုင်ပါသေးတယ်။ ဒီအရွယ်မှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးပါ။ ဒီအဆင့်မှာ ကလေးတွေက စည်းကမ်းတွေကို လိုက်နာနိုင်ပေမယ့် အကောင်းနဲ့ အဆိုးကို ဘယ်လို ခွဲခြားရမယ်ဆိုတာကို

နားမလည်ကြပါဘူး။ ဆိုလိုတာက… အမှား အမှန်ကို မသိကြသေးပါဘူး။ သို့သော်… သူတို့ဟာ ပိုလွတ်လပ်ချင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ အသက် ၄နှစ် အရွယ် ကလေးငယ်အချို့ဟာ…

စိတ်အပြောင်းအလဲ များခြင်း၊ မွေးချင်းမောင်နှမတွေနဲ့ ရန်ဖြစ်ပြီး ရန်လိုတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ၅နှစ် အရွဘ် ရောက်လာတဲ့အခါမှာတော့… မိဘတွေနဲ့ ရွယ်တူချင်းဆက်ဆံရေး ပိုကောင်းလာပါတယ်။

သင့်ကလေးတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ဆုံးမသွန်သင်ပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို သင့်လျော်သလို ကူညီပေးရမယ့် ကိစ္စပါ။

Credit#Chit MayMay#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*