ဓမၼတာ မမွန္သူ… ဝမ္းခ်ဳပ္သူမ်ားအတြက္ ခ်က္ေဆးျပဳလုပ္နည္း( ျပန္လည္ မွ်ေ၀လိုက္ပါသည္။)

ဓမၼတာ မမွန္သူ... ဝမ္းခ်ဳပ္သူမ်ားအတြက္ ခ်က္ေဆးျပဳလုပ္နည္း( ျပန္လည္ မွ်ေ၀လိုက္ပါသည္။)
ဓမၼတာ မမွန္သူ... ဝမ္းခ်ဳပ္သူမ်ားအတြက္ ခ်က္ေဆးျပဳလုပ္နည္း( ျပန္လည္ မွ်ေ၀လိုက္ပါသည္။)

ဓမၼတာ မမွန္သူ… ဝမ္းခ်ဳပ္သူမ်ားအတြက္ ခ်က္ေဆးျပဳလုပ္နည္း( ျပန္လည္ မွ်ေ၀လိုက္ပါသည္။)

ရွားေစာင္းလ က္ပက္ ခ်က္ေဆးက်မကိုယ္တိုင္ ရွားေစာင္းလက္ပက္ ခ်က္ေဆးေဖာ္စားပီး ရလာဒ္ေကာင္းေတြရွိတာမို႔ခ်က္ေဆးေဖာ္နည္း တင္ေပးလိုက္ပါတယ္။ တစ္ေန႔ လဖက္စားဇြန္း ၁ ဇြန္း ပုံမွန္စားေပးမယ္ဆိုရင္

ဆီး ဝမ္းေသြးေလအတြက္အထူးသင့္ေလွ်ာ္ပါတယ္။ ဓမၼတာ မမွန္ေသာ အမ်ိဳးသမီးမ်ားအတြက္ ခ်က္ေဆးစားပီး တစ္လအတြင္း သိသာပါလိမ့္မယ္။ ဆီးေအာင့္တဲ့အခါ ရွားေစာင္းလက္ပက္ ခ်က္ေဆး စစ္စစ္ (သို႔) ခ်က္ေဆးမရွိက

အတြင္းသားဂ်ယ္လီကိုျခစ္ပီးပ်ားရည္နဲ႔စားသုံးေပးပါ။အူလမ္းေၾကာင္းကိုရွင္းေပးတာမို႔ဝမ္းခ်ဳပ္သူမ်ားအတြက္လည္း အထူးသင့္ေလွ်ာ္ပါတယ္။ ဝမ္းခ်ဳပ္သူမ်ားအတြက္ေတာ့ ဝမ္းခ်ဳပ္တဲ့ ရက္ေတြမွာလဖက္စားဇြန္း၂ ဇြန္း (သို႔) ၃ ဇြန္း စားေပးပါ။

ေလပုပ္မ်ားနဲ႔ ဝမ္းပုပ္မ်ားသြားပါလိမ့္မယ့္ ။ခုကေတာ့ ရွားေစာင္းလက္ပက္ ၁၀ပိႆာ လုပ္တာမို႔ က်မ မႀကိတ္ႏိုင္ေတာ့ မထူ မပါး လွီးပီးလုပ္ပါတယ္။ ႀကိတ္ပီးလုပ္ရင္လည္း အဆင္ေျပပါတယ္။ ကဲ ဒီေလာက္ဆိုရင္ေတာ့… ရပါပီ။

ပါဝင္ပစၥည္းမ်ား

(၁) ရွားေစာင္းလက္ပက္ ၁၀ ပိႆာ

(၂) မက်ီးႏွစ္ ၅၀ သား

(၃) ပ်ားရည္ စစ္စစ္ ၂ လီတာ

(၄) ထညက္ရည္ ၁ ပိႆာ

(၅) စမုံမ်ိဳး ၅ ပါး ၂ က်ပ္သား

ပထမဦးစြာ ရွားေစာင္းလက္ပင္မ်ားကို သဲစင္ေနေအာင္ တခုခ်င္း စိတ္ရွည္ရွည္ နဲ႔ ေသခ်ာေဆးေၾကာရပါမယ္။ အေစ့ထုတ္ပီးသား မက်ီးသီးဖပ္မ်ားကို သဲမေျပာင္မခ်င္း ေရေဆးပီး လုံးဝသဲစင္သြားမွ ေရစိမ္ေပးထားပါ။

အသင့္ထည့္ရန္ ပ်ားရည္စစ္စစ္ျပင္ထားပါ။ ထညက္ကို ပ်စ္ပ်စ္ေလးက်ိဳပီးပီးခ်င္း ေရစစ္နဲ႔စစ္၍ ခဏအနည္ထိုင္ထားပါ။ ပီးမွ ေအာက္ေျခမွ အမႈန္ေလးမ်ားမပါေအာင္ ျဖည္းညင္းစြာ သြန္ထည့္ထားေပးပါ။

စမုံမ်ိဳးငါးပါးကို ေနပူလွန္းပီး ေထာင္းထားေပးပါ။ ပါဝင္ပစၥည္း ၅ မ်ိဳး အသင့္ျဖစ္ပီမို႔… စခ်က္ၾကရေအာင္။

(၁) ရွားေစာင္းလက္ပက္ ေဘးဖက္ စူးမ်ားကို ဓါးပါးေလးနဲ႔ လွီးထုတ္ေပးပီး မထူမပါး အတုံးငယ္ေလးမ်ားတုံး၍ ခ်က္ေဆးခ်က္မယ့္ အိုးႀကီးထဲ တခါတည္း ထည့္ထားပါ။

ႀကိတ္ႏိုင္ရင္လည္း ႀကိတ္ေပးပါ။ က်မကေတာ့ အမ်ားႀကီး လုပ္တာမို႔ မႀကိတ္ႏိုင္လို႔ပါ။ ေနာက္ဆုံးက်ရင္ေတာ့ အရသာေရာ အာနိသင္ေရာ အတူတူပါပဲ။ ပီးရင္ေတာ့ တေနကုန္က်ိဳရမွာ ျဖစ္လို႔

မီးေသြးမီးဖိုနဲ႔ က်ိဳရပါမယ္။ က်ိဳရင္း က်ိဳရင္းနဲ႔ အေရာင္ေတြတျဖည္းျဖည္း ႏြမ္းလာပီး အရည္ေတြ ထြက္လာပါလိမ့္မယ္။

(၂) ထိုအခါက်မွ… ပထမဆုံး သန႔္စင္ပီးသား မက်ီးသီးဖပ္မ်ားကို ထည့္လိုက္ပါ။ မက်ီးသီးကို အႏွစ္တိုက္ပီး ထည့္ရင္လည္း ရပါတယ္။

(၃) ၎ေနာက္ ပ်ားရည္ ထည့္ေပးပါ။

(၄) ပီးရင္ ထညက္ရည္ ထပ္ထည့္ေပးပါ။

ထညက္ရည္ ထည့္ပီးရင္ေတာ့… သမေအာင္ေမႊေပးပီး က်မတို႔ တေနကုန္ ထိုင္ပီးစိတ္ရွည္လက္ရွည္နဲ႔ အရည္မ်ားခမ္းတဲ့အထိ ခ်က္ေဆးခ်က္ရပါေတာ့မယ္။

(၅) အနံ႔ေတြေမႊးလာပီး ေမႊရတာ အေတာ္ေျခာက္လာရင္… စမုံမ်ိဳး ၅ ပါး ထည့္ေမႊလို႔ ရပါပီ။

ဒါေပမယ္ လုံးဝ အိုးခ်လို႔ေတာ့ မရေသးပါဘူး။ ခုခ်ိန္မွာ အိုးခ်လိုက္ရင္… မႈိလိုက္တတ္ပါတယ္။လုံးလုံးခဲခဲႀကီးနဲ႔ ေျခာက္ကပ္သြားတဲ့အထိ ထပ္ေမႊေပးပါ။ တေန႔တည္း က်ိဳရတာ ပင္ပန္းရင္… ဒီအေနအထားမွာ အိုးခ်ပီး… ေနာက္တစ္ေန႔မွ ထပ္ပီးက်ိဳလို႔လည္း ရပါတယ္။

လုံးဝကို ေျခာက္ေျခာက္ ကပ္ကပ္ လုံးလုံးခဲခဲေလးျဖစ္သြားပီ ဆိုရင္ေတာ့… ခ်က္ေဆးေဖာ္ျခင္း ေအာင္ျမင္စြာ ၿပီးဆုံးသြားပါပီ။ အေအးခံပီးမွ ေလလုံ ဖန္ပုလင္းနဲ႔ ထည့္ပီးတေန႔ကို လဖက္စားဇြန္းတစ္ဇြန္းမွီဝဲေပးပါ။

ရလာဒ္ကေတာ့… မိမိကိုယ္တိုင္ ခ်က္ေဆးေဖာ္ပီး စားဖူးတဲ့အခါ သိလာပါလိမ့္မယ္။ အားလုံးပဲ မိမိအိမ္မွာ ခ်က္ေဆးေဖာ္စားႏိုင္ၾကရင္… အတုအပ ကင္းစင္ပီးရလာဒ္ေကာင္းေတြ ရရွိပါလိမ့္မယ္။

ေစတနာမ်ားစြာျဖင့္ ပဲခူး ေဒၚေထြးရီ#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဓမ္မတာ မမှန်သူ… ဝမ်းချုပ်သူများအတွက် ချက်ဆေးပြုလုပ်နည်း( ပြန်လည် မျှဝေလိုက်ပါသည်။)

ရှားစောင်းလ က်ပက် ချက်ဆေးကျမကိုယ်တိုင် ရှားစောင်းလက်ပက် ချက်ဆေးဖော်စားပီး ရလာဒ်ကောင်းတွေရှိတာမို့ချက်ဆေးဖော်နည်း တင်ပေးလိုက်ပါတယ်။ တစ်နေ့ လဖက်စားဇွန်း ၁ ဇွန်း ပုံမှန်စားပေးမယ်ဆိုရင်

ဆီး ဝမ်းသွေးလေအတွက်အထူးသင့်လျှော်ပါတယ်။ ဓမ္မတာ မမှန်သော အမျိုးသမီးများအတွက် ချက်ဆေးစားပီး တစ်လအတွင်း သိသာပါလိမ့်မယ်။ ဆီးအောင့်တဲ့အခါ ရှားစောင်းလက်ပက် ချက်ဆေး စစ်စစ် (သို့) ချက်ဆေးမရှိက

အတွင်းသားဂျယ်လီကိုခြစ်ပီးပျားရည်နဲ့စားသုံးပေးပါ။အူလမ်းကြောင်းကိုရှင်းပေးတာမို့ဝမ်းချုပ်သူများအတွက်လည်း အထူးသင့်လျှော်ပါတယ်။ ဝမ်းချုပ်သူများအတွက်တော့ ဝမ်းချုပ်တဲ့ ရက်တွေမှာလဖက်စားဇွန်း၂ ဇွန်း (သို့) ၃ ဇွန်း စားပေးပါ။

လေပုပ်များနဲ့ ဝမ်းပုပ်များသွားပါလိမ့်မယ့် ။ခုကတော့ ရှားစောင်းလက်ပက် ၁၀ပိဿာ လုပ်တာမို့ ကျမ မကြိတ်နိုင်တော့ မထူ မပါး လှီးပီးလုပ်ပါတယ်။ ကြိတ်ပီးလုပ်ရင်လည်း အဆင်ပြေပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့… ရပါပီ။

ပါဝင်ပစ္စည်းများ

(၁) ရှားစောင်းလက်ပက် ၁၀ ပိဿာ

(၂) မကျီးနှစ် ၅၀ သား

(၃) ပျားရည် စစ်စစ် ၂ လီတာ

(၄) ထညက်ရည် ၁ ပိဿာ

(၅) စမုံမျိုး ၅ ပါး ၂ ကျပ်သား

ပထမဦးစွာ ရှားစောင်းလက်ပင်များကို သဲစင်နေအောင် တခုချင်း စိတ်ရှည်ရှည် နဲ့ သေချာဆေးကြောရပါမယ်။ အစေ့ထုတ်ပီးသား မကျီးသီးဖပ်များကို သဲမပြောင်မချင်း ရေဆေးပီး လုံးဝသဲစင်သွားမှ ရေစိမ်ပေးထားပါ။

အသင့်ထည့်ရန် ပျားရည်စစ်စစ်ပြင်ထားပါ။ ထညက်ကို ပျစ်ပျစ်လေးကျိုပီးပီးချင်း ရေစစ်နဲ့စစ်၍ ခဏအနည်ထိုင်ထားပါ။ ပီးမှ အောက်ခြေမှ အမှုန်လေးများမပါအောင် ဖြည်းညင်းစွာ သွန်ထည့်ထားပေးပါ။

စမုံမျိုးငါးပါးကို နေပူလှန်းပီး ထောင်းထားပေးပါ။ ပါဝင်ပစ္စည်း ၅ မျိုး အသင့်ဖြစ်ပီမို့… စချက်ကြရအောင်။

(၁) ရှားစောင်းလက်ပက် ဘေးဖက် စူးများကို ဓါးပါးလေးနဲ့ လှီးထုတ်ပေးပီး မထူမပါး အတုံးငယ်လေးများတုံး၍ ချက်ဆေးချက်မယ့် အိုးကြီးထဲ တခါတည်း ထည့်ထားပါ။

ကြိတ်နိုင်ရင်လည်း ကြိတ်ပေးပါ။ ကျမကတော့ အများကြီး လုပ်တာမို့ မကြိတ်နိုင်လို့ပါ။ နောက်ဆုံးကျရင်တော့ အရသာရော အာနိသင်ရော အတူတူပါပဲ။ ပီးရင်တော့ တနေကုန်ကျိုရမှာ ဖြစ်လို့

မီးသွေးမီးဖိုနဲ့ ကျိုရပါမယ်။ ကျိုရင်း ကျိုရင်းနဲ့ အရောင်တွေတဖြည်းဖြည်း နွမ်းလာပီး အရည်တွေ ထွက်လာပါလိမ့်မယ်။

(၂) ထိုအခါကျမှ… ပထမဆုံး သန့်စင်ပီးသား မကျီးသီးဖပ်များကို ထည့်လိုက်ပါ။ မကျီးသီးကို အနှစ်တိုက်ပီး ထည့်ရင်လည်း ရပါတယ်။

(၃) ၎င်းနောက် ပျားရည် ထည့်ပေးပါ။

(၄) ပီးရင် ထညက်ရည် ထပ်ထည့်ပေးပါ။

ထညက်ရည် ထည့်ပီးရင်တော့… သမအောင်မွှေပေးပီး ကျမတို့ တနေကုန် ထိုင်ပီးစိတ်ရှည်လက်ရှည်နဲ့ အရည်များခမ်းတဲ့အထိ ချက်ဆေးချက်ရပါတော့မယ်။

(၅) အနံ့တွေမွှေးလာပီး မွှေရတာ အတော်ခြောက်လာရင်… စမုံမျိုး ၅ ပါး ထည့်မွှေလို့ ရပါပီ။

ဒါပေမယ် လုံးဝ အိုးချလို့တော့ မရသေးပါဘူး။ ခုချိန်မှာ အိုးချလိုက်ရင်… မှိုလိုက်တတ်ပါတယ်။လုံးလုံးခဲခဲကြီးနဲ့ ခြောက်ကပ်သွားတဲ့အထိ ထပ်မွှေပေးပါ။ တနေ့တည်း ကျိုရတာ ပင်ပန်းရင်… ဒီအနေအထားမှာ အိုးချပီး… နောက်တစ်နေ့မှ ထပ်ပီးကျိုလို့လည်း ရပါတယ်။

လုံးဝကို ခြောက်ခြောက် ကပ်ကပ် လုံးလုံးခဲခဲလေးဖြစ်သွားပီ ဆိုရင်တော့… ချက်ဆေးဖော်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပီ။ အအေးခံပီးမှ လေလုံ ဖန်ပုလင်းနဲ့ ထည့်ပီးတနေ့ကို လဖက်စားဇွန်းတစ်ဇွန်းမှီဝဲပေးပါ။

ရလာဒ်ကတော့… မိမိကိုယ်တိုင် ချက်ဆေးဖော်ပီး စားဖူးတဲ့အခါ သိလာပါလိမ့်မယ်။ အားလုံးပဲ မိမိအိမ်မှာ ချက်ဆေးဖော်စားနိုင်ကြရင်… အတုအပ ကင်းစင်ပီးရလာဒ်ကောင်းတွေ ရရှိပါလိမ့်မယ်။

စေတနာများစွာဖြင့် ပဲခူး ဒေါ်ထွေးရီ#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*