ျမန္မာနည္း/ျမန္မာ့ဟန္ သစ္တန္တြက္နည္းနွင့္ အျမန္ဆံုး သစ္ေစ်းႏွုန္းတြက္နည္း

ျမန္မာနည္း/ျမန္မာ့ဟန္ သစ္တန္တြက္နည္းနွင့္ အျမန္ဆံုး သစ္ေစ်းႏွုန္းတြက္နည္း
ျမန္မာနည္း/ျမန္မာ့ဟန္ သစ္တန္တြက္နည္းနွင့္ အျမန္ဆံုး သစ္ေစ်းႏွုန္းတြက္နည္း

ျမန္မာနည္း/ျမန္မာ့ဟန္ သစ္တန္တြက္နည္းနွင့္ အျမန္ဆံုး သစ္ေစ်းႏွုန္းတြက္နည္း

သစ္တန္တြက္နည္း… ( သစ္ ၁ တန္ = ၁” × ၁” ပတ္လည္ ၇၂၀၀’ေပ) သိလိုေသာ သစ္အရြယ္အစား ဒု ႏွင့္ ျဗက္ ကိုေျမႇာက္၍ ရေသာ ရလဒ္ႏွင့္ ၇၂၀၀ ကို စားရေသာ အေျဖသည္ သစ္ ၁ တန္၏ေျဖျဖစ္သည္။

တြက္နည္း

(၄”×၂”) သစ္တစ္တန္ ရွိ ေပရွည္ ကိုသိလိုလၽွင္… ၄”×၂”= ၈ … ၇၂၀၀/၈ = ၉ ၀၀’ေပ (၄”×၂”) သစ္… ၁တန္၌ ရွိေသာ ေပရွည္ = ၉၀၀ ေပ

သစ္တန္တြက္နည္း (၅၀ ကုဗေပ = ၁ တန္)

ဗ်က္ ၄”×၂” ေပရွည္ ၂၀ ေပ ၊ ေခ်ာင္းေရ ၃၀ ဆိုပါစို့ … ဗ်က္ရယ္ ၊ ဒုရယ္ ၊ ေပရွည္ ရယ္ ၊ ေခ်ာင္းေရရယ္ေျမႇာက္… ရလာတဲ့ အေျဖကို ၁၄၄ နဲ႔စားရပါမည္။ ရတဲ့အေျဖဟာ ကုဗေပ ပဲရွိေသး၍ သစ္ ၁ တန္လၽွင္ ၅၀ ကုဗေပ ရွိ၍ ၅၀ ျဖင့္ စားလၽွင္ “တန္” ရလာပါမည္။

ဗ်က္ × ဒု × ေပရွည္ × အေခ်ာင္းေရ… ၄”×၂”×၂၀’×၃၀÷၁၄၄= ၃၃.၃၃ ကုေဗပ…
၃၃.၃၃ ကုဗေပ/50 ကုဗေပ = ၀.၆၆၆ တန္

အျမန္ဆုံး သစ္ေစ်းႏွုန္းတြက္နည္း

ဥပမာ… သစ္ ၁ တန္… ၆၅၀,၀၀၀ ေစ်းျဖင့္… ၄”×၂”( ေလးႏွစ္) ၁၈ ေပ တစ္ေခ်ာင္းကိုတြက္ၾကည့္မယ္…

ေစ်းႏွုန္း ကိုတည္ ဒသမ သုညသုည ႏွစ္ငါးျဖင့္ ေျမႇာက္ (၆၅၀,၀၀၀×.၀၀၂၅)… ရလဒ္ကို သစ္ေခ်ာင္း၏ ဒု×ဗ်က္ (၄”×၂”) ရလဒ္ျဖင့္ျပန္ ေျမႇာက္လိုက္ပါ။

ဒါဆို ၄”×၂” ေလးႏွစ္ ၁၈ေပ တစ္ေခ်ာင္း၏ တန္ဘိုးရမည္။ ၆၅၀,၀၀၀×.၀၀၂၅= ၁၆၂၅… ၁၆၂၅ x ၈ = ၁၃၀၀၀ က်ပ္

##သစ္ေခ်ာင္း၏ ဒု×ဗ်က္ (၄”×၂”) ရလဒ္… ၄ x ၂ = ၈

၄” x ၂”( ေလးႏွစ္ ) ၁ ေခ်ာင္း တန္ဘိုး = ၁၃,၀၀၀ က်ပ္ ျဖစ္သည္။ မည္သည့္ ဒု ဗ်က္ မည္သည့္ ေစ်းႏွုန္း မဆိုတြက္ၾကည့္နိုင္ပါသည္။

ျမန္မာ့ျဖတ္လမ္းတြက္နည္း

သစ္ တတန္… လကၼ ၄၀၀ အလြယ္ကူဆုံး မွတ္ထားေပးပါ။ ဒါက၁၈ေပ ပုံမွန္သစ္တစ္ေခ်ာင္းနဲ႔ ေျပာတာပါ။ အဲေတာ့… ၅”×၂”= 10″လကၼ ရတတယ္။ တတန္ကို (5″×2″) အေခ်ာင္းဘယ္ေလာက္ရလဲသိခ်င္ရင္… ၄၀၀ ကို ၁၀ နဲ႔စား ၁၈ေပအေခ်ာင္း ၄၀ ရတယ္။

ထို့အတူ… က်န္တဲ့ 4″×2″= တို့ 3″×2″ တို့လဲ ဒုနဲ႔ဗ်က္ကိုေျမႇာက္ၿပီး 400 ကို ပုံေသထားၿပီး စားလိုက္… တတန္မွာ အေခ်ာင္ေရ ဘယ္ေလာက္ဆိုတာ ထြက္လာမယ္။

ဘာလို့ 400 ကို ပုံေသထားၿပီး စားရသလဲဆိုရင္… သစ္တတန္ရဲ့ေပအရွည္ဟာ 7200ေပရွိလို့ ပုံမွန္က သစ္တေခ်ာင္ကို 18 ေပပဲ ထားတြက္ၾကလို့ပါ။ 7200÷18=400 ရတယ္။ 19ေပ20ေပလဲတြက္လို့ရပါတယ္။ ဒီနည္းက အလြယ္ကူးဆုံးျမန႔္မာ့တြက္နည္းပဲ။ မိန္းမတြက္လို့လဲေခၚတယ္။

ေဈးသိခ်င္ရင္… တတန္ကို ဥမပာ 5″×2″… တတန္ကို… 1500000 ဆိုပါေတာ့ 4နဲ႔စားလိုက္ ရလာတာက 375000 … အဲဒါလကၼ100ရဲ့တန္ဘိုးပဲ။

အဲေတာ့10 လကၼတန္ဘိုးဆို… 375000 ကို 10 နဲ႕စားရင္ ရသြားၿပီ။ 1500000 ÷ 4=375000 အဲဒါ လကၼ100ရဲ့ တန္ဘိုး။ တခါ တလကၼသိခ်င္ရင္ 375000÷100=3750 ရမယ္။ 1လကၼကို အဲဒီနည္းနဲ႔တြက္ရင္ သိပ္လြယ္ပါတယ္။ ခ်တြက္စရာေတာင္ မလိုဘူး… စိတ္နဲ႔တြက္လို့ရတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြန်မာနည်း/မြန်မာ့ဟန် သစ်တန်တွက်နည်းနှင့် အမြန်ဆုံး သစ်ဈေးနှုန်းတွက်နည်း

သစ်တန်တွက်နည်း… ( သစ် ၁ တန် = ၁” × ၁” ပတ်လည် ၇၂၀၀’ပေ) သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

(၄”×၂”) သစ်တစ်တန် ရှိ ပေရှည် ကိုသိလိုလျှင်… ၄”×၂”= ၈ … ၇၂၀၀/၈ = ၉ ၀၀’ပေ (၄”×၂”) သစ်… ၁တန်၌ ရှိသော ပေရှည် = ၉၀၀ ပေ

သစ်တန်တွက်နည်း (၅၀ ကုဗပေ = ၁ တန်)

ဗျက် ၄”×၂” ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့ … ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက်… ရလာတဲ့ အဖြေကို ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့် စားလျှင် “တန်” ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ… ၄”×၂”×၂၀’×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ…
၃၃.၃၃ ကုဗပေ/50 ကုဗပေ = ဝ.၆၆၆ တန်

အမြန်ဆုံး သစ်ဈေးနှုန်းတွက်နည်း

ဥပမာ… သစ် ၁ တန်… ၆၅၀,၀၀၀ ဈေးဖြင့်… ၄”×၂”( လေးနှစ်) ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်…

ဈေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြင့် မြှောက် (၆၅၀,၀၀၀×.၀၀၂၅)… ရလဒ်ကို သစ်ချောင်း၏ ဒု×ဗျက် (၄”×၂”) ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄”×၂” လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။ ၆၅၀,၀၀၀×.၀၀၂၅= ၁၆၂၅… ၁၆၂၅ x ၈ = ၁၃၀၀၀ ကျပ်

##သစ်ချောင်း၏ ဒု×ဗျက် (၄”×၂”) ရလဒ်… ၄ x ၂ = ၈

၄” x ၂”( လေးနှစ် ) ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ကျပ် ဖြစ်သည်။ မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။

မြန်မာ့ဖြတ်လမ်းတွက်နည်း

သစ် တတန်… လက္မ ၄၀၀ အလွယ်ကူဆုံး မှတ်ထားပေးပါ။ ဒါက၁၈ပေ ပုံမှန်သစ်တစ်ချောင်းနဲ့ ပြောတာပါ။ အဲတော့… ၅”×၂”= 10″လက္မ ရတတယ်။ တတန်ကို (5″×2″) အချောင်းဘယ်လောက်ရလဲသိချင်ရင်… ၄၀၀ ကို ၁၀ နဲ့စား ၁၈ပေအချောင်း ၄၀ ရတယ်။

ထို့အတူ… ကျန်တဲ့ 4″×2″= တို့ 3″×2″ တို့လဲ ဒုနဲ့ဗျက်ကိုမြှောက်ပြီး 400 ကို ပုံသေထားပြီး စားလိုက်… တတန်မှာ အချောင်ရေ ဘယ်လောက်ဆိုတာ ထွက်လာမယ်။

ဘာလို့ 400 ကို ပုံသေထားပြီး စားရသလဲဆိုရင်… သစ်တတန်ရဲ့ပေအရှည်ဟာ 7200ပေရှိလို့ ပုံမှန်က သစ်တချောင်ကို 18 ပေပဲ ထားတွက်ကြလို့ပါ။ 7200÷18=400 ရတယ်။ 19ပေ20ပေလဲတွက်လို့ရပါတယ်။ ဒီနည်းက အလွယ်ကူးဆုံးမြန့်မာ့တွက်နည်းပဲ။ မိန်းမတွက်လို့လဲခေါ်တယ်။

ဈေးသိချင်ရင်… တတန်ကို ဥမပာ 5″×2″… တတန်ကို… 1500000 ဆိုပါတော့ 4နဲ့စားလိုက် ရလာတာက 375000 … အဲဒါလက္မ100ရဲ့တန်ဘိုးပဲ။

အဲတော့10 လက္မတန်ဘိုးဆို… 375000 ကို 10 နဲ့စားရင် ရသွားပြီ။ 1500000 ÷ 4=375000 အဲဒါ လက္မ100ရဲ့ တန်ဘိုး။ တခါ တလက္မသိချင်ရင် 375000÷100=3750 ရမယ်။ 1လက္မကို အဲဒီနည်းနဲ့တွက်ရင် သိပ်လွယ်ပါတယ်။ ချတွက်စရာတောင် မလိုဘူး… စိတ်နဲ့တွက်လို့ရတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*