အိမ္တစ္အိမ္…မိသားစု တစ္စုမွာ စီးပြားေရး ေျပလည္ေစတဲ့ အေၾကာင္းအရင္း (၅)ခ်က္…

အိမ္တစ္အိမ္...မိသားစု တစ္စုမွာ စီးပြားေရး ေျပလည္ေစတဲ့ အေၾကာင္းအရင္း (၅)ခ်က္...
အိမ္တစ္အိမ္...မိသားစု တစ္စုမွာ စီးပြားေရး ေျပလည္ေစတဲ့ အေၾကာင္းအရင္း (၅)ခ်က္...

အိမ္တစ္အိမ္…မိသားစု တစ္စုမွာ စီးပြားေရး ေျပလည္ေစတဲ့ အေၾကာင္းအရင္း (၅)ခ်က္…

အိမ္တစ္အိမ္မွ…ာ စီးပြားေရးေတြ ေျပလည္ၿပီး စားဝတ္ေနေရးေတြ ေျပလည္ေနၾကၿပီဆိုၾကပါေတာ့။ အိမ္သူ အိမ္သား အားလုံးက…

၁။ သူ႔အသက္လည္း ဘယ္သူမွ မသတ္ဘူး၊

၂။ သူ ႔ပစၥည္းလည္းဘယ္သူမွ မတရားမယူၾကဘူး၊

၃။ ကာေမသုမိစၧာ ေခၚတဲ့ မွားယြင္းတဲ့ အက်င့္ေတြလည္း ဘယ္သူမွ မက်င့္ၾကဘူး၊ ကိုယ္က်င့္တရား သိပ္ ေကာင္းၾကတယ္။

၄။ မုသားလည္း မေျပာၾကဘူး၊

၅။ မူးယစ္ေဆးဝါးလည္း သုံးစြဲတဲ့သူ အိမ္သူအိမ္သားထဲ တစ္ေယာက္မွ မရွိဘူး… ဒီလိုဆိုရင္ အိမ္သူအိမ္သားေတြဟာ တစ္ဦးနဲ႔ တစ္ဦး ၾကည္ႏူးၿပီး ခ်မ္းခ်မ္းသာသာ မေနရဘူးလား။ ေနၾကရတယ္။

အိမ္တစ္အိမ္မွာ ခ်မ္းသာသလို… ရြာတစ္ရြာကို လွမ္းၾကည့္လိုက္၊ ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္… ဒီလိုဆို… ဒီေက်းရြာဟာ အျမဲ အိမ္တံခါး ဖြင့္ထားလို႔ မရနိုင္ဘူးလား။ ရနိုင္ပါတယ္။

ေနာက္တစ္ခု… ၿမိဳ႕တစ္ၿမိဳ႕ရွိ… ၿမိဳ႕သူၿမိဳ႕သားအားလုံး ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္။ ဒီလိုဆိုရင္… ဒီၿမိဳ႕ခ်မ္းသာမလား ဆင္းရဲမလား၊ ခ်မ္းခ်မ္းသာသာ ေနၾကရမယ္ေနာ္။

တိုင္းျပည္ တစ္ခုမွာလည္း ဒီလို ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္ဆိုရင္… အကုန္ မခ်မ္းသာရဘူးလား။ ခ်မ္းသာ ရတယ္။ ညဘက္ေတာင္ ဘယ္ေနရာသြားသြား အႏၲရာယ္ဆိုတာ ရွိလား။ မရွိေတာ့ဘူး။

အမ်ိဳးသမီးေတြ ဘယ္ေနရာသြားသြား အႏၲရာယ္ဆိုတာ ရွိမလား။ မရွိေတာ့ဘူး။ သိပ္ေကာင္းတယ္ေနာ္။ ဒီေတာ့… ကိုယ္က်င့္သီလ ေကာင္းျခင္းသည္ တိုင္းျပည္ တစ္ျပည္ တိုးတက္ေရးအတြက္

အေျခခံအေၾကာင္းအရင္း ျဖစ္မေနဘူးလား။ ျဖစ္ေနတယ္။ ကိုယ္က်င့္သီလ ပ်က္စီးလာၿပီ၊ ကိုယ္က်င့္သီလ ပ်က္စီးေနတဲ့ အိမ္တစ္အိမ္မွာ ခ်မ္းသာသုခ ျဖစ္နိုင္ပါ့မလား။ မျဖစ္နိုင္ဘူး။

လင္ကလည္း သီလ ပ်က္တယ္၊ မယားကလည္း သီလ ပ်က္တယ္၊ သားသမီးေတြကလည္း ပ်က္စီးၾကတယ္ ။ ဒီလိုဆိုရင္… ဒီအိမ္ ခ်မ္းသာသုခ ျဖစ္နိုင္ပါ့မလား၊ မျဖစ္နိုင္ေတာ့ဘူး။

ဒီလိုပဲ… ကိုယ္က်င့္ သီလေတြ ပ်က္စီးေနတဲ့ ပုဂၢိဳလ္ေတြ စုေပါင္းေနထိုင္တဲ့ ၿမိဳ႕၊ ရြာတစ္ရြာမွာ ဘယ္ေတာ့မွ ခ်မ္းသာသုခေတြ မျဖစ္နိုင္ဘူး။ ဒါေၾကာင့္ ကိုယ္က်င့္တရား ေကာင္းဖို႔ လိုအပ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အိမ်တစ်အိမ်…မိသားစု တစ်စုမှာ စီးပွားရေး ပြေလည်စေတဲ့ အကြောင်းအရင်း (၅)ချက်…

အိမ်တစ်အိမ်မှ…ာ စီးပွားရေးတွေ ပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူ အိမ်သား အားလုံးက…

၁။ သူ့အသက်လည်း ဘယ်သူမှ မသတ်ဘူး၊

၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊

၃။ ကာမေသုမိစ္ဆာ ခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ် ကောင်းကြတယ်။

၄။ မုသားလည်း မပြောကြဘူး၊

၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှ မရှိဘူး… ဒီလိုဆိုရင် အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့ တစ်ဦး ကြည်နူးပြီး ချမ်းချမ်းသာသာ မနေရဘူးလား။ နေကြရတယ်။

အိမ်တစ်အိမ်မှာ ချမ်းသာသလို… ရွာတစ်ရွာကို လှမ်းကြည့်လိုက်၊ ငါးပါးသီလနဲ့ ပြည့်စုံကြတယ်… ဒီလိုဆို… ဒီကျေးရွာဟာ အမြဲ အိမ်တံခါး ဖွင့်ထားလို့ မရနိုင်ဘူးလား။ ရနိုင်ပါတယ်။

နောက်တစ်ခု… မြို့တစ်မြို့ရှိ… မြို့သူမြို့သားအားလုံး ငါးပါးသီလနဲ့ ပြည့်စုံကြတယ်။ ဒီလိုဆိုရင်… ဒီမြို့ချမ်းသာမလား ဆင်းရဲမလား၊ ချမ်းချမ်းသာသာ နေကြရမယ်နော်။

တိုင်းပြည် တစ်ခုမှာလည်း ဒီလို ငါးပါးသီလနဲ့ ပြည့်စုံကြတယ်ဆိုရင်… အကုန် မချမ်းသာရဘူးလား။ ချမ်းသာ ရတယ်။ ညဘက်တောင် ဘယ်နေရာသွားသွား အန္တရာယ်ဆိုတာ ရှိလား။ မရှိတော့ဘူး။

အမျိုးသမီးတွေ ဘယ်နေရာသွားသွား အန္တရာယ်ဆိုတာ ရှိမလား။ မရှိတော့ဘူး။ သိပ်ကောင်းတယ်နော်။ ဒီတော့… ကိုယ်ကျင့်သီလ ကောင်းခြင်းသည် တိုင်းပြည် တစ်ပြည် တိုးတက်ရေးအတွက်

အခြေခံအကြောင်းအရင်း ဖြစ်မနေဘူးလား။ ဖြစ်နေတယ်။ ကိုယ်ကျင့်သီလ ပျက်စီးလာပြီ၊ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ အိမ်တစ်အိမ်မှာ ချမ်းသာသုခ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။

လင်ကလည်း သီလ ပျက်တယ်၊ မယားကလည်း သီလ ပျက်တယ်၊ သားသမီးတွေကလည်း ပျက်စီးကြတယ် ။ ဒီလိုဆိုရင်… ဒီအိမ် ချမ်းသာသုခ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။

ဒီလိုပဲ… ကိုယ်ကျင့် သီလတွေ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်းနေထိုင်တဲ့ မြို့၊ ရွာတစ်ရွာမှာ ဘယ်တော့မှ ချမ်းသာသုခတွေ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကိုယ်ကျင့်တရား ကောင်းဖို့ လိုအပ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*