ကားတစ္စီး ဝယ္ေတာ့မယ္ဆိုရင္… အ၀ယ္မမွားေအာင္ ဒီအခ်က္ေတြကို သိထားဖို႕လိုပါတယ္

ကားဝယ္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို သိထားသင့္တယ္
ကားဝယ္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို သိထားသင့္တယ္

ကားတစ္စီး ဝယ္ေတာ့မယ္ဆိုရင္… အ၀ယ္မမွားေအာင္ ဒီအခ်က္ေတြကို သိထားဖို႕လိုပါတယ္

သင္ ကားဝယ္စီးေတာ့မယ္ဆိုရင္… ဒီအခ်က္ေလးေတြ အရင္ဖတ္ၾကည့္ၿပီးမွ ဝယ္ဖို႔ အႀကံျပဳခ်င္ပါတယ္။ မ်က္ျမင္ ကား သြားဝယ္မယ့္ အမ်ိဳးေတြ… အေတြးမမွား ေဈးမမ်ားေစဖို႔ ဒါေလးေဆာင္ထား အၾကမ္းအားျဖင့္ေတာ့ မမွားႏိုင္ေတာ့ပါ။

(၁) ကားကို ၾကည့္မယ္ဆိုရင္… အလင္းေရာင္ ေကာင္းေကာင္း ရရွိၿပီး အရိပ္ေအာက္ သက္ေတာင့္သက္သာ ၾကည့္ႏိုင္ေသာေနရာ ျဖစ္ရမည္ျဖစ္ၿပီး ေန႔လည္ခင္း ေနပူေအာက္ၾကည့္ရႈ႕ျခင္းေရွာင္ပါ။ အပူဒါဏ္ ျပင္းထန္လြန္းသျဖင့္

ကားၾကည့္ရႈေသာအခါတြင္ သက္ေတာင့္သက္သာ မျဖစ္လို႔ စစ္ရမွာေတြ က်န္ခဲ့တတ္ပါတယ္။ အပူဒါဏ္ သက္သာေအာင္ ဆိုၿပီး ညေနဘက္နဲ႔ မိုးခ်ဴပ္ပိုင္းေတာ့ ကား ၾကည့္ဖို ႔မလုပ္ၾကပါနဲ႕ ေနာ္… သေဘာေပါက္ပါ ေရထဲ ပိုက္ဆံ လြင့္ျပစ္လိုက္ရင္ေတာင္ အသံျမည္ဦးမွာပါ..။

(၂) ကား ကိုေတြ႕တာနဲ႔ ကားထိုင္ခုံခါးပတ္ကို ဆြဲထုတ္လိုက္ပါ။ ခါးပါတ္ေခါင္းေတြမွာ ထုတ္တဲ့ ခုႏွစ္ေတြ အတိအက်ေရးထားပါတယ္။ ၿဖဲထားတာမ်ိဳး ၊ ကတ္ေၾကးနဲ႔ ျဖတ္ထားတာမ်ိဳး မျဖစ္ရပါဘူး…

ၾကည့္တာနဲ႔ေတြ႕ရပါမယ္။ ကားပိုင္ရွင္ ပါးစပ္က ဘယ္ႏွခုႏွစ္ပါလို႔ အျမဳတ္ထြက္ေအာင္ေျပာေနလဲ… ကြၽန္ေတာ္ တို႔မ်က္စိရယ္၊ ဦးေႏွာက္ရယ္နဲ႔ဘဲ အလုပ္လုပ္ ၾကရမွာျဖစ္လို႔ က်န္တာေတြ ခဏ ေမ့လိုက္ပါ။

(၃) ကားကိုစက္ႏႈိးပါ… ၿပီးတာနဲ႔ အဲကြန္းဖြင့္လိုက္ပါ။ စက္သံသည္… ဆူညံ က်ယ္ေလာင္တာမ်ိဳးကိုေတာ့ ခြဲတတ္ပါေစ။ ၿပီးလွ်င္အဲကြန္း ေလေအးမေအး စစ္ပါ။

(၄) ကားအစီးတိုင္းမွာ Wheel Tax ပါ ပါတယ္။ ပါတဲ့ Wheel Tax ဖရိန္နံပါတ္နဲ႔ ကားမွာ တကယ္ပါေသာနံပါတ္ တူညီမႈ ရွိမရွိ အရင္စစ္ပါ။ ကားမွာ တပ္ထားေသာ ဖရိန္ chassis ေနရာသည္လည္း သန႔္ရွင္းသပ္ရပ္ေနရပါမည္။ ျဖတ္ဆက္ဆိုလွ်င္… ကားဝယ္ၿပီးတာနဲ႔ ဆုံးသြားပါလိမ့္မည္။ ကညန သိမ္းပါလိမ့္မည္။

(၅) ၿပီးရင္ ကားေရွ႕ဘက္ပိုင္း၊ ကားေနာက္ဖက္ပိုင္း မီးခြက္ေနရာေတြ စစ္ပါ။ မီးလုံးအေရာင္တူညီမႈ ရွိမရွိ ေနရာအထိုင္မူလီေတြမူလီေရာင္ဘဲ ရွိရပါမည္။ ကားေဆး ကူးေနျခင္းလုံးဝမရွိေစရ။ မူလီက မူလီလိုဘဲ ညစ္ပတ္လို႔ရေပမယ့္… ကားေဘာ္ဒီ ေဆး မကူးေစရ။

(၆) ကားဘီး သဲကာမ်ားသည္လည္း နဂိုသဲကာအတိုင္းသာျဖစ္ရမည္ျဖစ္ၿပီ…း ညစ္ပတ္ေနေပမယ့္ သပ္သပ္ရပ္ရပ္ ရွိေနရပါမည္။

(၇) အေရးႀကီးဆုံးက… ကား ရဲ႕ေအာက္ပိုင္းနဲ႔ အင္ဂ်င္ခန္း က ဖရိန္ေတြသည္ သန႔္ရွင္းေနရပါမည္။အမ်ားစုသည္ ပုံမွန္အေရာင္၊ ပုံမွန္ကာလာျဖစ္ရမည္။ ျပန္မႈတ္ထားပါက သူတစ္ေနရာတည္း ကြက္ျဖဴေနတတ္ပါသည္။ ကြက္ေနတိုင္းလည္း ယူလို႔ ရတာေတြရွိပါတယ္။ ဒါေပမယ့္… ကားေကာင္းရင္ေကာင္းတဲ့ေဈး၊ မေကာင္းရင္လည္း မေကာင္းနဲ႔ေဈးဘဲ ေပးႏိုင္ဖို႔ စစ္ခိုင္းတာပါ။

(၈) လူေတြ သတိမထားဘဲ ေက်ာ္ေက်ာ္သြားတဲ့ အေရးႀကီးတဲ့ ကားအစိတ္အပိုင္းေတြကေတာ့…

ကားေျခနင္းျပားေအာက္ကို လွန္ၾကည့္ဖို႔၊ ေနာက္ဖုံးအခင္းျပားေအာက္ ခြာၾကည့္ဖို႔ လုံးဝအားမနာပါနဲ။႔ အားနာလို႔ သံေခ်းလိုက္ေနရင္ ကိုယ့္လည္ပင္း ႀကိဳးကြင္းစြပ္ၿပီသာ မွတ္လိုက္ပါေတာ့။ သံေခ်း ရွိတဲ့ကား အလြန္ဆုံး ၁ ႏွစ္ေလာက္ဘဲ ေကာင္းမွာပါ။

(၉) ကီလို မွန္မမွန္ စစ္ႏိုင္ဖို႔ကေတာ့… အၾကမ္းအားျဖင့္ မွတ္သားရမွာကေတာ့… ကား ကီလိုေတြရဲ႕ အသက္က ဖင္ထိုင္ခုံနဲ႔ စီယာရင္ ထိုင္ခုံခါးပါတ္လို႔ အၾကမ္းျဖင္းမွတ္ပါ။ ကီလိုမ်ားရင္

အားလုံးႏြမ္းတတ္ပါတယ္။ ဒါေပမယ့္… တခ်ိဳ႕ ဂ်ပန္ကား ေတြကလည္း ဂ်ပန္ က ေနာက္ဆုံးပိုင္ရွင္ အကိုင္အတြယ္ၾကမ္းတမ္းရင္… ကီလို သုံးေသာင္း နဲ႔လည္း စုတ္ျပတ္သတ္ေနတာကို ျမင္ဖူးပါတယ္။

(၁၀) တခ်ိဳ႕ကလည္း တိုက္ကားဘယ္လိုခြဲမလဲ ေမးၾကပါလိမ့္မယ္… ဂ်ပန္မွာ တိုက္ကားအားလုံးကို Recondition လုပ္ၿပီးရင္ ဒီအတိုင္း စစ္လို႔ မရေတာ့ပါ။ ဘာလို႔ဆိုေတာ့…

တိုက္မိသမွ် ပ်က္စီးသမွ် အကုန္အသစ္လဲလိုက္ေသာေၾကာင့္ပါ ဒါေၾကာင့္ ကန္ဆယ္ေလးရွင္းအမွန္ဆိုရင္ ကားဝယ္ယူသူေတြက တန္ဖိုးထားၾကရတာပါ။

(၁၁) ဘာေၾကာင့္ ကန္ဆယ္ေလးရွင္းအမွန္ေတြ ေရာင္းကားထဲမွ ာမရွိတာလဲ အမ်ားစုေမးပါလိမ့္မယ္။ ဘယ္ရွိမလဲဗ်ာ… ကားတစ္စီးကို ေဈးႏႈန္း ႏႈိင္းယွဥ္ၿပီးဝယ္တဲ့ တိုင္းျပည္မွာ

ကန္ဆယ္ေလးရွင္းအမွန္ေဈးနဲ႔ အစုတ္အျပတ္ေဈး ဂ်ပန္မွာတခ်ိဳ႕ဆို သိန္း ေလးငါးဆယ္ကြာေနတာမို႔ ဘယ္သူမွ ကားေကာင္းကို သြင္းမေရာင္း ႏိုင္ေတာ့တာပါ။

ဒါေၾကာင့္… ကားေကာင္းဆို စီးမယ့္ဆိုၿပီး သြင္းတဲ့လူေတြ ျပန္ေရာင္းမွသာရွိေတာ့တာပါ။ တကယ္စီးမယ့္သူေတြ သူတို႔ကားကီလိုမ်ားရင္ေတာင္ မႀကိဳက္ၾကပါဘူး။ က်န္တာဆို စဥ္းစားမေနပါနဲ႔…။

(၁၂) ကားအေရာင္တန္းမွာ… ျမန္မာျပည္ အႀကိဳက္က အေပၚဆုံး အျမင့္ဆုံးေဈးက အျဖဴ အမည္းပါ။ ၿပီးရင္ ၾကားအေရာင္လို႔ေခၚတဲ့ မိုးျပာတို႔ ေ႐ႊအိုတို႔ လာပါတယ္။ ၿပီးရင္ အေရာင္ပ်က္လို႔ေခၚတဲ့ ဓါတ္တိုင္ေရာင္တို႔ အျပာေတာက္ေတာက္၊ အနီေတာက္ေတာက္ အေရာင္ေတြကိုေတာ့

သခင္ခ်စ္ကား ခ်စ္လြန္းလို႔ကိုယ့္နားက ေတာ္ေတာ္နဲ႔မသြားဘူး လို႔ မွတ္သားထားပါ။ အေရာင္သတ္မွတ္ခ်က္ကေတာ့… ကားတိုင္းအတြက္ေတာ့ မတူႏိုင္ေပမယ့္… အၾကမ္းဖ်င္းကေတာ့ အေရာင္ေတြကိုလိုက္ၿပီး ေဈးႏႈန္းက ၁၀ သိန္းေလာက္ ကေန ပိုကြာတာမ်ိဳးေတြလည္းရွိပါတယ္။

ဓါတ္တိုင္ Silver အေရာင္ပ်က္ ဆိုၿပီး 99 Surf တို၊႔ 99 Prado တို႔ကိုေတာ့ သြားမလုပ္နဲ႔ေနာ္။ သူတို႔ပုံစံ နဲ႔ ေငြေရာင္ဆို ေကာင္းတာမို႔… အဲ့လိုကားေတြမွာေတာ့ အေရာင္ပ်က္လို႔ မေခၚႏိုင္ျပန္ပါဘူး။

(၁၃) ကားဝယ္ယူမည့္လူေတြကို လြယ္လြယ္နဲ႔ တြန္းေရာင္းတတ္တာေလးတစ္ခုကေတာ့…2WD / 4 WD ကိစၥပါ။ လိုအပ္တဲ့လူအတြက္ ေလးဘီးယက္ဆိုတာ လိုေပမယ့္… လူမ်ားစုနဲ႔ ဆီစားႏႈန္း သက္သာဖို႔ အတြက္ကေတာ့…

ေလးဘီးယက္ေတြဟာ ျဖဳတ္မရဘဲ ၂၀ ကီလို နင္းမွ ျပဳတ္တဲ့ဟာ ဆိုရင္ေတာ့ ဆီစားမယ္၊ ျပန္ေရာင္းရင္ ခက္မယ္ဆိုတာကိုပါ လုံးဝတြက္ထားပါ။ ၾကမ္းတမ္းတဲ့ ေတာင္တန္း၊ ေျမသားလမ္းေတြအတြက္(ကတၱရာလမ္းမပါ) ေလးဘီးယက္ကား အသုံးဝင္ေပမယ့္ ေျမျပန္လမ္းေတြအတြက္ ကေတာ့…

မလိုအပ္တာမို႔ ဒီတစ္ခ်က္ကိုလည္း ခ်င့္ခ်ိန္ပါ။ 2WD / 4 WD ႏွစ္မ်ိဳးေ႐ႊးခ်ယ္ခြင့္ရွိတဲ့ ပုံမွန္ အိမ္စီး ကားအမ်ားစုမွာ… 4WD ကားေတြက ေလလံ မွာကိုဘဲ သိန္း 20 ကေန သိန္း 40 ေလာက္ထိ သက္သာေနတတ္တာကို ေတြ႕ရပါတယ္.။

(၁၄) ကားကို စစ္ရင္ ေနာက္ခန္းလည္း က်န္ခဲ့တတ္ပါတယ္။ ေနာက္ခန္းကိုလည္း ေသခ်ာစစ္ပါ… ကားမွာပါတာ Orginal ဟုတ္/မဟုတ္၊ သန႔္ရွင္းမႈ ရွိမရွိ ၊ အသုံးျပဳထားေသးလား၊ ဘီး ဂ်ိဳက္ ဂြ ေတြ ပါတာေတြေပါ့ဗ်ာ … အမ်ားအားျဖင့္ေတာ့ ဂ်ပန္ကလာရင္ အသုံးမျပဳရေသးတာ မ်ားပါတယ္။

(၁၅) ကားကိုလည္း စစ္ၿပီးၿပီ… စိတ္တိုင္းက်ၿပီဆိုရင္ေတာ့ ေမာင္းသာ စမ္းေပေတာ့။ ေနာက္ဆုံးအဆင့္ဆိုေတာ့… အားမနာပါနဲ႔။ ပိုက္ဆံ ႐ိုက္ထုတ္တဲ့စက္လည္း မိတ္ေဆြတို႔ဆီမွာ မရွိ။ ကဲ… ကားဝယ္ေတာ့မယ့္ စာဖတ္သူမ်ားအတြက္ အသိတစ္ခု ရမယ္လို ႔ထင္ပါတယ္ေနာ္။

ဒီစာေလးကိုဖတ္ၿပီး… ေကာင္းမြန္တဲ့ကားမ်ား ဝယ္ယူႏိုင္ၾကပါေစေနာ္။သူငယ္ခ်င္းေတြသိေအာင္လည္း မွ်ေဝေပးခဲ့လိုက္ပါေနာ္…။

Credit#car journal# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကားတစ်စီး ဝယ်တော့မယ်ဆိုရင်… အဝယ်မမှားအောင် ဒီအချက်တွေကို သိထားဖို့လိုပါတယ်

သင် ကားဝယ်စီးတော့မယ်ဆိုရင်… ဒီအချက်လေးတွေ အရင်ဖတ်ကြည့်ပြီးမှ ဝယ်ဖို့ အကြံပြုချင်ပါတယ်။ မျက်မြင် ကား သွားဝယ်မယ့် အမျိုးတွေ… အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့်တော့ မမှားနိုင်တော့ပါ။

(၁) ကားကို ကြည့်မယ်ဆိုရင်… အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သောနေရာ ဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှု့ခြင်းရှောင်ပါ။ အပူဒါဏ် ပြင်းထန်လွန်းသဖြင့်

ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တတ်ပါတယ်။ အပူဒါဏ် သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကား ကြည့်ဖို့မလုပ်ကြပါနဲ့ နော်… သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ..။

(၂) ကား ကိုတွေ့တာနဲ့ ကားထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျရေးထားပါတယ်။ ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး…

ကြည့်တာနဲ့တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ… ကျွန်တော် တို့မျက်စိရယ်၊ ဦးနှောက်ရယ်နဲ့ဘဲ အလုပ်လုပ် ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

(၃) ကားကိုစက်နှိုးပါ… ပြီးတာနဲ့ အဲကွန်းဖွင့်လိုက်ပါ။ စက်သံသည်… ဆူညံ ကျယ်လောင်တာမျိုးကိုတော့ ခွဲတတ်ပါစေ။ ပြီးလျှင်အဲကွန်း လေအေးမအေး စစ်ပါ။

(၄) ကားအစီးတိုင်းမှာ Wheel Tax ပါ ပါတယ်။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တကယ်ပါသောနံပါတ် တူညီမှု ရှိမရှိ အရင်စစ်ပါ။ ကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်းသပ်ရပ်နေရပါမည်။ ဖြတ်ဆက်ဆိုလျှင်… ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည်။ ကညန သိမ်းပါလိမ့်မည်။

(၅) ပြီးရင် ကားရှေ့ဘက်ပိုင်း၊ ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ။ မီးလုံးအရောင်တူညီမှု ရှိမရှိ နေရာအထိုင်မူလီတွေမူလီရောင်ဘဲ ရှိရပါမည်။ ကားဆေး ကူးနေခြင်းလုံးဝမရှိစေရ။ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ရပေမယ့်… ကားဘော်ဒီ ဆေး မကူးစေရ။

(၆) ကားဘီး သဲကာများသည်လည်း နဂိုသဲကာအတိုင်းသာဖြစ်ရမည်ဖြစ်ပြီ…း ညစ်ပတ်နေပေမယ့် သပ်သပ်ရပ်ရပ် ရှိနေရပါမည်။

(၇) အရေးကြီးဆုံးက… ကား ရဲ့အောက်ပိုင်းနဲ့ အင်ဂျင်ခန်း က ဖရိန်တွေသည် သန့်ရှင်းနေရပါမည်။အများစုသည် ပုံမှန်အရောင်၊ ပုံမှန်ကာလာဖြစ်ရမည်။ ပြန်မှုတ်ထားပါက သူတစ်နေရာတည်း ကွက်ဖြူနေတတ်ပါသည်။ ကွက်နေတိုင်းလည်း ယူလို့ ရတာတွေရှိပါတယ်။ ဒါပေမယ့်… ကားကောင်းရင်ကောင်းတဲ့ဈေး၊ မကောင်းရင်လည်း မကောင်းနဲ့ဈေးဘဲ ပေးနိုင်ဖို့ စစ်ခိုင်းတာပါ။

(၈) လူတွေ သတိမထားဘဲ ကျော်ကျော်သွားတဲ့ အရေးကြီးတဲ့ ကားအစိတ်အပိုင်းတွေကတော့…

ကားခြေနင်းပြားအောက်ကို လှန်ကြည့်ဖို့၊ နောက်ဖုံးအခင်းပြားအောက် ခွာကြည့်ဖို့ လုံးဝအားမနာပါနဲ။့ အားနာလို့ သံချေးလိုက်နေရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်ပြီသာ မှတ်လိုက်ပါတော့။ သံချေး ရှိတဲ့ကား အလွန်ဆုံး ၁ နှစ်လောက်ဘဲ ကောင်းမှာပါ။

(၉) ကီလို မှန်မမှန် စစ်နိုင်ဖို့ကတော့… အကြမ်းအားဖြင့် မှတ်သားရမှာကတော့… ကား ကီလိုတွေရဲ့ အသက်က ဖင်ထိုင်ခုံနဲ့ စီယာရင် ထိုင်ခုံခါးပါတ်လို့ အကြမ်းဖြင်းမှတ်ပါ။ ကီလိုများရင်

အားလုံးနွမ်းတတ်ပါတယ်။ ဒါပေမယ့်… တချို့ ဂျပန်ကား တွေကလည်း ဂျပန် က နောက်ဆုံးပိုင်ရှင် အကိုင်အတွယ်ကြမ်းတမ်းရင်… ကီလို သုံးသောင်း နဲ့လည်း စုတ်ပြတ်သတ်နေတာကို မြင်ဖူးပါတယ်။

(၁၀) တချို့ကလည်း တိုက်ကားဘယ်လိုခွဲမလဲ မေးကြပါလိမ့်မယ်… ဂျပန်မှာ တိုက်ကားအားလုံးကို Recondition လုပ်ပြီးရင် ဒီအတိုင်း စစ်လို့ မရတော့ပါ။ ဘာလို့ဆိုတော့…

တိုက်မိသမျှ ပျက်စီးသမျှ အကုန်အသစ်လဲလိုက်သောကြောင့်ပါ ဒါကြောင့် ကန်ဆယ်လေးရှင်းအမှန်ဆိုရင် ကားဝယ်ယူသူတွေက တန်ဖိုးထားကြရတာပါ။

(၁၁) ဘာကြောင့် ကန်ဆယ်လေးရှင်းအမှန်တွေ ရောင်းကားထဲမှ ာမရှိတာလဲ အများစုမေးပါလိမ့်မယ်။ ဘယ်ရှိမလဲဗျာ… ကားတစ်စီးကို ဈေးနှုန်း နှိုင်းယှဉ်ပြီးဝယ်တဲ့ တိုင်းပြည်မှာ

ကန်ဆယ်လေးရှင်းအမှန်ဈေးနဲ့ အစုတ်အပြတ်ဈေး ဂျပန်မှာတချို့ဆို သိန်း လေးငါးဆယ်ကွာနေတာမို့ ဘယ်သူမှ ကားကောင်းကို သွင်းမရောင်း နိုင်တော့တာပါ။

ဒါကြောင့်… ကားကောင်းဆို စီးမယ့်ဆိုပြီး သွင်းတဲ့လူတွေ ပြန်ရောင်းမှသာရှိတော့တာပါ။ တကယ်စီးမယ့်သူတွေ သူတို့ကားကီလိုများရင်တောင် မကြိုက်ကြပါဘူး။ ကျန်တာဆို စဉ်းစားမနေပါနဲ့…။

(၁၂) ကားအရောင်တန်းမှာ… မြန်မာပြည် အကြိုက်က အပေါ်ဆုံး အမြင့်ဆုံးဈေးက အဖြူ အမည်းပါ။ ပြီးရင် ကြားအရောင်လို့ခေါ်တဲ့ မိုးပြာတို့ ရွှေအိုတို့ လာပါတယ်။ ပြီးရင် အရောင်ပျက်လို့ခေါ်တဲ့ ဓါတ်တိုင်ရောင်တို့ အပြာတောက်တောက်၊ အနီတောက်တောက် အရောင်တွေကိုတော့

သခင်ချစ်ကား ချစ်လွန်းလို့ကိုယ့်နားက တော်တော်နဲ့မသွားဘူး လို့ မှတ်သားထားပါ။ အရောင်သတ်မှတ်ချက်ကတော့… ကားတိုင်းအတွက်တော့ မတူနိုင်ပေမယ့်… အကြမ်းဖျင်းကတော့ အရောင်တွေကိုလိုက်ပြီး ဈေးနှုန်းက ၁၀ သိန်းလောက် ကနေ ပိုကွာတာမျိုးတွေလည်းရှိပါတယ်။

ဓါတ်တိုင် Silver အရောင်ပျက် ဆိုပြီး 99 Surf တို၊့ 99 Prado တို့ကိုတော့ သွားမလုပ်နဲ့နော်။ သူတို့ပုံစံ နဲ့ ငွေရောင်ဆို ကောင်းတာမို့… အဲ့လိုကားတွေမှာတော့ အရောင်ပျက်လို့ မခေါ်နိုင်ပြန်ပါဘူး။

(၁၃) ကားဝယ်ယူမည့်လူတွေကို လွယ်လွယ်နဲ့ တွန်းရောင်းတတ်တာလေးတစ်ခုကတော့…2WD / 4 WD ကိစ္စပါ။ လိုအပ်တဲ့လူအတွက် လေးဘီးယက်ဆိုတာ လိုပေမယ့်… လူများစုနဲ့ ဆီစားနှုန်း သက်သာဖို့ အတွက်ကတော့…

လေးဘီးယက်တွေဟာ ဖြုတ်မရဘဲ ၂၀ ကီလို နင်းမှ ပြုတ်တဲ့ဟာ ဆိုရင်တော့ ဆီစားမယ်၊ ပြန်ရောင်းရင် ခက်မယ်ဆိုတာကိုပါ လုံးဝတွက်ထားပါ။ ကြမ်းတမ်းတဲ့ တောင်တန်း၊ မြေသားလမ်းတွေအတွက်(ကတ္တရာလမ်းမပါ) လေးဘီးယက်ကား အသုံးဝင်ပေမယ့် မြေပြန်လမ်းတွေအတွက် ကတော့…

မလိုအပ်တာမို့ ဒီတစ်ချက်ကိုလည်း ချင့်ချိန်ပါ။ 2WD / 4 WD နှစ်မျိုးရွှေးချယ်ခွင့်ရှိတဲ့ ပုံမှန် အိမ်စီး ကားအများစုမှာ… 4WD ကားတွေက လေလံ မှာကိုဘဲ သိန်း 20 ကနေ သိန်း 40 လောက်ထိ သက်သာနေတတ်တာကို တွေ့ရပါတယ်.။

(၁၄) ကားကို စစ်ရင် နောက်ခန်းလည်း ကျန်ခဲ့တတ်ပါတယ်။ နောက်ခန်းကိုလည်း သေချာစစ်ပါ… ကားမှာပါတာ Orginal ဟုတ်/မဟုတ်၊ သန့်ရှင်းမှု ရှိမရှိ ၊ အသုံးပြုထားသေးလား၊ ဘီး ဂျိုက် ဂွ တွေ ပါတာတွေပေါ့ဗျာ … အများအားဖြင့်တော့ ဂျပန်ကလာရင် အသုံးမပြုရသေးတာ များပါတယ်။

(၁၅) ကားကိုလည်း စစ်ပြီးပြီ… စိတ်တိုင်းကျပြီဆိုရင်တော့ မောင်းသာ စမ်းပေတော့။ နောက်ဆုံးအဆင့်ဆိုတော့… အားမနာပါနဲ့။ ပိုက်ဆံ ရိုက်ထုတ်တဲ့စက်လည်း မိတ်ဆွေတို့ဆီမှာ မရှိ။ ကဲ… ကားဝယ်တော့မယ့် စာဖတ်သူများအတွက် အသိတစ်ခု ရမယ်လို့ထင်ပါတယ်နော်။

ဒီစာလေးကိုဖတ်ပြီး… ကောင်းမွန်တဲ့ကားများ ဝယ်ယူနိုင်ကြပါစေနော်။သူငယ်ချင်းတွေသိအောင်လည်း မျှဝေပေးခဲ့လိုက်ပါနော်…။

Credit#car journal# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*