ဘယ္အခ်ိန္မွာ ခုန္ထြက္ရမလဲ… ဆံုးျဖတ္ႏိုင္စြမ္း ရိွဖို႕ လိုပါတယ္

ဘယ္အခ်ိန္မွာ ခုန္ထြက္ရမလဲ... ဆံုးျဖတ္ႏိုင္စြမ္း ရိွဖို႕ လိုပါတယ္
ဘယ္အခ်ိန္မွာ ခုန္ထြက္ရမလဲ... ဆံုးျဖတ္ႏိုင္စြမ္း ရိွဖို႕ လိုပါတယ္

ဘယ္အခ်ိန္မွာ ခုန္ထြက္ရမလဲ… ဆံုးျဖတ္ႏိုင္စြမ္း ရိွဖို႕ လိုပါတယ္

ဖားတေကာင္ ကို ေရခြက္ တခုထဲ ထည့္လိုက္ၿပီး ေရခြက္ကို မီးစၿပီး အပူေပးလိုက္တယ္။ ေရအပူခ်ိန္ ခပ္ေႏြးေႏြးေလး ျဖစ္လာေတာ့ ဖားက သူ႔ရဲ႕ ခႏၶာကိုယ္အပူခ်ိန္ကို ေရအပူခ်ိန္နဲ႔ ကိုက္ညီေအာင္

ညႇိယူ လိုက္တယ္။ ေရက ပိုၿပီး ပူလာေလေလ… ဖားက သူရဲ႕ ခႏၶာကိုယ္ အပူခ်ိန္ကို ပိုၿပီး လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ထပ္ၿပီး ညႇိယူေလေလနဲ႔ ေနလိုက္တယ္။

ေရက ပိုၿပီး ပူလာၿပီး ဆူပြက္လာတဲ့ အခ်ိန္မွာေတာ့… ဖားက သူ႔ ခႏၶာကိုယ္အပူခ်ိန္ကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ထပ္ၿပီး ညႇိယူလို႔ မရေတာ့ဘူး၊

အဲဒီ့အခ်ိန္မွာ ဖားဟာ ေရခြက္ထဲကေန ခုန္ထြက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒါေပမဲ့ သူ ခုန္ထြက္လို႔ မရေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့… ဖားမွာ ရွိတဲ့ စြမ္းအင္ေတြဟာ

ေရရဲ႕ အပူခ်ိန္ အတိုင္း လိုက္ၿပီး ညႇိယူရင္းနဲ႔ ကုန္ခမ္းသြားလို႔ဘဲ ျဖစ္တယ္။ သိပ္မၾကာခင္ မွာဘဲ ဖားဟာ ေသဆုံး သြားခဲ့တယ္။ ဖားကို ဘယ္အရာက သေေစခဲ့တာလဲ….?

အမ်ားစုကေတာ့… ဆူပြက္ေနတဲ့ေရေၾကာင့္ ဖားေသခဲ့ရတာလို႔ ေျပာၾကတယ္။ တကယ္ေတာ့… ဖားကို ေသေစခဲ့တာက… သူဟာ ဘယ္အခ်ိန္မွာ ခုန္ထြက္ရမယ္ ဆိုတာကို

ဆုံးျဖတ္ႏိုင္စြမ္း မရွိလို႔ပါဘဲ။ ကြၽန္ေတာ္တို႔လည္း… ကိုယ့္ ပတ္၀န္းက်င္ အေျခအေနေတြ၊ ကိုယ္ ဆက္ဆံေနရတဲ့ သူေတြနဲ႔ ပတ္သက္ၿပီး ညႇိယူၾကရတာေတြ၊ ညႇိယူေနခဲ့တာေတြ ရွိခဲ့တယ္၊

ဘယ္ေလာက္အထိ ညႇိယူ ရမလဲ၊ ဘယ္အခ်ိန္ မွာ ခုန္ထြက္ရမလဲ ဆိုတာကိုေတာ့… ဆုံးျဖတ္ႏိုင္စြမ္းရွိဘို႔ လိုတယ္။ ကိုယ့္ကို ႐ုပ္ပိုင္း ဆိုင္ရာအရ၊

စိတ္ပိုင္း ဆိုင္ရာအရ၊ ေငြေၾကးဆိုင္ရာအရျဖစ္ေစ၊ ေဆြမ်ိဳး အပူေတြ၊ သားသမီး အပူေတြကေန ျဖစ္ေစ… ေရအပူခ်ိန္ တက္ေအာင္ လုပ္ေနၾကတဲ့ သူေတြ ရွိၾကတယ္၊

အေရးအႀကီးဆုံးကေတာ့… ဘယ္အခ်ိန္မွာ ခုန္ထြက္ရမယ္ ဆိုတာကို ဆုံးျဖတ္ႏိုင္ဘို႔ပါဘဲ။ ခုန္ထြက္ႏိုင္တုန္းမွာ ခုန္ထြက္ၾကဘို႔ လိုပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘယ်အချိန်မှာ ခုန်ထွက်ရမလဲ… ဆုံးဖြတ်နိုင်စွမ်း ရှိဖို့ လိုပါတယ်

ဖားတကောင် ကို ရေခွက် တခုထဲ ထည့်လိုက်ပြီး ရေခွက်ကို မီးစပြီး အပူပေးလိုက်တယ်။ ရေအပူချိန် ခပ်နွေးနွေးလေး ဖြစ်လာတော့ ဖားက သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ရေအပူချိန်နဲ့ ကိုက်ညီအောင်

ညှိယူ လိုက်တယ်။ ရေက ပိုပြီး ပူလာလေလေ… ဖားက သူရဲ့ ခန္ဓာကိုယ် အပူချိန်ကို ပိုပြီး လိုက်လျောညီထွေ ဖြစ်အောင် ထပ်ပြီး ညှိယူလေလေနဲ့ နေလိုက်တယ်။

ရေက ပိုပြီး ပူလာပြီး ဆူပွက်လာတဲ့ အချိန်မှာတော့… ဖားက သူ့ ခန္ဓာကိုယ်အပူချိန်ကို လိုက်လျောညီထွေ ဖြစ်အောင် ထပ်ပြီး ညှိယူလို့ မရတော့ဘူး၊

အဲဒီ့အချိန်မှာ ဖားဟာ ရေခွက်ထဲကနေ ခုန်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူ ခုန်ထွက်လို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့… ဖားမှာ ရှိတဲ့ စွမ်းအင်တွေဟာ

ရေရဲ့ အပူချိန် အတိုင်း လိုက်ပြီး ညှိယူရင်းနဲ့ ကုန်ခမ်းသွားလို့ဘဲ ဖြစ်တယ်။ သိပ်မကြာခင် မှာဘဲ ဖားဟာ သေဆုံး သွားခဲ့တယ်။ ဖားကို ဘယ်အရာက သေစေခဲ့တာလဲ….?

အများစုကတော့… ဆူပွက်နေတဲ့ရေကြောင့် ဖားသေခဲ့ရတာလို့ ပြောကြတယ်။ တကယ်တော့… ဖားကို သေစေခဲ့တာက… သူဟာ ဘယ်အချိန်မှာ ခုန်ထွက်ရမယ် ဆိုတာကို

ဆုံးဖြတ်နိုင်စွမ်း မရှိလို့ပါဘဲ။ ကျွန်တော်တို့လည်း… ကိုယ့် ပတ်ဝန်းကျင် အခြေအနေတွေ၊ ကိုယ် ဆက်ဆံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး ညှိယူကြရတာတွေ၊ ညှိယူနေခဲ့တာတွေ ရှိခဲ့တယ်၊

ဘယ်လောက်အထိ ညှိယူ ရမလဲ၊ ဘယ်အချိန် မှာ ခုန်ထွက်ရမလဲ ဆိုတာကိုတော့… ဆုံးဖြတ်နိုင်စွမ်းရှိဘို့ လိုတယ်။ ကိုယ့်ကို ရုပ်ပိုင်း ဆိုင်ရာအရ၊

စိတ်ပိုင်း ဆိုင်ရာအရ၊ ငွေကြေးဆိုင်ရာအရဖြစ်စေ၊ ဆွေမျိုး အပူတွေ၊ သားသမီး အပူတွေကနေ ဖြစ်စေ… ရေအပူချိန် တက်အောင် လုပ်နေကြတဲ့ သူတွေ ရှိကြတယ်၊

အရေးအကြီးဆုံးကတော့… ဘယ်အချိန်မှာ ခုန်ထွက်ရမယ် ဆိုတာကို ဆုံးဖြတ်နိုင်ဘို့ပါဘဲ။ ခုန်ထွက်နိုင်တုန်းမှာ ခုန်ထွက်ကြဘို့ လိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*