ေ႐ႊတြင္းႀကီး တူးလွည့္ပါ…(ေကာင္းလြန္းလို႕ ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

ေ႐ႊတြင္းႀကီး တူးလွည့္ပါ...(ေကာင္းလြန္းလို႕ ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)
ေ႐ႊတြင္းႀကီး တူးလွည့္ပါ...(ေကာင္းလြန္းလို႕ ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

ေ႐ႊတြင္းႀကီး တူးလွည့္ပါ…(ေကာင္းလြန္းလို႕ ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

လူတစ္ေယာက္ဟာ ေတာထဲေတာင္ထဲမွာ ေ႐ႊ လိုက္ရွာတယ္။ တစ္ေန႔မွာ အလြန္ႀကီးမားတဲ့ ေ႐ႊတြင္းႀကိ္းကို ေတြ႕လိုက္တယ္။ သူလည္း ရသေလာက္ ေ႐ႊေတြကို တူးတယ္။ ဒါေပမဲ့ သူဘယ္ေလာက္တူးတူး

ေ႐ႊတြင္းႀကီးက ေ႐ႊဟာ မကုန္ႏိုင္ဘူး။ ဒါေၾကာင့္ သူဟာ သူ႔႐ြာကို ျပန္ၿပီး ႐ြာသားေတြကို ေ႐ႊတြင္းႀကီးဆီကို ေခၚသြားၿပီး ႀကိဳက္သေလာက္ တူးယူၾကလို႔ ေျပာလိုက္တယ္။ ႐ြာသားေတြလည္း ေပ်ာ္ေပ်ာ္ပါးပါးႀကီးနဲ႔

ႀကိဳက္သေလာက္ တူးယူ ေနၾကတယ္။ ဒါေပမဲ့ လူတစ္ေယာက္ ဟာ သူမ်ားေတြ ေ႐ႊေတြကို တူးယူေနၾကတာကို ေဘးကပဲ ရပ္ၾကည့္ ေနတယ္… ဘာမွမလုပ္ဘူး။ ဒါနဲ႔ ေ႐ႊတြင္းေတြ႕ သူက… ” ေဟ့လူ ေ႐ႊေတြ ဘာလို႔ မတူးတာလဲ ” ။

႐ြာသား ” ကြၽန္ေတာ့္မွာ တူးစရာ ေပါက္ခြၽန္း မရွိလို႔ပါ ” ေ႐ႊတြင္းေတြ႕သူ… ” ဒါဆိုလည္း ေပါက္ခြၽန္းတစ္လက္ သြားရွာေလကြာ ” ႐ြာသား… ” လိုက္ရွာရမွာ ပ်င္းလို႔ပါ ” တဲ့။

ပုံျပင္ေလးက ရယ္စရာလို႔ ထင္ရေပမယ့္… လက္ေတြ႕ေလာကႀကီးမွာလည္း ေန႔စဥ္ ဒီတိုင္းျဖစ္ေနတယ္လို႔ ေျပာလိုက္ရင္ အံ့ၾသသြားၾကပါလိမ့္မယ္။

တခ်ိဳ႕က စာအုပ္ေတြ ဖတ္ၾကတယ္။ စာအုပ္ေတြက ရတဲ့ အသိဉာဏ္ေတြေၾကာင့္ ေအာင္ျမင္သြားၾကတယ္။ ႀကီးပြား ခ်မ္းသာ သြားၾကတယ္။ လူ႔ေလာကႀကီးကို ေကာင္းေကာင္းႀကီး အက်ိဳးျပဳသြားၾကတယ္။

ဒီေတာ့… သူတို႔ဟာ သူတို႔ကို အက်ိဳးရွိေစတာ စာဖတ္ျခင္းေၾကာင့္ဆိုတာကို သိလို႔… လူငယ္ေတြကိုလည္း သူတို႔လို ႀကိးပြားေအာင္ျမင္ေစ ခ်င္လို႔… စာဖတ္ၾကပါလို႔ တိုက္တြန္းတယ္။ လူငယ္ေတြက မအားလို႔၊ ပ်င္းလို႔ စာမဖတ္ခ်င္ဘူးတဲ့…။

လူ႔ဘဝတစ္ေလွ်ာက္မွာ စိတ္ေအးခ်မ္းသာစြာ ေနေစႏိုင္မယ့္ ေ႐ႊတြင္းႀကီးကို မ်က္စိေရွ႕မွာ ေတြ႕ေနပါလ်က္နဲ႔ ေဖ့ဘုတ္ပြတ္ေနရလို႔၊ ဂိမ္း ကစားေနရလို႔ လက္ဖက္ ရည္ဆိုင္ ထိုင္ေနရလို႔ မအားပါဘူးဆိုတဲ့သူေတြ စဥ္းစားဖို႔ပါ။

ပုံထဲက ကမာၻ႔ အခ်မ္းသာဆုံး ဘီလ်ံနာသူေဌးႀကီး ဘီလ္ဂိတ္ဟာ… တစ္ပတ္ကို အနည္းဆုံး စာအုပ္ တစ္အုပ္ကို ၿပီးေအာင္ ဖတ္ေလ့ရွိတယ္လို႔ ဖတ္ဖူးပါတယ္။ အင္မတန္ အလုပ္မ်ားတဲ့ ဘီလ်႕နာ သူေဌးႀကီးေတြျဖစ္ၾကတဲ့

ဘိလ္ဂိလ္၊ Mark Zuckerberg (Facebook) ၊ Warren Buffet နဲ႔ လီကာရွင္း စသူေတြဟာ စာအလြန္ဖတ္သူေတြ ျဖစ္ၾကပါတယ္။ သူတို႔ဖတ္တဲ့စာအုပ္ေတြဟာ အေပ်ာ္ဖတ္စာေပေတြ မဟုတ္ပါဘူး။ ႀကီးပြားတိုးတက္ေရးနဲ႔ အေတြးအေခၚ စာေပေတြပါ။

သင့္ထက္ အဆတစ္ရာေလာက္ အလုပ္မ်ားတဲ့ လူေတြေတာင္ စာဖတ္ခ်ိန္ ရွိေသးရင္ သင့္မွာ စာဖတ္ခ်ိန္မရွိဘူးလို႔ မေျပာပါနဲ႔လား…?

ခရက္ဒစ္#ဗာန္ေမာ္သိန္းေဖ#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ရွှေတွင်းကြီး တူးလှည့်ပါ…(ကောင်းလွန်းလို့ ပြန်လည် မျှဝေပေးလိုက်ပါသည်)

လူတစ်ယောက်ဟာ တောထဲတောင်ထဲမှာ ရွှေ လိုက်ရှာတယ်။ တစ်နေ့မှာ အလွန်ကြီးမားတဲ့ ရွှေတွင်းကြိးကို တွေ့လိုက်တယ်။ သူလည်း ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူဘယ်လောက်တူးတူး

ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။ ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။ ရွာသားတွေလည်း ပျော်ပျော်ပါးပါးကြီးနဲ့

ကြိုက်သလောက် တူးယူ နေကြတယ်။ ဒါပေမဲ့ လူတစ်ယောက် ဟာ သူများတွေ ရွှေတွေကို တူးယူနေကြတာကို ဘေးကပဲ ရပ်ကြည့် နေတယ်… ဘာမှမလုပ်ဘူး။ ဒါနဲ့ ရွှေတွင်းတွေ့ သူက… ” ဟေ့လူ ရွှေတွေ ဘာလို့ မတူးတာလဲ ” ။

ရွာသား ” ကျွန်တော့်မှာ တူးစရာ ပေါက်ချွန်း မရှိလို့ပါ ” ရွှေတွင်းတွေ့သူ… ” ဒါဆိုလည်း ပေါက်ချွန်းတစ်လက် သွားရှာလေကွာ ” ရွာသား… ” လိုက်ရှာရမှာ ပျင်းလို့ပါ ” တဲ့။

ပုံပြင်လေးက ရယ်စရာလို့ ထင်ရပေမယ့်… လက်တွေ့လောကကြီးမှာလည်း နေ့စဉ် ဒီတိုင်းဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြပါလိမ့်မယ်။

တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွားကြတယ်။ ကြီးပွား ချမ်းသာ သွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။

ဒီတော့… သူတို့ဟာ သူတို့ကို အကျိုးရှိစေတာ စာဖတ်ခြင်းကြောင့်ဆိုတာကို သိလို့… လူငယ်တွေကိုလည်း သူတို့လို ကြိးပွားအောင်မြင်စေ ချင်လို့… စာဖတ်ကြပါလို့ တိုက်တွန်းတယ်။ လူငယ်တွေက မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့…။

လူ့ဘဝတစ်လျှောက်မှာ စိတ်အေးချမ်းသာစွာ နေစေနိုင်မယ့် ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့ဘုတ်ပွတ်နေရလို့၊ ဂိမ်း ကစားနေရလို့ လက်ဖက် ရည်ဆိုင် ထိုင်နေရလို့ မအားပါဘူးဆိုတဲ့သူတွေ စဉ်းစားဖို့ပါ။

ပုံထဲက ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ဟာ… တစ်ပတ်ကို အနည်းဆုံး စာအုပ် တစ်အုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။ အင်မတန် အလုပ်များတဲ့ ဘီလျ့နာ သူဌေးကြီးတွေဖြစ်ကြတဲ့

ဘိလ်ဂိလ်၊ Mark Zuckerberg (Facebook) ၊ Warren Buffet နဲ့ လီကာရှင်း စသူတွေဟာ စာအလွန်ဖတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဖတ်တဲ့စာအုပ်တွေဟာ အပျော်ဖတ်စာပေတွေ မဟုတ်ပါဘူး။ ကြီးပွားတိုးတက်ရေးနဲ့ အတွေးအခေါ် စာပေတွေပါ။

သင့်ထက် အဆတစ်ရာလောက် အလုပ်များတဲ့ လူတွေတောင် စာဖတ်ချိန် ရှိသေးရင် သင့်မှာ စာဖတ်ချိန်မရှိဘူးလို့ မပြောပါနဲ့လား…?

ခရက်ဒစ်#ဗာန်မော်သိန်းဖေ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*