












Unicode

အသားငါးတွေစားရင်… ယင်နားစာတွေ၊ မကျက်တကျက်တွေ ရှောင်ကြပါ

ထူးဆန်းတဲ့ ပိုးကောင်… တနေ့က ချန်နိုင်းက တက္ကသိုလ်မှာ Ph.D လုပ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်ပြီးေ ပြောပြလို့ သိရတယ်။ အဲ့က ကျောင်းသားတပါး ခေါင်းတွေ နေမရအောင်ကိုက်တာ… ဘာဖြစ်မှန်းလဲ မသိဘူး….

ဆေးခန်းသွားပြ ရောဂါရှာမတွေ့။ နောက်ဆုံး ဆေးရုံတက် ရှာဖွေရေးစက်နဲ့ ရှာတော့မှ… မျက်လုံးရှေ့က ဖြတ်ပြေးသွားတဲ့ ပုံမှာပါတဲ့အတိုင်း ပိုးကောင်ကို တွေ့ကြရသတဲ့.

ပိုကောင်က ဦးခေါင်းထဲ သွေးကျောတွေကနေတဆင့် ပတ်ပြေးနေတဲ့အခါ နေမရအောင် ကိုက်ပါသတဲ့။ ပိုးကောင်ကလဲ မီးလင်းနေလျှင် မျက်စိရှေ့မလာဘူး။ မှောင်သွားပြီးဆိုမှ မျက်စိရှေ့ရောက်လာသတဲ့။

အခုတော့ အဲ့ပိုးကောင်ကို ဆရာဝန်တွေက မျက်ကြည်လွှာကို ခဏ ဖယ်ထုတ်ပြီး ထုတ်ယူ ပစ်လိုက်ကြလို့ ပြန် ကောင်းလာပါပြီး၊ ထူးဆန်းတာက အဲ့ဒီ ပိုးကောင်းက ဘယ်ကနေဝင်ပြီး ဘယ်လို အထဲရောက်နေတာလဲ?

အဲ့ဒီက ဆရာဝန်တွေကတော့… အသားစားရာကနေ ကြီးထွားလာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြသတဲ့၊ အပြင်ကနေ ဝင်တာလဲ ဖြစ်နိုင်တယ်လို့လဲ ပြောကြသတဲ့၊ သေချာတတ်အပ်တော့ မပြောနိုင်သေးကြပါ၊ အခု ဇစ်မြစ်ကို ရှာဖွေ လေ့လာနေကြဆဲပါ။

ဘာပဲ ဖြစ်ဖြစ် အသားငါးတွေစားရင်… ယင်နားစာတွေ မကျက်တကျက်တွေ ရှောင်ကြဖို့ပါ။ အဲ့ပိုကောင်သာ ဦးနှောက်ထဲ ရောက်သွားရင် ကုလို့ ရတော့မည် မဟုတ်ဟု ဆရာဝန်တွေက မှတ်ချက်ပြုကြသတဲ့။

ခေတ်မီဆေးရုံလဲမရှိ၊ ကုစရာ ပိုက်ဆံ မရှိတဲ့ တချို့ သူတွေ ” ခေါင်းကိုယ်တယ် ခေါင်းမူးတယ်ဆိုပြီး” သေဆုံးသွားတဲ့ သူတွေလဲ ဒါမျိး ရောဂါများဖြစ်တာ မသိရတာလားလို့လား စဉ်းစားစရာပါ ။

ဒီမှာတော့ ကျောင်းသားဖြစ်တာက တကြောင်း ခေတ်မှီ ဆေးဝါး ပစ္စည်းတွေ၊ ခေတ်မီဆရာဝန်တွေ ရှိတာကြောင့် ရူပီး ၅၀၀၀၀(ငါးသောင်း) မြန်မာ ကျပ်ငွေ ခုဈေးနဲ့ ၁၅သိန်းခန့် မျှနဲ့ ဒီခွဲစိတ်ကုသမှုမှာ ကုန်ကျ ခဲ့ရ ပါသတဲ့။

ရောဂါကင်းကွာကျန်းမာ ချမ်းသာကြပါစေ… Photo by Ashin Cittaralinkara.#Bo Vi

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*