ဒီလိုစာသင္ပုံမ်ိဳး ျမန္မာျပည္မွာ မရွိဘူး…

ဒီလိုစာသင္ပုံမ်ိဳး ျမန္မာျပည္မွာ မရွိဘူး...
ဒီလိုစာသင္ပုံမ်ိဳး ျမန္မာျပည္မွာ မရွိဘူး...

ဒီလိုစာသင္ပုံမ်ိဳး ျမန္မာျပည္မွာ မရွိဘူး…

စာသင္တဲ့ ပထမေန႔ပဲရွိေသး၊ စာသားေတြက မိနစ္ပိုင္းအတြင္း ႏွလုံးသားထဲအထိ စြဲက်န္ရစ္ခဲ့တဲ့ လက္ေတြ႕က်တဲ့ ဥပမာ… ။

” ေက်ာင္းစတဲ့ေန႔မွာ ဥပေဒဆရာက အတန္းထဲကို ဝင္လာတယ္။” ပထမဆုံး သူလုပ္တာကေတာ့
ေရွ႕ဆုံးတန္းမွာ ထိုင္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ရဲ႕ နာမည္ကို ေမးလိုက္တယ္။

သင့္နာမည္ဘယ္လိုေခၚလဲ…? ငါ့နာမည္က နယ္လ္ဆင္ပါ။ ငါ့အတန္းထဲကထြက္သြားၿပီး ဘယ္ေတာ့မွျပန္မလာနဲ႔ ဆိုၿပီး သူ႔ကို အမိန႔္ေပးလိုက္တယ္။

နယ္လ္ဆင္ ေတာ္ေတာ္ေလး စိတ္ရႈပ္သြားသည္။ ဆရာက သူ႔ဆီကို ဦးတည္ၿပီးလာတယ္၊​ သူ ျမန္ျမန္ထၿပီး သူ႔ပစၥည္းေတြ ထုပ္ပိုးၿပီး စာသင္ခန္းထဲက ျမန္ျမန္ထြက္သြားခဲ့တယ္။

အားလုံးေသာအတန္းထဲက ေက်ာင္းသူ/ေက်ာင္းသားေတြက ေၾကာက္လန႔္ၿပီး နယ္လ္ဆင္ အတန္းထဲကေန မတရား ႏွင္ထုတ္ရတာကို ၾကည့္ၿပီး ေဒါသထြက္ေနၾကေပမယ့္ ဘယ္သူမွ စကားမေျပာရဲပဲတိတ္ဆိတ္စြာ ေနေနၾက တယ္။

ဒါနဲ႔ ဆရာက အလြန္ေကာင္းသည္၊ အတန္း စလိုက္ၾကရေအာင္ ဆို ၿပီး “ဥပေဒေတြက ဘာအတြက္လဲ” လို႔ စေမးလိုက္တယ္။ ေက်ာင္းသားမ်ားသည္ ေၾကာက္လန႔္ေနၾကဆဲျဖစ္ေသာ္လည္း ေမးခြန္းကို ျဖည္းညႇင္းစြာ ေျဖလာၾကသည္။

ေက်ာင္းသားတစ္ေယာက္ က ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းမွာ စည္းစနစ္ရွိဖို႔ လို႔ေျပာလိုက္တယ္။
“မဟုတ္ဘူး” လို႔ ဆရာက ျပန္ေျဖတယ္။ ေနာက္ေက်ာင္းသားတစ္ေယာက္က လူေတြက သူတို႔ရဲ႕လုပ္ရပ္မွားေတြအတြက္ သူတို႔ ျပန္ေပးဆပ္ရဖို႔ အတြက္။

မဟုတ္ဘူး! ” ဒီေမးခြန္းရဲ႕အေျဖကို တစ္ေယာက္ေယာက္သိပါသလား” ဆရာက ဆက္ေမးတယ္။ “တရားမွ်တမႈအတြက္ “ လို႔ ရွက္႐ြံ႕စြာ ေက်ာင္းသူေလးတစ္ေယာက္က ေျဖလိုက္ တယ္။

“ တရားမွ်တမႈ!” “တရားမွ်တမႈဆိုတာ ဘာကိုဆိုလိုတာပါလဲ…” လို႔ ဆရာက ထပ္ေမးတယ္။ အားလုံးက ဆရာေတြရဲ႕ ႐ိုင္းစိုင္းတဲ့သေဘာထားေၾကာင့္ စိတ္ဆိုးၾကေပမဲ့ ဆရာေမးတဲ့အရာကို
သူတို႔က ဆက္ေျဖၾကတယ္။

ျပည္သူမ်ား၏ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ရန္ လို႔ေျဖဆိုၾကတယ္။ ေကာင္းၿပီ… ၿပီးေတာ့ ဆရာက ဆက္ေမးတယ္။ အဆိုးႏွင့္ အေကာင္းကို ပိုင္းျခား၍ ေကာင္းမႈျပဳသူမ်ားကို ဆုခ်ျခင္း၊ မေကာင္းမူျပဳသူကို ဒဏ္ခတ္ဖို႔လို႔ သူတို႔ ဆက္ ေျဖၾကတယ္။

ေကာင္းၿပီ… ဒါဆို ဒီေမးခြန္းကို ေျဖပါ… Nelson ကို အတန္းထဲက ထုတ္ပစ္တုန္းက ငါ မွန္မွန္ကန္ကန္ ျပဳမူခဲ့တာလား။ အားလုံးက ႏႈတ္ဆိတ္ေနၾကၿပီး ဘယ္သူမွ တုံ႔ျပန္ျခင္းမရွိ။ တညီတၫြတ္တည္း အေျဖလိုခ်င္တယ္လို႕… ဆရာက ေျပာလိုက္တယ္။

“မွန္ကန္တဲ့ အျပဳအမူ မဟုတ္ပါ” လို႔ တစ္တန္းလုံး အသံတစ္သံတည္းနဲ႔ ေျဖၾကတယ္။ မတရားမႈတစ္ခု က်ဴးလြန္တယ္လို႔ ေျပာလို႔ရပါသလား။ ဟုတ္ကဲ့! မတရားမႈပါ။

ဒါဆိုရင္ ၎ႏွင့္ပတ္သက္ၿပီး မည္သူမွ် ဘာမွ မလုပ္ခဲ့ပါသနည္း။ ဉပေဒကို လိုက္နာက်င့္သုံးလိုစိတ္ မရွိရင္ ဥပေဒနဲ႔ စည္းကမ္းေတြကို ဘာေၾကာင့္လိုခ်င္တာလဲ။

မတရားမႈကို ေတြ႕ႀကဳံရေသာအခါတိုင္းမွာ သင္တို႔ တစ္ဦးစီသည္ ထုတ္ေျပာရန္ တာဝန္ရွိတယ္ ဆိုတာ နားလည္လား။

မတရားမူကို ေတြ႕တဲ့အခ်ိန္မွာ မင္းတို႔အားလုံး ဘယ္ေတာ့မွ တိတ္တိတ္ဆိတ္ဆိတ္ မေနပါနဲ႔ လို႔ ဆရာက ေျပာလိုက္တယ္။ ၿပီးေတာ့ Nelson ကို သြားျပန္ေခၚပါ။

တကယ္တမ္းေတာ့ သူက ခင္ဗ်ာတို႔ရဲ႕ ဉပေဒအတန္းက ဆရာပါ။ ကြၽန္ေတာ္က တျခားအတန္းကပါ ေျပာၿပီး အတန္းကေန ထြက္သြားလိုက္တယ္။

ငါတို႔ ကိုယ္ပိုင္အခြင့္အေရးအတြက္ ငါတို႔ ကိုယ္တိုင္ မားမားမွတ္မွတ္ မရပ္တည္ ႏိုင္ရင္… ငါတို႔ရဲ႕လူဂုဏ္သိကၡာေတြ ဆုံးရႈံးသြားရပါလိမ့္မယ္။ လူ႔ဂုဏ္သိကၡာ ဆိုတဲ့အရာဟာ ညႇိႏႈိင္းလုပ္ယူလို႔မရပါ။

မူရင္းရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဒီလိုစာသင်ပုံမျိုး မြန်မာပြည်မှာ မရှိဘူး…

စာသင်တဲ့ ပထမနေ့ပဲရှိသေး၊ စာသားတွေက မိနစ်ပိုင်းအတွင်း နှလုံးသားထဲအထိ စွဲကျန်ရစ်ခဲ့တဲ့ လက်တွေ့ကျတဲ့ ဥပမာ… ။

” ကျောင်းစတဲ့နေ့မှာ ဥပဒေဆရာက အတန်းထဲကို ဝင်လာတယ်။” ပထမဆုံး သူလုပ်တာကတော့
ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို မေးလိုက်တယ်။

သင့်နာမည်ဘယ်လိုခေါ်လဲ…? ငါ့နာမည်က နယ်လ်ဆင်ပါ။ ငါ့အတန်းထဲကထွက်သွားပြီး ဘယ်တော့မှပြန်မလာနဲ့ ဆိုပြီး သူ့ကို အမိန့်ပေးလိုက်တယ်။

နယ်လ်ဆင် တော်တော်လေး စိတ်ရှုပ်သွားသည်။ ဆရာက သူ့ဆီကို ဦးတည်ပြီးလာတယ်၊ သူ မြန်မြန်ထပြီး သူ့ပစ္စည်းတွေ ထုပ်ပိုးပြီး စာသင်ခန်းထဲက မြန်မြန်ထွက်သွားခဲ့တယ်။

အားလုံးသောအတန်းထဲက ကျောင်းသူ/ကျောင်းသားတွေက ကြောက်လန့်ပြီး နယ်လ်ဆင် အတန်းထဲကနေ မတရား နှင်ထုတ်ရတာကို ကြည့်ပြီး ဒေါသထွက်နေကြပေမယ့် ဘယ်သူမှ စကားမပြောရဲပဲတိတ်ဆိတ်စွာ နေနေကြ တယ်။

ဒါနဲ့ ဆရာက အလွန်ကောင်းသည်၊ အတန်း စလိုက်ကြရအောင် ဆို ပြီး “ဥပဒေတွေက ဘာအတွက်လဲ” လို့ စမေးလိုက်တယ်။ ကျောင်းသားများသည် ကြောက်လန့်နေကြဆဲဖြစ်သော်လည်း မေးခွန်းကို ဖြည်းညှင်းစွာ ဖြေလာကြသည်။

ကျောင်းသားတစ်ယောက် က ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ စည်းစနစ်ရှိဖို့ လို့ပြောလိုက်တယ်။
“မဟုတ်ဘူး” လို့ ဆရာက ပြန်ဖြေတယ်။ နောက်ကျောင်းသားတစ်ယောက်က လူတွေက သူတို့ရဲ့လုပ်ရပ်မှားတွေအတွက် သူတို့ ပြန်ပေးဆပ်ရဖို့ အတွက်။

မဟုတ်ဘူး! ” ဒီမေးခွန်းရဲ့အဖြေကို တစ်ယောက်ယောက်သိပါသလား” ဆရာက ဆက်မေးတယ်။ “တရားမျှတမှုအတွက် “ လို့ ရှက်ရွံ့စွာ ကျောင်းသူလေးတစ်ယောက်က ဖြေလိုက် တယ်။

“ တရားမျှတမှု!” “တရားမျှတမှုဆိုတာ ဘာကိုဆိုလိုတာပါလဲ…” လို့ ဆရာက ထပ်မေးတယ်။ အားလုံးက ဆရာတွေရဲ့ ရိုင်းစိုင်းတဲ့သဘောထားကြောင့် စိတ်ဆိုးကြပေမဲ့ ဆရာမေးတဲ့အရာကို
သူတို့က ဆက်ဖြေကြတယ်။

ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လို့ဖြေဆိုကြတယ်။ ကောင်းပြီ… ပြီးတော့ ဆရာက ဆက်မေးတယ်။ အဆိုးနှင့် အကောင်းကို ပိုင်းခြား၍ ကောင်းမှုပြုသူများကို ဆုချခြင်း၊ မကောင်းမူပြုသူကို ဒဏ်ခတ်ဖို့လို့ သူတို့ ဆက် ဖြေကြတယ်။

ကောင်းပြီ… ဒါဆို ဒီမေးခွန်းကို ဖြေပါ… Nelson ကို အတန်းထဲက ထုတ်ပစ်တုန်းက ငါ မှန်မှန်ကန်ကန် ပြုမူခဲ့တာလား။ အားလုံးက နှုတ်ဆိတ်နေကြပြီး ဘယ်သူမှ တုံ့ပြန်ခြင်းမရှိ။ တညီတညွတ်တည်း အဖြေလိုချင်တယ်လို့… ဆရာက ပြောလိုက်တယ်။

“မှန်ကန်တဲ့ အပြုအမူ မဟုတ်ပါ” လို့ တစ်တန်းလုံး အသံတစ်သံတည်းနဲ့ ဖြေကြတယ်။ မတရားမှုတစ်ခု ကျူးလွန်တယ်လို့ ပြောလို့ရပါသလား။ ဟုတ်ကဲ့! မတရားမှုပါ။

ဒါဆိုရင် ၎င်းနှင့်ပတ်သက်ပြီး မည်သူမျှ ဘာမှ မလုပ်ခဲ့ပါသနည်း။ ဉပဒေကို လိုက်နာကျင့်သုံးလိုစိတ် မရှိရင် ဥပဒေနဲ့ စည်းကမ်းတွေကို ဘာကြောင့်လိုချင်တာလဲ။

မတရားမှုကို တွေ့ကြုံရသောအခါတိုင်းမှာ သင်တို့ တစ်ဦးစီသည် ထုတ်ပြောရန် တာဝန်ရှိတယ် ဆိုတာ နားလည်လား။

မတရားမူကို တွေ့တဲ့အချိန်မှာ မင်းတို့အားလုံး ဘယ်တော့မှ တိတ်တိတ်ဆိတ်ဆိတ် မနေပါနဲ့ လို့ ဆရာက ပြောလိုက်တယ်။ ပြီးတော့ Nelson ကို သွားပြန်ခေါ်ပါ။

တကယ်တမ်းတော့ သူက ခင်ဗျာတို့ရဲ့ ဉပဒေအတန်းက ဆရာပါ။ ကျွန်တော်က တခြားအတန်းကပါ ပြောပြီး အတန်းကနေ ထွက်သွားလိုက်တယ်။

ငါတို့ ကိုယ်ပိုင်အခွင့်အရေးအတွက် ငါတို့ ကိုယ်တိုင် မားမားမှတ်မှတ် မရပ်တည် နိုင်ရင်… ငါတို့ရဲ့လူဂုဏ်သိက္ခာတွေ ဆုံးရှုံးသွားရပါလိမ့်မယ်။ လူ့ဂုဏ်သိက္ခာ ဆိုတဲ့အရာဟာ ညှိနှိုင်းလုပ်ယူလို့မရပါ။

မူရင်းရးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*