ေဒါက္တာေတြထက္ပိုတိက်တဲ့ AI နည္းပညာျဖင့္ ရင္သားကင္ဆာကုိ ႀကိဳသိႏိုင္မည္

ေဒါက္တာေတြထက္ပိုတိက်တဲ့ AI နည္းပညာျဖင့္ ရင္သားကင္ဆာကုိ ႀကိဳသိႏိုင္မည္

ေဒါက္တာေတြထက္ပိုတိက်တဲ့ AI နည္းပညာျဖင့္ ရင္သားကင္ဆာကုိ ႀကိဳသိႏိုင္မည္

ရင္သားကင္ဆာဆုိတာ ကမာၻေပၚမွာ အျဖစ္မ်ားဆုံး ေရာဂါေတြထဲက တစ္ခုျဖစ္ပါတယ္။ အခု အဲဒီရင္သားကင္ဆာကို ေဒါက္တာေတြထက္ ပုိၿပီးတိက်တဲ့ AI နည္းပညာ (Artificial intelligence) နဲ႔ စတင္ရွာေဖြႏုိင္ေတာ့မွာျဖစ္ၿပီး၊ ဒီနည္းနဲ႔ မေရတြက္ႏုိ္င္တဲ့ အသက္ေပါင္းမ်ားစြာကုိ ကယ္တင္ႏုိင္ေတာ့မွာလုိ႔ Metro သတင္းစာရဲ႕ ေဖာ္ျပခ်က္ေၾကာင့္ သိရပါတယ္။

ဒီနည္းပညာနဲ႔ အမ်ိဳးသမီး (၃၀၀၀၀)နီးပါးကုိ စတင္စမ္းသပ္ခဲ့ရာ စိတ္ေက်နပ္ဖြယ္ရာေတြ ရရွိခဲ့ပါတယ္။ ဒီနည္းပညာဟာ ေဒါက္တာေတြထက္ ပုိၿပီးတိက်တယ္လုိ႔ ေျပာရျခင္းမွာ ေဒါက္တာေတြအေနနဲ႔ ရင္သားကင္ဆာလုိ႔ မ်က္ျမင္သတ္မွတ္ခံထားသူအနက္ တစ္ခ်ိဳ႕မွာ လြဲမွားစြာ သတ္မွတ္ခံထားရျခင္းေတြ ျဖစ္ခဲ့ၿပီး၊ အေရအတြက္အားျဖင့္ (၃)ပုံပုံ (၂)ပုံေလာက္ထိ ရွိခဲ့တယ္လုိ႔ ဒီကြန္ပ်ဴတာနည္းပညာက သက္ေသျပႏုိင္ခဲ့တာပါ။

သိပၸံပညာရွင္ေတြဟာ Algorithm တစ္ခုကို ေအာင္ျမင္စြာ တီထြင္ႏုိင္ခဲ့ၾကပါတယ္။ ၎က ရင္သားေပၚရွိတဲ့အစက္အေပ်ာက္ေတြကို ေစာစီးစြာ ေျခရာခံႏုိင္မွာပါ။ ေျမျပင္လက္ေတြ႕ကြင္းဆင္း လုပ္ေဆာင္ျခင္းအပုိင္းမွာလည္း ယခင္က ေဒါက္တာေတြ ကင္ဆာအျဖစ္ သတ္မွတ္ထားတဲ့ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ေတြကို ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

ဒီနည္းပညာက မွားယြင္းဆုံးျဖတ္မႈေတြကို (၁၀)ဦးမွာ (၁)ဦးႏႈန္းကေန (၃၇)ေယာက္မွာ တစ္ဦးႏႈန္းအထိ ေဖာ္ထုတ္ႏုိင္ခဲ့တာမုိ႔ အနာဂတ္မွာ မလုိအပ္ဘဲ ႀကိဳတင္ခြဲစိတ္ျခင္းေတြ၊ ဓာတ္ခြဲစစ္ေဆးမႈေတြကို သိသိသာသာ ေရွာင္ရွားႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီလုိပဲ ေဆးဘက္ဆရာဝန္ေတြ မေတြ႕ခဲ့တဲ့အက်ိတ္ေတြကိုလည္း ရွာေဖြႏုိင္ခဲ့ၿပီး၊ ကင္ဆာေၾကာင့္ ေသဆုံးသူဦးေရကိုလည္း သိသိသာသာ ေလွ်ာ့ခ်ႏုိင္မွာ ျဖစ္ပါတယ္။

ေလ့လာေတြ႕ရွိမႈအရ အခု ကြန္ပ်ဴတာနည္းပညာပုိင္းဟာ ယခင္က (၁၈)ေယာက္မွာ တစ္ေယာက္ႏႈန္း ေရာဂါမွားယြင္းဆုံးျဖတ္မႈကို ေလွ်ာ့ခ်ႏုိင္ခဲ့ရာမွ အခုဆုိရင္ (၁၀၀)မွာ (၁)ေယာက္နီးပါးႏႈန္းအထိ ေလွ်ာ့ခ်ႏုိင္ခဲ့လုိ႔ ယခင္ကထက္ ထင္မွတ္မထားေအာင္ တုိးတက္လာခဲ့တာ ျဖစ္ပါတယ္။

Mammograms နည္းကေတာ့ ေရာဂါကိုတုိက္ဖ်က္ရာမွာ အဓိကအခန္းက႑က ပါဝင္ေနေသာ္လည္း၊ ေရာဂါရွိသူေတြကို မခြဲစိတ္မီမွာ ေရာဂါရွိေၾကာင္းသံသယကိုသာ ေဖာ္ထုတ္နုိင္တာပါ။ တိက်တဲ့ေဖာ္ထုတ္မႈေတြ လုပ္ေဆာင္ရာမွာ အလြန္အားနည္းေနခဲ့ၿပီး၊ ရွိတယ္မရွိဘူးဆုိတာကို ဇေဝဇဝါျဖစ္ေစခဲ့ပါတယ္။

ခ်ီကာဂုိရွိ၊ Northwestern University မွာ လက္ေထာက္ေမ့ေဆးပါေမာကၡ Dr Mozziyar Etemadi က “ ဒီနည္းက ကင္ဆာကို ေစာေစာစီးစီးရွာေတြ႕ဖုိ႔အတြက္ အလြန္ႀကီးမားတဲ့ သက္ေသအေထာက္ထားေတြ ျဖစ္ပါတယ္ … ရင္သားကင္ဆာဟာ ကမာၻမွာ ျဖစ္ပြားမႈအမ်ားဆုံးကင္ဆာေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ၿပီး … ေစာေစာသိေလ ေဘးကင္းေလ .. ကုသရလြယ္ေလ ျဖစ္ပါတယ္”လုိ႔ ရွင္းျပခဲ့ပါတယ္။

သူက ဆက္လက္ၿပီး “ ဒီနည္းက လူ႕အသက္ေတြ မေရတြက္ႏုိင္ေအာင္ ကယ္ဆယ္ႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ … ”လုိ႔ ေျပာပါတယ္။ ယခင္က အသုံးမ်ားခဲ့တဲ့ Mammography နည္းဟာ (၅)ဦးမွာ တစ္ဦးႏႈန္းအထိ ဓာတ္မွန္ပညာရွင္ေတြက လြဲေခ်ာ္ခဲ့ရာ၊ အခု AI နည္းကိုသာ တြင္က်ယ္ေအာင္သုံးႏုိင္ရင္ အက်ိဳးအမ်ားႀကီး ျဖစ္ထြန္းမွာပါ။

ကယ္လီဖုိးနီယားအေျခစုိက္ Google Health မွာ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာအျဖစ္ တာဝန္ထမ္းေဆာင္တဲ့ Scott McKinney က “ ကြန္ပ်ဴတာေတြက ဒီလုပ္ေဆာင္မႈေတြမွာ ပုိၿပီးေတာ္ၾကပါတယ္ … တစ္ေန႔မွာ ဒီ Tool ေလးက ဓာတ္မွန္ပညာရွင္ေတြအတြက္ ပုိၿပီးအသုံးဝင္ေစမွာပါ … စာလုံးေပါင္းအမွားစစ္သလုိ အလြယ္ေလးနဲ႔ အေျဖထြက္ႏုိင္တဲ့နည္းပါ ”လုိ႔ ေျပာခဲ့ပါတယ္။

Credit # Shwemon

Unicode

ဒေါက်တာတွေထက်ပိုတိကျတဲ့ AI နည်းပညာဖြင့် ရင်သားကင်ဆာကို ကြိုသိနိုင်မည်

ရင်သားကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ အခု အဲဒီရင်သားကင်ဆာကို ဒေါက်တာတွေထက် ပိုပြီးတိကျတဲ့ AI နည်းပညာ (Artificial intelligence) နဲ့ စတင်ရှာဖွေနိုင်တော့မှာဖြစ်ပြီး၊ ဒီနည်းနဲ့ မရေတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တော့မှာလို့ Metro သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။

ဒီနည်းပညာနဲ့ အမျိုးသမီး (၃၀၀၀၀)နီးပါးကို စတင်စမ်းသပ်ခဲ့ရာ စိတ်ကျေနပ်ဖွယ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီနည်းပညာဟာ ဒေါက်တာတွေထက် ပိုပြီးတိကျတယ်လို့ ပြောရခြင်းမှာ ဒေါက်တာတွေအနေနဲ့ ရင်သားကင်ဆာလို့ မျက်မြင်သတ်မှတ်ခံထားသူအနက် တစ်ချို့မှာ လွဲမှားစွာ သတ်မှတ်ခံထားရခြင်းတွေ ဖြစ်ခဲ့ပြီး၊ အရေအတွက်အားဖြင့် (၃)ပုံပုံ (၂)ပုံလောက်ထိ ရှိခဲ့တယ်လို့ ဒီကွန်ပျူတာနည်းပညာက သက်သေပြနိုင်ခဲ့တာပါ။

သိပ္ပံပညာရှင်တွေဟာ Algorithm တစ်ခုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြပါတယ်။ ၎င်းက ရင်သားပေါ်ရှိတဲ့အစက်အပျောက်တွေကို စောစီးစွာ ခြေရာခံနိုင်မှာပါ။ မြေပြင်လက်တွေ့ကွင်းဆင်း လုပ်ဆောင်ခြင်းအပိုင်းမှာလည်း ယခင်က ဒေါက်တာတွေ ကင်ဆာအဖြစ် သတ်မှတ်ထားတဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီနည်းပညာက မှားယွင်းဆုံးဖြတ်မှုတွေကို (၁၀)ဦးမှာ (၁)ဦးနှုန်းကနေ (၃၇)ယောက်မှာ တစ်ဦးနှုန်းအထိ ဖော်ထုတ်နိုင်ခဲ့တာမို့ အနာဂတ်မှာ မလိုအပ်ဘဲ ကြိုတင်ခွဲစိတ်ခြင်းတွေ၊ ဓာတ်ခွဲစစ်ဆေးမှုတွေကို သိသိသာသာ ရှောင်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဆေးဘက်ဆရာဝန်တွေ မတွေ့ခဲ့တဲ့အကျိတ်တွေကိုလည်း ရှာဖွေနိုင်ခဲ့ပြီး၊ ကင်ဆာကြောင့် သေဆုံးသူဦးရေကိုလည်း သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုအရ အခု ကွန်ပျူတာနည်းပညာပိုင်းဟာ ယခင်က (၁၈)ယောက်မှာ တစ်ယောက်နှုန်း ရောဂါမှားယွင်းဆုံးဖြတ်မှုကို လျှော့ချနိုင်ခဲ့ရာမှ အခုဆိုရင် (၁၀၀)မှာ (၁)ယောက်နီးပါးနှုန်းအထိ လျှော့ချနိုင်ခဲ့လို့ ယခင်ကထက် ထင်မှတ်မထားအောင် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

Mammograms နည်းကတော့ ရောဂါကိုတိုက်ဖျက်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေသော်လည်း၊ ရောဂါရှိသူတွေကို မခွဲစိတ်မီမှာ ရောဂါရှိကြောင်းသံသယကိုသာ ဖော်ထုတ်နိုင်တာပါ။ တိကျတဲ့ဖော်ထုတ်မှုတွေ လုပ်ဆောင်ရာမှာ အလွန်အားနည်းနေခဲ့ပြီး၊ ရှိတယ်မရှိဘူးဆိုတာကို ဇဝေဇဝါဖြစ်စေခဲ့ပါတယ်။

ချီကာဂိုရှိ၊ Northwestern University မှာ လက်ထောက်မေ့ဆေးပါမောက္ခ Dr Mozziyar Etemadi က “ ဒီနည်းက ကင်ဆာကို စောစောစီးစီးရှာတွေ့ဖို့အတွက် အလွန်ကြီးမားတဲ့ သက်သေအထောက်ထားတွေ ဖြစ်ပါတယ် … ရင်သားကင်ဆာဟာ ကမ္ဘာမှာ ဖြစ်ပွားမှုအများဆုံးကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး … စောစောသိလေ ဘေးကင်းလေ .. ကုသရလွယ်လေ ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဒီနည်းက လူ့အသက်တွေ မရေတွက်နိုင်အောင် ကယ်ဆယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် … ”လို့ ပြောပါတယ်။ ယခင်က အသုံးများခဲ့တဲ့ Mammography နည်းဟာ (၅)ဦးမှာ တစ်ဦးနှုန်းအထိ ဓာတ်မှန်ပညာရှင်တွေက လွဲချော်ခဲ့ရာ၊ အခု AI နည်းကိုသာ တွင်ကျယ်အောင်သုံးနိုင်ရင် အကျိုးအများကြီး ဖြစ်ထွန်းမှာပါ။

ကယ်လီဖိုးနီယားအခြေစိုက် Google Health မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်တဲ့ Scott McKinney က “ ကွန်ပျူတာတွေက ဒီလုပ်ဆောင်မှုတွေမှာ ပိုပြီးတော်ကြပါတယ် … တစ်နေ့မှာ ဒီ Tool လေးက ဓာတ်မှန်ပညာရှင်တွေအတွက် ပိုပြီးအသုံးဝင်စေမှာပါ … စာလုံးပေါင်းအမှားစစ်သလို အလွယ်လေးနဲ့ အဖြေထွက်နိုင်တဲ့နည်းပါ ”လို့ ပြောခဲ့ပါတယ်။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*