








Source ; ဓမ္မရတနာ

Unicode

သီလရှင် အပါး ၃၀၀၀ နဲ့ ကျောင်းတိုက်ပေါင်း ၄၀ ကို တစ်လ ၂ ခါ အလှူလုပ်တဲ့” မြန်မာပြည်က သူဌေးကြီးမိသားစု”…

မရှိလို့ မလှူ မလှူလို့မရှိ ဆိုသလို အလှူအတန်းမှာတော့ ရွှေမြန်မာတွေကတော့ ကမ္ဘာ့နံပါတ် တစ်ပဲ ဖြစ်ပါတယ်…ခုလည်းပဲ သူဌေးကြီးတစ်ဦးရဲ့ သာဓုခေါ်ဖွယ်အလှူတစ်ခုကို ပရိသတ်ကြီးတို့ ဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်….

အဲတာကတော့ သာသနာ့နွယ်ဝင်သီလရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန်နဲ့ ဇနီး ဒေါ်အေးမြင့်သန်း သမီး မစိုးစိုးသန်း မိသားစုတို့ကနေပြီး တစ်လကို သီလရှင်လေးတွေအတွက် ၁၀၀၀ တန်က အရွက် ၂၅၀၀ …၅၀၀၀ တန်ကအရွက် ၅၀၀ ..ပေါင်း ..အရွက်ရေ ၃၀၀၀ …၁၀၀၀ တန် ၅ ရွက်လျှင် ၅၀၀၀ တန်တစ်ရွက်ညှပ် …အားလုံးအပါး ၃၀၀၀ ခန့်ကို တစ်ပြိုင်ထဲလှူဒါန်းပါတယ်….

ဒီလို အပါး ၃၀၀၀ ကျော်ကို လှူသူ ၁၈ ယောက်ခွဲလှူရင် ၁၀ မိနစ် မကြာဘူးလို့ သိရပါတယ်…

ဒါ့အပြင် သီလရှင် အပါး ၃၀၀၀ မလှူခင်မှာ အသက် ၆၀ အထက် ၅၀ ခန့်ကို ၂၀၀၀ ကျပ်စီ အရင်လှူပါတယ်တဲ့ ယယယယ အများလှူတဲ့အခါမှာ ၁၀၀၀ ကျပ်ကျလျှင် ၃၀၀၀ ကျပ်ရမည် ၅၀၀၀ ကျပ်ကျလျှင် ၇၀၀၀ ရပါမယ်လို့ ဆိုပါတယ်…. အလှူက ဒါတင်မကပါဘူး…

ပီးရင် ကျောင်းတိုက်ခွဲ ၄၀ ကို တစ်ကျောင်းလျှင် ၅၀၀၀၀ ကျပ်စီ ထပ်လှူပါတယ်…. အရုဏ်ဆွမ်းအပါအဝင် တစ်ခါလှူရင် သိန်း 90 ကျပ် ….တစ်လကို နှစ်ကြိမ်လှူ တော့ သိန်း ၁၈၀ ကျပ် လှူတယ်လို့ သိရပါတယ်…တကယ့်ကို ရက်ရောတဲ့ သူဌေးကြီးတစ်ဦးပါပဲ…….

ဒီလို အလှူမျိုးကို ပရိသတ်ကြီးတို့လည်း သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေလိုက်ရတာပါ…ပရိသတ်ကြီးတို့လည်း ခုလို အများကြီးလှူနိုင်အောင် ချမ်းသာကြပါစေနော်………

Source ; ဓမ္မရတနာ

Be the first to comment

Leave a Reply

Your email address will not be published.


*