ေလေအးေပးစက္ကို ေဘးကင္းေအာင္ ဘယ္လိုသုံးၾကမလဲ…

ေလေအးေပးစက္ကို ေဘးကင္းေအာင္ ဘယ္လိုသုံးၾကမလဲ...
ေလေအးေပးစက္ကို ေဘးကင္းေအာင္ ဘယ္လိုသုံးၾကမလဲ...

ေလေအးေပးစက္ကို ေဘးကင္းေအာင္ ဘယ္လိုသုံးၾကမလဲ…

အခုေခတ္မွာေတာ့ ဘယ္ေနရာသြားသြား ေလေအးေပးစက္ နဲ႔ သိပ္မကင္းႏိုင္ပါဘူး။ အိမ္မွာမတပ္ထားရင္ ေတာင္ ႐ုံးမွာ၊ ကားေပၚမွာ၊ ေစ်းဝယ္စင္တာမွာ စသည္ျဖင့္ တစ္ေနရာရာမွာေတာ့ ႀကဳံရမွာပဲ။

ေလေအးေပးစက္နဲ႔ဆို ေနမေကာင္းျဖစ္လြယ္တယ္လို႔ စိုးရိမ္တတ္ၾကေတာ့ ေဘးအကင္းဆုံး ျဖစ္ေအာင္ ဘယ္လိုသုံးရမလဲ၊ ဘယ္လိုအႏၲရာယ္ကင္းေအာင္ ေနရမလဲဆိုတာ သိထားဖို႔သင့္ပါတယ္။

ေလေအးေပးစက္ သုံးမယ္ဆို ဘာေတြသတိထားသင့္သလဲ

ေလေအးေပးစနစ္ေၾကာင့္ ဖ်ားနာမႈကင္းေဝးၿပီး က်န္းမာေစဖို႔အတြက္ ေလေအးေပးစက္အပူခ်ိန္ကို ၂၃ ဒီဂရီ စင္တီဂရိတ္နဲ႔ ၂၅ ဒီဂရိစင္တီဂရိတ္အၾကားမွာပဲထားပါ။

ေလေအးေပးစက္ ရဲ႕ air filter ေတြကို ႏွစ္စဥ္ ဒါမွမဟုတ္ ထုတ္လုပ္တဲ့ကုမၸဏီက အႀကံျပဳတဲ့အတိုင္းသန႔္ရွင္းေရးလုပ္ေပးပါ။

အိမ္တြင္းမွာ သန႔္စင္တဲ့ေလ ရရွိႏိုင္ေစဖို႔ ေလဝင္ေလထြက္ေကာင္းေအာင္ လုပ္ေဆာင္ေပးၿပီး အခ်ိန္အတိုင္းအတာတစ္ခုၾကာတဲ့အထိ ေလေအးေပးစက္ကိုပိတ္ၿပီး တံခါးေတြနဲ႔ ျပတင္းေပါက္ေတြကို ဖြင့္ထားေပးပါ။

အခန္းတြင္းမွာ အဆိပ္ရွိတဲ့အရာေတြ မပ်ံ႕ႏွံ႔ေစဖို႔ အခန္းထဲမွာ တစ္ေယာက္မွမရွိတဲ့အခ်ိန္ေတြနဲ႔ ညဘက္ေတြမွာ ေလေအးေပးစနစ္ကို ပိတ္ထားေပးပါ။

အခန္းတြင္းအပူခ်ိန္နဲ႔ ျပင္ပအပူခ်ိန္ တအားကြာဟေအာင္ မထားပါနဲ႔။ မိမိသုံးတဲ့ ေလေအးေပးစက္က ေရကိုအသုံးျပဳရတဲ့ ေလေအးေပးစက္ျဖစ္ေနခဲ့ရင္ ေရကို ပုံမွန္လဲလွယ္ေပးပါ။ ျဖစ္ႏိုင္ရင္ ေလသန႔္စင္စနစ္ပါတဲ့ ေလေအးေပးစက္ကို တပ္ဆင္ပါ။

ေလေအးစနစ္တပ္ဆင္ထားတဲ့ အခန္းထဲမွာေနတဲ့အခါ ေရသိပ္ငတ္ေလ့မရွိတာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္ မခမ္းေျခာက္ေစဖို႔ သတိထားၿပီးေရေသာက္ေပးပါ။

ေလေအးေပးစနစ္တပ္ဆင္ထားတဲ့ သယ္ယူပို႔ေဆာင္ေရးစနစ္ကို အသုံးျပဳသြားလာမယ္ဆိုရင္ ခႏၶာကိုယ္ အပူခ်ိန္ေျပာင္းလဲမႈကို ျပင္းျပင္းထန္ထန္မခံစားရေစဖို႔အတြက္ အေႏြးထည္ခပ္ပါးပါးတစ္ထည္ ဝတ္ဆင္ေပးပါ။

ေလေအးေပးစက္ကို အႏၲရာယ္ကင္းကင္း သုံးႏိုင္ဖို႔

ေလေအးေပးစက္ ေၾကာင့္ အႏၲရာယ္ရွိႏိုင္တဲ့ အေနအထားကေန ကာကြယ္ႏိုင္ေစဖို႔ အျပင္ကေန ျပန္ျပန္လာခ်င္း ေလေအးေပးစက္ကို ခ်က္ခ်င္းမဖြင့္ပါနဲ႔။ ဖြင့္ခါစမွာ fan-only mode ကိုပဲ စဖြင့္ၿပီး အခန္းတြင္းအပူခ်ိန္နဲ႔ ျပင္ပအပူခ်ိန္ သိပ္မကြာတဲ့ အေနအထားေရာက္မွ အပူခ်ိန္ကို ျဖည္းျဖည္းခ်င္းေလွ်ာ့ခ်ေပးပါ။

ေလထုညစ္ညမ္းတဲ့ အခန္းထဲမွာ ေလေအးေပးစနစ္ကို အၿမဲအသုံးျပဳေနတဲ့ အေနအထားက သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးငယ္ေတြမွာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ဓာတ္မတည့္မႈေတြကို ျဖစ္ေပၚခံစားရေစတဲ့ အရင္းခံအေၾကာင္းတရား ျဖစ္ပါတယ္။

ကိုယ့္ရဲ႕ေနထိုင္မႈပုံစံနဲ႔ပတ္သက္တဲ့ သတိထားစရာေလးေတြကိုလည္း မေမ့သင့္ပါဘူး။ အပူခ်ိန္အေျပာင္းအလဲကို သိပ္မျမန္ပါေစနဲ႔။ ျပင္ပအပူခ်ိန္နဲ႔ အဝင္အထြက္မွာ ခ်က္ခ်င္းႀကီး ပူလိုက္ေအးလိုက္ မျဖစ္ေစဖို႔ဂ႐ုစိုက္ပါ။

မ်က္လုံးကို ခဏအနားေပးပါ။ မ်က္စိကိုအသုံးျပဳတာမ်ားလြန္းရင္ မ်က္လုံးေျခာက္ေသြ႕ျခင္းျဖစ္လာႏိုင္ပါတယ္။ အဲယားကြန္းခန္းထဲမွာ တစ္ခ်ိန္လုံး မေနပါနဲ႔။

ျပင္ပေလထုနဲ႔ အပူခ်ိန္မွာလည္း အခ်ိန္အတိုင္းအတာတစ္ခုေလာက္ေနပါ။ အိမ္မွာလည္း အဲယားကြန္းခန္းထဲကမထြက္၊ ကားေပၚအဲယားကြန္း၊ တျခားေနရာသြားလည္း အဲယားကြန္း ျဖစ္ေနသူေတြဟာ ျပင္ပအပူခ်ိန္ကို မခံႏိုင္ဘဲ ႐ုတ္တရက္အေျပာင္းအလဲမွာ အႏၲရာယ္ရွိတတ္ပါတယ္။

ေရဓာတ္မ်ားတဲ့ အသီးအႏွံမ်ားမ်ားစားပါ။ အသီးေတြထဲမွာ ပါဝင္တဲ့ ဗီတာမင္ေတြနဲ႔ ေရဓာတ္ေတြက ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္တင္းေပးၿပီး အသားေျခာက္ျခင္းကို ကာကြယ္ေပးမွာျဖစ္ပါတယ္။

အစိုဓာတ္ထိန္းခရင္ တစ္မ်ိဳးမ်ိဳးလိမ္းပါ။ ဒါမွ ေလေအးေပးစက္ေၾကာင့္ အသားအေရေျခာက္ေသြ႕တာ၊ ပ်က္စီးတာမ်ိဳး မျဖစ္ေစမွာပါ။

ေခတ္မီလူမႈဘဝမွာ သက္ေသာင့္သက္သာေနထိုင္ဖို႔ အသုံးဝင္တဲ့ ေလေအးေပးစက္ ကို ဉာဏ္ရွိသလို အသုံးခ်ႏိုင္ရင္ ေဘးလည္းကင္း၊ အဆင္လည္းေျပပါလိမ့္မယ္။

အေပၚမွာအႀကံျပဳေပးခဲ့တဲ့ အခ်က္ေလးေတြကို ဂ႐ုစိုက္မယ္ဆိုရင္ ရာသီဥတုအပူဒဏ္ကို ေဘးကင္းကင္းနဲ႔ အံတုႏိုင္မွာေသခ်ာပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လေအေးပေးစက်ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ…

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက် နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ ဈေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။

လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။

လေအေးပေးစက် သုံးမယ်ဆို ဘာတွေသတိထားသင့်သလဲ

လေအေးပေးစနစ်ကြောင့် ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။

လေအေးပေးစက် ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ် ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။

အိမ်တွင်းမှာ သန့်စင်တဲ့လေ ရရှိနိုင်စေဖို့ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီး တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။

အခန်းတွင်းမှာ အဆိပ်ရှိတဲ့အရာတွေ မပျံ့နှံ့စေဖို့ အခန်းထဲမှာ တစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ ညဘက်တွေမှာ လေအေးပေးစနစ်ကို ပိတ်ထားပေးပါ။

အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် တအားကွာဟအောင် မထားပါနဲ့။ မိမိသုံးတဲ့ လေအေးပေးစက်က ရေကိုအသုံးပြုရတဲ့ လေအေးပေးစက်ဖြစ်နေခဲ့ရင် ရေကို ပုံမှန်လဲလှယ်ပေးပါ။ ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကို တပ်ဆင်ပါ။

လေအေးစနစ်တပ်ဆင်ထားတဲ့ အခန်းထဲမှာနေတဲ့အခါ ရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် မခမ်းခြောက်စေဖို့ သတိထားပြီးရေသောက်ပေးပါ။

လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုသွားလာမယ်ဆိုရင် ခန္ဓာကိုယ် အပူချိန်ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန်မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါးတစ်ထည် ဝတ်ဆင်ပေးပါ။

လေအေးပေးစက်ကို အန္တရာယ်ကင်းကင်း သုံးနိုင်ဖို့

လေအေးပေးစက် ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေ ပြန်ပြန်လာချင်း လေအေးပေးစက်ကို ချက်ချင်းမဖွင့်ပါနဲ့။ ဖွင့်ခါစမှာ fan-only mode ကိုပဲ စဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့ အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။

လေထုညစ်ညမ်းတဲ့ အခန်းထဲမှာ လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါတယ်။

ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး။ အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။ ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ဂရုစိုက်ပါ။

မျက်လုံးကို ခဏအနားပေးပါ။ မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။

ပြင်ပလေထုနဲ့ အပူချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုလောက်နေပါ။ အိမ်မှာလည်း အဲယားကွန်းခန်းထဲကမထွက်၊ ကားပေါ်အဲယားကွန်း၊ တခြားနေရာသွားလည်း အဲယားကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက်အပြောင်းအလဲမှာ အန္တရာယ်ရှိတတ်ပါတယ်။

ရေဓာတ်များတဲ့ အသီးအနှံများများစားပါ။ အသီးတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။ ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်စေမှာပါ။

ခေတ်မီလူမှုဘဝမှာ သက်သောင့်သက်သာနေထိုင်ဖို့ အသုံးဝင်တဲ့ လေအေးပေးစက် ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။

အပေါ်မှာအကြံပြုပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာသေချာပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*