ပူျပင္းတဲ့ ေႏြရာသီမွာ ကေလးငယ္မ်ားအတြက္ ေဆာင္ရန္/ ေရွာင္ရန္မ်ား

ပူျပင္းတဲ့ ေႏြရာသီမွာ ကေလးငယ္မ်ားအတြက္ ေဆာင္ရန္/ ေရွာင္ရန္မ်ား
ပူျပင္းတဲ့ ေႏြရာသီမွာ ကေလးငယ္မ်ားအတြက္ ေဆာင္ရန္/ ေရွာင္ရန္မ်ား

ပူျပင္းတဲ့ ေႏြရာသီမွာ ကေလးငယ္မ်ားအတြက္ ေဆာင္ရန္/ ေရွာင္ရန္မ်ား

ဒီေႏြ ေန အရမ္းပူလြန္းလွသည္ ။ ေခြၽးတၿပိဳက္ၿပိဳက္ နဲ႔ လူလည္း ေမာဟိုက္ေနေလသည္။ ေမေမတို႔ ကေလးငယ္ေလးေတြ အတြက္ ဒီအပူရာသီတြင္ ခႏၵာကိုယ္မွ ေရဓာတ္ ထိမ္းသိမ္းႏိုင္စြမ္းအား နည္းပါးသည့္ အတြက္ ပိုပီး ဂ႐ုစိုက္ေစခ်င္သည္ ။

အဘယ္ေၾကာင့္ဆိုေသာ္ ကေလးငယ္ေလးမ်ားဟာ ေရဓာတ္ ပိုခန္းေျခာက္ႏိုင္တဲ့ အတြက္ျဖစ္တယ္။

၁။ ကေလးကို ေရဓာတ္ မ်ားမ်ားျဖည့္ေပးပါ

၆ လေအာက္ မိခင္ႏို႔စို႔ေနေသာ ကေလးမ်ား ၆ လေအာက္ မိခင္ႏို႔စို႔ေနေသာ ကေလးမ်ားမွာ ယခင္ကထက္ မိခင္ႏို႔ ခနခန စို႔ႏိုင္ပါတယ္။ ခနခနလဲ တိုက္ေပးဖို႔လိုအပ္ပါတယ္။

ႏို႔တိုက္ေနစဥ္ ကေလးဟာ အရမ္းပူအိုက္တဲ့ အတြက္ ဂ်ီက် ႏိုင္ပါတယ္။ ဘာလို႔လဲဆိုရင္ အရမ္းပူတဲ့အခ်ိန္ ကိုယ္ကိုယ္တိုင္ သူမ်ား အသားနဲ႔ ထိေတြ ဖို႔ အလြန္ခဲယဥ္းတာမို႔ ႏို႔စို႔ကေလးကို skin to skin အေရျပားခ်င္းထိ ႏို႔တိုက္မယ္ဆိုရင္

အဝတ္ပါး သို႔ အႏွီးပါးေလး သူနဲ႔ ကိုယ္ၾကားမွာ ခံေပးပါ ။ ကေလးကို သင့္ေတာ္ရာ အက်ီဝတ္ေပးပါ ။ အႏွီး အထူပါတ္ျခင္း ထုတ္ေနေအာင္ လုံေနေအာင္ ပါတ္ျခင္းေရွာင္ၾကင္ရပါမယ္ ။

Q . ႏို႔စို႔ကေလးေတြ ေရငတ္မွာစိုးလို႔ ေရတိုက္စရာ လိုပါသလား…?

ႏိုစတိုက္တဲ့ အခ်ိန္ အရည္က်ဲက်ဲ FORE MILK ႏို႔ဦးရည္တြင္ ေရဓာတ္ အမ်ားဆုံးပါပီး hind milk ေခၚတဲ့ ေနာက္ပိုင္း ခပ္ ေနာက္ေနာက္ ႏို႔ကေတာ့ ကေလးအတြက္ အသားဓာတ္ ပိုပါလို႔ ဗိုက္ဝေစပါတယ္ ။

ဒီလို ပူျပင္းတဲ့ရာသီမွာ ကေလးဟာ ခနခန စို႔ပီး စို႔ရင္လဲ ႏို႔ဦးပိုင္း အရည္အဆာေျပမို႔ သိပ္ၾကာၾကာ မစို႔တတ္ပါဘူး။ ဒါေၾကာင့္ ေမေမတို႔ စိတ္ပိုရွည္ဖို ႔လိုပါတယ္ ။

ေမေမတို႔ အေနနဲ႔ကလည္း ႏို႔တိုက္ပီးတိုင္း အရည္၊ ေရ မ်ားမ်ားပို ေသာက္ ေပးရပါမယ္။ ကိုယ္ကိုယ္တိုင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိ အဝတ္အစား ဝတ္ပါ။ ေမြးခါစမို႔ ေခါင္းေပါင္းအထူ၊ အက်ီၤ အထူဝတ္ပီး ေခြၽးထုတ္ျခင္း မလုပ္ပါနဲ႔ ။

ေရဓာတ္ခမ္းေျခာက္ အပူမ်ားပီး heat stoke ရတတ္ပါတယ္။ တကိုယ္ရည္ သန္႔ရွင္းေရး ဦးစားေပးပါ။ ပီးရင္ နိ႔တိုက္တဲ့ အခါ ေအးတဲ့ ဖ်ာေလးေပၚျဖစ္ျဖစ္ လွဲတိုက္တာက ခ်ီ တိုက္တာထက္ ဒီရာသီမွာ ပို အဆင္ေျပပါတယ္ ေမေမတို႔ေရ ။.

၆ လ အထက္ ကေလးမ်ား

၆ လအထက္ ကေလးမ်ားကိုေတာ့ အစားေကြၽးခ်ိ္န္ၾကားထဲ အရည္ ေရ ပိုတိုက္ေပးရပါမယ္။ အနဲဆုံး ေရ ၁ လီတာမွ ၁ လီတာခြဲ အထိ ( ေရဖန္ခြက္ ၆ ခြက္စာ ) တိုက္ေပးရပါမယ္။

ကေလးေတြကို ေနေရာင္ တိုက္႐ိုက္ က်တဲ့ ေနရာ မသိပ္ရပါဘူး။ အရိပ္ေကာင္းေကာင္း ေအးတဲ့ အခန္းမွာ သိပ္ပါ။

ပန္ကာ သုံးလို႔ အခန္း ေလ ေအးေအာင္ သုံးလို႔ ရပါတယ္။ ပန္ကာေလကိုေတာ့ ကေလးေပၚ တိုက္႐ိုက္ မက်ပါေစနဲ႔ ေမေမတို႔ေရ ။

ေရဓာတ္ ဆုံးရႈံးမႉ

ဒီလိုရာသီမွာ ကေလးေတြ နဲ႔ ခရီးသြား အစားအစာ ယင္နားစာ ေရွာင္က်ဥ္သင့္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ရလြယ္သလို… ျဖစ္လာခဲ့ရင္လဲ ပိုပီး ေရဓာတ္ ခမ္းေျခာက္တတ္ပါတယ္ ။

ေနာက္သတိထားရမွာက လက္လက္ထေအာင္ ေဆာ့ပီး ေခြၽး ထြက္လြန္းတဲ့ကေလးေတြပါ။ ေနာက္ ကိုယ္အရမ္းပူ ဖ်ားတဲ့ ကေလးေတြ… ဒီလို ကေလးေတြကိုေတာ့ ပိုပီး သတိထားသင့္ပါတယ္ ။

Q ေရဓာတ္ခမ္းေျခာက္ေၾကာင္း ဘယ္လိုသိမလဲ ?

ကေလးဟာ ေခါင္းမူးတယ္၊ ေခါင္းကိုက္တယ္ ေျပာမယ္၊ ဆီး အေရာင္ အဝါရင့္ ျဖစ္လာတယ္၊ ဆီးသြားနဲမယ္၊ Diaper သိပ္မစို၊ မလဲရဘူး၊ ပါးစပ္ လွ်ာေတြ ေျခာက္ေနမယ္… ဒါဆိုရင္ ေမေမ တို႔ ကေလး ေရဓာတ္ ခမ္းေျခာက္ေနပါပီ။ ဓာတ္ဆားရည္၊ ေရ မ်ားမ်ားတိုက္ပါ။

သတိျပဳဖို႔က ready made sugary juice ေတြ၊ ေဖ်္ာရည္ ေတြ၊ မတိုက္ရပါ။ ေရဓာတ္ပို ခမ္းေျခာက္ႏိုင္လို႔ပါ။

၂။ heat stoke ျဖစ္ျခင္း

Heat stoke ျဖစ္မယ့္ လကၡဏာေတြကေတာ့ ဂနာ မၿငိမ္ျဖစ္ ဆီးမသြား၊ သတိလစ္ ၊ တက္ တာ၊ ျဖဴဖတ္ျဖဴေရာ္ျဖစ္မယ္၊ ေရ အရမ္းဆာမယ္၊ ပ်ိဳ႕မယ္ ၊ အန္မယ္ ေခါင္းမူး၊ ေခါင္းကိုက္မယ္ ႂကြက္တတ္မယ္ ေျခဖ်ားလက္ဖ်ားေအးမယ္။

ကိုယ္အပူရွိန္ ျမင့္တတ္ ( ၁၀၅ ‘Fေလာက္ထိ တက္) အသက္ရႉျမန္လာ ျဖစ္တတ္ပါတယ္။ ဒီလိုလကၡဏာရွိရင္ ကေလးကို နီးစပ္ရာ အရိပ္ ေခၚသြားပါ။ အဝတ္ထူရင္ ခြၽတ္ပစ္ပါ။ ေရ အဝတ္ ျဖင့္ကေလးကို တိုက္ေပးပါ။ အသက္အႏၲရာယ္ရွိလို႔ နီးစပ္ရာ ေဆး႐ုံသြားသင့္ေနပါပီ ေမေမတိူ႔ေရ ။

၃။ ကားနဲ႔ ကေလးကို ေခၚသြားရင္ သတိျပဳစရာ

ကေလးကို ရပ္ထားတဲ့ ကားေပၚ ခနေလးျဖစ္ျဖစ္ မထားခဲ့ပါနဲ႔။ ရပ္ထားတဲ့ ကားဟာ ေနေရာင္ေအာက္မွာ ခန အတြင္း အပူရွိန္ ေတာ္ေတာ္ကို ျမင့္တက္လာတတ္လို႔ပါ ။

၄။ ေနာက္ဆုံးမွာခ်င္တာကေတာ့ Skin care နဲ႔ eye care ပါ

ကေလးေတြနဲ႔ သင့္ေလွ်ာ္မယ့္ ပြပြ အျဖဴေရာင္ အဝတ္ ဝတ္ေပးပါ ။ ေနပူထဲသြားရင္ ထီး၊ ဦးထုပ္ ေသခ်ာေဆာင္းေပးပါ။ အျပင္ထြက္ ရင္ SPF 30 ေလာက္ပါတဲ့ ကေလး lotion ေလးေတြ လိမ္းေပးပါ။ ေနကာမ်ကိမွန္ တက္ေပးပါလို႔။

ေနာက္ အပူဖုေခၚ မိတ္၊ အယားဖုေလးေတြ ထြက္တတ္ ပါတယ္။ ျမန္မာ့႐ိုးရာ သနပ္ခါး ( သို႔ ) calamine lotion လိမ္းေပးလို႔ ရပါတယ္။ လက္သည္း ပုံမွန္ညႇပ္ေပးပါ။ လက္သည္းမွ မသန္႔ပါက မိတ္ဖုေလး ကုတ္ရာမွ အနာ ျပည္တည္နာ ျဖစ္တတ္လို႔ပါေနာ္ ။

ေမေမတို႔ေရ ကေလးေတြကို ရာသီဥတု ေႏြပူပူမွာ အပူဒါဏ္ အႏၲရာယ္ကို တတ္ႏိုင္သမွ်ေလး ကာကြယ္ေပးၾကစို႔ေနာ္ Knowledge sharing is a kind of Caring ပါ လို႔ …။

Ps- ဆရာမ ခင္ဗ်ာ အရမ္းပူလြန္းေသာ ဒီရာသီ အတြက္ ကေလးငယ္ေလးမ်ား ေဆာင္ရန္ ေရွာင္ရန္ေလးေတြ ေရးေပးေစလိုပါတယ္ ဟု ေမးျမန္းေသာ ေဖေဖ ေက်းဇူးတင္ပါတယ္

ေမတၱာျဖင့္# ေဒါက္တာခိုင္ဝါ# ကေလးအထူးကုဆရာဝန္

ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ပူပြင်းတဲ့ နွေရာသီမှာ ကလေးငယ်များအတွက် ဆောင်ရန်/ ရှောင်ရန်များ

ဒီနွေ နေ အရမ်းပူလွန်းလှသည် ။ ချွေးတပြိုက်ပြိုက် နဲ့ လူလည်း မောဟိုက်နေလေသည်။ မေမေတို့ ကလေးငယ်လေးတွေ အတွက် ဒီအပူရာသီတွင် ခန္ဒာကိုယ်မှ ရေဓာတ် ထိမ်းသိမ်းနိုင်စွမ်းအား နည်းပါးသည့် အတွက် ပိုပီး ဂရုစိုက်စေချင်သည် ။

အဘယ်ကြောင့်ဆိုသော် ကလေးငယ်လေးများဟာ ရေဓာတ် ပိုခန်းခြောက်နိုင်တဲ့ အတွက်ဖြစ်တယ်။

၁။ ကလေးကို ရေဓာတ် များများဖြည့်ပေးပါ

၆ လအောက် မိခင်နို့စို့နေသော ကလေးများ ၆ လအောက် မိခင်နို့စို့နေသော ကလေးများမှာ ယခင်ကထက် မိခင်နို့ ခနခန စို့နိုင်ပါတယ်။ ခနခနလဲ တိုက်ပေးဖို့လိုအပ်ပါတယ်။

နို့တိုက်နေစဉ် ကလေးဟာ အရမ်းပူအိုက်တဲ့ အတွက် ဂျီကျ နိုင်ပါတယ်။ ဘာလို့လဲဆိုရင် အရမ်းပူတဲ့အချိန် ကိုယ်ကိုယ်တိုင် သူများ အသားနဲ့ ထိတွေ ဖို့ အလွန်ခဲယဉ်းတာမို့ နို့စို့ကလေးကို skin to skin အရေပြားချင်းထိ နို့တိုက်မယ်ဆိုရင်

အဝတ်ပါး သို့ အနှီးပါးလေး သူနဲ့ ကိုယ်ကြားမှာ ခံပေးပါ ။ ကလေးကို သင့်တော်ရာ အကျီဝတ်ပေးပါ ။ အနှီး အထူပါတ်ခြင်း ထုတ်နေအောင် လုံနေအောင် ပါတ်ခြင်းရှောင်ကြင်ရပါမယ် ။

Q . နို့စို့ကလေးတွေ ရေငတ်မှာစိုးလို့ ရေတိုက်စရာ လိုပါသလား…?

နိုစတိုက်တဲ့ အချိန် အရည်ကျဲကျဲ FORE MILK နို့ဦးရည်တွင် ရေဓာတ် အများဆုံးပါပီး hind milk ခေါ်တဲ့ နောက်ပိုင်း ခပ် နောက်နောက် နို့ကတော့ ကလေးအတွက် အသားဓာတ် ပိုပါလို့ ဗိုက်ဝစေပါတယ် ။

ဒီလို ပူပြင်းတဲ့ရာသီမှာ ကလေးဟာ ခနခန စို့ပီး စို့ရင်လဲ နို့ဦးပိုင်း အရည်အဆာပြေမို့ သိပ်ကြာကြာ မစို့တတ်ပါဘူး။ ဒါကြောင့် မေမေတို့ စိတ်ပိုရှည်ဖို့လိုပါတယ် ။

မေမေတို့ အနေနဲ့ကလည်း နို့တိုက်ပီးတိုင်း အရည်၊ ရေ များများပို သောက် ပေးရပါမယ်။ ကိုယ်ကိုယ်တိုင် ချောင်ချောင်ချိချိ အဝတ်အစား ဝတ်ပါ။ မွေးခါစမို့ ခေါင်းပေါင်းအထူ၊ အကျီၤ အထူဝတ်ပီး ချွေးထုတ်ခြင်း မလုပ်ပါနဲ့ ။

ရေဓာတ်ခမ်းခြောက် အပူများပီး heat stoke ရတတ်ပါတယ်။ တကိုယ်ရည် သန့်ရှင်းရေး ဦးစားပေးပါ။ ပီးရင် နိ့တိုက်တဲ့ အခါ အေးတဲ့ ဖျာလေးပေါ်ဖြစ်ဖြစ် လှဲတိုက်တာက ချီ တိုက်တာထက် ဒီရာသီမှာ ပို အဆင်ပြေပါတယ် မေမေတို့ရေ ။.

၆ လ အထက် ကလေးများ

၆ လအထက် ကလေးများကိုတော့ အစားကျွေးချိန်ကြားထဲ အရည် ရေ ပိုတိုက်ပေးရပါမယ်။ အနဲဆုံး ရေ ၁ လီတာမှ ၁ လီတာခွဲ အထိ ( ရေဖန်ခွက် ၆ ခွက်စာ ) တိုက်ပေးရပါမယ်။

ကလေးတွေကို နေရောင် တိုက်ရိုက် ကျတဲ့ နေရာ မသိပ်ရပါဘူး။ အရိပ်ကောင်းကောင်း အေးတဲ့ အခန်းမှာ သိပ်ပါ။

ပန်ကာ သုံးလို့ အခန်း လေ အေးအောင် သုံးလို့ ရပါတယ်။ ပန်ကာလေကိုတော့ ကလေးပေါ် တိုက်ရိုက် မကျပါစေနဲ့ မေမေတို့ရေ ။

ရေဓာတ် ဆုံးရှုံးမှူ

ဒီလိုရာသီမှာ ကလေးတွေ နဲ့ ခရီးသွား အစားအစာ ယင်နားစာ ရှောင်ကျဉ်သင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ရလွယ်သလို… ဖြစ်လာခဲ့ရင်လဲ ပိုပီး ရေဓာတ် ခမ်းခြောက်တတ်ပါတယ် ။

နောက်သတိထားရမှာက လက်လက်ထအောင် ဆော့ပီး ချွေး ထွက်လွန်းတဲ့ကလေးတွေပါ။ နောက် ကိုယ်အရမ်းပူ ဖျားတဲ့ ကလေးတွေ… ဒီလို ကလေးတွေကိုတော့ ပိုပီး သတိထားသင့်ပါတယ် ။

Q ရေဓာတ်ခမ်းခြောက်ကြောင်း ဘယ်လိုသိမလဲ ?

ကလေးဟာ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ် ပြောမယ်၊ ဆီး အရောင် အဝါရင့် ဖြစ်လာတယ်၊ ဆီးသွားနဲမယ်၊ Diaper သိပ်မစို၊ မလဲရဘူး၊ ပါးစပ် လျှာတွေ ခြောက်နေမယ်… ဒါဆိုရင် မေမေ တို့ ကလေး ရေဓာတ် ခမ်းခြောက်နေပါပီ။ ဓာတ်ဆားရည်၊ ရေ များများတိုက်ပါ။

သတိပြုဖို့က ready made sugary juice တွေ၊ ဖျေ်ာရည် တွေ၊ မတိုက်ရပါ။ ရေဓာတ်ပို ခမ်းခြောက်နိုင်လို့ပါ။

၂။ heat stoke ဖြစ်ခြင်း

Heat stoke ဖြစ်မယ့် လက္ခဏာတွေကတော့ ဂနာ မငြိမ်ဖြစ် ဆီးမသွား၊ သတိလစ် ၊ တက် တာ၊ ဖြူဖတ်ဖြူရော်ဖြစ်မယ်၊ ရေ အရမ်းဆာမယ်၊ ပျို့မယ် ၊ အန်မယ် ခေါင်းမူး၊ ခေါင်းကိုက်မယ် ကြွက်တတ်မယ် ခြေဖျားလက်ဖျားအေးမယ်။

ကိုယ်အပူရှိန် မြင့်တတ် ( ၁၀၅ ‘Fလောက်ထိ တက်) အသက်ရှူမြန်လာ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာရှိရင် ကလေးကို နီးစပ်ရာ အရိပ် ခေါ်သွားပါ။ အဝတ်ထူရင် ချွတ်ပစ်ပါ။ ရေ အဝတ် ဖြင့်ကလေးကို တိုက်ပေးပါ။ အသက်အန္တရာယ်ရှိလို့ နီးစပ်ရာ ဆေးရုံသွားသင့်နေပါပီ မေမေတိူ့ရေ ။

၃။ ကားနဲ့ ကလေးကို ခေါ်သွားရင် သတိပြုစရာ

ကလေးကို ရပ်ထားတဲ့ ကားပေါ် ခနလေးဖြစ်ဖြစ် မထားခဲ့ပါနဲ့။ ရပ်ထားတဲ့ ကားဟာ နေရောင်အောက်မှာ ခန အတွင်း အပူရှိန် တော်တော်ကို မြင့်တက်လာတတ်လို့ပါ ။

၄။ နောက်ဆုံးမှာချင်တာကတော့ Skin care နဲ့ eye care ပါ

ကလေးတွေနဲ့ သင့်လျှော်မယ့် ပွပွ အဖြူရောင် အဝတ် ဝတ်ပေးပါ ။ နေပူထဲသွားရင် ထီး၊ ဦးထုပ် သေချာဆောင်းပေးပါ။ အပြင်ထွက် ရင် SPF 30 လောက်ပါတဲ့ ကလေး lotion လေးတွေ လိမ်းပေးပါ။ နေကာမျကိမှန် တက်ပေးပါလို့။

နောက် အပူဖုခေါ် မိတ်၊ အယားဖုလေးတွေ ထွက်တတ် ပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါး ( သို့ ) calamine lotion လိမ်းပေးလို့ ရပါတယ်။ လက်သည်း ပုံမှန်ညှပ်ပေးပါ။ လက်သည်းမှ မသန့်ပါက မိတ်ဖုလေး ကုတ်ရာမှ အနာ ပြည်တည်နာ ဖြစ်တတ်လို့ပါနော် ။

မေမေတို့ရေ ကလေးတွေကို ရာသီဥတု နွေပူပူမှာ အပူဒါဏ် အန္တရာယ်ကို တတ်နိုင်သမျှလေး ကာကွယ်ပေးကြစို့နော် Knowledge sharing is a kind of Caring ပါ လို့ …။

Ps- ဆရာမ ခင်ဗျာ အရမ်းပူလွန်းသော ဒီရာသီ အတွက် ကလေးငယ်လေးများ ဆောင်ရန် ရှောင်ရန်လေးတွေ ရေးပေးစေလိုပါတယ် ဟု မေးမြန်းသော ဖေဖေ ကျေးဇူးတင်ပါတယ်

မေတ္တာဖြင့်# ဒေါက်တာခိုင်ဝါ# ကလေးအထူးကုဆရာဝန်

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*