ဖထီးႀကီးေျပာျပမွ သိလိုက္ရတဲ့ လူႏွင့္ ေျမြ ယဥ္ေက်းမႈ…

ဖထီးႀကီးေျပာျပမွ သိလိုက္ရတဲ့ လူႏွင့္ ေျမြ ယဥ္ေက်းမႈ...
ဖထီးႀကီးေျပာျပမွ သိလိုက္ရတဲ့ လူႏွင့္ ေျမြ ယဥ္ေက်းမႈ...

ဖထီးႀကီးေျပာျပမွ သိလိုက္ရတဲ့ လူႏွင့္ ေျမြ ယဥ္ေက်းမႈ…

စပါးရိပ္ခ်ိန္ဆိုရင္ ေခါင္းျဖတ္ထားတဲ့ ေႁမြေတြကို အေခြလိုက္ထည့္ထားတဲ့လင္ပန္း ကိုယ္စီ႐ြက္ၿပီး ေႁမြလိုက္ေရာင္းတဲ့ မိန္းကေလးေတြကို မနက္ခင္းတိုင္း ေတြ႕ရတတ္တယ္။

ကြၽန္ေတာ္(စာေရးသူ) တို႔ ဖဒိုၿမိဳ႕က ေစ်းထဲမွာ ေႁမြသည္ေတြ အမ်ားႀကီးရွိပါတယ္။ လင္းေႁမြ ၊ ေရေႁမြ ၊ ေႁမြေပြး အစုံပဲ.. ေျမြေပြးဆိုရင္ေတာ့ ေစ်းႀကီးတယ္။

တစ္ေကာင္ကို တစ္ေသာင္းဝန္းက်င္ ေပးရတယ္။ လင္းေႁမြတို႔ ေရေႁမြတို႔က ပိသာခ်ိန္နဲ႔ေရာင္းတာမို႔ ေစ်း သိပ္မႀကီးဘူး..။ ဒါေၾကာင့္ ေႁမြဖမ္းသမားေတြက ေႁမြေပြးကို ဦးစားေပးလိုက္ရွာၿပီး ဖမ္းၾကတယ္။

တစ္ညကို ႏွစ္ေကာင္ပဲရ… ႏွစ္ေသာင္း ေန႔တြက္စီၿပီေလ..။ ကြၽန္ေတာ့္ အိမ္နားမွာ ေႁမြလိုက္ဖမ္းတဲ့
ေႁမြမုဆိုး… ကရင္ဖထီးႀကီးတစ္ေယာက္ ရွိတယ္။ တစ္ေနကုန္ အရက္ေလးေသာက္လိုက္၊ အိပ္လိုက္နဲ႔…။

ညက်မွ ႏွစ္ခြမွိန္းေလးကိုင္၊ ဝါးပလိုင္းေလးလြယ္၊ ဓားမတိုေလး ခါးၾကားထိုးၿပီး ကြမ္းေလးတဖြီဖြီဝါးလို႔ ေႁမြလိုက္ဖမ္းေတာ့တာပဲ။ သူ႔ေျခေထာက္တစ္ဖက္က နည္းနည္းဆာေနေတာ့ လမ္းေလွ်ာက္ရင္ ျမန္ျမန္မေလွ်ာက္ႏိုင္ဘူး။

ဒါေပမဲ့ ည ၃ နာရီေလာက္ဆိုရင္… အိမ္ေရွ႕ကေန ေတာစီးဖိနပ္သံ တဂြက္ဂြက္နဲ႔ သူအိမ္ျပန္လာတဲ့အသံကို ၾကားရတယ္။ ကရင္သီခ်င္းေလး ခပ္တိုးတိုး ဆိုလာၿပီဆိုရင္ေတာ့… က်ိန္းေသတယ္…ေႁမြေပြး ႏွစ္ေကာင္ေလာက္ မိလာၿပီ။

ေျခေထာက္ဆာတာတာနဲ႔ ဒီ အတီးက အင္မတန္ လွ်င္ျမန္တဲ့ ေႁမြဆိုတဲ့ သတၱဝါကို ဘယ္လိုဖမ္းလဲဆိုတာ ကြၽန္ေတာ္ စိတ္ဝင္စားတယ္။

တစ္ေန႔ေတာ့ ကြၽန္ေတာ္ အဲဒီအတီးအိမ္ကို သြားလည္ရင္း သူ႔ကို အင္တာဗ်ဴးတာေပါ့..။”အတီး..အတီးက ေျခေထာက္လည္း မသန္ဘဲနဲ႔ ဒီေလာက္ျမန္တဲ့ ေႁမြေတြကို ဘယ္လိုဖမ္းလဲဗ်..”

ကြၽန္ေတာ့္စကားကို အတီးက ၿပဳံးၿပီး ကြမ္းတစ္ယာ ထုတ္ဝါးလို႔ ျပန္ေျဖပါတယ္။ “ငါက ေျခေထာက္မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ဘူးကြ..။ ဒီေကာင္ေတြက လူေတြ႕ရင္ ထြက္ေျပးေရာ.. ဒါေၾကာင့္ ငါက ေႁမြေပြးပဲ ဖမ္းတယ္..”

“အတီးက ေႁမြေပြးကိုေရာ ဘယ္လိုဖမ္းလဲ..” “ေႁမြေပြးက လူေတြ႕ရင္ ထြက္မေျပးဘူးကြ.. လူကို ရန္မူမယ္ဆိုၿပီး… အသင့္အေနအထားနဲ႔ ၿငိမ္ေနတာ..။ သူက အဆိပ္ျပင္းတယ္ေလ.. ဘယ္သူ႔ကိုမွ ထီမထင္ဘူးကြ..။

လာမထိနဲ႔ ေသသြားမယ္ဆိုတဲ့ မာန္ကအျပည့္..။ အဆိပ္ျပင္းတဲ့ ေႁမြခ်င္းအတူတူ ငန္းေတာ္က်ားက လူေတြ႕ရင္ ေရွာင္သြားေရာ..ေႁမြေပြးကေတာ့ သူ႔ကိုထိရင္ ဆတ္ခနဲ လွမ္းေပါက္တာ.။.

အဲဒီေတာ့ သူ႔ေခါင္းနားကို မွိန္းနဲ႔ အသာေလးကပ္သြားၿပီး ထိလုထိခင္က်မွ မွိန္းႏွစ္ခြနဲ႔ ေခါင္းကို အျမန္ထိုးခ်လိုက္ရင္ ဒီေကာင့္ကို မိတာပဲ..ဟဲဟဲ..။

ေႁမြထဲမွာ အဆိပ္ျပင္းပါတယ္ဆိုတဲ့ေႁမြေပြးက ဖမ္းလို႔အလြယ္ဆုံးကြ..။ ဒီေကာင္က သူ႔ကိုယ္သူ မာန္တက္ေနေတာ့ ငါ့မွိန္းကို ဂ႐ုမစိုက္ဘူး..”

“ေအာ္….” ကြၽန္ေတာ့္ရင္ထဲ အေတြးေတြ တသီႀကီးနဲ႔ ဖထီးအိမ္က ျပန္လာခဲ့တယ္။ အဆိပ္မရွိတဲ့ ေရေႁမြတို႔ လင္းေႁမြတို႔ကမွ အႏၲရာယ္က လြတ္ႏိုင္ေသးတယ္..။

ငါအဆိပ္ျပင္းတာပဲ ဆိုၿပီး မာန္တက္ေနတဲ့ေႁမြေပြးကေတာ့ ေႁမြမုဆိုးလက္မွာ ေသတာပဲ..။ အဆိပ္တည္းဟူေသာ မာန္မာနကို အားကိုးမိၿပီး သူတစ္ပါးကို အထင္ေသးမိတဲ့ ေႁမြေပြးေတြဟာ ေႁမြမုဆိုးအတြက္ ဖမ္းရအလြယ္ဆုံးဆိုပါလား…

ကြၽန္ေတာ္ ဆက္ၿပီး ေတြးမိတယ္.. ကြၽန္ေတာ္တို႔ လူ႔ေဘာင္ လူ႔ပတ္ဝန္းက်င္မွာလည္း လူေႁမြေပြးေတြ အမ်ားအျပား..။ “ဟင္း…ငါ့ကိုလာမထိနဲ႔ေနာ္..ေသသြားမယ္… ငါ့ကို ဘာမွတ္ေနလဲ… ငါလုပ္လိုက္ရ မင္းဘဝပ်က္သြားမယ္..။

ေဟ့ေကာင္ သားႀကီး..ငါနဲ႔ေတာ့ မၿငိေစနဲ႔ေနာ္..” ဆိုတဲ့ အစြယ္တေဖြးေဖြး လူေႁမြေပြးေတြကိုေတြ႕တိုင္း ေျခေထာက္တစ္ဖက္ ဆာေနတဲ့ေႁမြမုဆိုး ကရင္ဖထီးႀကီးကို ေျပးျမင္ၿပီး ကြၽန္ေတာ္ၿပဳံးမိပါတယ္။

ကိုယ့္ကိုယ္ကိုယ္လည္း ျပန္လည္ဆင္ျခင္တယ္။ စီးပြားေရးေလး အဆင္ေျပလာတိုင္း ၊ ေအာင္ျမင္မႈေတြ ရလာတိုင္း ၊ေနာက္ဆုံး…Facebook မွာ ေဖာ္လိုဝါေလး တိုးလာတိုင္း ၊ကိုယ့္ကိုယ္ ခ်ီးက်ဴးသံေတြ ညံလာတိုင္း…

“ငါကြ..”ဆိုတဲ့ မာန္မာနေတြ တရိပ္ရိပ္ တက္လာေနခဲ့ပါလား။ ကိုယ့္ေခါင္းေပၚမွာ ဖထီးႀကီးရဲ႕ ခက္ရင္းႏွစ္ခြ မွိန္းႀကီး လာဝဲေနၿပီဆိုတာ မသိဘဲနဲ႔ ယစ္မူးသာယာေနတဲ့ မာန္မာနအဆိပ္ေတြ ၊မာန္မာန အစြယ္ေတြ…။

ဖထီးႀကီးအိမ္ကေန ျပန္လာၿပီးေနာက္ပိုင္း… ရင္ထဲမွာ အသိဥာဏ္တစ္ခ်ိဳ႕ လင္းလက္လို႔သြားပါေတာ့တယ္။ မာန္တက္မယ္ႀကံတိုင္း ကြမ္းေလးတဖြီဖြီနဲ႔ေျခေထာက္မသန္တဲ့ ဖထီးႀကီးရဲ႕ ပုံရိပ္ကို ျမင္ေယာင္ၿပီး အသိ သတိ ဝင္လာတယ္။

မိတ္ေဆြတို႔ ေခါင္းေပၚမွာေရာ.. ဖထီးႀကီးရဲ႕ မွိန္းႀကီး ေရာက္ေနၿပီလား..ေမာ့ၾကည့္ၾကေစခ်င္ပါတယ္… ..

လူပီသေသာလူ စာအုပ္မွ လူႏွင့္ ေႁမြယဥ္ေက်းမႈCrd

Unicode

ဖထီးကြီးပြောပြမှ သိလိုက်ရတဲ့ လူနှင့် မြွေ ယဉ်ကျေးမှု…

စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့လင်ပန်း ကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းတဲ့ မိန်းကလေးတွေကို မနက်ခင်းတိုင်း တွေ့ရတတ်တယ်။

ကျွန်တော်(စာရေးသူ) တို့ ဖဒိုမြို့က ဈေးထဲမှာ မြွေသည်တွေ အများကြီးရှိပါတယ်။ လင်းမြွေ ၊ ရေမြွေ ၊ မြွေပွေး အစုံပဲ.. မြွေပွေးဆိုရင်တော့ ဈေးကြီးတယ်။

တစ်ကောင်ကို တစ်သောင်းဝန်းကျင် ပေးရတယ်။ လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ရောင်းတာမို့ ဈေး သိပ်မကြီးဘူး..။ ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးကို ဦးစားပေးလိုက်ရှာပြီး ဖမ်းကြတယ်။

တစ်ညကို နှစ်ကောင်ပဲရ… နှစ်သောင်း နေ့တွက်စီပြီလေ..။ ကျွန်တော့် အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့
မြွေမုဆိုး… ကရင်ဖထီးကြီးတစ်ယောက် ရှိတယ်။ တစ်နေကုန် အရက်လေးသောက်လိုက်၊ အိပ်လိုက်နဲ့…။

ညကျမှ နှစ်ခွမှိန်းလေးကိုင်၊ ဝါးပလိုင်းလေးလွယ်၊ ဓားမတိုလေး ခါးကြားထိုးပြီး ကွမ်းလေးတဖွီဖွီဝါးလို့ မြွေလိုက်ဖမ်းတော့တာပဲ။ သူ့ခြေထောက်တစ်ဖက်က နည်းနည်းဆာနေတော့ လမ်းလျှောက်ရင် မြန်မြန်မလျှောက်နိုင်ဘူး။

ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင်… အိမ်ရှေ့ကနေ တောစီးဖိနပ်သံ တဂွက်ဂွက်နဲ့ သူအိမ်ပြန်လာတဲ့အသံကို ကြားရတယ်။ ကရင်သီချင်းလေး ခပ်တိုးတိုး ဆိုလာပြီဆိုရင်တော့… ကျိန်းသေတယ်…မြွေပွေး နှစ်ကောင်လောက် မိလာပြီ။

ခြေထောက်ဆာတာတာနဲ့ ဒီ အတီးက အင်မတန် လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တဝါကို ဘယ်လိုဖမ်းလဲဆိုတာ ကျွန်တော် စိတ်ဝင်စားတယ်။

တစ်နေ့တော့ ကျွန်တော် အဲဒီအတီးအိမ်ကို သွားလည်ရင်း သူ့ကို အင်တာဗျူးတာပေါ့..။”အတီး..အတီးက ခြေထောက်လည်း မသန်ဘဲနဲ့ ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ..”

ကျွန်တော့်စကားကို အတီးက ပြုံးပြီး ကွမ်းတစ်ယာ ထုတ်ဝါးလို့ ပြန်ဖြေပါတယ်။ “ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူးကွ..။ ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးရော.. ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်..”

“အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ..” “မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ.. လူကို ရန်မူမယ်ဆိုပြီး… အသင့်အနေအထားနဲ့ ငြိမ်နေတာ..။ သူက အဆိပ်ပြင်းတယ်လေ.. ဘယ်သူ့ကိုမှ ထီမထင်ဘူးကွ..။

လာမထိနဲ့ သေသွားမယ်ဆိုတဲ့ မာန်ကအပြည့်..။ အဆိပ်ပြင်းတဲ့ မြွေချင်းအတူတူ ငန်းတော်ကျားက လူတွေ့ရင် ရှောင်သွားရော..မြွေပွေးကတော့ သူ့ကိုထိရင် ဆတ်ခနဲ လှမ်းပေါက်တာ.။.

အဲဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး ထိလုထိခင်ကျမှ မှိန်းနှစ်ခွနဲ့ ခေါင်းကို အမြန်ထိုးချလိုက်ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ..။

မြွေထဲမှာ အဆိပ်ပြင်းပါတယ်ဆိုတဲ့မြွေပွေးက ဖမ်းလို့အလွယ်ဆုံးကွ..။ ဒီကောင်က သူ့ကိုယ်သူ မာန်တက်နေတော့ ငါ့မှိန်းကို ဂရုမစိုက်ဘူး..”

“အော်….” ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့ ဖထီးအိမ်က ပြန်လာခဲ့တယ်။ အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ အန္တရာယ်က လွတ်နိုင်သေးတယ်..။

ငါအဆိပ်ပြင်းတာပဲ ဆိုပြီး မာန်တက်နေတဲ့မြွေပွေးကတော့ မြွေမုဆိုးလက်မှာ သေတာပဲ..။ အဆိပ်တည်းဟူသော မာန်မာနကို အားကိုးမိပြီး သူတစ်ပါးကို အထင်သေးမိတဲ့ မြွေပွေးတွေဟာ မြွေမုဆိုးအတွက် ဖမ်းရအလွယ်ဆုံးဆိုပါလား…

ကျွန်တော် ဆက်ပြီး တွေးမိတယ်.. ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း လူမြွေပွေးတွေ အများအပြား..။ “ဟင်း…ငါ့ကိုလာမထိနဲ့နော်..သေသွားမယ်… ငါ့ကို ဘာမှတ်နေလဲ… ငါလုပ်လိုက်ရ မင်းဘဝပျက်သွားမယ်..။

ဟေ့ကောင် သားကြီး..ငါနဲ့တော့ မငြိစေနဲ့နော်..” ဆိုတဲ့ အစွယ်တဖွေးဖွေး လူမြွေပွေးတွေကိုတွေ့တိုင်း ခြေထောက်တစ်ဖက် ဆာနေတဲ့မြွေမုဆိုး ကရင်ဖထီးကြီးကို ပြေးမြင်ပြီး ကျွန်တော်ပြုံးမိပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆင်ခြင်တယ်။ စီးပွားရေးလေး အဆင်ပြေလာတိုင်း ၊ အောင်မြင်မှုတွေ ရလာတိုင်း ၊နောက်ဆုံး…Facebook မှာ ဖော်လိုဝါလေး တိုးလာတိုင်း ၊ကိုယ့်ကိုယ် ချီးကျူးသံတွေ ညံလာတိုင်း…

“ငါကွ..”ဆိုတဲ့ မာန်မာနတွေ တရိပ်ရိပ် တက်လာနေခဲ့ပါလား။ ကိုယ့်ခေါင်းပေါ်မှာ ဖထီးကြီးရဲ့ ခက်ရင်းနှစ်ခွ မှိန်းကြီး လာဝဲနေပြီဆိုတာ မသိဘဲနဲ့ ယစ်မူးသာယာနေတဲ့ မာန်မာနအဆိပ်တွေ ၊မာန်မာန အစွယ်တွေ…။

ဖထီးကြီးအိမ်ကနေ ပြန်လာပြီးနောက်ပိုင်း… ရင်ထဲမှာ အသိဉာဏ်တစ်ချို့ လင်းလက်လို့သွားပါတော့တယ်။ မာန်တက်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့ခြေထောက်မသန်တဲ့ ဖထီးကြီးရဲ့ ပုံရိပ်ကို မြင်ယောင်ပြီး အသိ သတိ ဝင်လာတယ်။

မိတ်ဆွေတို့ ခေါင်းပေါ်မှာရော.. ဖထီးကြီးရဲ့ မှိန်းကြီး ရောက်နေပြီလား..မော့ကြည့်ကြစေချင်ပါတယ်… ..

လူပီသသောလူ စာအုပ်မှ လူနှင့် မြွေယဉ်ကျေးမှုCrd

Be the first to comment

Leave a Reply

Your email address will not be published.


*