အပူလွ်ပ္ျခင္းအေၾကာင္းႏွင့္ ကာကြယ္ကုသႏိုင္ေသာ နည္လမ္းမ်ား…(ျပန္လည္မွ်ေ၀ေပးလိုက္ပါသည္။)

အပူလွ်ပ္ျခင္းအေၾကာင္းႏွင့္ ကာကြယ္ကုသႏိုင္ေသာ နည္လမ္းမ်ား...(ျပန္လည္မွ်ေ၀ေပးလိုက္ပါသည္။)
အပူလွ်ပ္ျခင္းအေၾကာင္းႏွင့္ ကာကြယ္ကုသႏိုင္ေသာ နည္လမ္းမ်ား...(ျပန္လည္မွ်ေ၀ေပးလိုက္ပါသည္။)

အပူလွ်ပ္ျခင္းအေၾကာင္းႏွင့္ ကာကြယ္ကုသႏိုင္ေသာ နည္လမ္းမ်ား…(ျပန္လည္မွ်ေ၀ေပးလိုက္ပါသည္။)

အပူလွ်ပ္တယ္ဆိုရင္… ျမန္မာႏိုင္ငံမွာ လူအမ်ားစုက ေနပူထဲကျပန္လာၿပီး ႐ုတ္တရက္ ေရခ်ိဳးလိုက္တာတို႔ ၊မ်က္ႏွာသစ္လိုက္တာတို႔ေၾကာင့္လို႔ ထင္ေနၾကတယ္။႐ုတ္တရက္ သတိလစ္အသက္ရႉရပ္သြားတယ္ေပါ့။

တကယ္တမ္းေတာ့ အဲ့ဒါဟာ အပူလွ်ပ္တယ္ဆိုတဲ့ အထဲက အလြန္ရွားပါးေသာ ျဖစ္ရပ္သာျဖစ္တယ္။ပူရာကေန ႐ုတ္တရက္ ေအးသြားတာေၾကာင့္ အေရျပားရွိေသြးေၾကာေတြရဲ႕ တုန႔္ျပန္မႈ ကေမာက္ကမ ျဖစ္သြားလို႔

ႏွလုံးခုန္ရပ္သြားတာသာ ျဖစ္တယ္။ မၾကာဘူး စကၠန႔္ ပိုင္းအတြင္း ေသႏိုင္ပါတယ္။ သိနားလည္သူရွိလို႔ အသက္ကယ္မယ္ဆိုရင္ ခ်က္ခ်င္း ျမန္ျမန္ႏွလုံးခုန္ေအာင္ ျပန္လုပ္ႏိုင္ရင္ အသက္ရွင္မွာပါပဲ။

အဂၤလိပ္လို Vagal Inhibition လို႔ ေခၚပါတယ္။ တကယ့္ Heat stroke အပူလွ်ပ္ျခင္း အစစ္ကေတာ့ ဒီလို မသက္သာပါဘူး။ ေဆး႐ုံမွာ အၾကာႀကီးခံရၿပီးမွ ေသဆုံးရတတ္တာမ်ိဳးျဖစ္ပါတယ္။ အပူလွ်ပ္ျခင္း အစစ္ကေတာ့

ေရဓာတ္နဲ႔ ဓာတ္ဆားဓာတ္ ( အဖန္ဓာတ္ ၊ အငံဓာတ္) ေတြ ဆုံးရႈံးၿပီး မမွ်တလို႔ ျဖစ္ရတာပါ။ေႏြရာသီလို ပူတဲ့အခါ ပူတဲ့လုပ္ငန္း လုပ္ရတဲ့အခါ ေခြၽးေတြအရမ္းထြက္ပါတယ္ ဆားေတြပါ

ပါသြားပါတယ္။ ဆားေတြ မ်ားမ်ားပါသြားေလေလေရက မငတ္ေတာ့ေလေလ ပါပဲ။ ေရက မေသာက္မိဘူး။ ပိုပို ဆိုးလာေတာ့ တာေပါ့။အစပိုင္းမွာ ခႏၶာကိုယ္က ျပန္ထိန္းေပးပါတယ္။ ဘယ္လို ထိန္းသလဲဆိုေတာ့…

ဆီးသိပ္မသြားဘူး။ ဆီးအေနနဲ႔ထြက္ရမယ့္ ေရဓာတ္ကို ျပန္သိမ္းတယ္။ ဒီေတာ့ ဆီးအေရာင္ ရင့္လာ ပါတယ္။ ဒါ့ေၾကာင့္ ပူတဲ့အခါ ေရဆာဆာ မဆာဆာ ဆီးအေရာင္ရင့္ေနရင္ ေရမ်ားမ်ား ေသာက္ရမယ္လို႔ ပညာရွင္ေတြက လမ္းၫႊန္ပါတယ္။

ဒီလိုနဲ႔ ေရက မေသာက္မိေတာ့ေခြၽးေတြ အလြန္ထြက္ၿပီး ‎ေရနဲ႔ဆားေတြ ဆုံးရႈံးရေတာ့… လူဟာ အရမ္း ႏြမ္းနယ္လာပါေတာ့တယ္။ အခုထိ ေခြၽးကေတာ့ ထြက္ၿမဲပါပဲ။ ‎ဒါကို Heat Exhaustion လို႔ ေခၚပါတယ္။‎ အပူလြန္၍ ပင္ပန္းျခင္း ေပါ့။ ဒီအခ်ိန္မွာမွ

ေရနဲ႔ဆား ျပန္ျဖည့္တဲ့ ဓာတ္ဆားရည္ ေသာက္တာမ်ိဳး၊ ဓာတ္ဆားဓာတ္ ျပည့္ေစတဲ့ အခ်ိဳရည္ေတြ ေသာက္တာမ်ိဳး မလုပ္ဘူးဆိုရင္ေတာ့ ခႏၶာကိုယ္က ေခြၽးေတာင္ မထြက္ႏိုင္ေတာ့ပါဘူး။ သူ႔ ၾကည့္လိုက္ရင္ ေျခာက္ေျခာက္ကပ္ကပ္ ပင္ပင္ပန္းပန္းနဲ႔

အသားကိုကိုင္ၾကည့္ရင္ မီးခဲလို ပူတယ္… ေခြၽးက နည္းနည္းမွ မရွိဘူး။ ဒါဆိုရင္ေတာ့ Heat stroke အပူလွ်ပ္သြားပါၿပီ။ ေဆး႐ုံ ျမန္ျမန္ေျပးပါ…(တခ်ိဳ႕ကေတာ့ Heat exhaustion အဆင့္မွာကတည္းက ေဆး႐ုံ သြားျပခိုင္းတယ္)

ေဆး႐ုံနဲ႔ ေဝးရင္ ဒါမွမဟုတ္ ေဆး႐ုံမေရာက္ခင္ ဘာလုပ္ရမွာလဲဆိုေတာ့ အပူက်ေအာင္ လုပ္ရပါမယ္။ အဓိကမွတ္ထားရမွာက အဖ်ားက်တဲ့ Paracetamol လို ေဆးမ်ိဳး ေပးဖို႔ မသင့္ပါဘူး။ Organ Failure အတြင္း အဂၤါပ်က္စီးမႈ ပိုဆိုးေစလို႔လို႔ ဆိုပါတယ္။

ေရနဲ႔ဆား အရင္ျဖည့္ဖို႔ ဓာတ္ဆားရည္ အမ်ားႀကီး တိုက္ရပါမယ္။ သီးစုံဓာတ္ဆား မတိုက္သင့္ပါ။ Shark၊ကြၽဲ႐ိုင္း၊ ေကာ္ဖီ၊ အရက္၊ burn၊ speed ၊ M150၊ Lippo အစရွိတဲ့ လူကို လန္းဆန္းေစတဲ့ Stimulating Fluid ေတြ လုံးဝ မေသာက္သင့္ပါဘူး။ အပူလွ်ပ္ျခင္းကို ပိုမို လြယ္ကူေစလို႔ပါ။

လူနာက သတိ မေကာင္းေတာ့ဘူးဆိုရင္ေတာ့ ေရခဲေသတၱာထဲ အေအးခံထားတဲ့ အငံ ပုလင္း NS ကို ေသြးေၾကာကေန ျမန္ျမန္ ခ်ိတ္သြင္းရပါမယ္။ Rapid Cool NS infusion ။ အရင္ဆုံး အဝတ္ေတြ အကုန္ ခြၽတ္သင့္ပါတယ္။

Air con ခန္းထဲ ေခၚရပါမယ္။ Air con ကို Dehumifying mode or Dry mode မွာ ထားၿပီး ဖြင့္ရင္ ပိုေကာင္းပါတယ္။ ေရေအးေအးနဲ႔ ေလာင္းခ် ေပးရပါမယ္။ေရေႏြးေႏြးေလးကို ေရေအးငါးခါေလာင္းၿပီးတိုင္း တစ္ခါေလာင္းေပးရပါမယ္။ ေသြးေၾကာေတြ ပြင့္က်ယ္လာေအာင္ ျဖစ္ပါတယ္။

တစ္ခုထူးျခားတာက အပူလွ်ပ္ျခင္း ျဖစ္သြားရင္ေတာ့ ေဆး႐ုံမွာ ကုသေပမယ့္လည္း ၁၀၀မွာ ၂၀ေယာက္ေလာက္က ေသတာပါပဲတဲ့။ဒီေတာ့ ႀကိဳတင္ကာကြယ္ျခင္းဟာ မရွိမျဖစ္ လိုအပ္တယ္။ ကာကြယ္တာလည္း မခက္ဘူး… ဓာတ္ဆားရည္ကို ကိုယ့္အလုပ္ေပၚ မူတည္ၿပီး ေသာက္ေပးေန႐ုံပါပဲ။

ေသြးတိုးသမားေတြကေတာ့ ေရပဲ အဓိကေသာက္႐ုံ။ အဝတ္ကို ေခ်ာင္ေခ်ာင္ ပါးပါးဝတ္ရမွာျဖစ္ပါတယ္။ အရမ္းလည္း အပင္ပန္းမခံဖို႔ လိုပါေသးတယ္။ ဒီလိုဆိုရင္ အပူလွ်ပ္ဖို႔ မေၾကာက္ရေတာ့ပါဘူး။

အေရးႀကီးသည့္အခ်က္…

ယခုလို ေႏြကာလ အပူႀကီးခ်ိန္တြင္ ဖ်ားတဲ့သူေတြကို ေစာင္မၿခဳံဖို႔ အေႏြးထည္ အထူမဝတ္ဖို႔နဲ႔ ေရဖတ္ ခဏခဏတိုက္ေပးဖို႔ (နဖူးအျပင္ ပိုအေရးပါသည့္ ဂုတ္၊ ေပါင္ၿခံ၊ ဒူးေခါက္ေကြး ၊ခ်ိဳင္းၾကားတို႔၌ တိုက္ရန္၊ ေလသလပ္ဖို႔ ယက္ခပ္ရန္) အထူးလိုအပ္ပါတယ္

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

အပူလျှပ်ခြင်းအကြောင်းနှင့် ကာကွယ်ကုသနိုင်သော နည်လမ်းများ…(ပြန်လည်မျှဝေပေးလိုက်ပါသည်။)

အပူလျှပ်တယ်ဆိုရင်… မြန်မာနိုင်ငံမှာ လူအများစုက နေပူထဲကပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ်လိုက်တာတို့ကြောင့်လို့ ထင်နေကြတယ်။ရုတ်တရက် သတိလစ်အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ အပူလျှပ်တယ်ဆိုတဲ့ အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမ ဖြစ်သွားလို့

နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။ သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန်နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။

အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။ တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။ ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။ အပူလျှပ်ခြင်း အစစ်ကတော့

ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။နွေရာသီလို ပူတဲ့အခါ ပူတဲ့လုပ်ငန်း လုပ်ရတဲ့အခါ ချွေးတွေအရမ်းထွက်ပါတယ် ဆားတွေပါ

ပါသွားပါတယ်။ ဆားတွေ များများပါသွားလေလေရေက မငတ်တော့လေလေ ပါပဲ။ ရေက မသောက်မိဘူး။ ပိုပို ဆိုးလာတော့ တာပေါ့။အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။ ဘယ်လို ထိန်းသလဲဆိုတော့…

ဆီးသိပ်မသွားဘူး။ ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။ ဒီတော့ ဆီးအရောင် ရင့်လာ ပါတယ်။ ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ ဆီးအရောင်ရင့်နေရင် ရေများများ သောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့ချွေးတွေ အလွန်ထွက်ပြီး ‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့… လူဟာ အရမ်း နွမ်းနယ်လာပါတော့တယ်။ အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။ ‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။‎ အပူလွန်၍ ပင်ပန်းခြင်း ပေါ့။ ဒီအချိန်မှာမှ

ရေနဲ့ဆား ပြန်ဖြည့်တဲ့ ဓာတ်ဆားရည် သောက်တာမျိုး၊ ဓာတ်ဆားဓာတ် ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။ သူ့ ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့

အသားကိုကိုင်ကြည့်ရင် မီးခဲလို ပူတယ်… ချွေးက နည်းနည်းမှ မရှိဘူး။ ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီ။ ဆေးရုံ မြန်မြန်ပြေးပါ…(တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ ဝေးရင် ဒါမှမဟုတ် ဆေးရုံမရောက်ခင် ဘာလုပ်ရမှာလဲဆိုတော့ အပူကျအောင် လုပ်ရပါမယ်။ အဓိကမှတ်ထားရမှာက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့ မသင့်ပါဘူး။ Organ Failure အတွင်း အင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီး တိုက်ရပါမယ်။ သီးစုံဓာတ်ဆား မတိုက်သင့်ပါ။ Shark၊ကျွဲရိုင်း၊ ကော်ဖီ၊ အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး။ အပူလျှပ်ခြင်းကို ပိုမို လွယ်ကူစေလို့ပါ။

လူနာက သတိ မကောင်းတော့ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန် ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။ အရင်ဆုံး အဝတ်တွေ အကုန် ချွတ်သင့်ပါတယ်။

Air con ခန်းထဲ ခေါ်ရပါမယ်။ Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။ ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။ရေနွေးနွေးလေးကို ရေအေးငါးခါလောင်းပြီးတိုင်း တစ်ခါလောင်းပေးရပါမယ်။ သွေးကြောတွေ ပွင့်ကျယ်လာအောင် ဖြစ်ပါတယ်။

တစ်ခုထူးခြားတာက အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း ၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ် လိုအပ်တယ်။ ကာကွယ်တာလည်း မခက်ဘူး… ဓာတ်ဆားရည်ကို ကိုယ့်အလုပ်ပေါ် မူတည်ပြီး သောက်ပေးနေရုံပါပဲ။

သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။ အဝတ်ကို ချောင်ချောင် ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့ လိုပါသေးတယ်။ ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

အရေးကြီးသည့်အချက်…

ယခုလို နွေကာလ အပူကြီးချိန်တွင် ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည် အထူမဝတ်ဖို့နဲ့ ရေဖတ် ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ ပေါင်ခြံ၊ ဒူးခေါက်ကွေး ၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*