အလွအပနဲ႕ ပက္သတ္ျပီး လူသိနည္းေနေသးတဲ့ Vaseline ရဲ႕ လွ်ိဳ႕ဝွက္ခ်က္

အလွအပနဲ႕ ပက္သတ္ျပီး လူသိနည္းေနေသးတဲ့ Vaseline ရဲ႕ လွ်ိဳ႕ဝွက္ခ်က္
အလွအပနဲ႕ ပက္သတ္ျပီး လူသိနည္းေနေသးတဲ့ Vaseline ရဲ႕ လွ်ိဳ႕ဝွက္ခ်က္

အလွအပနဲ႕ ပက္သတ္ျပီး လူသိနည္းေနေသးတဲ့ Vaseline ရဲ႕ လွ်ိဳ႕ဝွက္ခ်က္

ခုေခတ္မွာ အလွအပနဲ႔ က်န္းမာေရး ဗဟုသုတေတြ တြင္က်ယ္လာၿပီဆိုေတာ့ Vaseline လို႔ေခၚတဲ့ petroleum gel ( ေရနံ အဆီ ) နဲ႔ မစိမ္းေလာက္ဘူး ထင္ပါတယ္ .. Vaseline ရဲ႕ပုံမွန္သိေနက်ေတြ အျပင္

လူသိနည္းေသးတဲ့ အလွပေရးရာအတြက္ ဘက္စုံအသုံးဝင္မဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးပါရေစေနာ္..

Vaselineနဲ႔ မိတ္ကပ္ဖ်က္က်မယ္

Vaseline က မိတ္ကပ္ဖ်က္ဖို႔ ထုတ္လုပ္ထားတဲ့ Balm ေတြနဲ႔ သေဘာတရာခ်င္းတူညီတာေၾကာင့္ သူ႔ကို အသုံးျပဳၿပီး မိတ္ကပ္ဖ်က္လို႔ ရပါတယ္။ Vaseline လက္တစ္ဆစ္စာကို

မ်က္ႏွာအႏွံ႔ အေပၚကိုပင့္တင္တဲ့ စက္ဝိုင္းပုံစံ ႏွိပ္နယ္ရင္း လိမ္းေပးမယ္ဆိုရင္ အေပၚယံမိတ္ကပ္ေတြတင္ မဟုတ္ဘဲ ေခြၽးေပၚက္ထဲက မိတ္ကပ္ေတြပါေပ်ာ္ဝင္ၿပီးထြက္လာတာ ေတြ႕ရမွာပါ။ ၿပီးရင္ wet tissue ေလးနဲ႔သုတ္ၿပီး ပုံမွန္အတိုင္း မ်က္ႏွာသစ္ဆပ္ျပာ ( facial foam ) နဲ႔သစ္လိုက္႐ုံပါပဲ။

ဖ်က္ရခက္တဲ့ ေရစိုေခြၽးစိုခံ water proof/ sweat proof eye makeup ေတြကိုပါ သန႔္စင္ေစႏိုင္ပါတယ္။ Vaseline ကို

မ်က္လုံး မ်က္ေတာင္ တစ္ဝိုက္ ညင္ညင္သာသာ ပြတ္လိမ္းေပးမယ္ဆိုရင္ ဖ်က္ရခက္တဲ့ eye makeup ေတြပါ သန႔္စင္သြားမွာပါ..။

ေရေမႊးေလးေတြ တာရွည္ ခံေအာင္

ေရေမႊး မစြတ္ခင္ ေသြးခုန္ႏႈန္းမိတဲ့ လက္ဖ်ံ လည္ပင္းအရင္း၊ ရင္ဘတ္လို ေနရာမ်ိဳးမွာ Vaseline gel အနည္းငယ္ ကို အရင္လိမ္းပါ။ ၿပီးမွ အဲ့အေပၚမွာ ေရေမႊးစြတ္ပါ။ ပုံမွန္ထက္ အနံ႔တာရွည္ခံတာကို ေတြ႕ရမွာပါရွင္။

ေျခာက္ေသြ႕ကြဲအက္ အဖက္လန္ေနတဲ့ ႏႈတ္ခမ္းေလးေတြ အတြက္

ႏွင္းဆီဖူး ႏႈတ္ခမ္းေလးေတြ ျဖစ္ဖို႔ Vaseline ကိုပဲ အားကိုးပါလို႔ ေျပာရမလို ပါပဲ။ ေျခာက္ေသြ႕ကြဲအက္ေနတဲ့ ႏႈတ္ခမ္းေလးေတြကို ညတိုင္း Vaseline ေလးလိမ္းေပးျခင္းျဖင့္ ႏူးညံ့လွပတဲ့

ႏႈတ္ခမ္းေလးကို ရရွိမွာပါ။ Matte type ႏႈတ္ခမ္းနီ ႀကိဳက္တဲ့ မမေတြလဲ ႏႈတ္ခမ္းအဖတ္လန္ျခင္းမွ ကင္းေဝးေအာင္ ႏႈတ္ခမ္းနီမဆိုးခင္တိုင္း Vaseline ေလး အရင္ လိမ္းေပးၾကပါလို႔..။

ေျခသည္း လက္သည္းေလးေတြနဲ႔ လက္သည္းပန္းကုံးေလးေတြ အတြက္

ႂကြတ္ဆတ္က်ိဳးပဲ့ လြယ္တဲ့ လက္သည္း ေျခသည္းေတြေၾကာင့္ သိတ္ညစ္ေနရတဲ့မမေတြေရ Vaseline ေလးကိုသာ လက္သည္းေပၚမွာ ညတိုင္း လိမ္းပါလို႔။

သိသိသာသာ လက္သည္းေျခသည္း က်န္းမာေရး ေကာင္းလာတာေတြ႕ရမွာပါ။ လက္သည္းပန္းကုံးေလးေတြ အသားမာ တက္တာေတြ အတြက္လည္း Vaseline ကို လိမ္းဖို႔ တိုက္တြန္းပါရေစေနာ္။

ဆံသားႏွစ္ခြျဖစ္တာေတြ အတြက္

ေခါင္းမေလွ်ာ္ခင္ညမွာ Vaseline ေလးကို ဆံသား အဖ်ားေလးေတြမွာ လိမ္းေပးျခင္းအားျဖင့္ ဆံသားႏွစ္ခြျဖစ္တာ weight မရွိတာ ေျခာက္ေသြ႕ေနတာေတြ သိသိသာသာ သက္သာလာမွာပါရွင္။

မ်က္ခုံး မ်က္ေတာင္ေတြ အတြက္

ဂြမ္းတံေလးနဲ ႔ပဲျဖစ္ျဖစ္ မ်က္ေတာင္ေကာ့တံ အသန႔္ေလးနဲ႔ ပဲျဖစ္ျဖစ္ ညမအိပ္ခင္တိုင္း Vaseline ေလးနဲ႔ မ်က္ခုံးနဲ႔

မ်က္တာင္ေလးေတြကို ေကာ့ေပးပါေနာ္။ မနက္ မိုးလင္းလာရင္ ပိုေကာ့ပိုရွည္ၿပီး ပို Dimension က်ၿပီး ပိုက်န္းမာတဲ့ မ်က္ခုံးမ်က္ေတာင္အလွကို ပိုင္ဆိုင္ေနမွာပါ။

အစိုဓာတ္ ျဖည့္ၾကမယ္

အသား အရမ္းေျခာက္တဲ့သူေတြ ဘာလိမ္းလိမ္း အသားေရ ေျခာက္ၿမဲေျခာက္ေနတဲ့သူေတြ အတြက္ ပုံမွန္လိမ္းေနက်

မ်က္ႏွာအသားေရထိန္းသိမ္းတဲ့ skincare ေတြ cream ေတြထဲကို လက္သည္းခြံစာ ပမာဏ Vaseline ေလးေရာထည့္ၿပီး လိမ္းၾကည့္ပါလို႔။ သိသိသာသာ အသားေရေျခာက္တာ သက္သာလာမွာပါ။

Glow makeup look အတြက္

လိမ္းေနက် foundation နဲ႔ Vaseline အနည္းငယ္ကို ေရာၿပီး လိမ္းတာပဲျဖစ္ျဖစ္၊ ကိုယ္လိမ္းေနက် အတိုင္း foundation, makeup , BB cream ေပၚကပဲ ျဖစ္ျဖစ္ Vaseline အနည္းငယ္ကို

လက္ထိပ္ေလးနဲ႔ ပါး႐ိုး ႏွာေခါင္း႐ိုး နဖူးတို႔မွာ အသာယာ တို႔ထိေပးျခင္းျဖင့္ က်န္းမာလွပတဲ့ Glow makeup look ေလးရရွိမွာပါေနာ္။

Festival Makeup အတြက္

Festival ေတြမွာ သူမ်ားေတြ မိတ္ကပ္ျခယ္သသလို Bling Bling ေလးေတြျခယ္သခ်င္တဲ့ သူေတြအတြက္ ကိုယ္ Bling Bling ခ်င္တဲ့ေနရာမွာ Vaseline ကို အရင္လိမ္းပါ။ ၿပီးမွ အေပၚက အလက္လက္ အမႈန႔္ေလးေတြကို ျဖဴးေပးပါေနာ္..

ကဲ ဒါဆိုရင္ Vaseline ရဲ႕ မီးေလာင္ဒဏ္ရာေတြမွာ သုံးတာေတြအျပင္ အလွပေရးရာမွာပါ ဘက္စုံသုံးလို ႔ရ တာ သိသြားၿပီ ဆိုေတာ့ Vaseline တစ္ဘူးေလာက္ အျမန္ေျပးဝယ္ထားလိုက္ေတာ့ေနာ္..

Credit:Scarlette ( ေဆး၁ )

Unicode

အလှအပနဲ့ ပက်သတ်ပြီး လူသိနည်းနေသေးတဲ့ Vaseline ရဲ့ လျှို့ဝှက်ချက်

ခုခေတ်မှာ အလှအပနဲ့ ကျန်းမာရေး ဗဟုသုတတွေ တွင်ကျယ်လာပြီဆိုတော့ Vaseline လို့ခေါ်တဲ့ petroleum gel ( ရေနံ အဆီ ) နဲ့ မစိမ်းလောက်ဘူး ထင်ပါတယ် .. Vaseline ရဲ့ပုံမှန်သိနေကျတွေ အပြင်

လူသိနည်းသေးတဲ့ အလှပရေးရာအတွက် ဘက်စုံအသုံးဝင်မဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးပါရစေနော်..

Vaselineနဲ့ မိတ်ကပ်ဖျက်ကျမယ်

Vaseline က မိတ်ကပ်ဖျက်ဖို့ ထုတ်လုပ်ထားတဲ့ Balm တွေနဲ့ သဘောတရာချင်းတူညီတာကြောင့် သူ့ကို အသုံးပြုပြီး မိတ်ကပ်ဖျက်လို့ ရပါတယ်။ Vaseline လက်တစ်ဆစ်စာကို

မျက်နှာအနှံ့ အပေါ်ကိုပင့်တင်တဲ့ စက်ဝိုင်းပုံစံ နှိပ်နယ်ရင်း လိမ်းပေးမယ်ဆိုရင် အပေါ်ယံမိတ်ကပ်တွေတင် မဟုတ်ဘဲ ချွေးပေါ်က်ထဲက မိတ်ကပ်တွေပါပျော်ဝင်ပြီးထွက်လာတာ တွေ့ရမှာပါ။ ပြီးရင် wet tissue လေးနဲ့သုတ်ပြီး ပုံမှန်အတိုင်း မျက်နှာသစ်ဆပ်ပြာ ( facial foam ) နဲ့သစ်လိုက်ရုံပါပဲ။

ဖျက်ရခက်တဲ့ ရေစိုချွေးစိုခံ water proof/ sweat proof eye makeup တွေကိုပါ သန့်စင်စေနိုင်ပါတယ်။ Vaseline ကို

မျက်လုံး မျက်တောင် တစ်ဝိုက် ညင်ညင်သာသာ ပွတ်လိမ်းပေးမယ်ဆိုရင် ဖျက်ရခက်တဲ့ eye makeup တွေပါ သန့်စင်သွားမှာပါ..။

ရေမွှေးလေးတွေ တာရှည် ခံအောင်

ရေမွှေး မစွတ်ခင် သွေးခုန်နှုန်းမိတဲ့ လက်ဖျံ လည်ပင်းအရင်း၊ ရင်ဘတ်လို နေရာမျိုးမှာ Vaseline gel အနည်းငယ် ကို အရင်လိမ်းပါ။ ပြီးမှ အဲ့အပေါ်မှာ ရေမွှေးစွတ်ပါ။ ပုံမှန်ထက် အနံ့တာရှည်ခံတာကို တွေ့ရမှာပါရှင်။

ခြောက်သွေ့ကွဲအက် အဖက်လန်နေတဲ့ နှုတ်ခမ်းလေးတွေ အတွက်

နှင်းဆီဖူး နှုတ်ခမ်းလေးတွေ ဖြစ်ဖို့ Vaseline ကိုပဲ အားကိုးပါလို့ ပြောရမလို ပါပဲ။ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းလေးတွေကို ညတိုင်း Vaseline လေးလိမ်းပေးခြင်းဖြင့် နူးညံ့လှပတဲ့

နှုတ်ခမ်းလေးကို ရရှိမှာပါ။ Matte type နှုတ်ခမ်းနီ ကြိုက်တဲ့ မမတွေလဲ နှုတ်ခမ်းအဖတ်လန်ခြင်းမှ ကင်းဝေးအောင် နှုတ်ခမ်းနီမဆိုးခင်တိုင်း Vaseline လေး အရင် လိမ်းပေးကြပါလို့..။

ခြေသည်း လက်သည်းလေးတွေနဲ့ လက်သည်းပန်းကုံးလေးတွေ အတွက်

ကြွတ်ဆတ်ကျိုးပဲ့ လွယ်တဲ့ လက်သည်း ခြေသည်းတွေကြောင့် သိတ်ညစ်နေရတဲ့မမတွေရေ Vaseline လေးကိုသာ လက်သည်းပေါ်မှာ ညတိုင်း လိမ်းပါလို့။

သိသိသာသာ လက်သည်းခြေသည်း ကျန်းမာရေး ကောင်းလာတာတွေ့ရမှာပါ။ လက်သည်းပန်းကုံးလေးတွေ အသားမာ တက်တာတွေ အတွက်လည်း Vaseline ကို လိမ်းဖို့ တိုက်တွန်းပါရစေနော်။

ဆံသားနှစ်ခွဖြစ်တာတွေ အတွက်

ခေါင်းမလျှော်ခင်ညမှာ Vaseline လေးကို ဆံသား အဖျားလေးတွေမှာ လိမ်းပေးခြင်းအားဖြင့် ဆံသားနှစ်ခွဖြစ်တာ weight မရှိတာ ခြောက်သွေ့နေတာတွေ သိသိသာသာ သက်သာလာမှာပါရှင်။

မျက်ခုံး မျက်တောင်တွေ အတွက်

ဂွမ်းတံလေးနဲ့ပဲဖြစ်ဖြစ် မျက်တောင်ကော့တံ အသန့်လေးနဲ့ ပဲဖြစ်ဖြစ် ညမအိပ်ခင်တိုင်း Vaseline လေးနဲ့ မျက်ခုံးနဲ့

မျက်တာင်လေးတွေကို ကော့ပေးပါနော်။ မနက် မိုးလင်းလာရင် ပိုကော့ပိုရှည်ပြီး ပို Dimension ကျပြီး ပိုကျန်းမာတဲ့ မျက်ခုံးမျက်တောင်အလှကို ပိုင်ဆိုင်နေမှာပါ။

အစိုဓာတ် ဖြည့်ကြမယ်

အသား အရမ်းခြောက်တဲ့သူတွေ ဘာလိမ်းလိမ်း အသားရေ ခြောက်မြဲခြောက်နေတဲ့သူတွေ အတွက် ပုံမှန်လိမ်းနေကျ

မျက်နှာအသားရေထိန်းသိမ်းတဲ့ skincare တွေ cream တွေထဲကို လက်သည်းခွံစာ ပမာဏ Vaseline လေးရောထည့်ပြီး လိမ်းကြည့်ပါလို့။ သိသိသာသာ အသားရေခြောက်တာ သက်သာလာမှာပါ။

Glow makeup look အတွက်

လိမ်းနေကျ foundation နဲ့ Vaseline အနည်းငယ်ကို ရောပြီး လိမ်းတာပဲဖြစ်ဖြစ်၊ ကိုယ်လိမ်းနေကျ အတိုင်း foundation, makeup , BB cream ပေါ်ကပဲ ဖြစ်ဖြစ် Vaseline အနည်းငယ်ကို

လက်ထိပ်လေးနဲ့ ပါးရိုး နှာခေါင်းရိုး နဖူးတို့မှာ အသာယာ တို့ထိပေးခြင်းဖြင့် ကျန်းမာလှပတဲ့ Glow makeup look လေးရရှိမှာပါနော်။

Festival Makeup အတွက်

Festival တွေမှာ သူများတွေ မိတ်ကပ်ခြယ်သသလို Bling Bling လေးတွေခြယ်သချင်တဲ့ သူတွေအတွက် ကိုယ် Bling Bling ချင်တဲ့နေရာမှာ Vaseline ကို အရင်လိမ်းပါ။ ပြီးမှ အပေါ်က အလက်လက် အမှုန့်လေးတွေကို ဖြူးပေးပါနော်..

ကဲ ဒါဆိုရင် Vaseline ရဲ့ မီးလောင်ဒဏ်ရာတွေမှာ သုံးတာတွေအပြင် အလှပရေးရာမှာပါ ဘက်စုံသုံးလို့ရ တာ သိသွားပြီ ဆိုတော့ Vaseline တစ်ဘူးလောက် အမြန်ပြေးဝယ်ထားလိုက်တော့နော်..

Credit:Scarlette ( ဆေး၁ )

Be the first to comment

Leave a Reply

Your email address will not be published.


*