ေ႐ႊေစ်း အတက္အက်ဟာ ဘယ္အခ်က္ေတြအေပၚမွာ မႈတည္ၿပီး ျဖစ္ေပၚလာသလဲ…(သိထားေတာ့ ခန္႕မွန္းႏိုင္တာေပါ့)

ရွှေဈေး အတက်အကျဟာ ဘယ်အချက်တွေအပေါ်မှာ မှုတည်ပြီး ဖြစ်ပေါ်လာသလဲ...(သိထားတော့ ခန့်မှန်းနိုင်တာပေါ့)
ရွှေဈေး အတက်အကျဟာ ဘယ်အချက်တွေအပေါ်မှာ မှုတည်ပြီး ဖြစ်ပေါ်လာသလဲ...(သိထားတော့ ခန့်မှန်းနိုင်တာပေါ့)

ေ႐ႊေစ်း အတက္အက်ဟာ ဘယ္အခ်က္ေတြအေပၚမွာ မႈတည္ၿပီး ျဖစ္ေပၚလာသလဲ…(သိထားေတာ့ ခန္႕မွန္းႏိုင္တာေပါ့)

လက္ရွိ ျမန္မာေ႐ႊေစ်းဟာ အတက္ဘက္ကို ဦးတည္းၿပီး သြားေနပါတယ္ ဒီေတာ့ ေ႐ႊေစ်းဟာ ဘယ္လိုအေျခအေနမ်ိဳးေတြမွာ အတက္အက်ျဖစ္လဲဆိုတာေလးကို သိသေလာက္ေလာက္ေလး sharingလုပ္ခ်င္ပါတယ္။

ေ႐ႊေစ်း အတက္အက်ဟာ Supply /Demand ဆိုတဲ့ ဝယ္လိုအား နဲ႔ ေရာင္းလိုအားအေပၚ မႈတည္ပါတယ္။ လြယ္လြယ္ေျပာရရင္ ဝယ္တဲ့သူမ်ားၿပီး ေရာင္းတဲ့သူနည္းရင္ ေစ်းတက္ၿပီး ထုပ္ေရာင္းတဲ့သူမ်ားၿပီး အဝယ္နည္းရင္ ေစ်းက်မွာျဖစ္ပါတယ္။

ဒါေၾကာင့္ အဝယ္မ်ားတာဘာေၾကာင့္ျဖစ္လဲ အေရာင္းမ်ားတာ ဘာေၾကာင့္ျဖစ္လဲဆိုတာ အရမ္းအေရးႀကီးပါတယ္။ ဒါဘာေၾကာင့္ျဖစ္လဲဆိုေတာ့…

(၁) Inflationဆိုတဲ့ ေငြေၾကးေဖာင္းပြျခင္း ေငြတန္းဖို႔းက်ျခင္း နဲ႔ဆိုင္ပါတယ္ ေငြတန္ဖိုးက်လာရင္ တျဖည္းျဖည္း ကိုယ့္ရဲ႕ေငြက တန္ဖိုးေသးသြားပါတယ္။ ဒီလိုတန္ဖိုးေသးသြားမွာ လူေတြကေၾကာက္တာေၾကာင့္ ကိုယ္ရဲ႕လက္ထဲ ေငြသားမထားခ်င္ေတာ့ပဲ ပစၥည္းတစ္ခုခုကို ဝယ္ထားၾကျခင္းျဖစ္ပါတယ္။

ေ႐ႊဟာ ဒီထဲမွာအပါအဝင္ျဖစ္ပါတယ္။ ဒီလို inflation ေငြတန္ဖိုးက်တဲ့ rateမ်ားလာတာေၾကာင့္ အဝယ္ demandက တိုးလာျခင္းျဖစ္ပါတယ္။ ယခုလိုအခ်ိန္မ်ိဳးမွာ ဘဏ္ေတြထဲ ေငြမထားခ်င္တာေၾကာင့္ပိုၿပီး demandကို ျဖစ္ေစပါတယ္။

ဒီေတာ့ ဘယ္အခ်ိန္မ်ိဳးေတြမွာ ျပန္ေရာင္းၾကလဲ ေငြတန္ဖိုးဟာ တည္ၿငိမ္ေနမယ္ တန္ဖိုးသိပ္မက်တဲ့ အခ်ိန္မ်ိဳးမ်ာဆိုရင္ ေ႐ႊေစ်းဟာလည္း အရမ္းမတက္ပဲ တည္ၿငိမ္ေနပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ လူေတြဟာ ေ႐ႊေစ်းသိပ္မတက္တာေၾကာင့္ ဘဏ္ထဲမွာ ေငြထားရင္အတိုးပိုၿပီး ရတယ္ဆိုတာကို ျမင္ၿပီး ေ႐ႊကိုျပန္ေရာင္းၿပီး ဘဏ္ထဲေငြထည့္ၾကေတာ့ပါတယ္။

ဒါေၾကာင့္ bankေတြရဲ႕ အတိုးႏႈန္းျမင့္ေပးလိုက္ရင္ ေ႐ႊေစ်း က်တက္ပါတယ္။ ဒါေပမယ္ အခုလိုအခ်ိန္မွာ လူေတြဟာ ဘဏ္ေတြအေပၚအယုံအၾကည္မရွိတာေၾကာင့္ မိမိရဲ႕ ေငြကို အပ္ခ်င္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီခ်ိန္ ဘဏ္တိုးေတြ တိုးေပးလည္း ေ႐ႊေစ်းက က်ဖို႔ သိပ္မရွိပါဘူး။

ေနာက္တစ္ခုကေတာ့

(၂) Political ဆိုတဲ့ ႏိုင္ငံေရးအေျခအေန ျဖစ္ပါတယ္။ ႏိုင္ငံေရးရႈပ္ေထြးရင္ လူေတြဟာ ခုန ဘဏ္ေတြမွာ မိမိေငြကို မထားခ်င္ေတာ့ပဲ ကိုယ္တိုင္ ကိုင္ထားလို႔ရတဲ့ ေ႐ႊကိုဝယ္သိမ္းၾကပါေတာ့တယ္။

ဒီအခ်ိန္မွာ ေ႐ႊရဲ႕ ဝယ္လိုအားကမ်ားလာမွာျဖစ္ပါတယ္ ေနာက္ႏိုင္ငံေရးမတည္ၿငိမ္တဲ့ၾကားထဲ ေငြစကၠဴသစ္ေတြ႐ိုက္ထုပ္တာဟာ inflationကို ပိုျဖစ္ေစၿပီး လူေတြကို ေငြတန္ဖိုးက်ေတာ့မယ္ဆိုၿပီး ေျပာသလိုျဖစ္ေနတာေၾကာင့္ demandကို ပိုတက္လာေတာ့ပါတယ္။

တျခားဟာကေတာ့

(၃) ေဒၚလာ ျဖစ္ပါတယ္။ ေဒၚလာေစ်းတက္ရင္ ေ႐ႊေစ်း လိုက္တက္ႏိုင္တာျဖစ္ႏိုင္ပါတယ္။ အရမ္းႀကီး တိုက္႐ိုက္အခ်ိဳးေတာ့ မက်ပါဘူး။ အခုလိုခ်ိန္မွာ လူေတြက ကိုယ္ေငြကို ေဒၚလာဝယ္ၿပီး ရင္းႏွီးထားခ်င္တဲ့သူေတြလည္း ရွိပါတယ္။

ဒါေပမယ္ ေဒၚလာကို ဘဏ္ေတြကလည္း ထုပ္မေရာင္းေပးဘူး ေဒၚလာအပ္ထားတဲ့သူေတြရဲ႕ ေဒၚလာေတာင္ ျမန္မာေငြနဲ႔ပဲ ထုပ္ေပးပါတယ္။ ေပးတဲ့ ေစ်းႏႈန္းမွာလည္း အျပင္ exchange rate နဲ႔

ဘဏ္ exchange rateက အရမ္းကြာတာေၾကာင့္ အျပင္ကလည္းမဝယ္ရဲပါဘူ။း ဝယ္လို႔လည္း ခက္တဲ့ အေနအထားေၾကာင့္ လြယ္လြယ္ဝယ္လို႔ရတဲ့ ေ႐ႊကို ပိုၿပီးအာ႐ုံစိုက္လာတာ ျဖစ္ပါတယ္။

(၄) ကမာၻေ႐ႊေစ်း ျဖစ္ပါတယ္။ လက္ရွိ ျမန္မာေ႐ႊေစ်းဟာ အရင္ကမာၻေ႐ႊေစ်းအတက္အက်အရ လိုက္ေပမယ့္ ႏိုင္ငံေရး မတည္ၿငိမ္မႈေၾကာင့္ ကမာၻေ႐ႊေစ်းက်ရင္ လိုက္မက်ပဲ တက္ရင္သာ လိုက္ၿပီးတက္တဲ့အေနအထားျဖစ္ပါတယ္။

ကမာၻေ႐ႊေစ်းဟာလည္း ၈လ ပိုင္းတုန္းက ထိုးက်ၿပီး အခုအတက္ဘက္ကို ျပန္သြားေနပါတယ္။ ၈လပိုင္းတုန္းက ျမန္မာေ႐ႊေစ်းက ၁၇သိန္းထိ ေရာက္ခါနီးမွာ ျပန္ၿပီးထိုးက်သြားကာ ေနာက္ဆုံးပတ္ေလာက္မွာ ျပန္ၿပီးေထာင္တက္လာတာကို သတိျပဳမိၾကမယ္ထင္ပါတယ္။

ဒါေၾကာင့္ ကမာၻေ႐ႊေစ်းဟာလည္း ျမန္မာ့ေ႐ႊအေပၚ သက္ေရာက္မႈရွိတာေၾကာင့္ ေစာင့္ၾကည္ဖို႔လိုပါတယ္။ ဒီေနရာမွာ ေ႐ႊကို ေရတို ကစားတဲ့သူပဲျဖစ္ျဖစ္ ေရရွည္ ဝယ္ထားတဲ့သူပဲျဖစ္ျဖစ္ ေ႐ႊေစ်း႐ုတ္တရက္ထိုးက်ရင္ ဝယ္ၿပီး ရင္းႏွီးရင္ ခဏအတြင္းျမတ္ႏိုင္မွာျဖစ္ပါတယ္။

ကမာၻေ႐ႊေစ်းက ဘယ္ဟာအေပၚမႈတည္ၿပီး အတက္ေတြျဖစ္လဲဆိုေတာ့ ႏိုင္ငံျခားက stock marketမွာ stockေစ်းေတ က်တဲ့အခ်ိန္မ်ိဳး၊ India ႏိုင္ငံရဲ႕ လက္ထပ္တဲ့လေတြ၊ ပြဲေတာ္ရက္ေတြမွာ ေ႐ႊ အရမ္းdemandမ်ားတဲ့ လေတြမ်ိဳး၊ ကမာၻေပၚမွာ စစ္ပြဲေတြျဖစ္တဲ့အခ်ိန္မ်ိဳး၊ US dollar တန္ဖိုးက်တဲ့အခ်ိန္မ်ိဳးေတြမွာ ကမာၻေ႐ႊေစ်း တက္ႏိုင္ပါတယ္။

ကမာၻေ႐ႊေစ်းတက္ရင္ ျမန္မာေ႐ႊေစ်းပါ လိုက္တက္မွာျဖစ္ပါတယ္။ ကမာၻေ႐ႊေစ်း က်သေလာက္ ျမန္မာေ႐ႊေစ်းကသာ လိုက္မက်တာျဖစ္ပါတယ္။ မိတ္ေဆြတို႔ ျမန္မာေ႐ႊေစ်းႏႈန္းေတြကို ၾကည္တဲ့အခါ အရင္ ၂၀၂၀ေလာက္က အရမ္းမတက္ပဲ ၿငိမ္ေနၿပီး ေျဖေျဖတက္တာေတြ ရွိသလို ယခုလို အရမ္းေစာင့္တက္တဲ့ အေနအထားေတြျဖစ္ပါတယ္။

တစ္ရက္တည္း အရမ္းေစာင့္တက္ရင္ ထုပ္ေရာင္းတဲ့သူေတြ supplyမ်ားလာတာေၾကာင့္ ေနာက္ရက္မွာပဲျဖစ္ျဖစ္ ေ႐ႊေစ်းက ျပန္က်သြားတက္တာကို ေတြ႕မွာျဖစ္ပါတယ္။ ၿပီးရင္ ေရာင္းတဲ့သူsupplyနည္းသြားတာေၾကာင့္ ေစ်းက်မႈေၾကာင့္ အဝယ္လိုက္လာၿပီး ေစ်းကျပန္တက္သြားတဲ့ ပုံစံမ်ိဳးကို ေတြ႕မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ေ႐ႊရင္းႏွီးတဲ့ သူေတြအေနနဲ႔ ဝယ္လည္း ေသခ်ာၾကည့္ပါ။ ေရာင္းလည္းေသခ်ာၾကည့္ပါ။ ေ႐ႊေစ်း ခဏေလးက်သြားလို႔ လန္႔ျဖန္႔ၿပီးလည္း မေရာင္းပါနဲ႔။ ေ႐ႊေစ်းေတြ အရမ္းတက္ေနလို႔ ေလာဘနဲ႔လည္း မဝယ္ပဲ ေသခ်ာစဥ္းစားေလ့လာၿပီးမွ ဝယ္ေရာင္းသင့္တယ္လို႔အႀကံျပဳပါတယ္။

ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။အားလုံးကို ေက်းဇူးတင္ပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္:Myint Maung Maung Tun

Unicode

ရွှေဈေး အတက်အကျဟာ ဘယ်အချက်တွေအပေါ်မှာ မှုတည်ပြီး ဖြစ်ပေါ်လာသလဲ…(သိထားတော့ ခန့်မှန်းနိုင်တာပေါ့)

လက်ရှိ မြန်မာရွှေဈေးဟာ အတက်ဘက်ကို ဦးတည်းပြီး သွားနေပါတယ် ဒီတော့ ရွှေဈေးဟာ ဘယ်လိုအခြေအနေမျိုးတွေမှာ အတက်အကျဖြစ်လဲဆိုတာလေးကို သိသလောက်လောက်လေး sharingလုပ်ချင်ပါတယ်။

ရွှေဈေး အတက်အကျဟာ Supply /Demand ဆိုတဲ့ ဝယ်လိုအား နဲ့ ရောင်းလိုအားအပေါ် မှုတည်ပါတယ်။ လွယ်လွယ်ပြောရရင် ဝယ်တဲ့သူများပြီး ရောင်းတဲ့သူနည်းရင် ဈေးတက်ပြီး ထုပ်ရောင်းတဲ့သူများပြီး အဝယ်နည်းရင် ဈေးကျမှာဖြစ်ပါတယ်။

ဒါကြောင့် အဝယ်များတာဘာကြောင့်ဖြစ်လဲ အရောင်းများတာ ဘာကြောင့်ဖြစ်လဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါဘာကြောင့်ဖြစ်လဲဆိုတော့…

(၁) Inflationဆိုတဲ့ ငွေကြေးဖောင်းပွခြင်း ငွေတန်းဖို့းကျခြင်း နဲ့ဆိုင်ပါတယ် ငွေတန်ဖိုးကျလာရင် တဖြည်းဖြည်း ကိုယ့်ရဲ့ငွေက တန်ဖိုးသေးသွားပါတယ်။ ဒီလိုတန်ဖိုးသေးသွားမှာ လူတွေကကြောက်တာကြောင့် ကိုယ်ရဲ့လက်ထဲ ငွေသားမထားချင်တော့ပဲ ပစ္စည်းတစ်ခုခုကို ဝယ်ထားကြခြင်းဖြစ်ပါတယ်။

ရွှေဟာ ဒီထဲမှာအပါအဝင်ဖြစ်ပါတယ်။ ဒီလို inflation ငွေတန်ဖိုးကျတဲ့ rateများလာတာကြောင့် အဝယ် demandက တိုးလာခြင်းဖြစ်ပါတယ်။ ယခုလိုအချိန်မျိုးမှာ ဘဏ်တွေထဲ ငွေမထားချင်တာကြောင့်ပိုပြီး demandကို ဖြစ်စေပါတယ်။

ဒီတော့ ဘယ်အချိန်မျိုးတွေမှာ ပြန်ရောင်းကြလဲ ငွေတန်ဖိုးဟာ တည်ငြိမ်နေမယ် တန်ဖိုးသိပ်မကျတဲ့ အချိန်မျိုးမျာဆိုရင် ရွှေဈေးဟာလည်း အရမ်းမတက်ပဲ တည်ငြိမ်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ လူတွေဟာ ရွှေဈေးသိပ်မတက်တာကြောင့် ဘဏ်ထဲမှာ ငွေထားရင်အတိုးပိုပြီး ရတယ်ဆိုတာကို မြင်ပြီး ရွှေကိုပြန်ရောင်းပြီး ဘဏ်ထဲငွေထည့်ကြတော့ပါတယ်။

ဒါကြောင့် bankတွေရဲ့ အတိုးနှုန်းမြင့်ပေးလိုက်ရင် ရွှေဈေး ကျတက်ပါတယ်။ ဒါပေမယ် အခုလိုအချိန်မှာ လူတွေဟာ ဘဏ်တွေအပေါ်အယုံအကြည်မရှိတာကြောင့် မိမိရဲ့ ငွေကို အပ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီချိန် ဘဏ်တိုးတွေ တိုးပေးလည်း ရွှေဈေးက ကျဖို့ သိပ်မရှိပါဘူး။

နောက်တစ်ခုကတော့

(၂) Political ဆိုတဲ့ နိုင်ငံရေးအခြေအနေ ဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးရင် လူတွေဟာ ခုန ဘဏ်တွေမှာ မိမိငွေကို မထားချင်တော့ပဲ ကိုယ်တိုင် ကိုင်ထားလို့ရတဲ့ ရွှေကိုဝယ်သိမ်းကြပါတော့တယ်။

ဒီအချိန်မှာ ရွှေရဲ့ ဝယ်လိုအားကများလာမှာဖြစ်ပါတယ် နောက်နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲ ငွေစက္ကူသစ်တွေရိုက်ထုပ်တာဟာ inflationကို ပိုဖြစ်စေပြီး လူတွေကို ငွေတန်ဖိုးကျတော့မယ်ဆိုပြီး ပြောသလိုဖြစ်နေတာကြောင့် demandကို ပိုတက်လာတော့ပါတယ်။

တခြားဟာကတော့

(၃) ဒေါ်လာ ဖြစ်ပါတယ်။ ဒေါ်လာဈေးတက်ရင် ရွှေဈေး လိုက်တက်နိုင်တာဖြစ်နိုင်ပါတယ်။ အရမ်းကြီး တိုက်ရိုက်အချိုးတော့ မကျပါဘူး။ အခုလိုချိန်မှာ လူတွေက ကိုယ်ငွေကို ဒေါ်လာဝယ်ပြီး ရင်းနှီးထားချင်တဲ့သူတွေလည်း ရှိပါတယ်။

ဒါပေမယ် ဒေါ်လာကို ဘဏ်တွေကလည်း ထုပ်မရောင်းပေးဘူး ဒေါ်လာအပ်ထားတဲ့သူတွေရဲ့ ဒေါ်လာတောင် မြန်မာငွေနဲ့ပဲ ထုပ်ပေးပါတယ်။ ပေးတဲ့ ဈေးနှုန်းမှာလည်း အပြင် exchange rate နဲ့

ဘဏ် exchange rateက အရမ်းကွာတာကြောင့် အပြင်ကလည်းမဝယ်ရဲပါဘူ။း ဝယ်လို့လည်း ခက်တဲ့ အနေအထားကြောင့် လွယ်လွယ်ဝယ်လို့ရတဲ့ ရွှေကို ပိုပြီးအာရုံစိုက်လာတာ ဖြစ်ပါတယ်။

(၄) ကမ္ဘာရွှေဈေး ဖြစ်ပါတယ်။ လက်ရှိ မြန်မာရွှေဈေးဟာ အရင်ကမ္ဘာရွှေဈေးအတက်အကျအရ လိုက်ပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကမ္ဘာရွှေဈေးကျရင် လိုက်မကျပဲ တက်ရင်သာ လိုက်ပြီးတက်တဲ့အနေအထားဖြစ်ပါတယ်။

ကမ္ဘာရွှေဈေးဟာလည်း ၈လ ပိုင်းတုန်းက ထိုးကျပြီး အခုအတက်ဘက်ကို ပြန်သွားနေပါတယ်။ ၈လပိုင်းတုန်းက မြန်မာရွှေဈေးက ၁၇သိန်းထိ ရောက်ခါနီးမှာ ပြန်ပြီးထိုးကျသွားကာ နောက်ဆုံးပတ်လောက်မှာ ပြန်ပြီးထောင်တက်လာတာကို သတိပြုမိကြမယ်ထင်ပါတယ်။

ဒါကြောင့် ကမ္ဘာရွှေဈေးဟာလည်း မြန်မာ့ရွှေအပေါ် သက်ရောက်မှုရှိတာကြောင့် စောင့်ကြည်ဖို့လိုပါတယ်။ ဒီနေရာမှာ ရွှေကို ရေတို ကစားတဲ့သူပဲဖြစ်ဖြစ် ရေရှည် ဝယ်ထားတဲ့သူပဲဖြစ်ဖြစ် ရွှေဈေးရုတ်တရက်ထိုးကျရင် ဝယ်ပြီး ရင်းနှီးရင် ခဏအတွင်းမြတ်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာရွှေဈေးက ဘယ်ဟာအပေါ်မှုတည်ပြီး အတက်တွေဖြစ်လဲဆိုတော့ နိုင်ငံခြားက stock marketမှာ stockဈေးတေ ကျတဲ့အချိန်မျိုး၊ India နိုင်ငံရဲ့ လက်ထပ်တဲ့လတွေ၊ ပွဲတော်ရက်တွေမှာ ရွှေ အရမ်းdemandများတဲ့ လတွေမျိုး၊ ကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်တဲ့အချိန်မျိုး၊ US dollar တန်ဖိုးကျတဲ့အချိန်မျိုးတွေမှာ ကမ္ဘာရွှေဈေး တက်နိုင်ပါတယ်။

ကမ္ဘာရွှေဈေးတက်ရင် မြန်မာရွှေဈေးပါ လိုက်တက်မှာဖြစ်ပါတယ်။ ကမ္ဘာရွှေဈေး ကျသလောက် မြန်မာရွှေဈေးကသာ လိုက်မကျတာဖြစ်ပါတယ်။ မိတ်ဆွေတို့ မြန်မာရွှေဈေးနှုန်းတွေကို ကြည်တဲ့အခါ အရင် ၂၀၂၀လောက်က အရမ်းမတက်ပဲ ငြိမ်နေပြီး ဖြေဖြေတက်တာတွေ ရှိသလို ယခုလို အရမ်းစောင့်တက်တဲ့ အနေအထားတွေဖြစ်ပါတယ်။

တစ်ရက်တည်း အရမ်းစောင့်တက်ရင် ထုပ်ရောင်းတဲ့သူတွေ supplyများလာတာကြောင့် နောက်ရက်မှာပဲဖြစ်ဖြစ် ရွှေဈေးက ပြန်ကျသွားတက်တာကို တွေ့မှာဖြစ်ပါတယ်။ ပြီးရင် ရောင်းတဲ့သူsupplyနည်းသွားတာကြောင့် ဈေးကျမှုကြောင့် အဝယ်လိုက်လာပြီး ဈေးကပြန်တက်သွားတဲ့ ပုံစံမျိုးကို တွေ့မှာဖြစ်ပါတယ်။

ဒါကြောင့် ရွှေရင်းနှီးတဲ့ သူတွေအနေနဲ့ ဝယ်လည်း သေချာကြည့်ပါ။ ရောင်းလည်းသေချာကြည့်ပါ။ ရွှေဈေး ခဏလေးကျသွားလို့ လန့်ဖြန့်ပြီးလည်း မရောင်းပါနဲ့။ ရွှေဈေးတွေ အရမ်းတက်နေလို့ လောဘနဲ့လည်း မဝယ်ပဲ သေချာစဉ်းစားလေ့လာပြီးမှ ဝယ်ရောင်းသင့်တယ်လို့အကြံပြုပါတယ်။

ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။အားလုံးကို ကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်:Myint Maung Maung Tun

Be the first to comment

Leave a Reply

Your email address will not be published.


*