ဆံပင္ထိန္းသိမ္းတဲ့ ပံုစံနဲ႔ ပတ္သက္ၿပီး လူအမ်ားစု လြဲမွားေနတဲ့ အခ်က္ (၆) ခ်က္

ဆံပင္ထိန္းသိမ္းတဲ့ ပံုစံနဲ႔ ပတ္သက္ၿပီး လူအမ်ားစု လြဲမွားေနတဲ့ အခ်က္ (၆) ခ်က္
ဆံပင္ထိန္းသိမ္းတဲ့ ပံုစံနဲ႔ ပတ္သက္ၿပီး လူအမ်ားစု လြဲမွားေနတဲ့ အခ်က္ (၆) ခ်က္

ဆံပင္ထိန္းသိမ္းတဲ့ ပံုစံနဲ႔ ပတ္သက္ၿပီး လူအမ်ားစု လြဲမွားေနတဲ့ အခ်က္ (၆) ခ်က္

ေခါင္းေလွ်ာ္တာနဲ႔ ဆံပင္ေလမႈတ္တာက ဘာနည္းစနစ္မွ မလိုဘူးလို႔ လူအမ်ားက ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ဆံပင္ထိန္းသိမ္းနည္းအခ်ိဳ႕က ဆံပင္ပို ပိုမေကာင္းလာေစတဲ့အျပင္

ပိုၿပီးဆိုး႐ြား သြားေစမွာပါ။ အဲဒါေၾကာင့္ ဆံပင္ထိန္းသိမ္းတာနဲ႔ ပတ္သက္ၿပီး လူအမ်ားစု လုပ္မိတဲ့အမွားတခ်ိဳ႕ကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေခါင္းေလွ်ာ္နည္း မမွန္ျခင္း

ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းကို ငုံ႔ၿပီးေလွ်ာ္တာက ပိုၿပီးထိေရာက္မႈ ရွိပါတယ္။ သင္က ဆံပင္ရွည္သူဆိုရင္ ေခါင္းငုံ႔ေလွ်ာ္တဲ့အခါ ပိုအဆင္ေျပၿပီး ဆံပင္အတြင္းဘက္အထိ ေခါင္းေလွ်ာ္ရည္ေတြ ပိုဝင္ပါတယ္။ ၿပီးေတာ့

ေခါင္းေလွ်ာ္ရည္မွာပါတဲ့ ဓါတုပစၥည္းေတြက ေက်ာနဲ႔ လည္ပင္းကို မထိေတာ့တာေၾကာင့္ အသားအေရပြန္းတာကိုလည္း ကာကြယ္ၿပီး ျဖစ္သြားပါတယ္။

၂။ Dry Shampooကို ေခါင္းမေလွ်ာ္ျဖစ္တဲ့အခါမွသာ သုံးျခင္း

Dry shampoo က ေခါင္းေလွ်ာ္ဖို႔ အခ်ိန္မရတဲ့အခါ အရမ္းအဆင္ေျပပါတယ္။ ဒါေပမယ့္ dry shampoo ကို ေခါင္းေလွ်ာ္ဖို႔ အခ်ိန္ရတဲ့အခါမွာလည္း သုံးလို႔ ရပါတယ္။ Dry shampoo က ဆီပင္အဆီထြက္တာကို နည္းပါးသြားေစလို႔ပါ။

၃။ Conditioner ကို အခ်ိန္အၾကာႀကီး ထားထားျခင္း

ဆံပင္ထိန္းသိမ္းတဲ့အခါ conditioner က အေရးႀကီးတဲ့အရာပါပဲ။ Conditioner က ဆံသားေတြကို ပိုၿပီးေပ်ာ့ေပ်ာင္း ေစပါတယ္။

ဒါေပမယ့္ conditioner ကို ဆံပင္မွာ အၾကာႀကီး ေပါင္းထားရင္ သင့္ရဲ႕ဆံသားေတြ ပိုပ်က္လာၿပီး အဆီေတြ ပိုထြက္မွာပါ။ ဆံပင္မွာ conditioner ကို ၃ မိနစ္ေလာက္ ေပါင္းထားရင္ လုံေလာက္ပါၿပီ။

၄။ ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးတည္းကိုသာသုံးျခင္း

ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးတည္းကိုသာ သုံးေနရင္ သင့္ဆံပင္က ထင္သေလာက္ လွပေတာ့မွာ မဟုတ္ပါဘူး။

ရာသီဥတု၊ ေရအရည္အေသြး၊ ဆံပင္အထူအပါးေပၚမူတည္ၿပီး ေခါင္းေလွ်ာ္ ၂ မ်ိဳး၊ ၃ မ်ိဳးကို လွည့္ၿပီးသုံးပါ။

၅။ ဆံပင္စိုေနတုန္း ဆံထုံးထုံးျခင္း

ေခါင္းေလွ်ာ္ၿပီးၿပီးခ်င္း ဆံပင္ကို ထုံးထားတာ၊ စည္းထားတာ တစ္ခါတေလမွာေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ အၿမဲတမ္း ဆိုရင္ေတာ့

ဆံသားေတြ က်ိဳးၿပီး ၿငိလာမွာပါ။ ဆံပင္စိုေနခ်ိန္က ဆံသားေတြက အားအနည္းဆုံး အခ်ိန္ပါပဲ။

၆။ ေခါင္းမေလွ်ာ္ခင္ ေခါင္းမၿဖီးျခင္း

ေခါင္းေလွ်ာ္ၿပီး ဆံပင္စိုေနတုန္း ေခါင္းၿဖီးတာက ဆံပင္ပိုကြၽတ္ပါတယ္။ ၿပီးေတာ့ ဆံသားခြတာလည္း ျဖစ္ေစပါတယ္။

အဲဒါေၾကာင့္ ေခါင္းမေလွ်ာ္ခင္ ေခါင္းၿဖီးထားရင္ ဆံပင္ၿငိတာ၊ အဖုအထုံး ျဖစ္သြားတာေတြ မျဖစ္ေတာ့ပါဘူး။

ခရက္ဒစ္…Zombie (lovemedia)

Unicode

ဆံပင်ထိန်းသိမ်းတဲ့ ပုံစံနဲ့ ပတ်သက်ပြီး လူအများစု လွဲမှားနေတဲ့ အချက် (၆) ချက်

ခေါင်းလျှော်တာနဲ့ ဆံပင်လေမှုတ်တာက ဘာနည်းစနစ်မှ မလိုဘူးလို့ လူအများက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဆံပင်ထိန်းသိမ်းနည်းအချို့က ဆံပင်ပို ပိုမကောင်းလာစေတဲ့အပြင်

ပိုပြီးဆိုးရွား သွားစေမှာပါ။ အဲဒါကြောင့် ဆံပင်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး လူအများစု လုပ်မိတဲ့အမှားတချို့ကို ဖော်ပြပေးပါမယ်နော်။

၁။ ခေါင်းလျှော်နည်း မမှန်ခြင်း

ခေါင်းလျှော်တဲ့အခါ ခေါင်းကို ငုံ့ပြီးလျှော်တာက ပိုပြီးထိရောက်မှု ရှိပါတယ်။ သင်က ဆံပင်ရှည်သူဆိုရင် ခေါင်းငုံ့လျှော်တဲ့အခါ ပိုအဆင်ပြေပြီး ဆံပင်အတွင်းဘက်အထိ ခေါင်းလျှော်ရည်တွေ ပိုဝင်ပါတယ်။ ပြီးတော့

ခေါင်းလျှော်ရည်မှာပါတဲ့ ဓါတုပစ္စည်းတွေက ကျောနဲ့ လည်ပင်းကို မထိတော့တာကြောင့် အသားအရေပွန်းတာကိုလည်း ကာကွယ်ပြီး ဖြစ်သွားပါတယ်။

၂။ Dry Shampooကို ခေါင်းမလျှော်ဖြစ်တဲ့အခါမှသာ သုံးခြင်း

Dry shampoo က ခေါင်းလျှော်ဖို့ အချိန်မရတဲ့အခါ အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် dry shampoo ကို ခေါင်းလျှော်ဖို့ အချိန်ရတဲ့အခါမှာလည်း သုံးလို့ ရပါတယ်။ Dry shampoo က ဆီပင်အဆီထွက်တာကို နည်းပါးသွားစေလို့ပါ။

၃။ Conditioner ကို အချိန်အကြာကြီး ထားထားခြင်း

ဆံပင်ထိန်းသိမ်းတဲ့အခါ conditioner က အရေးကြီးတဲ့အရာပါပဲ။ Conditioner က ဆံသားတွေကို ပိုပြီးပျော့ပျောင်း စေပါတယ်။

ဒါပေမယ့် conditioner ကို ဆံပင်မှာ အကြာကြီး ပေါင်းထားရင် သင့်ရဲ့ဆံသားတွေ ပိုပျက်လာပြီး အဆီတွေ ပိုထွက်မှာပါ။ ဆံပင်မှာ conditioner ကို ၃ မိနစ်လောက် ပေါင်းထားရင် လုံလောက်ပါပြီ။

၄။ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာသုံးခြင်း

ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ သုံးနေရင် သင့်ဆံပင်က ထင်သလောက် လှပတော့မှာ မဟုတ်ပါဘူး။

ရာသီဥတု၊ ရေအရည်အသွေး၊ ဆံပင်အထူအပါးပေါ်မူတည်ပြီး ခေါင်းလျှော် ၂ မျိုး၊ ၃ မျိုးကို လှည့်ပြီးသုံးပါ။

၅။ ဆံပင်စိုနေတုန်း ဆံထုံးထုံးခြင်း

ခေါင်းလျှော်ပြီးပြီးချင်း ဆံပင်ကို ထုံးထားတာ၊ စည်းထားတာ တစ်ခါတလေမှာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အမြဲတမ်း ဆိုရင်တော့

ဆံသားတွေ ကျိုးပြီး ငြိလာမှာပါ။ ဆံပင်စိုနေချိန်က ဆံသားတွေက အားအနည်းဆုံး အချိန်ပါပဲ။

၆။ ခေါင်းမလျှော်ခင် ခေါင်းမဖြီးခြင်း

ခေါင်းလျှော်ပြီး ဆံပင်စိုနေတုန်း ခေါင်းဖြီးတာက ဆံပင်ပိုကျွတ်ပါတယ်။ ပြီးတော့ ဆံသားခွတာလည်း ဖြစ်စေပါတယ်။

အဲဒါကြောင့် ခေါင်းမလျှော်ခင် ခေါင်းဖြီးထားရင် ဆံပင်ငြိတာ၊ အဖုအထုံး ဖြစ်သွားတာတွေ မဖြစ်တော့ပါဘူး။

ခရက်ဒစ်…Zombie (lovemedia)

Be the first to comment

Leave a Reply

Your email address will not be published.


*