အိမ္ရွင္မတိုင္းသိထားသင့္တဲ့ အစားအေသာက္ေတြ ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၀)မ်ိဳး

အိမ္ရွင္မတိုင္းသိထားသင့္တဲ့ အစားအေသာက္ေတြ ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၀)မ်ိဳး
အိမ္ရွင္မတိုင္းသိထားသင့္တဲ့ အစားအေသာက္ေတြ ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၀)မ်ိဳး

အိမ္ရွင္မတိုင္းသိထားသင့္တဲ့ အစားအေသာက္ေတြ ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၀)မ်ိဳး

လူတိုင္းဟာအစားအေသာက္နဲ႔ပတ္သက္လာရင္ လတ္ဆက္မႈရွိမွ စားခ်င္ၾကတာခ်ည္းပါပဲ။ လတ္ဆက္မႈ ရွိမွ စားခ်င္ တယ္ဆိုေပမယ့္ လူတိုင္းကေတာ့ ေန႔တိုင္း စတိုးဆိုင္ကို မသြားခ်င္ၾကပါဘူး။

အခုေဖာ္ျပမယ့္ နည္းလမ္း(၁၀)ခုက အိမ္ရွင္မေတြအတြက္ အထူးလိုအပ္မယ့္ အစားအေသာက္နဲ႔ ဟင္းသီးဟင္း႐ြတ္ေတြ အိမ္မွာ ၾကာရွည္ခံမယ့္ နည္းလမ္းေတြျဖစ္ပါတယ္။

၁။ ႏြားႏို႔

ခင္ဗ်ားတို႔အေနနဲ႔ ဂါလန္ဘူး ဒါမွမဟုတ္ (၁)လီတာ ရွိတဲ့ ႏို႔ဘူးေတြကို ဝယ္ထားမယ္ဆိုရင္ေတာ့ အလြန္ေအးခဲေနေအာင္ ေရခဲ့ေသတၱာထဲမွာ သိုေလွ်ာင္ထားသင့္ပါတယ္။ ေအးခဲေနတဲ့ ႏြားႏို႔ဟာ (၄)ပတ္ကေန (၆)ပတ္အထိ အထားခံပါတယ္။

၂။ ၾကက္ဥ

တစ္ခါတစ္ရံမွာ ၾကက္ဥ အလုံးလိုက္ကို ေရခဲေသတၱာထဲ ထည့္ထားေပမယ့္ စားလို႔မရဘဲပုပ္သြားတဲ့ ၾကက္ဥေတြကို ေတြ႕ဖူးၾကမွာပါ။

ဒီအေျခအေနကို ေျဖရွင္းဖို႔ နည္းလမ္းရွိပါတယ္။ ၾကက္ဥေတြကို ေဖာက္ၿပီး ေရခဲခံတဲ့ ခြက္ဘန္းထဲမွာ ထည့္ ထားပါ။ ၿပီးရင္ ဆားေလး အနည္းငယ္၊ သၾကားေလး အနည္းငယ္ထည့္ထားရင္ အထားခံပါတယ္။

၃။ ေဆာ့

ေဆာ့ ေတြကို အခ်ဥ္မေဖာက္ေစဖို႔ အတြက္ ထိန္းသိမ္းႏိုင္တဲ့နည္းလမ္းရွိပါတယ္။ ေဆာ့ေတြကို အလုံပိတ္အိတ္ထဲ ေသခ်ာေအာင္ ထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ထားမယ္ဆိုရင္ ေရရွည္စားသုံးႏိုင္မွာျဖစ္ပါတယ္။

၄။ ဆလပ္႐ြက္

ဆလပ္႐ြတ္ ၾကာရွည္ခံဖို႔ကေတာ့ လြယ္ပါတယ္။ ဆလပ္႐ြက္ေတြကို တစ္ရွဴးနဲ႔ပတ္ၿပီးထားရမွာပါ။

ဆလပ္႐ြက္မွာ ရွိတဲ့ စိုစြတ္မႈေတြကို တစ္ရွဴးက စုပ္ယူၿပီး အ႐ြက္ေတြ အဝါေရာင္သမ္းမသြားေအာင္ ထိန္းေပးပါတယ္။ ဆလပ္႐ြက္ေတြ တြန္႔သြားမွာျဖစ္ေပမယ့္ တစ္ပတ္အထိေတာ့ အထားခံမွာပါ။

၅။ ပန္သီး

ပန္းသီးကေတာ့ ဒီအတိုင္းထားလည္း ၾကာရွည္ ခံတဲ့ အသီးပါပဲ။ ဒါေပမယ့္ သူ႔ကိုေဆးေၾကာၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားမယ္ ဆိုရင္ေတာ့ တစ္လေက်ာ္၊ ႏွစ္လနီးပါးေလာက္ အထားခံပါတယ္။ တစ္ခုေတာ့ သတိထားရပါမယ္။ ပန္သီးဟာ အနာ မရွိေစရဘူး။ ေရခဲေသတၱာထဲထည့္တဲ့ အခါမွာလည္း တစ္လုံးခ်င္းစီ ထိကပ္မေနရပါဘူး။

၆။ မုန္လာဥ

မုန္လာဥ စိုက္ခင္းသမားေတြကေတာ့ မုန္လာဥေတြကို ၾကာရွည္ခံဖို႔အတြက္ ဆားထဲမွာ ထည့္ထား ရပါတယ္။ ဆားရဲ႕ဂုဏ္သတၱိက အေငြ႕ပ်ံျခင္းကို ေလွ်ာ့နည္းေစၿပီး ပုပ္သိုးဖို႔ကိုလည္း ေႏွးေကြး ေစပါတယ္။

၇။ ဒိန္ခ်ဥ္

သင္ ဝယ္ထားတဲ့ ဒိန္ခ်ဥ္ဘူးေလးေတြ အရသာလည္း မပ်က္ေစဘဲ ၾကာရွည္ခံဖို႔ အတြက္ ဒိန္ခ်ဥ္ဘူးရဲ႕ အဝကို ေအာက္စိုက္ထားဖို႔ပဲ လိုပါတယ္။

၈။ ၾကက္သြန္မိတ္

ၾကက္သြန္မိတ္ ၾကာရွည္ခံဖို႔ အတြက္ကေတာ့ ေတာ္ေတာ္ လြယ္ကူပါတယ္။ ၾကက္သြန္မိတ္ကို ေရအနည္းငယ္ျဖည့္ထားတဲ့ ဖန္ခြက္ထဲမွာ ထည့္ထားမယ္ဆိုရင္ သင္ထားရင္ ထားသေလာက္ခံေနမွာပါ။

၉။ ေဆးဖက္ဝင္အ႐ြက္မ်ား

ေဆးဖက္ဝင္ အ႐ြက္ေတြအတြက္ ဖန္ဘူးဟာ အလြန္အသုံးဝင္ၿပီး ၾကာရွည္ခံတဲ့ ကြန္တိန္နာတစ္ခုပါပဲ။

ေဆးဖက္ဝင္တဲ့ အ႐ြက္အစိမ္း တစ္မ်ိဳးမ်ိဳးကို ဖန္ဘူးထဲမွာ ေလလုံေအာင္ပိတ္ၿပီး ထားထားမယ္ဆိုရင္ တစ္လေလာက္အထိ အ႐ြက္ဟာ ပုပ္သိုးျခင္း၊ ေျခာက္ေသြ႕ျခင္း၊ ရနံ႔ပ်ယ္ျခင္း မရွိပါဘူး။

၁၀။ ပ်ားရည္

ပ်ားရည္ ကို မွန္ကန္စြာ ထိန္းသိမ္းထားႏိုင္မယ္ဆိုရင္ေတာ့ ႏွစ္ရွည္ခံပါတယ္။ ပ်ားရည္ကို ၾကာရွည္ေအာင္ ထိန္းသိမ္းႏိုင္ မယ့္ပစၥည္းက ဖန္ထူထူနဲ႔ ပုလင္းတစ္လုံးပဲလိုတာပါ။ ေရ၊ ေလ လုံေအာင္ အတင္ းဖိက်ပ္ထည့္ထားၿပီး သိမ္းရမွာပါ။

သတၱဳေႂကြထည္ပဲ့၊ သြပ္ေတြနဲ႔ ျပဳလုပ္ထားတဲ့ အဖုံးနဲ႔ ဆိုရင္ေတာ့ ပ်ားရည္နဲ႔ မသင့္ေတာ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒီဖန္ ပုလင္းေတြထဲမွာ ေအာင္ဆီဂ်င္ ရွိေနလို႔ျဖစ္ပါတယ္။

Credit

Unicode

အိမ်ရှင်မတိုင်းသိထားသင့်တဲ့ အစားအသောက်တွေ ကြာရှည်ခံစေမယ့် နည်းလမ်း(၁၀)မျိုး

လူတိုင်းဟာအစားအသောက်နဲ့ပတ်သက်လာရင် လတ်ဆက်မှုရှိမှ စားချင်ကြတာချည်းပါပဲ။ လတ်ဆက်မှု ရှိမှ စားချင် တယ်ဆိုပေမယ့် လူတိုင်းကတော့ နေ့တိုင်း စတိုးဆိုင်ကို မသွားချင်ကြပါဘူး။

အခုဖော်ပြမယ့် နည်းလမ်း(၁၀)ခုက အိမ်ရှင်မတွေအတွက် အထူးလိုအပ်မယ့် အစားအသောက်နဲ့ ဟင်းသီးဟင်းရွတ်တွေ အိမ်မှာ ကြာရှည်ခံမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

၁။ နွားနို့

ခင်ဗျားတို့အနေနဲ့ ဂါလန်ဘူး ဒါမှမဟုတ် (၁)လီတာ ရှိတဲ့ နို့ဘူးတွေကို ဝယ်ထားမယ်ဆိုရင်တော့ အလွန်အေးခဲနေအောင် ရေခဲ့သေတ္တာထဲမှာ သိုလျှောင်ထားသင့်ပါတယ်။ အေးခဲနေတဲ့ နွားနို့ဟာ (၄)ပတ်ကနေ (၆)ပတ်အထိ အထားခံပါတယ်။

၂။ ကြက်ဥ

တစ်ခါတစ်ရံမှာ ကြက်ဥ အလုံးလိုက်ကို ရေခဲသေတ္တာထဲ ထည့်ထားပေမယ့် စားလို့မရဘဲပုပ်သွားတဲ့ ကြက်ဥတွေကို တွေ့ဖူးကြမှာပါ။

ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။ ကြက်ဥတွေကို ဖောက်ပြီး ရေခဲခံတဲ့ ခွက်ဘန်းထဲမှာ ထည့် ထားပါ။ ပြီးရင် ဆားလေး အနည်းငယ်၊ သကြားလေး အနည်းငယ်ထည့်ထားရင် အထားခံပါတယ်။

၃။ ဆော့

ဆော့ တွေကို အချဉ်မဖောက်စေဖို့ အတွက် ထိန်းသိမ်းနိုင်တဲ့နည်းလမ်းရှိပါတယ်။ ဆော့တွေကို အလုံပိတ်အိတ်ထဲ သေချာအောင် ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ရေရှည်စားသုံးနိုင်မှာဖြစ်ပါတယ်။

၄။ ဆလပ်ရွက်

ဆလပ်ရွတ် ကြာရှည်ခံဖို့ကတော့ လွယ်ပါတယ်။ ဆလပ်ရွက်တွေကို တစ်ရှူးနဲ့ပတ်ပြီးထားရမှာပါ။

ဆလပ်ရွက်မှာ ရှိတဲ့ စိုစွတ်မှုတွေကို တစ်ရှူးက စုပ်ယူပြီး အရွက်တွေ အဝါရောင်သမ်းမသွားအောင် ထိန်းပေးပါတယ်။ ဆလပ်ရွက်တွေ တွန့်သွားမှာဖြစ်ပေမယ့် တစ်ပတ်အထိတော့ အထားခံမှာပါ။

၅။ ပန်သီး

ပန်းသီးကတော့ ဒီအတိုင်းထားလည်း ကြာရှည် ခံတဲ့ အသီးပါပဲ။ ဒါပေမယ့် သူ့ကိုဆေးကြောပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားမယ် ဆိုရင်တော့ တစ်လကျော်၊ နှစ်လနီးပါးလောက် အထားခံပါတယ်။ တစ်ခုတော့ သတိထားရပါမယ်။ ပန်သီးဟာ အနာ မရှိစေရဘူး။ ရေခဲသေတ္တာထဲထည့်တဲ့ အခါမှာလည်း တစ်လုံးချင်းစီ ထိကပ်မနေရပါဘူး။

၆။ မုန်လာဥ

မုန်လာဥ စိုက်ခင်းသမားတွေကတော့ မုန်လာဥတွေကို ကြာရှည်ခံဖို့အတွက် ဆားထဲမှာ ထည့်ထား ရပါတယ်။ ဆားရဲ့ဂုဏ်သတ္တိက အငွေ့ပျံခြင်းကို လျှော့နည်းစေပြီး ပုပ်သိုးဖို့ကိုလည်း နှေးကွေး စေပါတယ်။

၇။ ဒိန်ချဉ်

သင် ဝယ်ထားတဲ့ ဒိန်ချဉ်ဘူးလေးတွေ အရသာလည်း မပျက်စေဘဲ ကြာရှည်ခံဖို့ အတွက် ဒိန်ချဉ်ဘူးရဲ့ အဝကို အောက်စိုက်ထားဖို့ပဲ လိုပါတယ်။

၈။ ကြက်သွန်မိတ်

ကြက်သွန်မိတ် ကြာရှည်ခံဖို့ အတွက်ကတော့ တော်တော် လွယ်ကူပါတယ်။ ကြက်သွန်မိတ်ကို ရေအနည်းငယ်ဖြည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထည့်ထားမယ်ဆိုရင် သင်ထားရင် ထားသလောက်ခံနေမှာပါ။

၉။ ဆေးဖက်ဝင်အရွက်များ

ဆေးဖက်ဝင် အရွက်တွေအတွက် ဖန်ဘူးဟာ အလွန်အသုံးဝင်ပြီး ကြာရှည်ခံတဲ့ ကွန်တိန်နာတစ်ခုပါပဲ။

ဆေးဖက်ဝင်တဲ့ အရွက်အစိမ်း တစ်မျိုးမျိုးကို ဖန်ဘူးထဲမှာ လေလုံအောင်ပိတ်ပြီး ထားထားမယ်ဆိုရင် တစ်လလောက်အထိ အရွက်ဟာ ပုပ်သိုးခြင်း၊ ခြောက်သွေ့ခြင်း၊ ရနံ့ပျယ်ခြင်း မရှိပါဘူး။

၁၀။ ပျားရည်

ပျားရည် ကို မှန်ကန်စွာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ နှစ်ရှည်ခံပါတယ်။ ပျားရည်ကို ကြာရှည်အောင် ထိန်းသိမ်းနိုင် မယ့်ပစ္စည်းက ဖန်ထူထူနဲ့ ပုလင်းတစ်လုံးပဲလိုတာပါ။ ရေ၊ လေ လုံအောင် အတင် းဖိကျပ်ထည့်ထားပြီး သိမ်းရမှာပါ။

သတ္တုကြွေထည်ပဲ့၊ သွပ်တွေနဲ့ ပြုလုပ်ထားတဲ့ အဖုံးနဲ့ ဆိုရင်တော့ ပျားရည်နဲ့ မသင့်တော်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီဖန် ပုလင်းတွေထဲမှာ အောင်ဆီဂျင် ရှိနေလို့ဖြစ်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*