ကိုယ္နဲ႔ အသင့္ေလ်ာ္ဆံုးျဖစ္တဲ့ အသက္ေမြးဝမ္းေၾကာင္းအလုပ္တစ္ခုကို ဘယ္လိုရွာမလဲ

ကိုယ္နဲ႔ အသင့္ေလ်ာ္ဆံုးျဖစ္တဲ့ အသက္ေမြးဝမ္းေၾကာင္းအလုပ္တစ္ခုကို ဘယ္လိုရွာမလဲ

ကိုယ္နဲ႔ အသင့္ေလ်ာ္ဆံုးျဖစ္တဲ့ အသက္ေမြးဝမ္းေၾကာင္းအလုပ္တစ္ခုကို ဘယ္လိုရွာမလဲ

လူငယ္ေတြအတြက္ ခက္ခဲတဲ့ အရာတစ္ခုကိုဆိုရင္ ေျပာပါဆိုရင္ အသက္ေမြးဝမ္းေၾကာင္းတစ္ခုမွာ ေအာင္ျမင္ျခင္းပါပဲ။

ဒါ့အျပင္ လူငယ္တစ္ေယာက္အေနနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵနဲ႔ ကိုက္ညီတဲ့ အသက္ေမြးဝမ္းေၾကာင္းမႈကို ရွာေဖြရတာ အခက္ေတြ႔လြန္းပါတယ္။

ျဖစ္ခ်င္တဲ့အိပ္မက္တိုင္း အေကာင္အထည္ေဖာ္ဖို႔ အခြင့္အေရးမရွိတဲ့ အေျခအေနမွာ အသက္ေမြးေၾကာင္းမယ့္အလုပ္ကို ရွာရတဲ့အခါ အကန္႔အသတ္ထဲကပဲ ရွာေဖြေရြးခ်ယ္ရပါတယ္။

ဒါေၾကာင့္ ဘယ္အသက္ေမြးဝမ္းေၾကာင္းမႈက ကိုယ္နဲ႔ အသင့္ေလ်ာ္ဆံုးဆိုတာကို ရွာေဖြႏိုင္ဖို႔ အခုလိုပဲ အႀကံေပးလိုက္ပါတယ္။

၁။ သင့္ရဲ႕ စိတ္ဝင္စားမႈကို သိပါ

အေရးအႀကီးဆံုးက သင့္ကိုယ္သင္ သိမႈေပၚ မူတည္ပါတယ္။ သင္က ဘယ္လို လုပ္ရတာမ်ိဳးကို အားသန္တတ္သလဲ။ စိတ္ဝင္စားတတ္သလဲ သိဖို႔ လိုအပ္ပါတယ္။

နည္းပညာဘက္ကို အားသန္သူလား။ အႏုပညာေတြ ဖန္တီးတဲ့ေနရာမွာ အားသန္တဲ့ သူလား။ ဒါမွမဟုတ္ စီးပြားေရး လုပ္တာကို စိတ္ဝါဝင္စားသူလား ဆိုတာေတြ သိဖို႔ လိုပါတယ္။

အဲ့လို နယ္ပယ္ကို သိရၿပီဆို အဲ့နယ္ပယ္ထဲက ဘယ္လို အပိုင္းကို စိတ္ဝင္စားတာလဲဆိုတာ ဆက္ေတြးရပါမယ္။

အႏုပညာ ဖန္တီးခ်င္တဲ့သူဆို ပန္းခ်ီဆြဲခ်င္တာလား ဘယ္လို ပန္းခ်ီေတြကို ဖန္တီးခ်င္လဲဆိုတာေတြကို သိေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္စိတ္ဝင္စားတဲ့ နယ္ပယ္ကို အရင္ စဥ္းစားပါ။

၂။ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို သိပါ

အလုပ္ေတြက စိတ္ဝင္စားတိုင္း ကိုယ္နဲ႔ ကိုက္ညီသြားတာ မဟုတ္ပါဘူး။ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ စိတ္ဝင္စားတဲ့အရာ ကိုက္ညီသြားတဲ့အခါမွသာ သင့္အတြက္ သင့္ေလ်ာ္တဲ့ အသက္ေမြးဝမ္းေၾကာင္းမႈ ျဖစ္တာပါ။

သင္က စကားေျပာေကာင္းသူလား။ စကားမေျပာေပမဲ့ တစ္ခုခုကို အာရံုစိုက္ၿပီး လုပ္တဲ့ေနရာမွာ ေတာ္တာလား။ ခရီးသြားရတာကို သေဘာက်ႏွစ္ၿခိဳက္တတ္သူလား။

အလုပ္တစ္ခုကို အေသးစိတ္ကအစ စနစ္တက် လုပ္တတ္တဲ့သူလား။ တစ္ခုခုစီစဥ္တဲ့အခါ အေကာင္းဆံုး စီမံခန္႔ခြဲတတ္တဲ့သူလား စသည္ျဖင့္ သိဖို႔ လိုအပ္ပါတယ္။

ဒါမွသာ သင္နဲ႔ အကိုက္ညီဆံုး အသက္ေမြးဝမ္းေၾကာင္းမႈကို ရွာေတြ႔မွာပါ။

၃။ သင္ ဘာေတြ ကၽြမ္းက်င္လဲ

သင္ရဲ႕ ကၽြမ္းက်င္မႈက စကားေကာင္းေကာင္းေျပာတတ္တာလား။ ကြန္ပ်ဴတာ သံုးတတ္တာလား။ ဓာတ္ပံုပညာကို နားလည္တတ္ေျမာက္ထားလား စသျဖင့္ ျပန္စဥ္းစားဖို႔ လိုအပ္ပါတယ္။

ဒါမွမဟုတ္ သင္စိတ္ဝင္စားတဲ့နယ္ပယ္နဲ႔ ကိုက္ညီတဲ့ ကိုယ္ရည္ကိုယ္ေသြး ရွိေနတယ္ဆိုရင္ အဲ့အတြက္ လိုအပ္တဲ့ တတ္ေျမာက္ထားသင့္တဲ့အရာေတြကို ကၽြမ္းက်င္ေအာင္ ေလ့လာဖို႔ လိုအပ္ပါတယ္။

၄။ စိတ္အားအသန္ဆံုးအရာကိုပဲ ေရြးပါ

တစ္ခ်ိဳ႕ေတြအတြက္ ျဖစ္ခ်င္တာက ႏွစ္ခု သံုးခု ျဖစ္ေနတတ္ပါတယ္။ အဲ့လို အေျခအေနမွာဆိုရင္ သင္ လံုးဝ ျငင္းကို မျငင္းႏိုင္တဲ့ စိတ္အဝင္စားဆံုးအရာကို ေရြးခ်ယ္လိုက္ပါ။

ဒါက သင့္အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈ ျဖစ္ပါတယ္။ တစ္ခုကို မျဖစ္မေန ေရြးလိုက္ရတဲ့အခါ သင္နဲ႔ အကိုက္ညီဆံုးအရာက ထြက္လာမွာ ျဖစ္ပါတယ္။

၅။ လက္ေတြ႔ဆန္ပါ

ေျပာရရင္ မျဖစ္ႏိုင္တဲ့အရာကိုေတာ့ စိတ္ကူးမယဥ္ဖို႔ကို ဆိုလိုတာပါ။ ဥပမာ- သင္က အာကာသယာဥ္မွဴး ျဖစ္ခ်င္တယ္၊ သင္ႏိုင္ငံမွာ အဲ့သည့္အလုပ္မရွိသလို အဲ့နယ္ပယ္အတြက္ သင္ေပးႏိုင္တာ မရွိဘူး၊

ဒါ့အျပင္ ႏိုင္ငံျခားကို သြားၿပီး ေလ့လာႏိုင္မယ့္ အခြင့္အေရးလည္း မရွိေနဘူးဆိုရင္ အဲ့အိပ္မက္ကို မေရြးခ်ယ္သင့္ပါဘူး။ ေရြးရင္ မိုက္ရူးရဲဆန္မႈပဲ ျဖစ္သြားပါလိမ့္မယ္။

၆။ အက်ိဳးအေၾကာင္း ကိုက္ညီမႈ ရွိပါေစ

ေနာက္ဆံုးအေနနဲ႔က သင့္ေရြးခ်ယ္ထားတဲ့ အသက္ေမြးဝမ္းေၾကာင္းမႈက သင့္အတြက္ လက္ေတြ႔အရပါ ျဖစ္ႏိုင္တဲ့ ကိုက္ညီတဲ့အရာ ျဖစ္ဖို႔ လိုပါတယ္။

ဥပမာ သင္က ဗိသုကာပညာရွင္တစ္ေယာက္ျဖစ္ခ်င္တယ္ သင္ကုိယ္တိုင္ကလည္း အႏုစိတ္ဖန္တီးရတာေတြ ႀကိဳက္တယ္ အိမ္ပံုစံေတြ ဖန္တီးရတာကို ေပ်ာ္ရႊင္ႏွစ္ၿခိဳက္တယ္ဆိုရင္ အဲ့အတြက္ လိုအပ္တဲ့ အရည္အခ်င္းအတြက္ သင္တန္းတက္ဖို႔ အေျခအေန သင့္မွာ ရွိဖို႔ လိုအပ္ပါတယ္။

ကၽြမ္းက်င္ဖို႔ လိုအပ္တဲ့အခ်ိန္တစ္ခုလည္း ေပးႏိုင္ရမယ္။ သင္ကိုယ္တိုင္ကလည္း စိတ္ပါလက္ပါ ေလ့လာမႈေတြ တကယ္လည္း လုပ္ႏိုင္ရမယ္။

အဲ့လို အဆင္ေျပကိုက္ညီတဲ့ ပတ္ဝန္းက်င္နဲ႔ အေျခအေနေတြ ရွိတဲ့အခါမွာ သင့္ရဲ႕ အသက္ေမြးဝမ္းေၾကာင္းက သင့္အတြက္ ျဖစ္ေနပါၿပီ။

၇။ အလုပ္သင္အျဖစ္ ေလ့လာပါ။

တစ္ခ်ိဳ႕က လက္ေတြ႕လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခါမွ ကိုယ္နဲ႔ မကိုက္ညီေၾကာင္း သိသြားတတ္ၾကပါတယ္။

ကိုယ္နဲ႔ ဒီအလုပ္ထက္စာရင္ တစ္ျခားအရာတစ္ခုက ပိုၿပီး ကိုက္ညီေၾကာင္း သိသြားတတ္ပါတယ္။ ဒါေၾကာင့္ အလုပ္သင္အျဖစ္ လုပ္ၾကည့္တာကလည္း သင့္နဲ႔ သင့္ေလ်ာ္တဲ့ အသက္ေမြးဝမ္းေၾကာင္းမႈ ျဖစ္၊ မျဖစ္ သိေစပါတယ္။

Credit # Shwemon

Unicode

ကိုယ်နဲ့ အသင့်လျော်ဆုံးဖြစ်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ဘယ်လိုရှာမလဲ

လူငယ်တွေအတွက် ခက်ခဲတဲ့ အရာတစ်ခုကိုဆိုရင် ပြောပါဆိုရင် အသက်မွေးဝမ်းကြောင်းတစ်ခုမှာ အောင်မြင်ခြင်းပါပဲ။

ဒါ့အပြင် လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းမှုကို ရှာဖွေရတာ အခက်တွေ့လွန်းပါတယ်။

ဖြစ်ချင်တဲ့အိပ်မက်တိုင်း အကောင်အထည်ဖော်ဖို့ အခွင့်အရေးမရှိတဲ့ အခြေအနေမှာ အသက်မွေးကြောင်းမယ့်အလုပ်ကို ရှာရတဲ့အခါ အကန့်အသတ်ထဲကပဲ ရှာဖွေရွေးချယ်ရပါတယ်။

ဒါကြောင့် ဘယ်အသက်မွေးဝမ်းကြောင်းမှုက ကိုယ်နဲ့ အသင့်လျော်ဆုံးဆိုတာကို ရှာဖွေနိုင်ဖို့ အခုလိုပဲ အကြံပေးလိုက်ပါတယ်။

၁။ သင့်ရဲ့ စိတ်ဝင်စားမှုကို သိပါ

အရေးအကြီးဆုံးက သင့်ကိုယ်သင် သိမှုပေါ် မူတည်ပါတယ်။ သင်က ဘယ်လို လုပ်ရတာမျိုးကို အားသန်တတ်သလဲ။ စိတ်ဝင်စားတတ်သလဲ သိဖို့ လိုအပ်ပါတယ်။

နည်းပညာဘက်ကို အားသန်သူလား။ အနုပညာတွေ ဖန်တီးတဲ့နေရာမှာ အားသန်တဲ့ သူလား။ ဒါမှမဟုတ် စီးပွားရေး လုပ်တာကို စိတ်ဝါဝင်စားသူလား ဆိုတာတွေ သိဖို့ လိုပါတယ်။

အဲ့လို နယ်ပယ်ကို သိရပြီဆို အဲ့နယ်ပယ်ထဲက ဘယ်လို အပိုင်းကို စိတ်ဝင်စားတာလဲဆိုတာ ဆက်တွေးရပါမယ်။

အနုပညာ ဖန်တီးချင်တဲ့သူဆို ပန်းချီဆွဲချင်တာလား ဘယ်လို ပန်းချီတွေကို ဖန်တီးချင်လဲဆိုတာတွေကို သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို အရင် စဉ်းစားပါ။

၂။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိပါ

အလုပ်တွေက စိတ်ဝင်စားတိုင်း ကိုယ်နဲ့ ကိုက်ညီသွားတာ မဟုတ်ပါဘူး။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဝင်စားတဲ့အရာ ကိုက်ညီသွားတဲ့အခါမှသာ သင့်အတွက် သင့်လျော်တဲ့ အသက်မွေးဝမ်းကြောင်းမှု ဖြစ်တာပါ။

သင်က စကားပြောကောင်းသူလား။ စကားမပြောပေမဲ့ တစ်ခုခုကို အာရုံစိုက်ပြီး လုပ်တဲ့နေရာမှာ တော်တာလား။ ခရီးသွားရတာကို သဘောကျနှစ်ခြိုက်တတ်သူလား။

အလုပ်တစ်ခုကို အသေးစိတ်ကအစ စနစ်တကျ လုပ်တတ်တဲ့သူလား။ တစ်ခုခုစီစဉ်တဲ့အခါ အကောင်းဆုံး စီမံခန့်ခွဲတတ်တဲ့သူလား စသည်ဖြင့် သိဖို့ လိုအပ်ပါတယ်။

ဒါမှသာ သင်နဲ့ အကိုက်ညီဆုံး အသက်မွေးဝမ်းကြောင်းမှုကို ရှာတွေ့မှာပါ။

၃။ သင် ဘာတွေ ကျွမ်းကျင်လဲ

သင်ရဲ့ ကျွမ်းကျင်မှုက စကားကောင်းကောင်းပြောတတ်တာလား။ ကွန်ပျူတာ သုံးတတ်တာလား။ ဓာတ်ပုံပညာကို နားလည်တတ်မြောက်ထားလား စသဖြင့် ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါမှမဟုတ် သင်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ ကိုက်ညီတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေတယ်ဆိုရင် အဲ့အတွက် လိုအပ်တဲ့ တတ်မြောက်ထားသင့်တဲ့အရာတွေကို ကျွမ်းကျင်အောင် လေ့လာဖို့ လိုအပ်ပါတယ်။

၄။ စိတ်အားအသန်ဆုံးအရာကိုပဲ ရွေးပါ

တစ်ချို့တွေအတွက် ဖြစ်ချင်တာက နှစ်ခု သုံးခု ဖြစ်နေတတ်ပါတယ်။ အဲ့လို အခြေအနေမှာဆိုရင် သင် လုံးဝ ငြင်းကို မငြင်းနိုင်တဲ့ စိတ်အဝင်စားဆုံးအရာကို ရွေးချယ်လိုက်ပါ။

ဒါက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ တစ်ခုကို မဖြစ်မနေ ရွေးလိုက်ရတဲ့အခါ သင်နဲ့ အကိုက်ညီဆုံးအရာက ထွက်လာမှာ ဖြစ်ပါတယ်။

၅။ လက်တွေ့ဆန်ပါ

ပြောရရင် မဖြစ်နိုင်တဲ့အရာကိုတော့ စိတ်ကူးမယဉ်ဖို့ကို ဆိုလိုတာပါ။ ဥပမာ- သင်က အာကာသယာဉ်မှူး ဖြစ်ချင်တယ်၊ သင်နိုင်ငံမှာ အဲ့သည့်အလုပ်မရှိသလို အဲ့နယ်ပယ်အတွက် သင်ပေးနိုင်တာ မရှိဘူး၊

ဒါ့အပြင် နိုင်ငံခြားကို သွားပြီး လေ့လာနိုင်မယ့် အခွင့်အရေးလည်း မရှိနေဘူးဆိုရင် အဲ့အိပ်မက်ကို မရွေးချယ်သင့်ပါဘူး။ ရွေးရင် မိုက်ရူးရဲဆန်မှုပဲ ဖြစ်သွားပါလိမ့်မယ်။

၆။ အကျိုးအကြောင်း ကိုက်ညီမှု ရှိပါစေ

နောက်ဆုံးအနေနဲ့က သင့်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကြောင်းမှုက သင့်အတွက် လက်တွေ့အရပါ ဖြစ်နိုင်တဲ့ ကိုက်ညီတဲ့အရာ ဖြစ်ဖို့ လိုပါတယ်။

ဥပမာ သင်က ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တယ် သင်ကိုယ်တိုင်ကလည်း အနုစိတ်ဖန်တီးရတာတွေ ကြိုက်တယ် အိမ်ပုံစံတွေ ဖန်တီးရတာကို ပျော်ရွှင်နှစ်ခြိုက်တယ်ဆိုရင် အဲ့အတွက် လိုအပ်တဲ့ အရည်အချင်းအတွက် သင်တန်းတက်ဖို့ အခြေအနေ သင့်မှာ ရှိဖို့ လိုအပ်ပါတယ်။

ကျွမ်းကျင်ဖို့ လိုအပ်တဲ့အချိန်တစ်ခုလည်း ပေးနိုင်ရမယ်။ သင်ကိုယ်တိုင်ကလည်း စိတ်ပါလက်ပါ လေ့လာမှုတွေ တကယ်လည်း လုပ်နိုင်ရမယ်။

အဲ့လို အဆင်ပြေကိုက်ညီတဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေ ရှိတဲ့အခါမှာ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းက သင့်အတွက် ဖြစ်နေပါပြီ။

၇။ အလုပ်သင်အဖြစ် လေ့လာပါ။

တစ်ချို့က လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါမှ ကိုယ်နဲ့ မကိုက်ညီကြောင်း သိသွားတတ်ကြပါတယ်။

ကိုယ်နဲ့ ဒီအလုပ်ထက်စာရင် တစ်ခြားအရာတစ်ခုက ပိုပြီး ကိုက်ညီကြောင်း သိသွားတတ်ပါတယ်။ ဒါကြောင့် အလုပ်သင်အဖြစ် လုပ်ကြည့်တာကလည်း သင့်နဲ့ သင့်လျော်တဲ့ အသက်မွေးဝမ်းကြောင်းမှု ဖြစ်၊ မဖြစ် သိစေပါတယ်။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*